မင်းနဲ့ငါ့ကြားမှာ မင်းရဲ့ဘဝနဲ့တိုက်ခိုက်လေ
Vol. 84 Ch. 1674
ဟွမ်ကျို့သည် အလွန်ပင်အပြစ်ကင်းသည်။ သူမသည် ခေါင်းလှည့်ကာ တုန်ဖန်းတိကျါင်းအား ကြည့်လိုက်သည် “အရှင် ကျွန်မက ဘယ်နေရာမှာ ရိုင်းသွားလဲဆိုတာ တကယ်မသိတာပါ၊ ကျွန်မက အထွတ်အထိပ်အဆင့်ဖြစ်နေ တာကို အထွတ်အထိပ်အဆင့်တောင်မရှိတဲ့ အားနည်းတဲ့သူကို ရိုသေပြဖို့လို သေးလို့လား”
ဘာ...
ကျောက်ခဲတစ်လုံးနှင့် လှိုင်းဂယက်များထသွားစေသည်။
မဟုတ်ပေ ကမ္ဘာမြေကြီးကို လှုပ်ခါသွားစေသည်။
အထွတ်အထိပ်ကြီး၊ ကောင်မလေးပြောလိုက်တာက အထွတ်အထိပ်ကြီး အဆင့်ကိုရောက်နေပြီပေါ့၊ ဘယ်လိုဖြစ်နိုင်မှာလဲ။
ဟာသပဲ။
အထွတ်အထိပ်ကြီးအဆင့်သို့တက်ခြင်းသည် မိုးကြိုးနှင့်လျှပ်စီးကို ဖြစ် စေသည်။ ထိုနေ့က ကျုံကျိုးမြို့အနောက် ထုံရှန့်တွင် ကောင်းကင်နှင့်မြေကြီး မြင်ကွင်းဖြစ်ခဲ့သည်ကို လူတစ်ဦးတွေးမိလေသည်။ ဖြစ်နိုင်သည်မှာ... ဤနေရာ တွင် နေထိုင်လာသည့် နှစ်ပေါင်းများစွာတွင် ကောင်းကင်နှင့်မြေကြီး အပြောင်းအလဲကို မြင်ရလိမ့်မည်ဟု မည်သူမှ တွေးမိမည်မဟုတ်ပေ။ အနီးဆုံး အချိန်မှာ လုယောင်ဖုန်းဖုန်းတိသည် အထွတ်အထိပ်ကြီးအဆင့်သို့တက်သွား ချိန်ကဖြစ်သည်။ သို့သော် ကမ္ဘာကြီး၏အပြောင်းအလဲသည် အပြည့်အဝ ပြီးမြောက်ခြင်းမရှိခြင်းဘဲ တစ်ဝက်တစ်ပျက်နှင့် နှောင့်ယှက်ခြင်းခံရလေသည်။
“တကယ်ပဲ၊ ငါက အထွတ်အထိပ်ထိပ်ဆုံးအဆင့်မဟုတ်ဘဲ အထွတ်အထိပ် အလယ်အဆင့်ပဲရှိသေးတာ ဒါပေမဲ့ ခွန်အားမရှိဘဲ ရာထူးပဲရှိတဲ့ အားနည်းတဲ့သူကို အရိုအသေပေးစရာမလိုဘူး” ဟွမ်ကျို့သည် အနည်းငယ် နစ်နာသည့်အနေနှင့် နှာခေါင်းကိုပွတ်လေသည်။
မျက်လုံးများအားလုံးသည် အနောက်တောရိုင်းဧကရီဆီသို့ ရောက်သွား လေသည်။ မျက်လုံးများသည် ထင်ရှားစွာပင် လှောင်ပြောင်သည့်မျက်နှာများ ဖြစ်နေကြသည်။ ရာထူးသည် တခြားသူမှပေးထားခြင်းဖြစ်သည်။ မိခင်သည် သားဖြစ်သူ၏ တန်ဖိုးထားခြင်းခံရကာ ခင်ပွန်းသည် ဇနီးသည်ကိုပေးနိုင်သည်။ သို့သော် ခွန်အားသည် ကိုယ်ပိုင်ဖြစ်သည်။ ၃၃ ကောင်းကင်ဘုံတွင် မိသားစု၏ စွမ်းအားဖြင့် လုပ်ချင်တိုင်းလုပ်နေကြသည့် သန်မာသော လူအိုကြီးများနှင့် ဒုတိယမျိုးဆက်များရှိကြသော်လည်း သန်မာသောလူများကိုလေးစားသည့် ကမ္ဘာတွင် လုပ်ရနိုင်သည်ဟုမဆိုလိုပေ။
အထူးသဖြင့် အထွတ်အထိပ်ဘုံပင်မရောက်သေးသည် အမျိုးသမီးတစ် ယောက်သည် ရိုသေသမှုကို လိုချင်နေသည်လား။
