← Chapters

ငှက်ပြာနှင့်အမှောင်ထု

Vol. 85 Ch. 1688

ငှက်ပြာနှင့်အမှောင်ထု

Vol. 85 Ch. 1688

ယန်ယဲ့၏လက်တစ်ချက်လှုပ်လိုက်သည်နှင့် စီဖုန်းနတ်ဘုရားအကျဉ်း ထောင်သည် ဘိုးဘေးကြီးကို ပိတ်လှောင်ခဲ့ကာ ယန်ယဲ့၏လက်ဖဝါးဆီသို့ ပြန် သွားခဲ့သည်။ သူသည် လက်မြှောက်ပြီး သဲ့သဲ့ပြုံးလိုက်သည်။ သူ၏မျက်နှာတွင် အလင်းတန်းလက်လာသည် “မင်းတို့ ငါ့လောက် ကံမကောင်းမှာစိုးရတယ်”

ယန်ယဲ့သည် စီဖုန်းနတ်ဘုရားအကျဉ်းထောင်ကို သန့်စင်ခဲ့သည်။ ယန်ယဲ့ မသေသရွေ့ ဘိုးဘေးကြီးသည် စီဖုန်းနတ်ဘုရားအကျဉ်းထောင်မှ လွတ်မြောက်နိုင်စရာ အခွင့်အရေးမရှိပေ။ သို့သော် ပတ္တမြားတိုက်တစ်ခုလုံးကို ကြည့်လျှင် ယန်ယဲ့အား ထိခိုက်အောင် မည်သူကများလုပ်နိုင်မည်နည်း။

ထို့အပြင် စီဖုန်းနတ်ဘုရားအကျဉ်းထောင်သည် ယန်ယဲ့အား သခင် တစ်ယောက်အနေနှင့် မလေးစားလျှင်တောင် ရှို့ဟွမ်သည် တံတားအဖြစ် မရှိ ပေးလျှင် ဘိုးဘေးကြီးသည် စီဖုန်းနတ်ဘုရားအကျဉ်းထောင်ကို သန့်စင်နိုင်စွမ်း ရှိမည်မဟုတ်ပေ။

ဝိညာဉ်နတ်ဘုရားမျိုးနွယ်သည် အရှင်းသုတ်သင်ခံရတော့မည်။

၃၃ ကောင်းကင်ဘုံတွင် သက်တမ်းအကြာဆုံးနှင့် အားအကောင်းဆုံး မျိုးနွယ်သည် ဖန်ဆင်းရေးနတ်ဘုရား၏ သွေးသားဖြစ်သည်။ လျှို့ဝှက်နည်းလမ်းမည်မျှ များသည်တော့မသိပေ ယန်ယဲ့၏လက်ထဲတွင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ နည်းငယ် ခုခံခြင်းမရှိပေ။

ကမ္ဘာတစ်ခုလုံးသည် တိတ်ဆိတ်သွားသလိုရှိကာ အားလုံးသည် သက်ပြင်းချသံများကို ကြားနေရသည်။

ထိုအချိန်တွင် ယွဲ့မြန်ယင်းသည် လက်ထဲတွင် သွေးစီးကျနေသော ဓားရှည်ကိုကိုင်ဆောင်ထားကာ ကောင်းကင်ပေါ်ရှိ လွင့်မျောနေသော မြူခိုး မည်းကို ငေးငိုင်စွာကြည့်ပြီး မျက်ရည်များကျလာလေသည်။

စစ်မြေပြင်အဆုံးတွင် လူတစ်ယောက်သည် အလျင်အမြန်ရောက်လာ သည်။ သို့သော် ခြေလှမ်းများရပ်တန့်လိုက်သည့် အခိုက်တွင် လနှင့်အိပ်မက် တစ်ခုကဲ့သို့ သူ၏မျက်နှာပေါ်တွင် မျက်ရည်များသည် မိုးရေများသဖွယ် ကျလာ လေသည်။

ချူဖုန်းသည် စိတ်လေးထင့်နေပုံပင်။ သူသည် ရုတ်တရက် ခေါင်းလှည့်ပြီး ကြည့်လိုက်ရာ မရေတွက်နိုင်သောညများကဲ့သို့ မျက်နှာကိုမြင်လိုက်ရသည်။ သူ တကယ်ပင် အော်လိုက်ချင်သည်။ သို့သော် ဤအခိုက်အတန့်တွင် စစ်ပွဲသည် မြူးကြွနေသည်။ ထို့ကြောင့် သူ အော်လိုက်သည် “သံမဏိသွေးအဖွဲ့ ငါနဲ့ ပြေးကြမယ်”

တစ်စုံတစ်ယောက်လာနေသည်ကို ပေထင်းဟွမ်လည်းမြင်ရသည်။ သူမ၏ ကြည်လင်သောအသံသည် စစ်ပွဲဗုံသံကဲ့သို့ပင် “ပိုင်ပင်း၊ ရွှမ်မင်၊ ဖန်ချန်း အဂူး... မင်းတို့တစ်ယောက်ချင်းစီက အဖွဲ့ကိုဦးဆောင်ပြီး အကြွင်းအကျန်တွေ ကို သတ်ပြီး စစ်မြေပြင်ကိုရှင်းလိုက်ကြတော့”

