← Chapters

ရှီဖုန်း သေတာက မင်းဖြစ်သင့်တာ

Vol. 84 Ch. 1679

ရှီဖုန်း သေတာက မင်းဖြစ်သင့်တာ

Vol. 84 Ch. 1679

ထို့ကြောင့်ပင် ပေထင်းဟွမ်၏ခွန်အား တိုးတက်လာခြင်းပင်။

ထိုလူများသည် ကစဥ့်ကလျားနတ်အရင်းအမြစ်၏ သက်ရောက်မှုကို မသိဘဲ ကစဥ့်ကလျားနတ်အရင်းအမြစ်ကြောင့် သူမ၏ခွန်အား တိုးတက်လာ သည်ဟုထင်ကြသည်။ သူတို့သည် ရေတွင်းအောက်ခြေမှ ဖားများပင်။

ပေထင်းဟွမ်သည် ထိုအရာများကိုမသိပေ။ သူမ၏မျက်လုံးများသည် မင်ရှို့ဆီသို့ရောက်သွားပြီး မျက်နှာပြောင်သောအပြုံးဖြင့် ခေါင်းညိတ်ပြလေ သည် “ဟုတ်တယ် ကစဥ့်ကလျားနတ်အရင်းအမြစ်က ငါ့လက်ထဲမှာရှိတယ်၊ လိုချင်လို့လား၊ လိုချင်ရင် လာယူလေ”

မျက်နှာပြောင်လိုက်တာ။

“ဟားဟားဟား သတ္တိရှိလိုက်တာ” အဝေးမှ ပုံရိပ်လေးခုသည် ကွေ့ကောက်စွာ ချည်းကပ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ လေးယောက် ရောက်လာပြီဖြစ်သည်။ အားလုံးကြည့်လိုက်ရာ ဧကရာဇ်ဖုန်းနှင့် ဧကရာဇ်မိုတို့ဖြစ်သည်ကို မြင်လိုက်ရသည်။ မတွေ့ရသည့်ရက်အနည်းငယ် တွင် ဧကရာဇ်ဖုန်းနှင့် ဧကရာဇ်မိုတို့သည် ခွန်အားထပ်မံတိုးလာသည်ကို ခံစား မိကြပြီး ဖုန်းယင်နှင့်တခြားအထွတ်အထိပ်ကြီးများ ထိုးဖောက်မမြင်နိုင် လောက်အောင်ဖြစ်စေသည်။

တုန်ဖန်းတိကျွင်းသည် ရင်ခုန်မြန်သွားသည်။ သူသည် အားကျရုံမှတစ်ပါး မရှိတော့ပေ။ နတ်မိစ္ဆာဧကရာဇ် ပြန်ရောက်လာပြီးနောက် ကွေ့ရှိုမိုယွိသို့ ခေတ္တ ဝင်သည်ဟု ကြားခဲ့သည်။ ရလဒ်အနေနှင့် ဧကရာဇ်ဖုန်းနှင့် ဧကရာဇ်မိုတို့သည် ခွန်အားတိုးတက်လာခဲ့သည်။ ထိုကိစ္စနှင့် သက်ဆိုင်မလားမသိပေ။

“ထင်ထားတဲ့အတိုင်း တရုတ်ပြည်ကလူပဲ” ဧကရာဇ်မိုသည် ပြုံးပြီးပြော လေသည် “ဧကရီကိုတော့ စိတ်မပူပါနဲ့၊ ကစဥ့်ကလျားနတ်အရင်းအမြစ် လောက်ပဲမလား၊ လူတွေက မင်းကို လုယက်ချင်ရင် ဧကရာဇ်ဖုန်းနဲ့ ငါက တခြားကိစ္စတွေကို ဂရုမစိုက်ဘူး၊ ဟွာရှားက ညီမအတွက် ငါ မင်းကို ကာကွယ် မယ်”

ထိုအချိန်တွင် မင်ရှို့သည် ဧကရာဇ်ဖုန်း၏ အတွေးကိုသိချင်သည့်အလား ဧကရာဇ်ဖုန်းအား ကြည့်လေသည်။

ဝမ်ရှို့တောင်ရိုးနှင့် ဆေးတောင်ကြားတို့သည် ဝိညာဉ်နတ်ဘုရားမျိုးနွယ် နှင့်အတူရပ်တည်ကာ ရှောင်ဖုန်းထျန်းယွိနှင့် ကျိုးကျူမိုယွိတို့သည် ကျုံကျိုး မြင့်နှင့် မဟာမိတ်ဖွဲ့လိုက်သည်လား။ ကျုံကျိုးမြို့၏အနောက်တွင် လျှို့ဝှက် မြူခိုးမြေနှင့် ယန်းမိုထျန်းမျိုးနွယ်ရှိသည်။ ပြောဖို့မလိုအောင်ပင် ကျုံကျိုးမြို့ အတွက် သေချာပေါက် အားသာချက်ဖြစ်သည်။

