ကစဥ့်ကလျားနတ်အရင်းအမြစ်က တကယ် သူမဆီမှာ
Vol. 85 Ch. 1686
တပ်အုပ်ကြီး ရန်သူစခန်းဆီသို့ ရွေ့သွားသည်နှင့် ဘယ်ယာတောင်ပံ သည် ငှက်ပြာ၏တောင်ပံကဲ့သို့ ခေါက်သွားကာ ရန်သူ၏သားရဲစခန်းဆီသို့ စတင် အပိုင်ကိုင်လေသည်။ လုဝေ့ကျိုးနှင့်ချူဖုန်းအပါအဝင် များစွာသော စစ်သူကြီးတို့ ဦးဆောင်သည့် တပ်သားသည် ပေထင်းဟွမ်၏သားရဲတပ်များ ရန်သူ၏ သားရဲတပ်ကို ထိန်းနိုင်သည်ကိုမြင်သည်နှင့် ရန်သူစခန်းဆီသို့ ချည်းကပ်လေသည်။
တဒင်္ဂအတွင်းတွင် ထုံရှန့်တောင်တစ်ခုလုံးတွင် သွေးများဖြင့်ပြည့်နှက် သွားကာ တောင်ထိပ်မှ သွေးများပွက်ပွက်ဆူစီးကျနေပြီး များစွာသော ခြေလက်များနှင့် ခေါင်းများလိမ့်ဆင်းလာသည်။ ၃၃ ကောင်းကင်ဘုံ တစ်ခု လုံးရှိ အဓိကအင်အားစုများအားလုံးပါဝင်သည့် ဤတိုက်ပွဲကြီးသည် တောင်များကို လှုပ်ခါသွားစေပြီး ၃၃ ကောင်းကင်ဘုံမှ တခြားလူများကိုပါ တုန်ယင်သွားစေသည်။
ဝိညာဉ်နတ်ဘုရားမျိုးနွယ်ဘက်မှ အဓိကအင်အားစုလေးခုသာရှိ သော်လည်း သူတို့နောက်လိုက်သော အင်အားစုငယ်များစွာရှိသည်။ သို့သော် အသန်မာဆုံးသည် အနိုင်မရနိုင်သဖြင့် ပါဝင်ခဲ့သည့် အင်အားစုငယ်များသည် တိကျသောကဏ္ဍမပြနိုင်ပေ။
“သားရဲထိန်းနည်းပညာလား” ပေထင်းဟွမ်တွင် သားရဲတပ်ရှိလိမ့်မည်ဟု ဘိုးဘေးကြီး ထင်မထားပေ။ ချက်ချင်းပင် သူ၏မျက်နှာသည် ပြာသွားကာ မျက်လုံးများသည် ရဲသွားလေသည်။ တုံ့ဆိုင်းခြင်းမရှိဘဲ သူသည် ယန်ယဲ့ ကိုရှောင်ရှားကာ ပေထင်းဟွမ်အား ဖမ်းရန် လက်ဆန့်ထုတ်လိုက်သည်။
“ကောင်မစုတ်လေး ကစဥ့်ကလျားနတ်အရင်းအမြစ်က တကယ်ပဲ သူမဆီမှာပဲ” ဘိုးဘေးကြီးသည် ဒေါသထွက်သွားလေသည်။ အရှက်ခွဲခံရခြင်း ကြောင့် စိတ်လွတ်သွားသည် “ယန်ယဲ့ ဟွမ်ကျို့ ဒီတစ်ခါ မင်းတို့ဝိညာဉ်ကို ပြန်စုဖို့ အခွင့်အရေးထပ်မရှိအောင်လုပ်ပေးလိုက်မယ်”
ယန်ယဲ့၏မျက်လုံးများသည် အေးစက်သောအလင်းဖြစ်သွားကာ ထူးခြား သော လက်ထဲမှနတ်မိစ္ဆာဓားသည် ဘိုးဘေးကြီး၏လက်ကို ရက်စက်စွာ ခုတ်ချ လေသည်။ ဘိုးဘေးကြီးသည် ပြန်တိုက်ခိုက်မည်ပြုသော်လည်း နတ်မိစ္ဆာဓား သည် မျက်စိရှေ့တွင်ပျောက်ကွယ်သွားလေသည်။ ယန်ယဲ့သည်လည်း ပျောက်ကွယ်သွားရာ လည်ပင်းနောက်တွင် ကြက်သီးများထလာသည်။ သူ မတုံ့ပြန်ခင်တွင် ကမ္ဘာဖျက်ဆီးနတ်မိစ္ဆာဓားသည် ခန္ဓာကိုယ်ထဲသို့ ထိုးဝင်သွား ပြီဖြစ်သည်။
“အွတ်”
