နတ်မိစ္ဆာဧကရာဇ်နိုင်ပြီ၊ ငါတို့နိုင်ပြီ
Vol. 85 Ch. 1687
၃၃ ကောင်းကင်ဘုံတွင် စီဖုန်းနတ်ဘုရားအကျဉ်းထောင်ဆိုသည်ကို မသိသူမရှိသလောက်ပင်။ အရာအားလုံးသည် ဝိညာဉ်နတ်ဘုရားမျိုးနွယ်မှလူ များ၏ ကျေးဇူးပင်။ ယန်ယဲ့ စီဖုန်းနတ်ဘုရားအကျဉ်းထောင်သို့ရောက်သွား သည်နှင့် သူတို့သည် စတင်ကြေညာခဲ့သည်။
သို့သော် ဤအချိန်တွင် ယန်ယဲ့သည် စီဖုန်းအကျဉ်းထောင်ကို သန့်စင်ခဲ့ သည်လား။
မင်ဟုန်းသည် ရင်ထဲတွင် ခံစားချက်မကောင်းတော့ပေ။
စီဖုန်းနတ်ဘုရားအကျဉ်းထောင်သည် စတင်လှုပ်ရှားသော်လည်း စစ်မြေပြင်မှလူအားလုံး မပါဝင်ပေ။ တိုင်လေးတိုင်သည် စတင်လည်ပတ်ကာ တစ်တိုင်သည် ဘိုးဘေးဖြစ်ကြောင်း ထင်ရှားလှသည်။ တည်ရှိလာသည်မှာ နှစ်ပေါင်း မည်မျှကြာသည်ပင် မသိနိုင်သည့် ၃၃ ကောင်းကင်ဘုံကို အုပ်ချုပ် သော အားအကောင်းဆုံးလူပင်ဖြစ်သည်။
ဖန်ဆင်းရေးနတ်ဘုရားကျဆုံးပြီးနောက် သူသည် ၃၃ ကောင်းကင်ဘုံ တွင် နတ်ဘုရားသာဖြစ်ခဲ့သည်။
ဤအခိုက်အတန့်တွင် သူသည် ယန်းမိုထျန်မျိုးနွယ်၏ အကျဉ်းသားဖြစ်ခဲ့ သည်။
“နတ်မိစ္ဆာဧကရာဇ်နိုင်ပြီ ငါတို့နိုင်ပြီ” တစ်တောင်လုံး အော်ကြလေ သည်။
ယန်းမိုထျန်းမှလူများ မည်မျှစောင့်ဆိုင်းခဲ့ရသနည်း။ ထိုအချိန်မှစပြီး သူတို့သည် ၃၃ ကောင်းကင်ဘုံနှင့် အမှောင်နတ်မိစ္ဆာဘုံတို့ကြားမှ လမ်းကို ဖွင့်ဖို့သာလိုတော့သည်။ ထိုအခါ အမှောင်နတ်မိစ္ဆာဘုံမှ တစ်နယ်တည်းသား များသည် ၃၃ ကောင်းကင်ဘုံသို့လာပြီး အလင်းထဲတွင် ပျော်ပျော်ရွှင်ရွှင်နေနိုင် မည်ဖြစ်သည်။
နတ်မိစ္ဆာဧကရာဇ်၏နှုတ်ခမ်းသည် အပြုံးသဲ့သဲ့အဖြစ်ပြောင်းသွားလေ “ငါပြောတာ သူမကို အနိုင်ကျင့်ထိခိုက်အောင်လုပ်တဲ့သူ ငါတို့လင်မယားကို ခွဲတဲ့ ဘယ်သူမဆို သေစေရမယ်”
ပေထင်းဟွမ်သည် ခေါင်းလှည့်ကာ ယန်ယဲ့အား နက်ရှိင်းစွာကြည့်လိုက် သည်။ ထို့နောက် သူမ၏လက်ထဲမှ ဓားရှည်ကိုလွှဲယမ်းကာ သောင်းချီသော သားရဲတပ်မှလူများကို မုန်တိုင်းတစ်ခု တိုက်သည့်အလား သုတ်သင်လိုက်၏။ ကြီးမားသောစွမ်းအင်လှိုင်းသည် ပြိုင်ဘက်၏ခန္ဓာကိုယ်ဆီသို့ တိုးဝင်လေ သည်။
ယောက်ျားက ဒီလိုဖြစ်နေမှတော့ မိန်းမကဘာတောင်းဆိုနေဦးမှာလဲ။
နှစ်ဦးနှစ်ဖက်လုံးမှစစ်ပွဲသည် ခေတ္တမျှတန့်သွားသည်။ မည်သူမှ မရပ်တန့် ရဲပေ။ မဟုတ်လျှင် နောက်သေလူမှာ သူဖြစ်သွားနိုင်သည်။
ထိုအခိုက်တွင် အားလုံးနီးပါးသည် စိတ်ထဲတွင် အတွေးတစ်ခုရလာသည်။ ထာဝရမြဲသောအသက်ဟူ၍မရှိပေ။ မည်မျှပင် အားကောင်းသောလူဖြစ်စေကာ မူ သေရမည်ဖြစ်သည်။
အသက်ရှင်တုန်း တန်ဖိုးထားရမည်။
“ဘိုးဘေးကြီး” မင်ဟုန်းသည် ယန်ယဲ့ဆီသို့ ပြေးဝင်လေသည်။ ဝိညာဉ် နတ်ဘုရားမျိုးနွယ်တစ်ခုလုံးမှာ ထိုအချိန်တွင် ရူးသွပ်သွားလေပြီ။
