← Chapters

စစ်ပွဲကြီး

Vol. 85 Ch. 1684

စစ်ပွဲကြီး

Vol. 85 Ch. 1684

ယန်ယဲ့၏စကားများလောက် ပေထင်းဟွမ်အား လှုံ့ဆော်နိုင်သည့်အရာ မရှိပေ။ သူမ၏ လက်ပတ်နေရာတွင် နှစ်ပေါင်းများစွာအတွင်း သားရဲမည်မျှ တိုးပွားနေသည်ကိုမသိပေ။ ထုံရှန့်တောင်ထိပ်တွင် နှစ်ပေါင်းတစ်သိန်းကြာ အားကောင်းသော သားရဲများရှိလိမ့်မည်။

ပေထင်းဟွမ်သည် ဘာမှလုပ်စရာမရှိသဖြင့် ထိန်းကျောင်းပြီး အရေအတွက်မသိလောက်အောင် သားရဲများနှင့် စာချုပ်တည်ထောင်ခဲ့သည်။ ပေထင်းဟွမ်သည် တစ်ကောင်ချင်းစီ စာချုပ်တည်ထောင်ရန် စိတ်မရှည်သဖြင့် သားရဲဘုရင်များကိုသာ စာချုပ်တည်ထောင်ပြီး သားရဲဘုရင်များကို သူတို့၏ အဖွဲ့များကို ဦးဆောင်စေသည်။

“အဆုံးမရှိဖွဲ့စည်းခြင်း” သည် အလွန်အားကောင်းသည်။ ပေထင်းဟွမ် သည် လက်ပတ်နေရာရှိ ကွင်းပြင်တွင် ဖွဲ့စည်းမှုကိုလေ့ကျင့်ကာ အတွေ့အကြုံ များစွာရခဲ့သည်။

တစ်စုံတစ်ရာ ရရှိပြီးနောက် သူမသည် ရလဒ်ကိုကြည့်ချင်သည်။

၃၃ ကောင်းကင်ဘုံမှ အင်အားစုများအကြောင်းကို ယန်ယဲ့သည် ပေထင်းဟွမ်ထက် ပိုသိသည်။ တပ်ဖြန့်မှုနည်းဗျူဟာကို ဆုံးဖြတ်ပြီးနောက် အထွတ်အထိပ်များသည် သူတို့၏အုပ်ချုပ်သည့်အရပ်သို့ပြန်ကာ တပ်များ စုစည်းသည်။

ထိုအချိန်တွင် မီးခဲနှင်းလွင်ပြင်မှ နှင်းဧကရာဇ်လည်း ရောက်လာကာ ကျုံကျူးမြို့အားကူညီရန် အင်အားတစ်သိန်းတပ်ကို ဦးဆောင်လာသည်။ “ကျွန်မက တခြားရည်ရွယ်ချက်တော့မရှိပါဘူး၊ ဟွမ်ကျို့ ရှင့်ကို ကူညီချင်လို့ပါ၊ လွန်ခဲ့တဲ့နှစ်တစ်သောင်းက မင်းကို မကူညီနိုင်ခဲ့ဘူး၊ ကျွန်မ တစ်နေ့သေသွားခဲ့ ရင် နောင်တမရချင်ဘူး”

ယန်ယဲ့သည် သူမအား စိုးရိမ်ခဲ့သည်။ ဝမ်ရှို့တောင်ရိုးရှိ သက်တမ်းရှည် တပ်ကိုရင်ဆိုင်ရမည်ကိုသိပြီး ရှေ့ပြေးတပ် တစ်သိန်းကို တောင်းဆိုခဲ့သည်။ သို့သော် ရှဲဟွမ်သည် ပြုံးပြီးပြောခဲ့သည် “ဟုတ်ပြီ”

စစ်ပွဲသည် လျင်မြန်စွာရောက်လာသည်။ မိုင်ပေါင်းတစ်သိန်းကျယ်သော ထုံရှန့်တောင်သည် စစ်မြေပြင်ဖြစ်လာသည်။

ရန်သူနှစ်ဖွဲ့သည် မျက်နှာချင်းဆိုင်ထားပြီး ပေထင်းဟွမ်၏ သားရဲတပ် သည် ချီလင်း၏သားရဲတပ်ကို ရင်ဆိုင်သည်။ ပေထင်းဟွမ်၏အမိန့်အောက်မှ အားကောင်းသော သားရဲတပ်ကိုကြည့်ပြီး ချီလင်းနှလုံးခုန်မြန်လာသည်။ ထို့နောက်စိတ်ထဲတွင် လေးထင့်လာသည်။

တစ်ဖက်လူတွင် အင်အားစုသုံးခုသာရှိသည်။ အကြောင်းအရင်းတချို့ ကြောင့် တန့်ကျိဂူသည် ပြေးသွားကာ စစ်ပွဲတွင်ပါဝင်ခြင်းမရှိပေ။