အနောက်တောရိုင်းဧကရီသည် ထိုကဲ့သို့အတွေးများစွာရှိနေလိမ့်မည်ဟု ထိုလူများထင်မထားပေ။ ပေထင်းဟွမ် ဧကရာဇ်ဖုန်းယင်ကို အရိုအသေပေးမှု သည် သားအဖေ ဆက်ဆံရေးကို ဂရုစိုက်ကာ သူမအား အဒေါ်အဖြစ် မျက်ကွယ်ပြုသည်ဟု တွေးကာ ခွန်အားကိုမတွေးမိပေ။
ထို့အပြင် ပေထင်းဟွမ်သည် အသက် ၁၆ နှစ်ပင်မပြည့်သေးသည့် မိန်းကလေးတစ်ဦးသာဖြစ်သည်။
“အထွတ်အထိပ်ကြီးလား” ရှီဖုန်းသည် နှာမှုတ်လေသည် “ဟွမ်ကျို့ မင်းက အိပ်မက်မက်နေတာလား၊ အသက် ၁၅ နှစ်အရွယ် အထွတ်အထိပ်ကြီး ကိုမြင်ဖူးလို့လား”
ထိုအချိန်တွင် လူများသည် တစ်ယောက်ပြီးတစ်ယောက် စမ်းသပ်ခြင်း သလင်းကျောက်ကို ထုတ်ကြလေသည်။
“၁၅ နှစ်လား၊ ငါ့ကို လာဆိတ်ပါဦး ငါ အိပ်မက်မက်နေတာထင်တယ်” လူတစ်ယောက်သည် အသက်စမ်းသပ်ခြင်း သလင်းကျောက်မှ အသက်ကို ကြည့်ပြီး ဘေးနားမှလူကို ပြောလေသည်။
“မဟုတ်ဘူး ငါ့ရဲ့အသက်စမ်းသပ်ခြင်းကျောက်တုံးက တစ်ခုခုမှားနေတာ အဲလိုပဲဖြစ်မယ်”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ၁၅ နှစ်လား၊ ငါ ၁၅ နှစ်သားတုန်းက အမေ့ ရင်ခွင်ထဲမှာ နို့စို့တုန်းပဲ”
.....
ဟွမ်ကျို့သည် ငြင်းခုန်ခြင်းမပြုဘဲ လက်ပိုက်ကာ ရှီဖုန်းအား ပြုံးပြီး ပြော လိုက်သည် “မင်းက အရမ်းကိုအရည်အချင်းရှိတဲ့လူလို့ သတ်မှတ်လို့ရတယ်၊ မင်းရဲ့အသက်အရွယ်နဲ့ အထွတ်အထိပ်အဆင့်ကိုရောက်ဖို့က တကယ်ရှားပါ တယ်၊ ငါတို့တွေ ဘာလို့မပြိုင်ရမှာလဲ”
“ပြိုင်ဖို့လား အရမ်းကောင်းတာပေါ့” ရှီဖုန်း ပြောလိုက်သည် “ဒါပေမဲ့ ဟွမ်ကျို့ မင်းရှုံးရင် ဘာဖြစ်မှာလဲ၊ ငါရှုံးရင်ရော”
ဟွမ်ကျို့သည် အထွတ်အထိပ်မဖြစ်နိုင်ကြောင်းကို ရှီဖုန်းသည် သေချာ နေသည်။
“မင်းနဲ့ငါက အသက်ရင်းပြီး တိုက်ခိုက်ရမှာ၊ ငါတို့တွေ လောင်းကြေးထပ် ရင်ရော” ထိုအချိန်တွင် ပေထင်းဟွမ်၏မျက်လုံးထဲ၌ အေးစက်သော အလင်း လက်သွားသည်။ သူမအတွက် ရှီဖုန်းသည် ဝိညာဉ်နတ်ဘုရားမျိုးနွယ်အား အနိုင်ယူရန် ရှေ့ပြေးနိမိတ်ဖြစ်သည် “မင်းနဲ့ငါ့ကြားက လက်ရှိနဲ့ အတိတ်က နာကြည်းချက်တွေကို ရှင်းကြတာပေါ့”
ယနေ့သည် မြူခိုးမြေမှ မင်းသမီးဧကရီကို တင်မြှောက်သည့်နေ့မဟုတ်ပါ လား။ ဘာလို့ ဒီမှာ အသေအကြေတိုက်ခိုက်ဖို့လုပ်နေတာလဲ။
“ရှီဖုန်း ငါပြောလိုက်မယ် ငါက အထွတ်အထိပ်အလယ်အဆင့်ပဲ၊ မင်းက အထွတ်အထိပ် အဆင့် ၁ ပဲ၊ တိုက်ခိုက်ရဲလား” ပေထင်းဟွမ်သည် မျက်ခုံးပင့် လိုက်သည်။ သူသည် အလွန်သာမန်ကျသော စကားကိုပြောလိုက်သည် “ငါ လုံးဝ မသေနိုင်ဘူး”
ယန်ယဲ့ရောက်လာပြီး သူမဘေးတွင်ရပ်ကာ သူမ၏ပခုံးကိုဖက်ပြီး ရှီဖုန်း အားကြည့်လိုက်သည်။