← Chapters

ရုပ်သေးရုပ်စစ်သည်

Vol. 84 Ch. 1664

ရုပ်သေးရုပ်စစ်သည်

Vol. 84 Ch. 1664

နွေးထွေးသော နေရောင်သည် သူမ၏ခန္ဓာကိုယ်ပေါ်သို့ တောက်ပလာပြီး သုံးရက်ကြာ တရားထိုင်ခဲ့သော ဂူကို ငေးငိုင်စွာကြည့်မိသည်။ သူမ နေထိုင်ခဲ့ ခြင်းကြောင့် အပျက်အစီးမရှိဘဲ အရင်ကကဲ့သို့ပင်။

ဒါဆို သူမ ဘယ်လိုထွက်လာတာလဲ။

ဆိုလိုသည်မှာ သူမသည် အချိန်နှင့်နေရာစည်းမျဉ်းကို ကျွမ်းကျင်သွားခဲ့ သည်။

အမှန်ပင်။ မင်ပြောသည့်အတိုင်း ထိုအရာများကို နားလည်ပြီးနောက် သူမသည် ဧကရာဇ်အထွတ်အထိပ် အဆင့်တစ်ဝက်ဖြစ်လာချေပြီ။

သူမသည် ပျော်ရွှင်သင့်သော်လည်း အရာအားလုံး လုယူခံလိုက်ရသကဲ့သို့ မည်သည့်ပျော်ရွှင်မှုကိုမခံစားရပေ။ ကမ္ဘာပေါ်တွင် လူအနည်းငယ်သာ စည်းမျဉ်းကိုနားလည်နိုင်ပြီး သူမသည် ထိုအရာကို နားလည်ခဲ့သည်။ သို့သော် သူမ၏ရင်ထဲတွင် ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းများမရှိတော့ပေ။

“ဒါက ဗလာပဲ”

ထိုအချိန်တွင် ထုံရှန့်အဆုံး၊ လုံဖုန်းတောင်ကြားအနီးရှိ တောင်ပေါ်တွင် သက်ဝင်လှုပ်ရှားလျက်ရှိသည်။ နန်လင်းသည် ကျုံကျိူးမြို့အဖွဲ့ကိုဦးဆောင် ကာ ပင်ဖုန်းဦးဆောင်သည့် လုံဖုန်းတောင်ကြားကို တိုက်ခိုက်လေသည်။

၃၃ ကောင်းကင်ဘုံတွင် လွန်ခဲ့တဲ့ နှစ်တစ်သိန်းကဖြစ်ခဲ့သည့် နောက်ဆုံး နတ်မိစ္ဆာစစ်ပွဲပြီးကတည်းကပင် စစ်ပွဲကြီးမဖြစ်ခဲ့ပေ။ ယခုအချိန်သည် ပထမဆုံးအကြိမ်ဖြစ်သည်။

“နန်လင်း ပေထင်းဟွမ်က ဘာအဓိပ္ပာယ်လဲ၊ ၃၃ ကောင်းကင်ဘုံက လူတွေက စစ်ပွဲကိုမလိုလားဘဲ ငြိမ်းချမ်းမှုနောက်ပဲလိုက်နေတာကို သူမ မသိတာလား၊ သူမက ၃၃ ကောင်းကင်ဘုံမှာ ပြည်သူ့ရန်သူဖြစ်ချင်နေတာလား” ပင်ဖုန်းသည် ကြီးမားသောနဂါးဇာမဏီဓားကို လက်ထဲတွင် ဆုပ်ကိုင်ထားပြီး ဒေါသဖြင့်ပြောလေသည်။

“မင်းသမီးပင်ဖုန်း မင်းက ဒီစကားတွေနဲ့ ၃ နှစ်သားကလေးကိုပဲ ချော့လို့ ရမယ်၊ ငါတို့ရှေ့ ပြောဖို့မလိုပါဘူး” နန်လင်းသည် ကြော့မော့စွာပြောလေသည်။ သူသည် ငွေရောင်ချပ်ဝတ်တန်ဆာဝတ်ဆင်ထားပြီး ရေခဲပြာဝတ်ရုံကို ရုံထား သည်။ “မင်းတစ်ယောက်တည်း တိုက်မယ်ဆိုရင် သေလိမ့်မယ်၊ နဂါးဧကရာဇ်နဲ့ ဇာမဏီဧရာဇ်တို့ကို ထွက်လာခိုင်းသင့်တယ်”

“မင်းတို့လို အင်အားစုကိုရှင်းဖို့နဲ့များ ငါ့အဖေနဲ့အမေကို ထွက်လာစေချင် တာလား” ပင်ဖုန်းသည် နှာမှုတ်လေသည် “မင်းတို့ရဲ့ဂုဏ်တက်အောင်လို့လား”

