မင်းသမီးဧကရီလား
Vol. 84 Ch. 1671
ပေထင်းမိသားစုမှ ခွင့်ပြုသဖြင့် တခြားသူများသည် ပြောစရာမလိုတော့ ပေ။ သူတို့သည် ပေထင်းလန်နှင့်ဇနီးဖြစ်သူတို့ကို နှစ်ပေါင်းများစွာ ကာကွယ် ပေးထားခဲ့သည်။ ပေထင်းဟွမ်သည် ယခုအခါ ဧကရာဇ်အထွတ်အထိပ် တစ်ဝက်ဖြစ်နေပြီဖြစ်သည်။
သူမသည် တိုက်ရိုက်ဆက်စပ်နေရာ မင်းသမီးဧကရီအမည်တပ်ရန် အရည်အချင်းပြည့်မှီသည်။ တုန်ဖန်းတိကျွင်းသည် အဆိုပြုလေသည် “ကျုပ် အမြင်အရ မင်းသမီးဧကရီလို့အမည်ခေါ်တာ ပိုကောင်းမယ် မင်းတို့ငြင်းချင်ရင် တော့ ဘုရင်မကိစ္စကို မင်းတို့ပဲလုပ်ကြတော့”
မည်သူငြင်းဆန်ရဲမည်နည်း။ အသက် ၁၆ နှစ်ပင်မပြည့်သေးဘဲ ဧကရာဇ် အထွတ်အထိပ်တစ်ဝက်ရောက်နေသည်မှာ ထိုလူများလုပ်နိုင်သည့်အရာလား။
သားရဲများသာလုပ်နိုင်လိမ့်မည်။
“မင်းသမီးဧကရီလား” ပေထင်းဟွမ်သည် ယန်ယဲ့၏ရင်ခွင်ထဲရောက်နေ ကာ ပို့လာသောဖိတ်စာကိုကြည့်နေသည်။ ရုတ်တရက်ကြီး ဘာလို့ 'ဧကရီ' လိုသွားတာလဲ။
ယန်ယဲ့သည် မျက်လုံးစွေကာ ဖိတ်စာကိုကြည့်လိုက်သည်။ မူလက မင်းသမီးသာဖြစ်သော်လည်း ယခုအခါ မင်းသမီးဧကရီဖြစ်နေလေပြီ။ သူ မှတ်မိ တာသာမှန်လျှင် တုန်ဖန်းတိကျွင်းသည် အဆင့်မြင့်အထွတ်အထိပ်သာရှိသေး သည်မဟုတ်ပါလား။ ဒီအဘိုးကြီးက သူမကျွမ်းကျင်လို့ ဒီလောက်နှစ်တွေ အများကြီးမှာ အဆင့်မတက်နိုင်တာလေ။
ပေထင်းဟွမ်သည် ယန်ယဲ့အား သူမ၏နားလည်မှု လုပ်ငန်းစဉ်ကို ပြောပြ နေသည် “ကစဥ့်ကလျားအရင်းအမြစ်ထဲမှာ ကမ္ဘာမြေကြီးမိခင်ရဲ့ အသိစိတ် အလင်းတန်း ထည့်ထားလိမ့်မယ်လို့ လုံးဝထင်မထားဘူး၊ အဲဒီအမျိုးသမီးက လေ နှစ်ပေါင်းအများကြီးပုန်းပြီး ထွက်မလာခဲ့ဘူးတော့”
သူမသည် အနည်းငယ်ကျီစယ်သည့်အလား ပြုမူနေရာ ယန်ယဲ့၏ မျက်လုံးထဲတွင် အန္တရာယ်များသောအကြည့်များရှိနေသည်။ ပေထင်းဟွမ်၏ ဝိညာည်သည် တစ်စစီပြိုကွဲသွားပါ ပေထင်းဟွမ်ကို မည်သည့်နေရာတွင် သွားရှာရမည်ကိုမသိတော့ပေ။
“ကျွန်မ သူမကို သတ်လိုက်တယ်” ပေထင်းဟွမ်သည် အသက်ပြင်းပြင်း ရှူလိုက်သည်။ သူမသည် ချစ်တင်းနှောပြီးနောက် အနည်းငယ်အားနည်းနေ သလိုပင် “သူမက ကမ္ဘာကြီးကိုထိန်းချုပ်တဲ့နေရာမှာ သူမကိုကူညီဖို့ ကျွန်မရဲ့ ကတိလိုချင်နေတာ၊ သူမက ဘယ်လိုမကောင်းတာမျိုးလုပ်မယ်မှန်းမှ ကျွန်မ မသိတာ၊ အထွတ်အထိပ်ကြီးအဆင့်ဖြစ်အောင် လေ့ကျင့်အောင် လှည့်စားတဲ့ သူက ထိန်းချုပ်မှုကိုမနာခံဘဲ နတ်မိစ္ဆာဝိညာဉ်ရဲ့ ထိပ်ဆုံးကြောင့် သေဆုံးသွား တာကိုပဲသိတယ်၊ အဲလူက ကမ္ဘာမြေကြီးမိခင်ဖြစ်နေတယ်”
