Chapters

မျက်စိတစ်မှိတ်အတွင်းမှာ ပြာတွေပျောက်ကွယ်သွား တယ်

Vol. 84 Ch. 1676

မျက်စိတစ်မှိတ်အတွင်းမှာ ပြာတွေပျောက်ကွယ်သွား တယ်

Vol. 84 Ch. 1676

“ဟွမ်ကျို့ လာလေ”

“အရမ်းကောင်းတာပေါ့”

ပေထင်းဟွမ် ခေါင်းညိတ်လေသည်။ ထို့နောက် ခန္ဓာကိုယ်ပေါ်မှ ဝတ်ရုံ ကိုဆွဲကာ ယန်ယဲ့အားပေးလိုက်သည်။ သူမ မည်သည့်နည်းပညာကို လေ့ကျင့် ထားသည်ကို မည်သူမှ မသိကြပေ။ သူမ ယန်ယဲ့ဆီမှထွက်လာချိန်တွင် ခန္ဓာ ကိုယ်ကို မိုးကြိုးကဲ့သို့တောက်ပနေသော ချပ်ဝတ်တန်ဆာဆင်ယင်ပြီး မိုးကြိုး စစ်နတ်ဘုရားကဲ့သို့ အားလုံးရှေ့တွင်ပေါ်လာသည်။

ထို့နောက် သူမကို အားလုံးကြည့်လိုက်ချိန်တွင် သူမ၏ပုံရိပ်သည် ကောင်းကင်နှင့်မြေကြီးနှင့် ညီမျှနေဟန်တူသည်။ အားလုံး၏မျက်လုံးထဲတွင် သူတို့သည် သူမ၏ မြင့်မားပြီးကြည်လင်သည့် ပုံရိပ်ကိုသာမြင်ရပြီး မျက်နှာကို တော့ ရှင်းရှင်းလင်းလင်းမမြင်ရပေ။

“အထွတ်အထိပ်ကြိးလား၊ တကယ် အထွတ်အထိပ်ကြီးပဲ”

ဧကရာဇ်ဖုန်းယင်သည် မယုံနိုင်စွာဖြင့် နောက်သို့တစ်လှမ်းဆုတ်ကာ သမီးဖြစ်ခဲ့ဖူးသည့် မိန်းကလေးကိုကြည့်လိုက်သည်။ သူမသည် သူ၏ပေါင်ပေါ် တက်ပြီး နူးညံ့သောလက်တစ်စုံဖြင့် သူ၏လည်ပင်းကို ဖက်ကာပြောခဲ့သည် “အဖေ ရှောင်ကျို့ကိုချစ်ရင် ရှောင်ကျို့က ကောင်းကောင်းကြိုးစားပြီးတော့ အနာဂတ်မှာ အထွတ်အထိပ်ကြီးဖြစ်အောင်လုပ်ပြီး အနောက်တောရိုင်းကို ကာကွယ်မယ်၊ ဟုတ်ပြီလား”

ငယ်ရွယ်သောကလေးတစ်ယောက် အနေနှင့် အဒေါ်နှင့်အစ်မ လက်အောက်တွင် အစာတောင်းရန်မှာ အလွန်ခက်ခဲခဲ့သည်။

“ဘာလဲ၊ သူမက တကယ် အထွတ်အထိပ်လား” အနောက်တောရိုင်း ဧကရီသည် ဧကရာဇ်ဖုန်းယင်နှင့် နီးကပ်စွာရှိနေသည်။ သူမသည် ထိုစကား ကြားသောအခါ စိတ်လှုပ်ရှားစွာဖြင့် အော်လေသည် “ဖုန်းအာ... သူမက တကယ်ပဲ အထွတ်အထိပ်ကြီးအဆင့်ပဲ...”

သို့သော် နောက်ကျသွားလေပြီ။ ဘုန်းဆိုသည့်အသံနှင့်အတူ ပေထင်းဟွမ်၏ လက်ထဲမှဓားပျော့သည် ရှီဖုန်း၏လက်ထဲမှ စီရင်ချက်လှံတံကို ရစ်ပတ်ပြီးလေပြီ။ ကောင်းကင်တွင် ကောင်းကင်နှင့်မြေကြီး စည်းမျဉ်း ဆင်းသက်လာပြီး သူတို့နှစ်ယောက်အား လွှမ်းကာ အသေအကြေတိုက်ပွဲ စည်းမျဉ်းဖြစ်ပေါ်လာသည်။

“ကောင်မက ဒီအတိုင်း...”

