ဝိညာဉ်နတ်ဘုရားမျိုးနွယ်နဲ့ ဘာလို့ အသေတိုက်ခိုက် ချင်နေတာလဲ
Vol. 85 Ch. 1682
“ရှောင်ကျို့ မင်းဘာပြောလိုက်တာလဲ” မင်ရှို့သည် မယုံနိုင်သေးပေ “မင်ဟွမ်နဲ့ မင်စူးတို့သားအဖေ အသက်က မင်းရဲ့ရင်ထဲက အမုန်းတရားကို ချေဖျက်ဖို့ မလုံလောက်သေးဘူးလား”
ဝိညာဉ်နတ်ဘုရားမျိုးနွယ်နဲ့ ဘာလို့ အသေတိုက်ခိုက်ချင်နေတာလဲ။
“မင်ရှို့ ငါလိုချင်တာက မင်ဟုန်းရဲ့အသက်ပဲ၊ ငါက လွန်ခဲ့တဲ့နှစ်တစ်သိန်း က ငါ့ကို လုပ်ကြံခဲ့တဲ့သူမှန်သမျှကို အလွတ်မပေးဘူး၊ ပြီးတော့...” ပေထင်းဟွမ်သည် ယွဲ့မြန်ယင်းဆီသို့ တဖြည်းဖြည်းသွားကာ လှည့်ပတ်ကြည့် လိုက်သည် “ငါ့အမေရဲ့လူတွေ၊ သူတို့အားလုံးက ဝိညာဉ်နတ်ဘုရားမျိုးနွယ်ရဲ့ လက်ချက်နဲ့သေခဲ့ရတယ်၊ အသက်တစ်ခုအတွက်နဲ့ မင်းတို့က သူတို့အားလုံးကို သတ်ခဲ့တယ်၊ ဝိညာဉ်နတ်ဘုရားမျိုးနွယ်က မပျက်စီးဘူးဆိုရင် လမျိုးနွယ်က ဘယ်လိုလုပ် စိတ်အေးလက်အေးနဲ့ ပြန်ဝင်စားနိုင်ပါ့မလဲ”
မင်ရှို့၏တစ်ကိုယ်လုံး ထိတ်လန့်သွားကာ နောက်ဆုတ်သွားလေသည်။ ပေထင်းဟွမ်သည် ယွဲ့မြန်ယင်း၏သမီးဖြစ်ကြောင်းကို သူ ဘာကြောင့်များမေ့ နေခဲ့သနည်း။ ထို့နောက် ယွဲ့မျိုးနွယ်သည် ပြင်ပမျိုးနွယ်ဖြစ်သည်။
ပေထင်းဟွမ်သည် ပြန်လည်မွေးဖွားပြီးနောက် သူနှင့်သူမအားကြားမှ အမုန်းတရားသည် ပိုနက်ရှိုင်းပြီး သွေးကြွေးနှင့်ပင် ဖြေရှင်းခွင့်မရှိဘဲနေမည်ဟု သူ မမျှော်လင့်ထားပေ။
ဝမ်ရှို့လင်း၏ အထွတ်အထိပ်ချီလင်းသည် ပေထင်းဟွမ်အား မုန်းတီးသော မျက်လုံးများဖြင့် ကြည့်လေသည်။ သူ၏သားဖြစ်သူ ဟွမ်ယန်း သည် ပေထင်းဟွမ်၏လက်ထဲတွင် သေဆုံးခဲ့သည်။ နတ်မိစ္ဆာဧကရာဇ်သည် သူမအား ကာကွယ်ထားသဖြင့် သူမ၏အသက်ကိုမယူနိုင်ခဲ့ပေ။ သို့သော် စစ်ပွဲ စတင်သည်နှင့် အထွတ်အထိပ်ကြီးချီလင်းသည် အေးစက်စွာနှာမှုတ်လေသည်။ သူမသည် အထွတ်အထိပ်ကြီးအလယ်အလတ်အဆင့်ဖြစ်သည်။ သူ သူမ၏ အသက်ကိုယူမည်ဆိုပါက အိတ်ပေါက်နှင့် ဖားကောက်သလိုဖြစ်နေတော့မည်။
“ဟွမ်ကျို့ ကစဥ့်ကလျားနတ်အရင်းအမြစ်က မင်းလက်ထဲမှာရှိတယ်၊ ရှို့ဟွမ်လည်း မင်းလက်ထဲမှာပဲ” ကမ္ဘာကြီး ရုန်းရင်းဆန်ခတ်ဖြစ်မည်ကို ချီလင်းတကျိကျွင်း စိုးရိမ်သည်။ သူ၏မျက်လုံးများသည် အစိမ်းရောင်ပြောင်း သွားလေသည် “အဲဒီရတနာနှစ်ခုလုံးကို ဝိညာဉ်နတ်ဘုရားမျိုးနွယ်ပိုင်တာပဲ၊ မင်းရဲ့အမေ ယွဲ့မြန်ယင်း...”
