အမတ၊ အဲဒါကို ငါ ကိုင်တွယ်မယ်
Vol. 85 Ch. 1685
ယန်ယဲ့သည် မျက်ခုံးပင့်လိုက်ကာ ဘေးတွင်ရပ်နေကြသော ဧကရာဇ်ဖုန်း နှင့် ဧကရာဇ်မိုတို့ကိုကြည့်လိုက်သည် “ဒါကို မင်းတို့ကိုအပ်ထားလိုက်မယ် ဒီအဘိုးကြီးကို ငါတာဝန်ယူမယ်”
“ဟုတ်ပြီ”
သူတို့ ယနေ့လာရသည့်အကြောင်းအရင်းမှာ ပွဲကြီးပွဲကောင်းလုပ်ရန် ဖြစ်ကြောင်းကို ဧကရာဖ်ဖုန်းနှင့် ဧကရာဇ်မိုတို့ ကောင်းကောင်းသိကြသည်။ ယနေ့သည် ၃၃ ကောင်းကင်ဘုံတိုက်ပွဲဆိုသည်ထက် ပေထင်းဟွမ်အတွက် အထူးတလည်ပြင်ဆင်ပေးထားသည့် ကစားပွဲဟုပြောလျှင် ပိုကောင်းမည်။
နှစ်ပေါင်းတစ်သိန်းအတွင်းတွင် ယန်းမိုထျန်းမျိုးနွယ်၏ခွန်အားသည် ယနေ့ထိ မပျက်စီးခဲ့သည်ကို အားလုံးသိကြသည်။ မြို့ကျသွဦးလျှင်တောင် တိုက်ခိုက်ရေးသက်ရောက်မှုသည် လျော့ကျမည်မဟုတ်ပေ။
ထိုအဘိုးကြီး၏ခွန်အားသည် နတ်မိစ္ဆာဝိညာဉ်ထိပ်ဆုံးပိုင်းရောက်နေ သည်လားမသိသော်လည်း ပေထင်းဟွမ်သည် ယန်ယဲ့ကို စိတ်ပူမိတုန်းပင်။ သူမသည် ယန်ယဲ့၏ အန္တိတခွန်အားကို ကောင်းစွာသိသည်။
ပေထင်းဟွမ်သည် ငွေရောင်မိုးကြိုးချပ်ဝတ်တန်ဆာကိုဝတ်ဆင်ထားပြီး ရှီရှောင်မိုသည် ကွေ့ရှိုမှ တပ်သားတစ်သိန်းကိုဦးဆောင်သည်။ ချူဖုန်းသည် သံမဏိသွေးတပ်ကိုဦးဆောင်ကာ ပေထင်းကျင်၏လက်အောက်ငယ်သားများ သည် ပေထင်းဟွမ်ဦးဆောင်သင့်သည့် မြူခိုးမြေမှ တပ်သားတစ်သိန်းကို ဦးဆောင်သည်။
လုယောင်ဖုန်း၏အကြီးဆုံးသား လုဝေကျိုးသည် ရှောင်ဖုန်းထျန်းယွိမှ တပ်သားတစ်သိန်းကိုဦးဆောင်ကာ ချင်းလုံနှင့်ပိုင်ဟူတို့သည် ယန်းမိုထျန်းမျိုး နွယ်၏ တပ်တစ်သိန်းကို အသီးသီးဦးဆောင်ကြလေသည်။ ယန်းမိုထျန်မျိုးနွယ် သည် နှစ်ပေါင်းများစွာ မှေးမှိန်သွားခဲ့သော်လည်း သူတို့၏ခွန်အားသည် ကောင်းစွာတိုးတက်လာလိမ့်မည်ဟု မည်သူမှ ထင်မထားကြပေ။
အဓိကကိုယ်ရံတော်လေးယောက်သည် အားကောင်းသော ရုပ်သေးရုပ် စစ်သည်ဦးဆောင်ကာ ပေထင်းဟွမ်အား ကာကွယ်သည်။ ထင်ရှားစွာပင် သူတို့၏ တာဝန်သည် ပေထင်းဟွမ်၏လုံခြုံရေးကို ကာကွယ်ရန်ဖြစ်သည်။
ဆရာနန်လင်း၊ လန်ချန်းမိုနှင့် ဂိုဏ်းထောက်လေးယောက်တို့သည် တပ်သားတစ်သိန်းကိုဦးဆောင်ကာ ကောင်းကင်အဆင့်တပ်သားများ၏ ရောက်ရှိမှုသည် တင့်တယ်ခမ်းနားလှဿည်။ ယန်ယဲ့စီမံထားသည့် အစီအရင် နှင့်အတူ အဟုန်သည် သက်တန့်တစ်စင်းလိုပင်။
