ရှီဖုန်းသေဆုံးခြင်း
Vol. 85 Ch. 1681
“ရှီဖုန်းလိုမိန်းမမျိုးက ဒီကမ္ဘာကိုမလာခဲ့သင့်ဘူး” လူတစ်ယောက်သည် တိုးညင်းသောအသံဖြင့် စောဒကတက်လေသည်။
ရပ်တန့်သင့်သူမှာ ယန်ယဲ့ဖြစ်ကြောင်း မင်ရှို့သိသော်လည်း ပေထင်းဟွမ် ကို မသေစေချင်သဖြင့် အနည်းငယ်စိတ်ဒေါသထွက်လာသည် “ရှီဖုန်းက တကယ် ပြဿနာအိုးပဲ၊ သူမက ဟွမ်ကျို့ရဲ့ဘဝကိုယူထားပြီးရင်တော့ တန်ရာ တန်ကြေးပြန်ပေးရမယ်”
အားကောင်းသောအင်အားသည် စွမ်းအင်ဒိုင်းကာကို ဖြတ်၍ ရှီဖုန်းဆီသို့ ရောက်လာသည်။ ရှီဖုန်းသည် ရုတ်တရုက်တုန်ယင်သွားသည်။ ကောင်းကင်နှင့် မြေကြီးစည်းမျဉ်းမှပြုလုပ်ထားသော စွမ်းအင်ဒိုင်းကာသည် မည်သည့်စွမ်းအင် ကိုမဆို သီးခြားခွဲထားနိုင်သည်။ သို့သော် ဤအချိန်တွင် အပြင်အင်အားတစ်ခု သည် ရက်စက်သောရောင်ဝါနျင့်အတူ ဝင်လာကာ သူမအား တိုက်ရိုက်ပင် ပစ်ဝင်လေသည်။
သူမအား စွမ်းအင်ဒိုင်းကာကိုပင် ထိုးဖောက်တိုက်ခိုက်သူမှာ ယန်ယဲ့ဖြစ် လိမ့်မည်ဟု ရှီဖုန်းထင်မထားပေ။
ဘယ်လိုလုပ် သူဖြစ်နိုင်တာလဲ။
သူကဘယ်လိုလုပ် အဲလောက်အားကောင်းရတာလဲ။
ထိုအခိုက်အတန့်တွင် ရေလေ့ကျင့်ရေးအတောအတွင်းတွင် ဆံပင်ရှည် အနက်နှင့် ပုံရိပ်တစ်ခုသည် ငွေရောင်အလင်းနှင့်အတူ ပျံသန်းလာသည်။ သူမ သည်လက်မြှောက်လိုက်သည်နှင့် ကျူရှီးသည် သူမရှိရာသို့ပျံသန်းကာ လက်ထဲ မှ ကမ္ဘာမြေကြီးဒိုင်းကာဆီသို့ ဦးတည်လေသည်။ ကျူရှီးသည် ကမ္ဘာမြေကြီး ဒိုင်းကာကို မိုးကြိုးသွားအဟုန်ဖြင့် ရိုက်ချလေသည်။
ဘုန်း ဒိုင်း
ကောင်းကင်ကွဲသွားလောက်သည့် အသံနှင့် စူးရှသောအော်သံထွက်ပေါ် လာ၏။ ကောင်းကင်နှင့်မြေကြီးစည်းမျဉ်း စွမ်းအင်ဒိုင်းကာအတွင်းတွင် ရှီဖုန်း၏ဝိညာဉ်သည် မထင်မှတ်စွာပင် ချိတ်ပိတ်ခံလိုက်ရသည်ကို အားလုံး မြင်တွေ့လိုက်ရသည်။ ကျောက်တုံးအနက်ထိုးဝင်သွားပြီး နောက်ဆုံးတွင် ကောင်းကင်နှင့်မြေကြီးအကြားတွင် ပြိုကွဲသွားလေသည်။
စွမ်းအင်ဒိုင်းကာသည် အလင်းအဖြစ်ပြန့်ကျဲကာ ပျောက်ကွယ်သွားလေ သည်။
ပေထင်းဟွမ်သည် လေထဲတွင်ပေါ်လောပေါ်လျက်ရှိပြီး လက်ကို အသာ ပင့်မြှောက်လိုက်သည်နှင့် အနက်ရောင်ကျောက်တုံးသည် သူမ၏လက်ဖဝါးထဲ သို့ နစ်ဝင်သွားလေသည်။ သူမ၏မျက်လုံးများသည် အထင်သေးမှုအပြည့်နှင့် ကမ္ဘာမြေကြီးဒိုင်းကာ အပိုင်းအစများကိုဝေ့ဝဲကြည့်ပြီးနောက် ယန်ယဲ့အား လှည့်ကြည့်လေသည်။
“ယန်ယဲ့ သူမ သေသွားပြီ”