ပေထင်းဟွမ်ဘက်တွင် အဓိကအင်အားစု ၆ ခုရှိသည်။ ကျုံကျူးမြို့ကို ထည့်မတွက်လျှင် အားလုံးပေါင်း သက်တမ်းရင့်အင်အားစု ၅ ခုရှိသည်။ ယန်ယဲ့ သည် စစ်ချပ်ဝတ်တန်ဆာကိုဝတ်ဆင်ထားသည်။ သူ့အောက်နားတွင် ဦးချိုပါ မြင်းနက်သည် ကမ္ဘာ ဖျက်ဆီးဓားကိုကိုင်ဆောင်ထားကာ ခမ်းနားစွာဖြင့် ပေထင်းဟွမ်ဘေးတွင်ရပ်နေသည်။ သူ့အနောက်တွင် လနက်ကျားဖြူနှင့် နဂါး စိမ်းတို့ရှိသည်။

တစ်ဖက်တွင် မင်ဟုန်းသည် ကိုယ်တိုင်ပင် စစ်တပ်ကိုဦးဆောင်လာကာ မင်ရှို့သည် ဖခင်ဖြစ်သူနှင့် ဘေးချင်းယှဉ်ရပ်နေသည်။

“နတ်မိစ္ဆာဧကရာဇ် မတွေ့တာကြာပြီ” မင်ဟုန်းသည် ပေထင်းဟွမအား ကြည့်ပြီးနောက် ယန်ယဲ့အား လှမ်းကြည့်လေသည်။

“လင်းတိ မတွေ့တာကြာပြီ” ယန်ယဲ့သည် အလွန်ပင်ကြော့မော့လှသည်။ သူ၏ပခုံးပေါ်တွင် ငှက်ပြာနားနေပြီး ထိုအခိုက်တွင် တောင်ပံခတ်ကာ ပြော လေသည်။

“ဟေး ယန်ယဲ့ ဒီလိုပစ္စည်းနည်းနည်းပဲရှိတာလား၊ ဒီလိုမျိုးတိုက်ပွဲကြီးမှာ သူတို့ကိုထည့်ဖို့ဆို လိုသေးတယ်”

မင်ဟုန်းနှင့်တခြားသူများသည် ထိုငှက်ပြာကိုမသိကြပေ။ ပတ္တမြားကမ္ဘာ တွင်ထိုကဲ့သို့ သားရဲမရှိပေ။ သို့သော် မင်ဟုန်းနှင့်တခြားသူများသည် ထိုငှက်ပြာ၏ခွန်အားကိုမမြင်ရပေ။ ယန်ယဲ့၏လက်အောက်က ငယ်သားများ သည် အားမနည်းလှဟု သူတို့ယုံထားသည်။ ငှက်ပြာ၏စကားများသည် သူတို့ အား ဒေါသထွက်စေသည်။ ခမ်းနားသော ဝိညာဉ်နတ်ဘုရားမျိုးနွယ်ဧကရာဇ် သည် ငှက်ပြာမှကျိန်ဆဲလိုက်ရာ ဒေါသမထွက်ဘဲမနေနိုင်ပေ။

“ယန်ယဲ့ မင်းရဲ့သားရဲကို ဒီလိုစော်ကားခွင့်ပြုမှာလား” မင်ဟုန်းသည် စီရင်ချက်လှံတံကိုမြှောက်ပြီး ငှက်ပြာအား ညွှန်ပြလေသည်။

“မင်ဟုန်း အစကတော့ လင်ရှို့နဲ့မိုရှို့တို့ကြားက ရန်ငြိုးတွေကို မတွေးခဲ့ ဘူး၊ ဒါပေမဲ့ ငါတို့လင်မယားက နှစ်ပေါင်းသောင်းချီ ခွဲခွာခဲ့ရတာ မင်းရဲ့ ဝိညာဉ် နတ်ဘုရားမျိုးနွယ်ရဲ့ ပြစ်မှုတွေက လက်မခံနိုင်လောက်စရာပဲ” ခါးသက်သော တိတ်ဆိတ်မှုပင်။ ဝိညာဉ်နတ်ဘုရားအား ဆွဲဖြဲရန်မစောင့်နိုင်တော့ပေ။

“မင်း...”

ကံကောင်းစွာပင် ထိုအချိန်တွင် တိမ်တိုက်မည်းတစ်ခု ကောင်းကင်တွင် လွင့်လာသည်။ ထို့နောက် မိုးကြိုးသွားအသံတစ်သံထွက်ပေါ်လာသည် “ယန်ယဲ့ ဟွမ်ကျို့ လွန်ခဲ့တဲ့နှစ်တစ်သိန်းက မင်းတို့ကိုလွှတ်ပေးခဲ့တာ၊ မင်းတို့ နှစ်ယောက် ဒီနေ့ထိ အသက်ရှင်နေမယ်လို့ထင်မထားဘူး၊ ပြန်လာရဲသေးတယ် ပေါ့”

All Chapters