“မဟုတ်ရင် သူက နတ်မိစ္ဆာထိပ်ဆုံးအဆင့်အဖြစ်နေဖို့ ဘာအရည်အချင်း ရှိမှာလဲ”
“ကျင့်ကြံတဲ့နည်းလမ်းက ကောင်းကင်ကိုဆန့်ကျင်နေတာ၊ ဒါပေမဲ့ ကောင်းကင်အလိုအရလည်း လိုက်နာတယ်၊ ဒီလိုအရာမျိုးက ယင်ကို ထခိုက် စေပြီး သန်မာတဲ့လူတွေကို သတ်နိုင်လို့ လုပ်သင့်တာလား၊ ကမ္ဘာမြေကြီးမိခင် ကရှုတ်ချဖို့ထိုက်တန်တဲ့လူပဲ”
“သူမက ကစဥ့်ကလျားနတ်အရင်းအမြစ်ကို ဖျက်ဆီးမယ်လို့လည်း ပြော သေးတယ်၊ ကျွန်မက ကြောက်မယ်လို့ထင်နေတာလားပဲ၊ ကစဥ့်ကလျားနတ် အရင်းအမြစ်က လွှမ်းမိုးနိုင်ပေမဲ့ ကျင့်ကြံခြင်းအစပိုင်းမှာပဲ အသုံးဝင်တာ၊ ပြီးတော့ နတ်ဘုရားအဆင့်ကိုရောက်ပြီးတော့ အဆုံးမရှိဘဝကိုရလာခဲ့တာ၊ လေ့ကျင့်ရုံပဲလေ ဒီလိုစည်းဖောက်တဲ့ဟာမျိုးက ရှားပါးမယ်ထင်လို့လား”
ယန်ယဲ့သည် 'စည်းဖောက်သည်' ဆိုသည့်စကားလုံးအဓိပ္ပာယ်ကို မသိ သော်လည်း ခန့်မှန်းမိလေသည်။ သူသည် လှဲချပြီး ပေထင်းဟွမ်၏ နှုတ်ခမ်း လေးကို အသာအယာကိုက်ကာ ချီးကျူးလိုက်သည် “တော်တယ် မင်းက ကိုယ့် မိန်းကလေးဖြစ်ထိုက်တယ်”
အချစ်သည် ယန်ယဲ့အား ထိခိုက်စေနိုင်သည်ဟု ကမ္ဘာမြေကြီးမိခင်ပြောခဲ့ သည်ကို ပေထင်းဟွမ် မပြောသော်လည်း ယန်ယဲ့သည် ဝိညာဉ်နတ်ဘုရားများ နှင့် ပေထင်းဟွမ်တို့အကြားမှ အခြေအနေကို ခန့်မှန်းနိုင်လေသည်။
ယန်ယဲ့သည်လည်း စည်းမျဉ်းများကို မနာခံသဖြင့် နတ်မိစ္ဆာထိပ်ဆုံး အဆင့်သည် ယန်ယဲ့အား ကြီးထွားခွင့်မပြုပေ။
“ကမ္ဘာမြေကြီးမိခင်က ယန်းမိုထျန်းမျိုးနွယ်ကို ပျက်သုဉ်းအောင် မလုပ်ခဲ့ဘူး၊ အဲဒါက သူမဆီမှာ နတ်မိစ္ဆာနတ်ဘုရားကို သံယောဇဉ်ရှိနေသေးလို့ မဟုတ်ဘူး၊ သူမက အသိစိတ်အလင်းတန်းပဲဖြစ်နေလို့ ဝိညာဉ်ဖြစ်ရုံကလွဲပြီး တခြားစွမ်းအားမရှိဘူး” ပေထင်းဟွမ်သည် ခန့်မှန်းကြည့်လေသည်။
“ဟင်း” ယန်ယဲ့ ပြောလိုက်သည် “သူမက အသိစိတ်သက်သက်ပဲကို၊ သူမရဲ့ခေတ်တုန်းက ကမ္ဘာကြီးကိုထိန်းချုပ်ဖို့ စွမ်းအားပဲရှိခဲ့တာ၊ တိုက်ခိုက်ရေး စွမ်းအားအရာမှာ နတ်မိစ္ဆာနတ်ဘုရားရဲ့ တစ်ရာခိုင်နှုန်းလောက်တောင် ရှိမယ် မထင်ဘူး”