ယန်ယဲ့နှင့် ဝိညာဉ်နတ်ဘုရားမျိုးနွယ် ဘိုးဘေးတို့ကြားမှ တိုက်ခိုက်မှု စတင်သည်နှင့် ဒုတိယတန်းမှလူများသည်း တိုက်ခိုက်ကြသည်။ ထိုအားကောင်းသော အကြီးအကဲများသည် သက်ဆိုင်ရာအင်အားစုများတွင်ရှိ နေကြပြီး အထွတ်အထိပ်အဆင့်ခွန်အားရှိသူများဖြစ်ကြသည်။ သို့သော် ကံမကောင်းစွာပင် တစ်ဖက်တွင် ချီလင်းအထွတ်အထိပ်နှင့်တိုက်ခိုက်သည့် မင် မှလွဲ၍ ဖုန်းယင်ကိုချေမှုန်းသည့် ဧကရာဇ်မို၊ မင်ဟုန်းကိုရင်ဆိုင်သည့် ဧကရာဇ်ဖုန်းနှင့်တို့သည် အရေးနိမ့်နေကြသည်။ တုန်ဖန်းတိကျွင်းသည် ရန်သူ၏ အထွတ်အထိပ် ကျွမ်းကျင်သူများကို အလွယ်တကူပင် သုတ်သင်နိုင် လေသည်။
ထိုလူများသည် အလေးအနက်မထားသလိုပင်။ ပြိုင်ဘက်၏ခွန်အားကို နောက်ပြောင်ခြင်းသည် နောက်ကျကျန်ခဲ့စေသည်။
ပေထင်းဟွမ်သည် အနည်းငယ် စိုးရိမ်လာသည်။ သားရဲများအကြားမှ တိုက်ပွဲသည် မနိုင်သလို အုပ်စုတိုက်ပွဲတွင်လည်း ရှုံးနိမ့်နေသည်။ ထိုအခိုက်အတန့်တွင် ရန်သူဘက်၌ ၎င်း၏တပ်မှူးအမိန့်အောက်တွင် သက်တမ်းရင့်ကြေးစားတပ်သည် ကောင်းကင်ခွဲ ဓားရှည်ကိုစုစည်းပြီး ပေထင်းဟွမ်ရှိရာတပ်သို့ ခုတ်ချလေသည်။
ဓားရှည်သည် ချွန်ထက်ပြီး အေးစက်သောအလင်းသည် ခြိမ်းခြောက် သလိုဖြစ်ကာ ကောင်းကင်တစ်ခုလုံး ကွဲသွဦးပြီး လေဟာနယ်သည် စတင်၍ ဝရုန်းသုန်းကားဖြစ်လာသည်။
“ဖွဲ့စည်းမှုပြင်မယ်”
ပေထင်းဟွမ်၏အသံနောက်တွင် သူမအမိန့်အောက်မှ သားရဲများသည် တိုက်ခိုက်ရေးစိတ်ဓာတ်များ စုစည်းလိုက်သည်။ အားကောင်းသော ကိုးရောင် နဂါးဇာမဏီသည် ဟိန်းလိုက်ပြီး မျက်လုံးထဲမှ စူးရှသောအလင်းတန်းနှင့်အတူ အမြီးယမ်းကာ ကျလာသော ဓားရှည်ကိုရိုက်ချလိုက်သည်။
ဘုန်း..
ကြီးမားသောစွမ်းအင်လှိုင်းသည် တိုက်ခိုက်နေသော ဘိုးဘေးကြီးနှင့် ယန်ယဲ့တို့ဆီကိုပါ ရိုက်ခတ်ကာ နှစ်ယောက်လုံး တစ်ပြိုင်နက်နောက်ဆုတ် ကာ ကောင်းင်ခွဲနိုင်သည့် ထိုအားကောင်းသော လှိုင်းကိုရှောင်ရှားလိုက်သည်။
ဓားရှည်ရှည်သည် မစတေးရခင်မှာပင် ဘာမှမကျန်လောက်အောင် ပျောက်ကွယ်သွားလေသည်။ ပေထင်းဟွမ်၏အဖွဲ့သည် စစ်မှန်သောချွန်ထက် သည့်ဓားကဲ့သို့ ရန်သူ၏နှလုံးထဲသို့ ထိုးစိုက်သွားလေသည်။ ရှေ့ပြေးတပ်သည် အောင်နိုင်ကာ မြေပြင်တွင် မည်သူမှမကျန်တော့သလိုပင်။ အားလုံးသည် ဓားများမြှောက်လိုက်ကြသည်။ ထုံရှန့်တောင်တစ်ခုလုံးတွင် တောင်ထိပ်မှ သွေးစီးချောင်းများ စီးကျလာသည်။