← Chapters

မင်ရှို့၏ထိန်းသိမ်းမှု

Vol. 84 Ch. 1678

မင်ရှို့၏ထိန်းသိမ်းမှု

Vol. 84 Ch. 1678

“ရှောင်ဟေး ထွက်လာခဲ့”

စွမ်းအင်ဒိုင်းကာထဲတွင် ကြည်လင်သောအော်သံတစ်ခုထွက်လာပြီး ကျယ်ပြန့်သောပင်လယ်ထဲတွင် အနက်ရောင်ဒယ်စောက်တစ်ခုသည် တဖြည်း ဖြည်းမြောက်တက်လာသည်။ ဒယ်စောက်တက်လာသည်နှင့် ခါယမ်းနေသော ပင်လယ်မျက်နှာပြင်သည် တဖြည်းဖြည်းငြိမ်ကျသွားသည်။ ပင်လယ်အထက် တွင် တောက်ပသောလ မြင့်တက်လာပြီး ၎င်းအား နူးညံ့သောအလင်းဖြင့် ဖုံးအုပ်လေသည်။

ဒါဘယ်လိုဖြစ်တာလဲ။ ရှီဖုန်းသည် ခေတ္တမျှ မှင်တက်သွားသည်။ သူမ၏ နဖူးတွင် ချွေးအေးများ ပြန်လာသည်။

အားကောင်းသောဖိအားတစ်ခုသည် သူမအား ကမ္ဘာမြေကြီးဒိုင်းကာမှ ဖြတ်ချလုနီးပါးပင်။ ဤအရာမျိုးမှာ အရင်ကတစ်ခါမှမဖြစ်ဖူးပေ။

ထိုအနက်ရောင်ဒယ်စောက်သည် အလွန်ထူးဆန်းသည်။ သူမသည် ခမ်းနားသောအထွတ်အထိပ်ဖြစ်သည်။ သို့သော် ပေထင်းဟွမ်၏တည်ရှိမှုကို မခံစားနိုင်ပေ။

“ဒီကောင်မလေးက ဘိုးဘေးကျောက်တုံးကို သန့်စင်ထားတာကို ငါ့ကို တောင်မပြောဘူး” ယန်ယဲ့သည် ပြုံးပြီး ခေါင်းခါလိုက်သည်။ သူ လက်ကိုလွှတ် လ်ိုက်သည်နှင့် စီဖုန်းအကျဉ်းထောင်သည် လက်ထဲမှ ပျောက်ကွယ်သွားလေ သည်။

ဘိုးဘေးကျောက်တုံးသည် စီဖုန်းနတ်ဘုရားအကျဉ်းထောင်ထက် ပို အားကောင်းသော တည်ရှိမှုဖြစ်သည်။ ဘိုးဘေးကျောက်တုံးနှင့်ဆိုလျှင် ပေထင်းဟွမ်သည် မည်သည့်ပြဿနာမှမရှိနိုင်ပေ။

ပေထင်းဟွမ်သည် အထွတ်အထိပ်အလယ်အဆင့်လောက်နှင့် ဘိုးဘေး ကျောက်တုံးအား သန့်စင်နိုင်သည့် အကြောင်းအရင်းကို ယန်ယဲ့ရှင်းရှင်းလင်း လင်းသိသည်။ သူမသည် စကြာဝဋာ၏စည်းမျဉ်းကို ထိုးဖောက်နိုင်ခြင်းကြောင့် ပင်။ “ဗလာကျင်းတည်ရှိမှုက စကြာဝဋာမှာ အနက်ရှိုင်းဆုံးလျှို့ဝှက်ဆန်းကြယ် မှုပဲ၊ စကြာဝဋာရဲ့ မူလစည်းမျဉ်း၊ သူမ အဲဒါကိုနားလည်နိုင်တာပဲ”

အနက်ရောင်ဒယ်စောက်ထဲတွင် ကိုယ်ထည်တစ်ခု တဖြည်းဖြည်း မျော တက်လာသည်။ ပေထင်းဟွမ်သည် ဘိုးဘေးကျောက်တုံးပေါ်တွင် ခြေတစ် ဖက်ဖြင့် ရပ်လိုက်သည်။ သူမ၏လက်ထဲရှိ ဓားပျော့ကို ကိုးရောင်မီးတောက်ဖြင့် ထူထဲစွာဖုံးအုပ်လိုက်သည်။ လျှပ်စီးများသည် ဓားပျော့တစ်လျှောက်လက်နေ သည်။ ၎င်းသည် အထက်တွင်လက်နေပြီး သူမ မလှုပ်ရှားခင်တွင် လူသတ်မည့် ရောင်ဝါဝေ့ဝဲနေသည်။

“ဟွမ်ကျို့၊ မင်းလက်ထဲမှာ ကစဥ့်ကလျားနတ်ဘုရားရှိတောလား၊ ဟုတ်သားပဲ ကစဥ့်ကလျားနတ်အရင်းအမြစ်က မိန်းကလေးရဲ့ခန္ဓာကိုယ်ထဲမှာ ပဲနေတာလေ၊ မင်းက မင်းဆီမှာ ကစဥ့်ကလျားနတ်အရင်းအမြစ်ရှိတာကို သူများတွေသိမှာကြောက်လို့ ယောက်ျားလိုဟန်ဆောင်နေခဲ့တာပဲ” ရှီဖုန်းသည် အနောက်တောရိုင်းမှလူတစ်ယောက်ဖြစ်သည်။ မိန်းကလေးတစ်ယောက်အနေ နှင့် ကစဥ့်ကလျားနတ်အရင်းအမြစ်၏ရောင်ဝါကို ခံစားနိုင်စွမ်းမြင့်မားသည်။

