မင်၊ မင်းက ထွက်ပြီးကစားဖို့စိတ်ဝင်စားလား
Vol. 85 Ch. 1683
“ဟုတ်ပြီ မင်... မင်း သူ့ကိုနိုင်ရင် ဝမ်ရှို့လင်က မင်းအတွက်ပဲ ဘယ်လိုလဲ၊ ထွက်လာပြီးကစားဖို့ စိတ်ဝင်စားလား” လုံဟွမ်သည် အနည်းငယ် ပျင်းရိစရာ ကောင်းသည်ဟု ပေထင်းဟွမ်ခံစားရသည်။ ယန်ယဲ့သည် ပျင်းရိလာချိန်တွင် နိဗ္ဗာန်ကို ရွေးချယ်သည်ဟု ပြောခဲ့သည်။
ပေထင်းဟွမ်သည် အခက်ခဲဆုံးအချိန်တွင် သူမ၏လက်တွဲဖော်ကို တစ်ယောက်တည်းသွားရန် မဖြစ်ချင်ပေ။
“အာ” ပေထင်းဟွမ်၏ ရင်ထဲမှအတွေးများကို အာရုံခံမိသည့်အတိုင်း မင် သည် ပျင်းရိစွာဖြင့် တုံ့ပြန်လေသည် “ငါ ကျူးရှန့်ကိုသွားမှာပါ၊ ငါ့မှာ မသဲကွဲတဲ့ အမွေရှိတယ်၊ အဲဒါကကျူရှန့်နဲ့ တစ်ခုခုပတ်သက်နေတယ်လို့ ခံစားရတယ်”
“ပြီးတော့...” ပေထင်းဟွမ်သည် နိဗ္ဗာန်ကိုမရွေးချယ်လျှင် ဘာမှလုပ်မရ ပေ။
သူမ ရှိလျှင် နိဗ္ဗာန်သို့ မည်သို့သွားမည်ကို ပေထင်းဟွမ်မသိပေ။ မင်၏ စိတ်ထဲတွင် ပေထင်းဟွမ်အား ယန်ယဲ့ စောင့်ကြပ်နေသည်ကပင် မလုံလောက် သေးပေ။
ချီလင်းထွက်သွားပြီးနောက် ပေထင်းဟွမ်ကို မျှော်လင့်၍မရသည်ကို မင်ရှို့မြင်လိုက်ရသဖြင့် ထွက်သွားရတော့မည်။ ကျုံကျူးမြို့နှင့် စစ်ပွဲသည် ဝိညာဉ်နတ်ဘုရားမျိုးနွယ်နှင့် ကျုံကျူးမြို့တို့ကြားမှ တစ်ဦးချင်းတိုက်ပွဲမဟုတ် ပေ။ ၃၃ ကောင်းကင်ဘုံရှိ ထိပ်တန်း အင်အားစု ၁၀ စုအကြားတွင် ဝိညာဉ် နတ်ဘုရားမျိုးနွယ်မှ ခပ်တန်းတန်းဖြစ်သွားသည့် နဂါးဇာမဏီတောင်ကြား သည် ပျက်စီးသွားချေပြီ။ ကျုံကျူးမြို့သည် ၎င်း၏ခွန်အားကြီးကိုပြသ ပြီးနောက် မြူခိုးမြေသည် တွေဝေခြင်းမရှိ ကျုံကျူးမြို့နှင့် ရပ်တည်ရန် ရွေးချယ်ခဲ့သည်။
ယန်းမိုထျန်းမျိုးနွယ်၊ ရှောင်ဖုန်းထျန်းယွိနှင့် ကျိုးကျူမိုယွိတို့သည်လည်း တိုက်ပွဲတွင်ပါဝင်လာမည်မှာ ပြောဖို့ပင်မလိုပေ။ သည်လိုနှင့် ကျုံကျူးမြို့တွင် အင်အားစုလေးခုရှိနေပြီဖြစ်သည်။
မင်ရှို့သည် တန့်ကျိဂူဆီသို့ မေးခွန်းထုတ်သောမျက်လုံးများဖြင့်ကြည့်ရာ ကျူးတန့်သည် တည်ငြိမ်စွာခေါင်းညိတ်လေသည်။ သူသည် စိတ်အေးစွာဖြင့် ဖုန်းယင်အားမေးလိုက်သည် “အထွတ်အထိပ်ကြီးဖုန်းယင်က ဇနီးနဲ့သမီး အတွက် လက်စားချေဖို့ ဆုံးဖြတ်ထားပြီလား”
ဖုန်းယင်သည် ရွေးချယ်စရာမရှိတော့ပေ။ တိုက်ပွဲကြီးဖြစ်လာလျှင် အနောက်တောရိုင်းကို အဆုံးရှုံးမခံနိုင်ပေ။
သဘောတူညီချက်ပြုလုပ်ပြီးနောက် မင်ရှို့သည် ဝိညာဉ်နတ်ဘုရား မျိုးနွယ်နှင့် မဟာမိတ်ဖွဲ့ထားသော အင်အားစုသုံးခုနှင့်အတူ ထွက်သွားလေ သည်။ ပေထင်းဟွမ်တို့ဘက်တွင် ယန်ယဲ့သည် ခေါင်းဆောင်ဖြစ်သည်။
