ငါက မင်းအဖေလေ
Vol. 84 Ch. 1680
ပေထင်းဟွမ်သည် ခေါင်းကိုအသာညိတ်ကာ အနောက်တောရိုင်း ဧကရာဇ်အားကြည့်လေသည်။ သူမ၏အထင်သေးသောမျက်လုံးများသည် ဓား တစ်ချောင်းကဲ့သို့ ချွန်ထက်လှသည် “ကျွန်မ ဟွမ်ကျို့ ယန်းမိုထျန်းမျိုးနွယ်ရဲ့ ဧကရီ၊ ကျုံကျိုးမြို့ခသင်၊ မြူခိုးမြေရဲ့မင်းသမီးဧကရီက ရှင်တို့ အနောက်တော ရိုင်းရဲ့ အိမ်ရှေ့စံမင်းသမီးဖြစ်ဖို့အတွက် ရှားပါးနေလို့လား”
“ငါက မင်းရဲ့အဖေပါ ရှောင်ကျို့ အဖေ့စကားကိုနားထောင်မယ်လို့ပြောခဲ့ တယ်လေ၊ အခု ငါမင်းကိုပြောနေတယ် မင်းအစ်ကိုလွှတ်ပေးလိုက်ပါ” များစွာ နာကြည်းသဖြင့် ဟွမ်ကျို့၏ အပြုအမူကို မသက်မသာဖြစ်လာသည်။
“မင်းအစ်မက မင်းအပေါ်မှားခဲ့တယ်ဆိုရင်တောင် နတ်မိစ္ဆာဧကရာဇ်က ဧကရီကို သတ်ခဲ့တယ်၊ အဲဒါနဲ့ချေတယ်လို့ သဘောထားလိုက်ပါ” ဖုန်းယင်သည် ဒေါသဖြင့်ပြောလေသည်။
ပေထင်းဟွမ်၏လက်ထဲမှဓားပျော့သည် ရှီဖုန်း၏ခေါင်းပေါ်မြောက်သွား သည်။ အထွတ်အထိပ်အလယ်အဆင့်၏ဖိအားသည် တောင်တစ်လုံးကဲ့သို့ လေးလံစွာ သူမ၏ခေါင်းပေါ်သို့ ဖိထားသည်။ ထိုအချိန်တွင် ရှီဖုန်းသည် အသက်ပြင်းပြင်းရှူကာ ကမ္ဘာမြေကြီးဒို၍်းကာဆီသို့ သွေးများအားလုံး ပို့ လိုက်သည်။
သူမ သေသွားလျှင်တောင် ပေထင်းဟွမ်အား အတူမြှုပ်နှံမည်။
“အဖေဟုတ်လား အစ်မဟုတ်လား” ပေထင်းဟွမ်သည် နှာမှုတ်လေသည် “အဲဒီဘဝက ကျွေးမွေးခဲ့တာကို ထောက်နေသေးလို့သာမဟုတ်ရင် ဒီနေ့ ဧကရီနဲ့ ရှင့်ရဲ့အဖိုးတန်သမီးနေရာမှာ ဘယ်သူသေမယ်လို့ထင်လဲ”
“ဟွမ်ကျို့ ငရဲသွားလိုက်တော့”
ရှီဖုန်း၏ အဆီအနှစ်နှင့်သွေးများအားလုံးကို ကမ္ဘာမြေကြီးဒိုင်းကာဆီသို့ ပို့ထားသည်။ ထိုအခိုက်အတန့်တွင် သူမသည် ကမ္ဘာမြေကြီးဒိုင်းကာသည် တစ်သားတည်းအဖြစ် ပေါင်းစည်းသွားလေပြီ။ ကမ္ဘာမြေကြီးဒိုင်းကာသည် အဆင့် ၁၃ အင်ပါယာလက်နက်ဖြစ်သည်။ လှုံ့ဆော်ပြီးနောက် ၎င်းသည် မီးခိုး ရောင်ပြောင်းပြီး အထွတ်အထိပ်ကြီးအဆင့်ခွန်အား ပိုင်ဆိုင်လေသည်။ ရှီဖုန်း ၏ ထိန်းချုပ်မှုနှင့် ကျယ်ပြန့်သောပင်လယ်အဖြစ်ပြောင်းလေသည်။
“ဟွမ်အာ”
အားကောင်းသောစွမ်းအင်ကို ခံစားမိပြီး ယန်ယဲ့ ထိတ်လန့်သွားသည်။
ဖုန်းယင်သည် သက်ပြင်းချမိသည်။ ရှီဖုန်းကိုကယ်ရန် သူ ပေထင်းဟွမ် အား လက်လျော့လိုက်သည်။ အနောက်တောရိုင်းလိုချင်သည်မှာ အိမ်ရှေ့စံ မင်းသမီးဖြစ်သည်။ ရှီဖုန်းသည် နှလုံးသားအေးစက်ပြီး လှည့်ကွက်အပြည့်နှင့် ဖြစ်သည်။ ထို့ကြောင့် သူမသည် သူ့အား များစွာကူညီခဲ့သော်လည်း ဟွမ်ကျို့ သည် ထိုသို့မဟုတ်ပေ။