ယန်ယဲ့သည် လက်ချောင်း ၁၀ ချောင်းဖြင့် ပုံစံလုပ်လိုက်ရာ ကောင်းကင် နှင့်မြေကြီးအကြားတွင် ရက်စက်သော အလင်းနှင့်အသံထွက်ပေါ်လာသည်။ သူ၏ လက်ချောင်းများ ပြောင်းလဲနေသည်နှင့် ကောင်းကင်နှင့်မြေကြီးအကြား မှ စွမ်းအားများအားလုံးသည် ကမ္ဘာဖျက်ဆီး နတ်မိစ္ဆာဓားဆီသို့ စုစည်းသွားကာ ကြီးမားသော ပေါက်ကွဲသံထွက်ပေါ်လာသည်။ အရိုးတမျှပိန်လှီသော အဘိုးကြီး၏ အော်သံထွက်လာရာ အားလုံးသည် အနက်လင်းကိုသာမြင်လိုက် ရလေသည်။ ပေါက်ကွဲချိန်တွင် ပိုရှင်းရှင်းလင်းလင်းမြင်ရရန် ကြိုးစား သော်လည်း ဘာကိုမှမမြင်ရပေ။
“သူမကို တစ်ခုခုလုပ်ချင်တာလား၊ မင်းက သေလမ်းရှာနေတာပဲ” ယန်ယဲ့ ၏အသံသည် ယုံယဲ့ကဲ့သို့ စစ်မြေပြင်ပေါ်မှလူများအားလုံးကို တောင့်တင်းသွား စေသည်။
ကောင်းကင်တစ်ခုလုံးမှာ အပ်ကျသံမကြားရလောက်အောင် တိတ်ဆိတ် သွားကာ ထုံရှန့်တောင်အထက်မှ တိုက်ခိုက်သံများပင် ထိုတိတ်ဆိတ်မှုကို မဖြိုခွဲနိုင်ပေ။ နောက်တစ်ခေါက်ပင် ကြက်ခြေထောက်ကဲ့သို့ လက်တစ်ဖက် သည် ဆန့်ထွက်လာပြီး ပေထင်းဟွမ်အား ဆုပ်ကိုင်လေသည်။ ဘိုးဘေးကြီး အား တစ်ချက်တည်းနှင့် မဖျက်ဆီးနိုင်သည်ကို ယန်ယဲ့သိသည်။ ဘိုးဘေးကြီး သည် ဧကရာဇ်အဆင့်တစ်ဝက်သာရှိသော်လည်း စကြာဝဋာစည်းမျဉ်းများကို နားလည်ပြီးနောက် ပိုအားကောင်းသောစည်းမျဉ်းများကို အသုံးပြုနိုင်လာ သည်။ သူသည် ဤကဲ့သို့လူကိုထိန်းချုပ်နိုင်ကာ နောက်ဆုံးတွင် ဖျက်ဆီးနိုင်ခဲ့ သည်။
“ဟွမ်အာ”
ယန်ယဲ့သည် ပျာယာခတ်သွားကာ ပေထင်းဟွမ်၏ရှေ့တွင်ရပ်လေသည်။ သူသည် ဘိုးဘေးကြီးကို ပြန်တိုက်ခိုက်ရန် အားကောင်းသော အင်အားကို သုံးနိုင်သည်။ သို့သော် ပေထင်းဟွမ်အား မစွန့်စားစေလိုပေ။ ထိုအစား သူ၏ ခန္ဓာကိုယ်ဖြင့် ကာကာပြန်ခုခံလိုက်မည်။
သူ၏လက်ထဲတွင် အလင်းတန်းလက်သွားကာ ယန်ယဲ့၏မျက်ခုံးများ သည် အေးစက်သွားပြီး ကောင်းကင်တစ်ခုလုံးတွင် အလင်းတန်းများ ပိတ်မှောင်သွားသည်။ ထိုအရာကိုကြည့်ပြီး သူ၏လက်သည် အနည်းငယ် တုန်ယင်ကာ တွေဝေစွာဖြင့် နောက်ဆုံးတွင် ပြန်ရုတ်လိုက်သည်။
“မင်း... စီဖုန်းနတ်ဘုရားအကျဉ်းထောင်၊ မင်းက တကယ်ပဲ စီဖုန်းနတ် ဘုရားအကျဉ်းထောင်ကို သန့်စင်လိုက်တာပဲ” ထိုအခိုက်အတန့်တွင် အရေးကြီး သည့်ကိစ္စကို ဘိုးဘေးကြီး သတိရသွားသည်။
ဘိုးဘေးကြီးနှင့်အတူ နတ်ဘုရားအသံသည် အဘက်ဘက်မှရောက်လာ ကာ စစ်မြေပြင်တစ်ခုလုံးသည် ခေတ္တမျှရပ်တန့်သွားလေသည်။