“ရှောင်ကျို့ ၁၀ နှစ်ဆိုတဲ့အချိန်က လူတစ်ယောက်အတွက် လက်စားချေ ဖို့နောက်မကျသေးဘူး၊ နှစ်တစ်သောင်းကြာအောင် စောင့်လာခဲ့တာပဲ၊ မကြောက်နဲ့၊ အနောက်တောရိုင်းရဲ့ အမွေဆက်ခံသူမလား၊ သူပျက်စီးရင်လည်း ပျက်စီးခံလိုက်၊ အုပ်စုလိုက်တိုက်ခိုက်ရမယ်ဆိုရင် ဟန်ရှောင်နဲ့ငါက မင်းကို ကူညီမယ်” လုယောင်ဖုန်းသည် လွှမ်းမိုးနိုင်တုန်းပင်။

လုဟန်ရှောင်သည် လက်သီးလက်မောင်းတန်းကာ ပြုံးပြီး ခေါင်းခါလိုက် သည် “ရှောင်ကျို့သာ ငါ့ခွန်အားက အားနည်းတယ်လို့မထင်ရင်ပေါ့”

လုဟန်ရှောင်သည် အထွတ်အထိပ်အဆင့်သာဖြစ်သော်လည်း ၃၃ ကောင်းကင်ဘုံတွင် သူ၏ခွန်အားသည် အားနည်းသည်ဟု မဆိုနိုင်ပေ။

ရှီဖုန်းသည် လုယောင်ဖုန်းရှိရာသို့ကြည့်လိုက်သည်။ သူမသည် လုယောင်ဖုန်းကို အဝေးမှသာမြင်နေရသည်။ ယောက်ျားတစ်ယောက်၏ ချောမောသောအသွင်အပြင်သည် သူမ၏မျက်လုံးထဲတွင် မုန်းတီးစရာကောင်း လေသည်။

အေးစက်စွာနှာမှုတ်ပြီး ရှီဖုန်း၏လက်ထဲမှ စီရင်ချက်လှံတံပေါ်ရှိ ရွှေရောင်ကျောက်မျက်သည် ကောင်းကင်မှ နေနှင့်မျက်နှာမူထားသည်။ ချက်ချင်းပင် ကောင်းကင်ဘုံကိုးလွှာမှ မီးဆင်းသက်လာသည်။ နဂိုကကျယ်ပြန့် သော ပင်လယ်ပေါ်တွင် မီးတောက်များသည် လှိုင်းထန်လာပြီး ကောင်းကင်ဆီ သို့ရွေ့လျားလေသည်။

“ဘေးကျပ်နံကျပ်ထဲကရေ” ရှီဖုန်းသည် စိတ်ဆိုးမာန်ဆိုးနှင့် အော်လိုက် ပြီး မီးတောက်များထဲသို့ စွမ်းအင်အားလုံး လောင်းထည့်လိုက်သည် “ဟွမ်ကျို့ ငရဲသွားလိုက်တော့”

“ရှီဖုန်း သေတာက မင်းဖြစ်သင့်တာ” ပေထင်းဟွမ်သည် ဘိုးဘေး ကျောက်တုံးကို လှုံ့ဆော်လိုက်ပြီး မြူခိုးမည်းသည် သူမအား လွှမ်းမိုးလေသည်။ မြူခိုးမည်းမှ စိမ့်ဝင်သွားသည့် ကိုးရောင်မီးတောက်နှင့်အတူ ရှီဖုန်းဆီသို့ တန်ပြန်တိုက်ခိုက်လေသည်။ မီးတောက်သည် ချက်ချင်းပင် ကိုးရောင်နိဗ္ဗာန်မီး ၏ ဝါးမျိုခြင်းကိုခံလိုက်ရသည်။

မီးတောကသည် လောင်ကျွမ်းနေဆဲပင်။

ကိုးရောင်နိဗ္ဗာန်မီးသည် ထိုမျှလွှမ်းမိုးနိုင်လိမ့်မည်ဟု မည်သူမှ ထင်မထား ကြပေ။ ပေထင်းဟွမ်၏ခြေဖျားသည် ဘိုးဘေးကျောက်တုံးပေါ်သို့ ပေါ့ပါးစွာ ထိ လိုက်ပြီး လက်ထဲမှဓားပျော့ဖြင့် ရှီဖုန်းအား အားပါပါခုတ်ချလေသည်။

“ရှောင်ကျို့” ဧကရာဇ်ဖုန်းယင်၏မျက်လုံးများထဲတွင် ရှုပ်ထွေးသော အကြည့်များရှိနေသည် “သူမက မင်းရဲ့အစ်မလေ”

ဧကရာဇ်ဖုန်းယင်သည် ပေထင်းဟွမ်ဆီသို့ပြေးသွားလေသည် “ရှောင်ကျို့ မင်းအစ်မကိုလွှတ်ပေးရင် အနောက်တောရိုင်းအိမ်ရှေ့မင်းသမီး ရာထူးကနေ နောက်ဆုတ်ခိုင်းလိုက်ပါ့မယ်”

“ခိုင်းလိုက်ပါ့မယ်ဟုတ်လား” ပေထင်းဟွမ်သည် ရယ်မောလေသည်။

ယန်ယဲ့သည် မျက်မှောင်ကြုတ်သွားကာ တခြားသူများသည် အနောက် တောရိုင်း၏ဧကရာဇ်အား နားလည်ရခက်သောမျက်လုံးများဖြင့် ကြည့်ကြလေ သည်။

All Chapters