ဟွမ်ကျို့သည် ယန်ယဲ့ကိုသာ စိတ်ဝင်စားခဲ့သည်။
နှစ်တစ်သိန်းသည် ဤသမီးဖြစ်သူ သူ့ကိုစိတ်ပျက်စေရုံသာမက ခံစားချက်များကို အမြစ်ဖြတ်လောက်အောင် လုံလောက်သည်။
ပေထင်းဟွမ်သည် ရှောင်ရှားချင်သော်လည်း နောက်ကျသွားလေပြီ။ သူမ၏ ခန္ဓာကိုယ်သည် ပင်လယ်မြွေနှင့်တူသော ရေ၏ရစ်ပတ်ခြင်းကိုခံရကာ စူးရှသောနာကျင်မှုသည် သူမ၏ဝိညာဉ်သို့ ချည်းကပ်လာလေသည်။
ပေထင်းဟွမ်၏ကိုယ်ပေါ်မှ မိုးကြိုးနှင့်လျှပ်စီးတိုက်ခိုက်ရေးချပ်ဝတ် တန်ဆာကြောင့်သာမဟုတ်လျှင် သူမသည် သွေးစိမ်းကန်ထဲသို့ကျရောက်သွား နိုင်သည်။ ရေထဲတွင် ရစ်ပတ်ခံထားရကာ သူမ၏ဝိညာဉ်စွမ်းအားသည် ပြတ် တောက်သွားသကဲ့သို့ ဘိုးဘေးကျောက်တုံးကိုဆင့်ခေါ်၍မရတော့ကာ လက်နက်ဖြင့်ပါ အဆက်အသွယ်ပြတ်သွားလေသည်။ သူမသည် ဤကမ္ဘာ မြေကြီးဒိုင်းကာ၏ခွန်အားကို ကောင်းကောင်းကြီးသိသည်။
ယန်ယဲ့သည် ရူးသွပ်နေပြီဖြစ်သည်။ လက်ထဲတွင် စီဖုန်းနတ်ဘုရား အကျဉ်းထောင်ကိုကိုင်ဆောင်ထားပြီးဖြစ်ကာ ငှက်ပြာကိုလည်း ခေါ်ယူပြီးလေ သည်။ သူသည် ဤနေရာကိုဖျက်ဆီးရန် ဝန်မလေးပေ။
ထိုအရာကိုမြင်ပြီး ဧကရာဇ်ဖုန်းနှင့် ဧကရာဇ်မိုတို့လည်း ဇနီးများကို အသီးသီးနေရာချပြီး ပြေးလာကာ လက်ထဲတွင် အသင့်တော်ဆုံးလက်နက်ကို ကိုင်ဆောင်ထားသည်။ ကောင်းကင်နှင့်မြေကြီးစွမ်းအင်အကာကို နတ်မိစ္ဆာ ဧကရာဇ်အချိန်မရွေး ချိုးဖျက်မည်ကို ကူညီရန် အသင့်အနေအထားပြင်လေ သည်။
ပေထင်းဟွမ်ကို ကယ်နိုင်သရွေ့ မည်မျှပင် ပေးဆပ်ရပါစေ မမှုပေ။
လျှို့ဝှက်မြူခိုးမြေမှဧကရာဇ်သည် သူ့တွင် ထိုမျှခွန်အားမရှိသည်ကိုသိ သဖြင့် ရပ်နေရသည်။ သို့သော် သူသည်လည်း အလွန်အမင်းစိတ်ပူပန်လျက်ရှိ သည်။
ယန်ယဲ့၏လက်ထဲတွင် စီဖုန်းနတ်ဘုရားအကျဉ်းထောင်သည် အားကောင်းသောအလင်းတန်းကို ထုတ်လွှတ်ကာ စကြာဝဋာ၏ရောင်ဝါကဲ့သို့ အချိန်နှင့်နေရာကိုဖြတ်တောက်နိုင်လောက်သည်အထိ ထိုးဖောက်သည်။
အားလုံးသည် နောက်ဆုတ်လိုက်ကြသည်။ ထိုလူများသည် ဤတိုက်ကြီးပေါ်တွင် အသန်မာဆုံးဖြစ်လျှင်တောင် ဤမျှအားကောင်းသော စွမ်းအားရှေ့တွင် ရှုံးနေတုန်းပင်။ ပထမဆုံးအကြိမ်အနေနှင့် သူတို့၏ အသက်ကို ထိန်းချုပ်မရပေ။ ယနေ့ အသက်ရှင်နိုင်ခြေရှိ၍လား မသိပေ...