ကစဥ့်ကလျားနတ်အရင်းအမြစ်သာ ဟွမ်ကျို့၏ခန္ဓာကိုယ်ထဲတွင်ရှိနေ သည်ကို လူများသိသည်နှင့် ဝိညာဉ်နတ်ဘုရားမျိုးနွယ်သည် သူမကို သက်ညှာ နေမည်မဟုတ်ပေ။ ယခုအချိန်တွင် သူမသည် ဟွမ်ကျို့၏လက်ထဲတွင် သေရ မည်ဆိုပါက ဟွမ်ကျို့ကိုပါ တစ်ခါတည်း ဆွဲခေါ်သွားမည်။

ယန်ယဲ့၏မျက်နှာသည် စိုးရိမ်မှုမရှိ တည်ငြိမ်မြဲတည်ငြိမ်ဆဲပင်။

မင်ရှို့၏မျက်နှာသည် ပြင်းပြင်းထန်ထန်ပြောင်းလဲသွားသည်။ သူသည် ရှီဖုန်းအား နာကြည်းစွာကြည့်ပြီး ပြောလိုက်သည် “ရှောင်ကျို့ မကြောက်နဲ့ ငါ မင်းကိုကာကွယ်မယ်၊ ရှီဖုန်းက မဟုတ်တာတွေပြောနေတာ”

ထိုအခိုက်အတွင် မီးသွေးခဲသကဲ့သို့ မျက်နှာကြီးပုပ်နေသည့် ယန်ယဲ့မှလွဲ ၍တခြားသူများသည် မည်သူ့ကိုယုံကြည်ရတော့မည်ကိုမသိတော့ပေ။ ဝိညာဉ် နတ်ဘုရားမျိုးနွယ်သည် ကစဥ့်ကလျားနတ်အရင်းအမြစ်ကို အရယူရန်ကြိုးစား တော့မည်။ ကစဥ့်ကလျားနတ်အရင်းအမြစ်သည် ပေထင်းဟွမ်ကိုယ်တွင်ရှိ သည်ဟုကြားသည်နှင့် သူတို့ လုယူသင့်သည်မဟုတ်ပါလား။

ထိုအချိန်တွင် လူတစ်ဘောက်သည် မင်ရှို့အား ချည်းကပ်လာသည်။ ဝမ်ရှို့တောင်ကြားမှ ချီလင်းနှင့် ဆေးတောင်ကြားမှ ကျူတန့်တို့သည် ချည်းကပ်လာပြီး မင်ရှို့အား ပြောလေသည် “မင်းသား မင်းသမီးက နောက်နေ တယ်လို့မထင်ဘူး၊ မဟုတ်ရင် ဟွမ်ကျို့နဲ့ အသေအကြေတိုက်ခိုက်ရေး စာချုပ် တည်ထောင်ဖို့မလိုဘူး၊ အစကတည်းက ကစဥ့်ကလျားနတ်အရင်းအမြစ် တည်ရှိမှုကို ဖော်ထုတ်ဖို့ပဲ”

ဆိုလိုသည်မှာ ကစဥ့်ကလျားနတ်အရင်းအမြစ်သည် ဟွမ်ကျို့၏ခန္ဓာ ကိုယ်ထဲတွင်ရှိနေသည်။

“ကျုပ် ခုနကမြင်လိုက်တယ်၊ သူမက တကယ်ပဲ ၁၅ နှစ်ပဲရှိသေးတာ ကစဥ့်ကလျားနတ်အရင်းအမြစ်သာမရှိရင် ၁၅ နှစ်နဲ့ အထွတ်အထိပ်ကြီးဖြစ်ဖို့ မဖြစ်နိုင်ဘူး”

“ဟုတ်တယ်၊ သူမက အထွတ်အထိပ်ကြီး အလယ်အလတ်အဆင့်ပဲရှိ သေးပေမဲ့ သူမရဲ့ခွန်အားက တိုးတက်နေတုန်းပဲ၊ တကယ်ပဲ သာမန်ထက်ကို ထူးနေတာ”

“ဟုတ်တယ် ကမ္ဘာမြေကြီးရဲ့ ကစဥ့်ကလျားနတ်အရင်းအမြစ်ကပဲ သူမကို ဒီလိုဖြစ်အောင်လုပ်နိုင်မှာ”

သို့သော် သည်တစ်ကြိမ် ပေထင်းဟွမ်၏ခွန်အားတိုးတက်အောင်လုပ်ပေး ခဲ့သည်မှာ ကစဥ့်ကလျားနတ်အရင်းအမြစ်မဟုတ်ဘဲ မင်လင်းကျိုဖြစ်သည်ကို သူတို့မသိကြပေ။ ပေထင်းဟွမ် တာအိုကို သိရှိပြီးနောက် မင်လင်းကျိုသည် ပေထင်းဟွမ်၏ဝိညာဉ်ဆေးအား စတင်ချည်းကပ်ခဲ့သည်။ ထို့နောက် တဖြည်း ဖြည်းစတင်အရည်ပျော်ကာ စွမ်းအင်များအားလုံးသည် ဝိညာဉ်ဆေးဆီသို့ ကူးပြောင်းလေသည်။ ပေထင်းဟွမ် လက်ရှိလိုအပ်နေသည်မှာ စွမ်းအင်ပင်ဖြစ် သည်။

All Chapters