ရွှီး
လေကိုခွင်းသည့်အသံဖြစ်ပေါ်လာပြီး ပေထင်းဟွမ်၏လက်ထဲမှ ဓားပျော့ဖြင့် အထွတ်အထိပ်ကြီးချီလင်းဆီသို့ ရိုက်ချလေသည်။ အရှိန်မှာ ပြိုင်ဘက်ကင်းသည်။ အထွတ်အထိပ်ချီလင်းသည် အထွတ်အထိပ် ထိပ်ဆုံး အဆင့်သာမဟုတ်လျှင် ပေထင်းဟွမ်အား တိုက်ခိုက်ပြီးပြီဖြစ်သည်။ သူ ခွဲလိုက် သောအခါ မည်မျှပင် မြန်မြန်ရှောင်ရှားစေကာမူ ဓားပျော့မှ လေဖြင့် အခုတ်ခံ နေရတုန်းပင်။
ဆံပင်ရှည် အနည်းငယ်ပြေကျသွားသည်ကိုမြင်သေအာခါ အထွတ်အထိပ်ကြီးချီလင်းသည် ချက်ချင်းပင် ဒေါသထွက်သွားလေသည်။ သူ ထခုန်ပြီး ပေထင်းဟွမ်အား ညွှန်ပြကာ ပြောလေသည် “ဟုတ်ပြီ ကောင်းတယ် ဟွမ်ကျို့၊ မင်း ငါ့သားကိုသတ်တဲ့အတွက် လက်စားမချေရသေးဘူး၊ မင်းက ငါ့ကို စကားတစ်ခွန်းမှမပြောဘဲ လာတိုက်ခိုက်တာ အရမ်းကောင်းတယ်၊ နောက် ၁၀ ရက်နေရင် ဝိညာဉ်နတ်ဘုရားတွေ တိုက်ခိုက်သည်ဖြစ်စေ မတိုက်ခိုက်သည်ဖြစ်စေ ငါ ဝမ်ရှို့လင်က သေချာပေါက် မင်းကိုအဖော်ပြုပေး မယ်”
ချွင်း
တစ်ချိန်တည်းမှာပင် အားလုံးသည် ပေထင်းဟွမ်အား အာရုံစိုက်ထားကြ သည်။ သူတို့ တစ်ယောက်တည်းတိုက်ခိုက်ပါက နတ်မိစ္ဆာဧကရာဇ်ရှိနေသဖြင့် ဝူရှို့လင်းသည် သေချာပေါက် ကျုံကျူးမြို့၏ရန်သူမဖြစ်နိုင်ပေ။ ထိုအခိုက်အတန့်တွင် အားလုံးသည် နတ်မိစ္ဆာဧကရာဇ်သည် ကျုံကျိူးမြို့မှ မဟုတ်သည်ကို မေ့လျော့နေဟန်တူသည်။
သို့သော် တိုက်ပွဲကြီးဖြစ်သဖြင့် ကျုံကျူးမြို့သည်.... အားလုံးသည် ပေထင်းဟွမ်အား သနားစဖွယ်ကြည့်ကြလေသည်။ တစ်ချိန်တည်းမှာပင် အတွေးတစ်ခုဝင်လာသည်။ သူမ ရှုံးလျှင် ရှို့ဟွမ် သို့မဟုတ် ကစဥ့်ကလျားနတ် အရင်းအမြစ်ရှိခြင်းမရှိနှင့် မဆိုင်တော့ပေ။
“ဟုတ်ပြီ” ပေထင်းဟွမ်သည် ဂရုမစိုက်ဘဲ ဂုဏ်ယူစွာဖြင့် ပြောလေသည် “ဒါဆို အပျော်ဝင်ပါတဲ့အတွက် အထွတ်အထိပ်ချီလင်းကို ကျေးဇူးတင်ပါတယ်”
ကျယ်လောင်သောအသံဖြင့် သူမသည် အထွတ်အထိပ်ချီလင်းအား အပျော်ဝင်ပါသည်ဟု ပြောရဿည်။
ချီလင်းတကျိကျွင်းသည် ချက်ချင်းပင် ဒေါပွလေသည်။ သူသည် မတိုက်ခိုက်ခင်ကပင် ရှုံးနိမ့်သွားသလိုပင်။ သူသည် ပေထင်းဟွမ်အပေါ် ဒေါသ ကိုမထိန်းနိုင်ပေ။ သို့သော် သူသည် ဤအခြေအနေကို ရှင်းလင်းသည်။ သူ ပေထင်းဟွမ်နှင့် အငြင်းပွားလျှင် အထိနာသူမှာ သူဖြစ်လိမ့်မည်။
“ဟုတ်တယ်၊ နောက် ၁၀ ရက်နေရင် အရှင်ဟွမ်ကျို့ သေချာမှတ်ထားပေး ပါ” ပြောပြီးနောက် ချီလင်းတကျိကျွင်းသည် နောက်ဆုတ်ပြီးထွက်သွားလေ သည်။
ထိုအချိန် အသိစိတ်ပင်လယ်ထဲတွင် မင်သည် ပျင်းရိပြီး လွှမ်းမိုးနိုင်သော အသံဖြင့် ပြောလေသည် “ဟွမ် အဲဒီဦးချိုပါမြင်းကို ငါ့ကိုသာအပ်ထားလိုက်၊ မသန့်ရှင်းတဲ့သွေးနဲ့ချီလင်းက ရာရာစစဝမ်ရှို့လင်းကို ဦးဆောင်ရဲတယ်”