ရုပ်သေးရုပ်တပ်သားများသည် ရှေ့တိုးသွားလေသည်။ ဝိညာဉ်နတ်ဘုရား မျိုးနွယ်၏ အားအကောင်းဆုံးလူသုံးယောက်၏ သေဆုံးမှုနှင့်အတူ တခြားသူ များသည် ပြောရန်ပင်မလိုတော့ပေ။ ပေထင်းဟွမ်သည်လည်း ရပ်တန့်ကာ မင် နှင့်ချီလင်းအထွတ်အထိပ်တို့ကြားက တိုက်ပွဲကို အာရုံစိုက်နေသည်။

ယန်ယဲ့လျှောက်လာပြီး ပေထင်းဟွမ်အား ပွေ့ဖက်ကာ သူမနှင့်ဘေးချင်း ယှဉ်ရပ်ကာ ချီလင်းအပေါ်ထုတ်သုံးသည့် မင်၏အမျိုးမျိုးသော ကလေး ကစားသလို ရိုက်ချက်များကို တိတ်တိတ်လေး ကြည့်နေကြသည်။

“ကျွတ် ကျွတ် ကျွတ် ဒီကလေးက နည်းနည်းကတ်သီးကတ်သပ်နိုင်တာ ပဲ၊ သူ့ကိုသတ်ချင်ရင် ဒီအတိုင်းသတ်လိုက်တာမဟုတ်ဘူး၊ ဘာတွေများ ပျော်စရာကောင်းနေလို့လဲ၊ တကယ် နို့သောက်တဲ့ကလေးလိုပဲ” ချင်းညောင် သည် လေထဲတွင်နေကာ ကျွတ်သပ်နေသည်။

ထိုကဲ့သို့စကားများကိုကြားသောအခါ မည်းနက်သောမျက်လုံးများဖြင့် အသံလာရာသို့ကြည့်လေသည်။ သူသည် ဖန်ထျန်းလှံတံကို ကိုင်ထားကာ ဦးချိုတပ်မြင်းကို ခုတ်ချပြီး ရက်စက်စွာ ပြန်ထုတ်လေသည်။ ထို့နောက် ဦးချိုပါ မြင်းကို ကိုးရောင်မီးတောက်မှ လောင်ကျွမ်းသည်ကို လျစ်လျူရှုပြီး ငှက်ပြာဆီ သို့လျှောက်သွားလေသည်။

“ပြီးသွားပြီ ပြီးသွားပြီ ဒီကောင်က ငါ့နောက်လိုက်နေတာပဲ” ငှက်ပြာ သည် တောင်ပံခတ်ကာ အဝေးသို့ပျံသွားလသေည်။ မင်သည် သူ့နောက်သို့ အေးအေးလူလူပင်လိုက်လေသည်။ မဟုတ်လျှင် သူသည် ငှက်မွေးနှုတ်ကာ ကင်စားတော့မည်ဖြစ်သည်။ သူသည် ပေထင်းဟွမ်၏ အသက်သားရဲလည်း မဟုတ်ပေ။

သူတို့၏ပြေးတမ်းလိုက်တမ်းသည် ပတ္တမြားကမ္ဘာမှ ကျူးရှန့်ထိ နောက်တစ်ရက်ကူးသွားလိမ့်မည်ဟု မည်သူမှထင်မထားကြပေ။

စစ်ပွဲတစ်ခုသည် အသက်ပေါင်းများစွာကို ဆုံးရှုံးစေသည်။ ကံကောင်းစွာ ပင် ပေထင်းဟွမ်နှင့် ယန်ယဲ့တို့သည် သွေးဆာသူများမဟုတ်ကြပေ။ ဧကရာဇ် ဖုန်းယင်အပါအဝင် အညံ့ခံလိုသူများနှင့် လွတ်ငြိမ်းချမ်းသာခွင့်ရရန်တောင်းဆို သူများကို လွှတ်ပေးသည်။

ဧကရာဇ်ဖုန်းယင်သည် ပေထင်းဟွမ်အား အသနားခ့သောမျက်လုံးများ ဖြင့်ကြည့်လေသည်။ သူ၏နှုတ်ခမ်းများတွန့်ကွေးသွားပြီး ပေထင်းဟွမ်အား တစ်စုံတစ်ရာပြောမည်ပြုသော်လည်း ယန်ယဲ့သည် အခွင့်အရေးမပေးဘဲ ပေထင်းဟွမ်အား ဖက်ကာ ထွက်သွားလေသည်။

ဧကရာဇ်ဖုန်းယင်၏နှလုံးသားသည် ဓားဖြင့်ထိုးစိုက်ခံလိုက်ရသလိုပင်။ ဇနီးဖြစ်သူနှင့်သမီးတို့သည် သေဆုံးသွားခဲ့ကာ ထိုမျှတစ်ခါမှဝမ်းမနည်းဖူးပေ။ ပေထင်းဟွမ်သည် ဟွမ်ကျို့ဖြစ်သလို ဟွမ်ကျို့မဟုတ်သည်ကိုလည်း သူ ကောင်းစွာသိသည်။ သူမ ဟွမ်ကျို့ဖြစ်ချင်လျှင် သူမသည် ဟွမ်ကျို့ဖြစ်သည်။ ဟွမ်ကျို့မဖြစ်ချင်သည့်အချိန်တွင် ဟွမ်ကျို့မဟုတ်ပေ။

အနည်းဆုံးတော့ ဧကရာဇ်ဖုန်းယင်ရှေ့တွင် သူမသည် ဟွမ်ကျို့မဟုတ် ပေ။

All Chapters