မင်းသမီးတင်မြှောက်ရေးအခမ်းအနားသည် သည်လိုနှင့်ပြီးဆုံးသွား သည်။ သို့သော် ဤအရာသည် ပေထင်းဟွမ် လိုချင်သည့်ရလဒ်ဖြစ်သည်။ ရှီဖုန်း၏ သေဆုံးခြင်းသည် သူမ၏လည်ချောင်းတွင် စူးနေသော အရိုးကို ထုတ် လိုက်သလို ပို၍သက်တောင့်သက်သာဖြစ်သွားသည်။
ဤအခံစားချက်သည် ဝိညာဉ်နတ်ဘုရားမျိုးနွယ်များကို တိုက်ခိုက်ရန် ပို၍ တွန်းပို့သည်။
တုန်ဖန်းတိကျွင်းသည် အနည်းငယ်စိုးရိမ်လျက်ရှိသည် “တခြားဟာကို တော့မကြောက်ပါဘူး၊ ဝမ်ရှို့တောင်ရိုးက သားရဲတပ်က အမြဲတမ်းအရှုံးမရှိဘူး၊ ကိုင်တွယ်ဖို့လွယ်မှာမဟုတ်ဘူး”
ဝမ်ရှို့တောင်ရိုးသည် နာမည်အတိုင်းပင် သားရဲများ အုပ်စုဖွဲ့နေသော နေရာဖြစ်သည်။ သားရဲတပ်အမြောက်အများသည် ချီလင်းအထွတ်အထိပ် လက်ထဲတွင်ရှိသည်။ အားလုံးပေါင်း သားရဲတစ်သိန်းရှိကာ အားလုံးသည် နတ်ဘုရားအဆင့်အထက်ရှိသူများဖြစ်ကာ အလွန်အားကောင်းကြသည်။ ချွန်ထက်သောဓားတစ်ချောင်းအလား တခြားအင်အားစုများနှင့် တိုက်ခိုက်လျှင် မရှုံးနိမ့်ပေ။
လျှို့ဝှက်မြူခိုးမြေသည်သာမက တခြားအင်အားစုများလည်း စိုးရိမ်ကြ သည်။
ဧကရာဇ်ဖုန်းနှင့် ဧကရာဇ်မိုတို့သည်လည်း တွေဝေကြသည်။
ပေထင်းဟွမ်သည် အနည်းငယ်နောင်တရသလိုခံစားရလေသည် “ကျွန်မ မစဉ်းစားမိလိုက်တာပါ၊ အဲဒါတွေကို မြန်မြန်အဆုံးသတ်ချင်ရုံပဲရှိတာ”
ထိုစကားကိုကြားသောအခါ နတ်မိစ္ဆာဧကရာဇ်သည် အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။ သူသည် မြူခိုးမြေမှ တုန်ဖန်းတိကျွင်းအား နက်ရှိုင်းစွာကြည့်ပြီး ပေထင်းဟွမ်အား ပွေ့ဖက်လိုက်သည် “မမေ့နဲ့ ကိုယ်ရှိ သေးတယ်”
သူသည် ပေထင်းဟွမ်၏ နားထင်စပ်မှဆံပင်ကို ယူကာ နူးညံ့စွာပြောလေ သည် “ကိုယ်မရှိရင်တောင် ဟွမ်အာက အဲဒီသားရဲတပ်ကို မကိုင်တွယ်နိုင်စရာ မရှိဘူး၊ မင်းက သားရဲတွေ ဒီလောက်အများကြီးစုဆောင်းထားတာ၊ သူတို့ကို စီမံပြီးတာလည်း ကြာလောက်ပြီ၊ မင်းရဲ့သားရဲတပ်ကလည်း ဖွဲ့စည်းမှုတွေ လေ့ကျင့်ထားတယ်၊ အဲဒါက စစ်မြေပြင်မှာ လက်တစ်ဖက်ဖြစ်လာမှာပါ”
“မဟုတ်ရင် အနာဂတ်မှာ သုံးမရမှာကြောက်တယ်”
ထိုစကားကိုကြားသောအခါ သမက်ဖြစ်သူသည် သမီးအား အလွန်ပင် မြတ်နိုးသည်ဟု ယွဲ့မြန်ယင်းခံစားလိုက်ရသည်။ “အနာဂတ်မှာ အသုံးပြုမရမှာ ကြောက်တယ်” ဆိုတာဘာလဲ။ လိုအပ်ရုံတင်မဟုတ်ဘဲ သမီးရဲ့သားရဲတပ်ကို လက်တစ်ဖက်ဖြစ်အောင် စစ်ပွဲဖန်တီးချင်နေတာလား။