← Chapters

အကြွင်းမဲ့ခွန်အား

Vol. 84 Ch. 1677

အကြွင်းမဲ့ခွန်အား

Vol. 84 Ch. 1677

“ဧကရာဇ်ဖုန်းယင် ခင်ဗျား ပြောတာ ဘက်လိုက်တာပဲ၊ ကျုပ်က လျှို့ဝှက် မြူခိုးမြေမှာ ပွဲလမ်းဘင်တွေမကျင်းပတာ နှစ်တွေကြာနေပြီ၊ ဒီပွဲလုပ်လိုက်တာ ကလည်း ကျုပ် ကောင်းကောင်း ကျင့်ကြံချင်လို့ပဲ” ဧကရာဇ်တုန်ဖန်းသည် သက်ပြင်းချလေသည်။ “ဒီလိုဝင်ပါလိုက်တာ ခင်ဗျားကို အနှောင့်အယှက်ဖြစ် သွားလိမ့်မယ်လို့ မျှော်လင့်မထားဘူး”

အားလုံး နားထောင်နေကြသည်။ ထိုအချိန်တွင် အားလုံးသည် ကောင်းကင်ပေါ်ရှိ ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းအတားအဆီးအတွင်း မိန်းကလေးနှစ်ယောက် ထိပ်တိုက်တွေ့နေကြသည်ကိုသာ အာရုံရောက်နေကြ သည်။ ထိုအချိန်တွင် ရှီဖုန်းသည် ချင့်ချိန်နေရသည်။ သူမသည် မိခင်ဖြစ်သူ၏ စကားများကို ကြားလိုက်သည်။ သူမသည် ထိုသတိပေးချက်ကို ဂရုစိုက်ရန် အချိန်ပင်မရလိုက်ပေ။ သူမ၏မိခင်သည် ယန်ယဲ့လက်ချက်ကြောင့် သေသွားပြီ ဖြစ်သည်။

သူမ၏လက်ထဲတွင် အိမ်ရှေ့စံမင်းသမီးအားကိုယ်စားပြုသည့် စီရင်ချက် လှံတံကိုင်ထားဆဲဖြစ်သည်။ ထိုလှံတံ၏စွမ်းအားသည် ဝိညာဉ်နတ်ဘုရား မျိုးနွယ်မှ မင်ဟုန်နှင့် မင်ရှို့တို့နောက် ဒုတိယမြောက် စွမ်းအားကောင်းသည်။ ထိုအချိန်တွင် သူမ၏နောက်လက်တစ်ဖက်မှာ ဒိုင်းကာကိုင်ဆောင်ထားသည်။ ထိုဒိုင်းကာသည် အနက်ရောင်ဖြစ်ကာ ရိုးရှင်းသောပုံစံဖြင့် ရှုပ်ထွေးသော ကမ္ပည်းစာများသည် တလက်လက်တောက်နေသည်။ အဆုံးမရှိသော ပင်လယ်လှိုင်းများသည် ရိုက်ခတ်စီးမျောလာသလိုပင်။

ဟွမ်ကျို့သည် ဖုန်းယင်အား အထင်သေးစွာဖြင့်ကြည့်လိုက်သည်။

ရှီဖုန်းသည် ဟွမ်ကျို့၏မျက်လုံးများထဲမှ လှောင်ပြောင်မှုကို အမိအရမြင် လိုက်ကာ ပြုံးပြီးပြောလိုက်သည် “ညီမလေး အဖေက မင်းပြောသလို ဒီဒိုင်းကာ ကိုမင်းအတွက် ချန်ထားလိမ့်မယ်လို့ တကယ်ထင်နေတာလား၊ သူ့မျာ စွမ်းအား ရှိတာကို မင်းလည်းသိတယ်မလား၊ ကမ္ဘာမြေကြီးမိခင်ရဲ့လက်နက်မှာက မင်းရဲ့ လက်နက်ထက်မလျော့တဲ့ စွမ်းအားရှိတယ်”

အနောက်တောရိုင်းမှအမွေဆက်ခံထားသည့် ဒိုင်းကာသည် ထိုစဉ်က သူမ၏လက်နက်ဖြစ်ခဲ့သည်။ သူမ သေသွားလျှင်တောင် သူမချန်ထားသည့် အမှတ်အသားကို အနောက်တောရိုင်းဧကရာဇ်မှ မပယ်ဖျက်သရွေ့ လက်ပြောင်းယူနိုင်မည်မဟုတ်ပေ။

“ရှီဖုန်း လက်နက်တွေကအရေးကြီးတယ် ဒါပေမဲ့ အဲဒါတွေက အကြွင်းမဲ့ ခွန်အားနဲ့မယှဉ်နိုင်ဘူး”

ပေထင်းဟွမ်ပြောပြီးသည့်နောက်တွင် ပုံရိပ်လက်ခနဲဖြစ်သွားကာ သူမ၏ ခန္ဓာကိုယ်သည် ရှီဖုန်း၏ရှေ့သို့ရောက်သွားပြီဖြစ်သည်။ သူမ၏လက်ထဲမှ လှံတံသည် ဒိုင်းကာအား ခပ်ပြင်းပြင်းထိုးစိုက်လေသည်။ သူမသည် ရှီဖုန်းအား တစ်ချက်တည်းနှင့် သတ်နိုင်သည်။ သို့သော် ထိုအစား ဒိုင်းကာကို ပစ်မှတ်ထား သည်။