“နဂါးဧကရာဇ်နဲ့ ဇာမဏီဧကရာဇ်တို့ကို ထွက်လာခိုင်းလိုက်”

တိုးညင်းသောအသံသည် ကောင်းကင်မှထွက်လာပြီး တောင်ကတုံးတစ် ခုလုံးတွင် ပျံ့နှံ့သွားကာ အားလုံး၏နားထဲသို့ အဘက်ဘက်မှ စူးဝင်လာသည်။ ထိုအသံသည် ရှေးခေတ်များဆီမှလာသလိုခံစားလိုက်ရပြီး သူတို့၏နှလုံးတစ်ခု လုံးကို ခေါင်းလောင်းများဖြင့် တဟုန်ထိုးခါရိုက်လိုက်သလိုပင်။

ပင်ဖုန်းသည် ရင်ခုန်မြန်လာသည်။ သူမလှည့်ပတ်ကြည့်သော်လည်း ထို အသံကိုမမြင်ရပေ။ သူမ ခေါင်းလှည့်ချိန်တွင် ထိုလူ၏ပုံရိပ်သည် သူမ၏ မျက်လုံးရှေ့တွင် ပေါ်လာပုံရကာ သူမသည် ချက်ချင်းပင် တအံ့တဩဖြင့် အော် လေသည် “ယန်ယဲ့”

ယန်ယဲ့သည် မျက်ခုံးများကိုအနည်းငယ်ပင့်မြှောက်လိုက်သည်။ သူ့နောက်တွင် ယန်းမိုထျန်းမျိုးနွယ်၏ အင်အား ၁၀,၀၀၀ တပ်ရှိသည်။ စစ်သည်တစ်ယောက်ချင်းစီသည် သံမဏိများ ဝတ်ဆင်ထားသော်လည်း ဝိညာဉ်အသိစိတ်များမရှိကြပေ။ သူတို့သည် ယန္တယားများသဖွယ်ရပ်နေပြီး မျက်လုံးများသည် အသက်မဲ့နေသည်။ ထိုအရာကိုကြည့်ပြီး ပင်ဖုန်းသည် ထိတ်လန့်သွားသည် “ရုပ်သေးရုပ် စစ်သည်လား”

သူမ ထိုစကားလုံးများအော်လိုက်သည်ကို ကြားသည်နှင့် ကျုံကျိုးမြို့မှ လူများသည် ဘာမှမခံစားရသော်လည်း နဂါးဇာမဏီတောင်ကြားမှလူများသည် တညီတညာတည်း နောက်ဆုတ်ကြလေသည်။ ရုပ်သေးရုပ်တိုက်ခိုက်ရေး သမားများသည် သတ္တဝါများမဟုတ်ပေ။ ယန်ယဲ့ထုလုပ်ထားသည့် တိုက်ခိုက် ရေး လက်နက်များသာဖြစ်သည်။

လွန်ခဲ့သည့်နှစ်တစ်သောင်းကပင် ယန်ယဲ့သည် အဆင့် ၁၂ လက်နက် သန့်စင်သူဖြစ်သည်။ သူသန့်စင်ခဲ့သည့် ရုပ်သေးရုပ်စစ်သည် ငါးထောင်သည် ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏ တပ်တစ်သောင်းကို သတ်ဖြတ်ခဲ့သည်။ အလေးအနက်ပြောရလျှင် ထိုအချိန်ကစပြီး နှစ်ပေါင်းတစ်သောင်းအတွင်းတွင် ဝိညာဉ်နတ်ဘုရားများသည် နလန်ထူနေဆဲဖြစ်ကာ နောက်တစ်ခါ မတိုက်ခိုက် နိုင်သေးပေ။

မဟုတ်လျှင် ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏ခွန်အားနှင့် ယန်းမိုထျန်း မျိုးနွယ်ဧကရာဇ်မရှိခြင်းကြောင့် ၃၃ ကောင်းကင်ဘုံကို အိတ်ထဲထည့်ထားနိုင် ခြင်းဖြစ်သည်။

“ပင်ဖုန်း ဒီနေရာရဲ့နာမည်က မင်းခေါ်နိုင်တဲ့နာမည်မျိုးမဟုတ်ဘူး” ယန်ယဲ့သည် မျက်နှာပျက်သွားကာ သူ၏ခံစားချက်အနည်းငယ်သည် ကောင်းကင်တွင် ကြီးမားသောပြောင်းလဲမှုကိုဖြစ်စေလေသည်။ ဤလူ မည်မျှ သန်မာသည်ကိုတော့ မည်သူမှမသိကြပေ “ငါ့မိန်းကလေးက မင်းကို သူမကို အပ်ထားပါလို့ပြောမထားရင် မင်း အဲနေရာရပ်ပြီး ငါ့ကိုမလေးမစားလုပ်နိုင်မယ် ထင်လား”

All Chapters