အနောက်တောရိုင်းဧကရီသည် နောက်ပိုင်စကားများကို ဆက်မပြောနိုင် တော့ပေ။ သို့သော် ယန်ယဲ့၏လက်ချောင်းများအကြားမှ မီးခိုးမည်းများ ထွက် လာပြီး ပိုက်ကွန်သဖွယ် ဧကရီ၏ခန္ဓာကိုယ်ကို ဖုံးအုပ်လိုက်သည်ကို အားလုံး မြင်လိုက်ရသည်။ မြူခိုးမည်းလုံးများ လှိမ့်တက်လာပြီး သက်ရှိလူတစ်ယောက် သည် အားလုံးရှေ့မှ ပျောက်ကွယ်သွားလေသည်။

“နားငြီးလိုက်တာ” ယန်ယဲ့သည် စိတ်မရှည်စွာဖြင့် စောဒကတက်လေ သည်။

ထိုအချိန်တွင် အားလုံးသည် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်း အတားအဆီးအတွင်းမှ အသေအကြေတိုက်ပွဲကို ဂရုမစိုက်နိုင်တော့ပေ။ သူတို့သည် ကောင်းနှင့်မြေကြီးဘေးတွင်ရပ်နေသောလူအား ပျာယာခတ်သော မျက်လုံးများဖြင့် ကြည့်ကြလေသည်။ သူမသည် အားကောင်းသောအင်အားစုမှ ဧကရီတစ်ပါးဖြစ်ကာ အရှင်ကြီးထိပ်ဆုံးအဆင့်ရှိသူဖြစ်သည်။

သူသည် တစ်စုံတစ်ယောက်ကို သေသည်အထိ ချေမွှပစ်ရန် ဘယ်လိုမှ မနေသလိုပင်။

“နတ်မိစ္ဆာဧကရာဇ် ဘာအဓိပ္ပာယ်လဲ” ဧကရာဇ်ဖုန်းယင်သည် ချက်ချင်း ပင် ဒေါသထွက်သွားလေသည်။ သူသည် ယန်ယဲ့၏လက်ကို မြင်ပြီး သည်နှင့် ယန်ယဲ့၏ပြိုင်ဘက်မဖြစ်နိုင်ကြောင်းကို သိထားပုံရသော်လည်း ဤအချိန် ဤအခြေအနေတွင် သူသည် ခံစား ချက်နှင့် အကျိုးအကြောင်းသင့် သင့်သည်။

သို့သော် အနောက်တောရိုင်းဧကရာဇ်အနေနှင့် ယန်ယဲ့ရှင်းထုတ်လိုက် သည်မှာ သူ၏ဧကရီဖြစ်နေသည်။

“ဧကရာဇ်ဖုန်းယင် တစ်ခုခုပြောစရာရှိရင် အသေအကြေတိုက်ပွဲပြီးမှ ပြောကြတာပေါ့” လျှို့ဝှက်မြူခိုး၏ဧကရာဇ် ရောက်လာသည် “နတ်မိစ္ဆာ ဧကရာဇ်က လူတစ်ယောက်ကိုသတ်ပြီး ထွက်ပြေးမယ့်လူမဟုတ်ဘူးဆိုတာကို ယုံတယ်၊ ပြီးတော့ ယန်းမိုထျန်းမျိုးနွယ်ကလည်း မလွတ်နိုင်ဘူးမလား”

နတ်မိစ္ဆာဧကရာဇ်လွတ်သွားလျှင်တောင် ယန်းမိုထျန်းမျိုးနွယ်ရှိနေသေး သည်။ သို့သော် နတ်မိစ္ဆာဧကရာဇ် ထွက်ပြေးမည်ဟု မည်သူယုံမည်နည်း။

ဧကရာဇ်ဖုန်းယင်သည် အစတွင် ယန်ယဲ့၏နည်းလမ်းများကို ထိတ်လန့်ခဲ့ သော်လည်း အလွန်အမင်းဒေါသထွက်ခြင်းတော့မရှိပေ။ ထိုအချိန်တွင် ဧကရာဇ်တုန်ဖန်းဆီမှ စကားကိုကြားရသောအခါ ဒေါသထွကလေသည်။ “အဲတော့ ကျုပ်ကို ဒီနေ့ဖိတ်တာက လှည့်ကွက်တွေ တမင်လုပ်ထားတာလား”

ဧကရာဇ်တုန်ဖန်းသည် ပြောချင်မိလေသည်။ ဟွမ်ကျို့က မင်းကိုရှင်းချင် ရင် ဘာလို့လှည့်ကွက်လိုဦးမှာလဲ။ မင်းက မလုပ်သင့်တာကိုလုပ်ခဲ့ပြီး ရှင်းရှင်း လင်းလင်းမေးသင့်ခဲ့တာကိုး။ ပြီးတော့ ဒီကို ပြဿနာအိုးဇနီးနဲ့သမီးကိုလည်း ခေါ်လာခဲ့တာလေ။