အနောက်တောရိုင်းဧကရီက စိတ်ချောက်ချားရောဂါ ခံစားခဲ့ရတာလား
Vol. 84 Ch. 1675
လွန်ခဲ့သည့် နှစ်များက အနောက်တောရိုင်းတွင် သူမ အဖေနှင့်အမေဆီမှ ကောင်းမွန်သည့်တစ်စုံတစ်ရာရတိုင်းတွင် ဟွမ်ကျို့မပိုင်ဆိုင်ခဲ့ရပေ။ ထိုအချိန် က ဟွမ်ကျို့သည် အလွန်ငယ်ရွယ်ပြီး အားကျရမည်ကိုသာသိခဲ့သည်။ သို့သော် သူမသည် မတောင်းဆိုဘဲ မျက်လုံးများဖြင့်သာ အားကျသောအကြည့်ဖြင့် ကြည့်ခဲ့ရသည်။ သူမသည် တံတွေးမျိုပြီးပြောခဲ့သည် “အစ်ကိုကြီးယဲ့ဆီပဲသွား မှာ၊ အစ်ကိုကြီးယဲ့က သမီးလိုချင်တာပေးတယ်”
မည်သို့ပင်ဖြစ်စေကာမူ ယန်ယဲ့သည် သူမအတွက် အရာအားလုံးပေးခဲ့ သည်။
ဟွမ်ကျို့သည် နုံအလွန်းကာ ယန်ယဲ့အတွက် အရေးမပါနိုင်ဟု ရှီဖုန်း တွေးခဲ့သည်။
ရှီဖုန်း၏မျက်လုံးထဲမှ အကြည့်ကိုမြင်ပြီး သူမ၏အတွေးများကို ဟွမ်ကျို့ နားလည်သည်။ ဟွမ်ကျို့၏နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သော အပြုံး သည် တဖြည်းဖြည်းကွေးတက်လာသည် “ရှီဖုန်း မင်း ဘယ်တော့မှာ နားလည်လာမှာမဟုတ်တဲ့ တစ်ခုရှိတယ်၊ မင်း အဲဒီလူကိုရလိုက်တာနဲ့ ကမ္ဘာ ကြီးတစ်ခုလုံးကို ပိုင်ဆိုင်လိုက်တာပဲ”
မဟုတ်ပေ။ သူမ နားမလည်ခြင်းမဟုတ်ပေ။ သို့သော် သူမ အလိုချင်ဆုံး အရာကို ဟွမ်ကျို့ပိုင်ဆိုင်နေသည်။ မတောင်းဆိုသည်မှာ... သူမပင်ဖြစ်သည်။
ယန်ယဲ့၏လက်များ ပေထင်းဟွမ်ပေါ်သို့တင်ထားသည်ကို ရှီဖုန်း ကြည့် လိုက်သည်။ ပေထင်းဟွမ်သည်လက်မြှောက်ပြီး ယန်ယဲ့၏လက်ပေါ်ထပ်ကာ ခေါင်းကိုအသာညိတ်လေသည်။ ယန်ယဲ့သည် ရှေ့ကိုင်းလာရာ သူမသည် ယန်ယဲ့၏နားထဲသို့ ပြောလိုက်သည် “ကျွန်မကို စိတ်မပူနဲ့”
အပြုံးတစ်ခုသည် ယန်ယဲ့၏မျက်နှာပေါ်တွင် ဖြည်းဖြည်းပေါ်လာသည် မှာ လှပသောပန်းတစ်ပွင့် ဖူးပွင့်လာသလိုပင်။ သူ၏ ပေါ့ပါးသောအသံသည် ရှီဖုန်း၏နားထဲတွင် ထပ်မံပေါ်လာသည်။ ထူးဆန်းသော်လည်း အလွန် တရင်းတနှီးရှိလှသည် “ကိုယ်စိတ်မပူပါဘူး ကိုယ့်ဟွမ်အာက အကောင်းဆုံးပဲ ကို”
“အစ်ကိုယဲ့ ကျွန်မက အလှပဆုံးသတို့သမီးလား”
“သေချာပေါက် ကိုယ့်ဟွမ်အာက အလှဆုံးပဲ”
“အစ်ကိုယဲ့ ကျွန်မက တုံးအတယ်လို့ အဖေပြောတယ်”
“ဘာလို့လဲ ကိုယ့်ဟွမ်အာက အတော်ဆုံးပဲကို”
“ကိုယ့်ဟွမ်အာ...”