ယန်ယဲ့သည် ဘိုးဘေးကြီးကို ရက်ရက်စက်စက် သတ်လိမ့်မည်ဟု မည်သူမှထင်မထားပေ။
စီဖုန်းနတ်ဘုရားအကျဉ်းထောင်သည် ပတ္တမြားတိုက်တစ်ခုလုံး၏ ဝိညာဉ် ဖြစ်ကာ ယန်ယဲ့၏သန့်စင်ခြင်းကိုခံထားရသည်။ ဤလူ မလုပ်နိုင်စရာ မည်သည့်အရာရှိတော့မည်နည်း။
ဘိုးဘေးကြီးသည် သူ၏လက်ထဲတွင် မကျရှုံးနိုင်ပေ။ ဘိုးဘေးကြီး ကျရှုံး သည်နှင့် ဝိညာဉ်နတ်ဘုရားမျိုးနွယ်တစ်ခုလုံးသည် အသက်ရှင်ရန်မဖြစ်နိုင်ပေ။ နှစ်ပေါင်းများစွာအတွင်းတွင် သူတို့၏ဘိုးဘေးကြီးကို မှီခိုပြီး သူတို့သည် ဤတိုက်ကြီးတွင် ဘုရင်အလား လွှမ်းမိုးမှုရှိခဲ့ပြီး ရန်သူများစွာကို ပုံသွင်းနိုင်ခဲ့ သည်။
မင်ဟုန်းသည် ကျောပေးလိုက်ရာ မင်ဟုန်းနှင့်တိုက်ခိုက်နေသော ဧကရာဇ်ဖုန်းသည် သံသယဝင်စရာမလိုအောင်ပင် အခွင့်အရေးကောင်းရသွား လေသည်။ သူသည် လက်မြှောက်ကာ မင်ဟုန်း၏ကျောဆီသို့ လေဓားသွားဖြင့် ခုတ်ချလေသည်။ မင်ဟုန်းသည် သူ့ကိုယ်သူပင် ကယ်တင်ရန်အချိန်မရှိလိုက် ဘဲ သေလုဆဲဆဲဖြစ်သွားသည်။
သို့သော် လူများသည် ကောင်းကင်တမျှမကောင်းနိုင်ပေ။ ထိုအခိုက်အတန့်တွင် ပုံရိပ်တစ်ခုသည် မင်ဟုန်းဆီသို့ ပြေးသွားကာ မင်ဟုန်း အား ခပ်ပြင်းပြင်းတွန်းပြီး လေဓားသွားရှေ့သို့ဝင်ခံလိုက်သည်။
“စွက်”
ပါးစပ်အပြည့်သွေးများထွက်လာပြီး ခန္ဓာကိုယ်ထဲတွင် လေဓားသွား မပေါက်ကွဲခင်တွင် ခေါင်းကိုလှည့်ကာ စစ်မြေပြင်အလယ်မှလူများကို ကြည့်လိုက်သည်။ ပေထင်းဟွမ်သည် ခေါင်းကိုအသာညိတ်လိုက်သည်။ သူ့ကို မြင်လိုက်သည်မှာ အချိန်လက်မတင်လေးတင်ဖြစ်သည်။ မျက်နှာတွင် သွေးများ ပေကျံနေသည့် မင်ရှို့သည် ခွန်အား အားလုံးကုန်ခမ်းနေကာ မျက်နှာတွင် အပြုံးသဲ့သဲ့တစ်ခုရှိနေသည်။
ပေထင်းဟွမ်သည် ထိတ်လန့်သွားသည်။ လေဓားသွားသည် သူ၏ခန္ဓာ ကိုယ်ထဲတွင် ဗုံးတစ်ခုကဲ့သို့ ပေါက်ကွဲသွားသည်။ ထိုအပြုံးသည် မီးရှူးမီးပန်း ကဲ့သို့ ပေါက်ကွဲကာ ကောင်းကင်နှင့်မြေကြီးအကြားတွင် ပျောက်ကွယ်သွား လေသည်။
မင်ရှို့သေသွားလေပြီ။
“ရှို့အာ”
မင်ဟုန်းသည် ခေါင်းလှည့်ကြည့်လိုက်သည်။ သို့သော် လေတိုက်လာ သည်နှင့် အငွေ့အသက်သည် လွင့်ပါသွားလေသည်။ သူသည် ဝမ်းနည်းရန် အချိန်ပင်မရှိတော့ပေ။ ယန်ယဲ့သည် လက်ချောင်းကိုလှည့်လိုက်သည်နှင့် မြူခိုး မည်းတိမ်တိုက်သည် ပိုက်ကွန်တစ်ခုအလား သူ့ကို ဖုံးအုပ်လေသည်။ မြူခိုးမည်း သူ့ကိုရစ်ပတ်သောအခါ မင်ဟုန်းသည်လည်း မြူခိုးတိမ်တိုက်အဖြစ် ပြောင်းကာ ယန်ယဲ့နောက်သို့လိုက်လေသည်။ ထို့နောက် ကောင်းကင်နှင့် မြေကြီးအကြားတွင် မြူခိုးမည်းလည်း ပျောက်ကွယ်သွားလေသည်။