ဝိုး

ဓားပျော့သည် ပင်လယ်ထဲသို့ခုတ်ချလိုက်သကဲ့သို့ အဆုံးမရှိသော လှိုင်း များမှာ ပြတ်သွားသလိုပင်။ လွှမ်းမိုးနိုင်သောလှိုင်းများသည် ပေထင်းဟွမ်ဆီသို့ ရောက်လာသည်။ ကမ္ဘာတစ်ခုလုံးကို ဖုံးလွှမ်းနေသော စွမ်းအားများတွင် အားလုံးသည် ရူးသွပ်နေသောပင်လယ်ကို မြင်လိုက်ရသကဲ့သို့ ပေထင်းဟွမ်ဆီ သို့ဦးတည်လေသည်။

ထိုအချိန်တွင် ယန်ယဲ့သည် စိတ်လောနေပြီဖြစ်သည်။ သူ၏လက်ထဲတွင် အရောင်လေးယောင်သည် တဖြည်းဖြည်းလည်ပတ်နေသည်။ ပြောင်းလဲသော အရောင်များသည် အလွန်လှပသည်။ သို့သော် သူ၏လက်ထဲမှ ထင်ယောင် ထင်မှားကြောင့် ရှုပ်ထွေးလျက်ရှိသည်။ နတ်မိစ္ဆာဧကရာဇ်၏ တိုက်ခိုက်မှုသည် သေချာပေါက်ပင် လူတစ်ယောက်ကို သတ်နိုင်သည်။

သို့သော် သခင်ဟွမ်ကျို့ရှုံးလျှင် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းဖြင့် တည်ဆောက်ထားသော စွမ်းအင်ဒိုင်းကာထဲတွင် နတ်မိစ္ဆာဧကရာဇ်လှုပ်ရှား လျှင်တောင် ဟွမ်ကျို့အသက်ကို ကယ်နိုင်မည်လား။

ကျုံကျိုးမြို့မှလူများသည် စိတ်လောလာသည်။ ထို့နောက် တစ်ယောက် ပြီးတစ်ယောက် ရှေ့တိုးကာ ယန်ယဲ့ဆီသို့ လျှောက်လာသည်။

ထိုအချိန်တွင် အားလုံး၏ အသက်ရှူသံသည် ပို၍တိုးညင်းလာသည်။ သန်မာသောလူများပင်လျှင် ရှုပ်ထွေးစွာခံစားရသဖြင့် အသက်အောင့်ထားမိ လေသည်။ ရှီဖုန်းသည် သခင်ဟွမ်ကျို့နှင့် မည်သို့သော အသေအကြေ တိုက်ခိုက်မှုမျိုးကို စိန်ခေါ်ခဲ့သနည်း။ လောင်းကစားတစ်ခုသာဖြစ်ပြီး သခင် ဟွမ်ကျို့ရှေ့တွင် အသက်ကိုပေးအပ်ကာ ကမ္ဘာမြေကြီးဒိုင်းကာနှင့် မည်သို့ လုပ်နေသနည်း။

ဟွမ်ကျို့သည် သူမလက်ထဲတွင် သေရတော့မည်လား။ လွန်ခဲ့သည့် နှစ် တစ်သိန်းက ပတ္တမြားကမ္ဘာကိုသတ်ခဲ့သည်နှင့် ထပ်တူညီမျှဝမ်းနည်းစရာ မဟုတ်ပါလား။

ပင်လယ်ထဲတွင် လှိုင်းများ ကြမ်းလာပြီး စွမ်းအင်များ လှိမ့်တက်လာ သည်။ ပေထင်းဟွမ်ကို ပင်လယ်ရေများဝိုင်းလာသည်။ ၎င်းသည် သူမ၏ အရင် ဘဝတွင် လူများကိုသတ်ရာတွင်သုံးသည့် လှည့်ကွက်ဖြစ်သည်။ ယခုအခါ ရှီဖုန်းသည် ဤလှည့်ကွက်ဖြင့် သူမကို သုတ်သင်ချင်သည်။ ဤခံစားချက်သည် အမှန်တကယ်ပင် ချဉ်လောက်စရာပင်။

ရေနတ်ဘုရားလိုပင်။

ပေထင်းဟွမ်သည် အသက်ပြင်းပြင်းရှူလိုက်သည်။ ဖန်ဆင်းရေးနတ် ဘုရား၏ လက်နက်များသည် ဖောက်ထွက်ရန်မလွယ်ကူသည်ကို သူမသိသည်။ သို့သော် ကမ္ဘာမြေကြီးမိခင်၏ခွန်အားသည် နတ်မိစ္ဆာနတ်ဘုရားနှင့် ဝိညာဉ် နတ်ဘုရားလောက်မသန်မာသည်ကိုလည်း သိသည်။

All Chapters