ရှီဖုန်း၏မျက်လုံးများ နီရဲလာသည်။ သူမသည် ပေထင်းဟွမ်အား နာကြည်းမှု၊ မလိုလားမှုနှင့် ထိန်းမရသောဒေါသဖြင့် ကြည့်လေသည်။ သူမ၏ အသံသည် နာကြည်းမှုအပြည့်နှင့်ပင်။ “ဟွမ်ကျို့ ငါ တခြားတောင်းဆိုစရာမရှိ ဘူး၊ မင်း ငါ့လက်ထဲမှာ သေဖို့ကိုပဲ မျှော်လင့်တယ်၊ နတ်မိစ္ဆာဧကရာဖ်အရှင် လွန်ခဲ့တဲ့နှစ်တစ်သိန်းက မြင်ကွင်းကို ပြန်ပြီးပြစရာမလိုပါဘူး၊ ပြီးတော့ အခု ၃၃ ကောင်းကင်ဘုံက စနောက်တာကို မခံတော့ဘူး”
တိုင်းပြည်နှင့်လူကို စိတ်ပူတတ်သည့် နှလုံးသားပင်။
ပေထင်းဟွမ်သည် သဲ့သဲ့ပြုံးလိုက်သည် “မဟုတ်ဘူး ရှီဖုန်း အရမ်းကြီး စိတ်ပူဖို့မလိုဘူး၊ ပြီးတော့ ဒီနေ့က အရင်လိုမဟုတ်တော့ဘူး၊ လွန်ခဲ့တဲ့ နှစ် တစ်သိန်းက ငါက အမျိုးနဲ့တခြားသူတွေ လှည့်စားတာကိုခံခဲ့ရလို့ ယန်ယဲ့က အဲလိုလုပ်ခဲ့တာပဲ ပြီးတော့ ဒီနေ့ မင်းနဲ့ငါက မျှမျှတတပြိုင်မှာ၊ ငါ မင်းကို လုံးဝ ရှုံးမှာမဟုတ်ဘူး”
ရှီဖုန်း၏မျက်နှာသည် ဖြူဖျော့သွားသည်။ သို့သော် သူမသည် ပေထင်းဟွမ် ဆက်ပြောသည်ကိုကြားလိုက်ရသည် “တကယ်တော့ အစ်မ မင်း အဲလိုမလုပ်ခဲ့သင့်ဘူး၊ ယန်ယဲ့နဲ့ငါက ငယ်ချစ်တွေပဲ၊ ငါ့နှလုံးသားထဲမှာ သဘော ကျတဲ့သူက သူပဲ၊ ငါ ဝိညာဉ်နတ်ဘုရားမျိုးနွယ်က မင်းသားကိုလက်ထပ်ဖို့ တစ်ခါမှမတွေးခဲ့ဘူး၊ မင်းက ဝိညာဉ်နတ်ဘုရားမျိုးနွယ်ရဲ့ မင်းသမီးဖြစ်ချင်တာ များ၊ အနောက်တောရိုင်းရဲ့ ပထမမင်းသမီးအနေနဲ့ အဖေ့ကိုတောင်းဆိုရင် မဖြစ်နိုင်စရာအကြောင်းမရှိဘူး၊ ဘာလို့အဲလိုတွေလုပ်တာလဲ၊ နောက်ဆုံးတော့ မင်း ၃၃ ကောင်းကင်ဘုံမှာ ချည်နှောင်ခံရတုန်းပဲ”
မင်ရှို့၏မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွားသည်။ သူမသည် ဝိညာဉ် နတ်ဘုရားမျိုးနွယ်၏ မင်းသမီးဖြစ်ရန် စိတ်မကူးခဲ့ဟု ပြောခဲ့သည်။ သူမသည် ယန်ယဲ့အား အစကတည်းကပင် သဘောကျသည်ဟု ပြောခဲ့သည်။
ဘာလို့လဲ။ ဘာလို့လဲ။
“ပါးစပ်ပိတ်ထား” အနောက်တောရိုင်းဧကရီသည် ဟွမ်ကျို့ သူမ၏ သမီး ဖြစ်သူကို ယခုလိုယိုးစွပ်နေသည်ကို ခွင့်မပြုနိုင်တော့ပေ “တော်လောက်ပြီ ကျင့်ဝတ်ကိုနားမလည်တဲ့လူတစ်ယောက်က မင်းအစ်မကို အဲလိုပြောနေတာ လား”
“အစ်မလား” ပေထင်းဟွမ်၏ မျက်ခုံးများသည် အေးစက်သွားသည် “အနောက်တောရိုင်းရဲ့ဧကရီအရှင်မ ကျွန်မ အစ်မကဘယ်ကလာတာလဲ၊ ကျွန်မအမေက အစ်ကိုနဲ့ကျွန်မကိုပဲမွေးပေးခဲ့တာ၊ အဲတော့ အနောက်တောရိုင်း က ဧကရီကတစ်ယောက်ပဲရှိတယ်၊ ရှင်က စိတ်ချောက်ချားနေတာလား”
လက်ခံရမှာလား၊ သည်းခံရမှာလား။
ထိုနှစ်များတွင် ရှီဖုန်းသည် နတ်မိစ္ဆာထိပ်ဆုံးအဆင့်ရှိသူများ၏ လှောင်ပြောင်ခြင်းကိုခံရသည်မှလွဲ၍ ချို့တဲ့ခြင်းမရှိခဲ့ပေ။ ပြိုင်ဘက်ရှေ့တွင် မည်သို့များ ယခုလို အရှက်ခွဲခွင့်ပေးရမည်နည်း။