ရှီဖုန်း၏ဝိညာဉ်သည် ကမ္ဘာမြေကြီးဒိုင်းကာနှင့်အတူ ပေါင်းစပ်ပြီး အတူ သေဆုံးသွားလေပြီ။ ကမ္ဘာမြေကြီးဒိုင်းကာ ပြိုကွဲသည်နှင့် ယန်ယဲ့ကဲ့သို့ အချစ် ကြီးသည့်လူက နှစ်ပေါင်း သောင်းချီ သန်းချီ အချိန်ပေးပြီး သူမ၏ဝိညာဉ်ကို ပြန်စုစည်းလိုပါက ဝိညာဉ်ပြန်ပေါင်းစည်းရန် မဖြစ်နိုင်တော့ပေ။
ဖုန်းယင်၏ အသားအရေသည် ညစ်ထေးသွားသည်။ သူ၏ဇနီးဖြစ်သူနှင့် သမီးတို့အားလုံးသည် ယန်ယဲ့နှင့်ဟွမ်ကျို့လက်ထဲတွင် သေဆုံးသွားလေပြီ။
“အထွတ်အထိပ်အလယ်အဆင့် ဟွမ်ကျို့ သူတို့နှစ်ယောက်နောက်ကို အဖော်ပြုခွင့်ပေးပါ” ဖုန်းယင်သည် ထိုင်းမှိုင်းသောမျက်နှာထားဖြင့် ပြောလေ သည်။
ဟွမ်ကျို့သည် ထင်ရှားစွာပင် ပြန်ဝင်စားသည့်လူပင်။ ထိုအချိန်တွင် သူ သည် သူမ၏ဖခင်ဖြစ်သည်ဟု အပြစ်မတင်တော့ပေ။
ယန်ယဲ့သည် ပေထင်းဟွမ်၏ပခုံးကို ပွေ့ဖက်ထားသည်။ သူ ပေထင်းဟွမ် အား ငုံ့ကြည့်သောအခါ သူမ၏မျက်လုံးများမှာ စိုစွတ်နေသည်။ ထို့နောက်တွင် သူသည် ခေါင်းမော့ကာ ရက်စက်သော နတ်မိစ္ဆာဧကရာဇ်အဖြစ် ပြောင်းလေ သည် “အထွတ်အထိပ်ကြီးသခင်ဖုန်းယင်၊ အစတုန်းက ကျုပ်ရဲ့မင်္ဂလာပွဲကို တက်ဖို့ဖိတ်ကြားချင်တာ၊ ကြည့်ရတာ ခင်ဗျားက ဇနီးနဲ့သမီးဖြစ်သူတို့ကို အဖော်ပြုပေးချင်တဲ့ပုံပဲ၊ တကယ်တော့ မလိုပါဘူး သူတို့က ပြန်ဝင်စားဖို့မဖြစ် နိုင်တော့ဘူး”
ဝိညာဉ်သေဆုံးသွားရာ မည်သို့များ ပြန်ဝင်စားမည်နည်း။
ဖုန်းယင်၏မျက်လုံးများတွင် ကြောက်ရွံ့မှုလင်းလက်သွားသည်။ နတ်မိစ္ဆာဧကရာဇ်သည် စကားနှင့်သာပြောသူမဟုတ်ကြောင်းကို သူ ကောင်းကောင်းကြီးသိသည်။ သူသည် သူ့ကိုမင်္ဂလာပွဲဖိတ်ကြားရန် စီစဉ်ထား သည်ဟုပြောသည်။ ထို့ကြောင့် သူသည် သူ့အပေါ်တွင် ဘာမှလုပ်မည်မဟုတ် ပေ။ ယခုအခါ ဘာကြောင့်များ သေချင်ဦးမည်နည်း။
ပေထင်းဟွမ်သည် ဤကဲ့သို့လူမျိုးကို အာရုံမစိုက်ပေ။ ဖုန်းယင်သည် သူ၏ခန္ဓာကိုယ်ထဲတွင် ကမ္ဘာမြေကြီးမိခင်၏သွေးစီးဆင်းနေသဖြင့် အနောက် တောရိုင်းဧကရာဇ်နေရာတွင် ထိုင်နိုင်ခြင်းဖြစ်သည်။ မဟုတ်လျှင် သူသည် အရည်အချင်းမပြည့်မှီပေ။
“မင်ရှို့ ငါပြောသလိုပဲ၊ ငါ ၃၃ ကောင်းကင်ဘုံကိုပြန်တဲ့နေ့က ဝိညာဉ် နတ်ဘုရားမျိုးနွယ် ပျက်စီးတဲ့နေ့ပဲ၊ ပြန်သွားလိုက်တော့ မင်းကို ၁၀ ရက် အချိန် ပေးမယ်၊ ၁၀ ရက်နေရင် ကျုံကျိူးမြို့က ဝိညာဉ်နတ်ဘုရားမျိုးနွယ်နဲ့ တိုက်ခိုက် မယ်”
ပေထင်းဟွမ်၏စကားများကိုကြားပြီးနောက် ကျုံကျူးမြို့စခန်းတွင် ရပ်နေကြသော ပေထင်းလန်နှင့် ယွဲ့မြန်ယင်းတို့သည် ထိတ်လန့်သွားကာ လက်ကိုဆုပ်ကိုင်မိကြလေသည်။ သူတို့သည် ဤနေရာသို့ ပြေးလာသည်မှာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်သည်။ နောက်ဆုံးတော့ တွက်ဆထားသည့် နေ့ ရောက်လာတော့မည်လား။