ကမ်းလှမ်းခြင်း
Vol. 85 Ch. 1689
ကျုံကျိုးမြို့သည် မြူခိုးမြေကဲ့သို့ အင်အားစုများနှင့် ယှဉ်ရန်အရည်အချင်း ပြည့်မှီသည့် အားကောင်းသောနယ်မြေဖြစ်သည်အထိ ချဲ့ထွင်ခဲ့သည်။ ပေထင်းဟွမ်သည် ထိုက်တန်သော ဧကရာဇ်တစ်ပါးဖြစ်သည်။
ကျုံကျိုးမြို့သည် နန်းတင်သည့်အခမ်းအနား ကျင်းပရန် တက်တက်ကြွ ကြွပြင်ဆင်ကြသည်။ ပေထင်းဟွမ်အား သူတို့၏ဧကရာဇ်အဖြစ်တင်မြှောက် ရန် ရက်ကောင်းရက်သာရွေးကြသည်။ သို့သော် ယန်းမိုထျန်မျိုးနွယ်မှ မင်္ဂလာ ပွဲကမ်းလှမ်းချက်သည် အစီအစဉ်များအားလုံးကို ချိုးဖျက်လေသည်။
“ငါ ဒီလောက်မလောချင်ဘူး၊ ပြီးတော့ ဟွမ်အာကလည်း ငယ်သေးတယ်၊ ၃၃ ကောင်းကင်ဘုံ၊ မန္တလာမြေနဲ့ ပင်မတိုက်ကြီးက သုံးခုကွဲနေသေးတယ်၊ ငါတို့ရဲ့ဆွေမျိုးတွေကလည်း ပင်မတိုက်ကြီးမှာရှိသေးတယ်၊ ငါတို့ ချစ်ရတဲ့ သူတွေကို မြန်မြန်ပြန်တွေ့ဖို့လိုတယ်လေ” ယန်ယဲ့သည် သူတို့၏မင်္ဂလာပွဲကို သဘောမတူသည့် ကျုံကျိုးမြို့မှလူများကို ဖျောင်းဖျလေသည်။
“အဲဒါက မင်းတို့မင်္ဂလာပွဲနဲ့ ဘာဆိုင်လို့လဲ” ယွဲ့မြန်ယင်းသည် နားမလည် စွာမေးလိုက်သည်။
ညီမဖြစ်သူလည်းပြန်လာပြီဖြစ်သည်။ သူမဘေးတွင် သူမ၏ခင်ပွန်းနှင့် ကလေးပါလာသည်။ သူမသည် ပေထင်းဟွမ်အား စောစီးစွာ လက်မထပ်စေချင် ပေ။ သူမသည် ဧကရီစူးမိုနှင့် အဆက်အသွယ်ရထားကာ ကွေ့ရှိုမိုယွိ၏ မင်းသမီး ရှီရှောင်မိုအား မင်္ဂလာကိစ္စပြောချင်သည်။
“ကျွန်တော် ရှီမိုယွိကို တွေ့ပြီးသွားပြီ၊ သူက လေဟာနယ်ရဲ့သားပဲ၊ ရှောင်ကျို့နဲ့ ကျုပ်တို့ သားမွေးလိုက်ရင် သူက လေဟာနယ်ရဲ့သားဖြစ်လာပြီး အတွေးတစ်ခုတည်းနဲ့တင် နယ်ပယ်သုံးခုကို ပေါင်းစည်းနိုင်လိမ့်မယ်လို့ သူ ပြောခဲ့တယ်” ယန်ယဲ့ပြောလေသည်။
ထိုစကားကိုကြားပြီးနောက် ကျုံကျိူးမြို့၏ခန်းမထဲမှလူများသည် မျှော်င့်ချက်အလင်းရောင်သမ်းလာသည်။ သူတို့အားလုံးသည် ပင်မတိုက်ကြီးမှ လူများဖြစ်ကြသည်။ ၃၃ ကောင်းကင်ဘုံတွင် နှစ်ပေါင်းများစွာနေလာခဲ့သဖြင့် ပင်မတိုက်ကြီးရှိ သူတို့၏ ဆွေမျိုးများကို မလွမ်းသူမရှိပေ။
“အားလုံးရဲ့ဆန္ဒကို မြန်မြန်ဖြည့်ဆည်းပေးချင်တယ်၊ ပြီးတော့ ၃၃ ကောင်းကင်ဘုံရဲ့ အချိန်က ပင်မတိုက်ကြီးထက် ပိုမြန်တယ်၊ အဲအချိန်ကျရင် သူတို့...” ယန်ယဲ့သည် ဆက်မပြောသော်လည်း သူ၏အဓိပ္ပာယ်ကို နားလည်ကြ သည်။
နတ်ဘုရားအဆင့်ဆိုလျှင် အဆင်ပြေသေးသည်။ သို့သော် နတ်ဘုရား အဆင့်မရောက်လျှင် သူတို့ကိုမြင်ရန်အခွင့်အရေးမရနိုင်ပေ။
လူများသည် ယွဲ့မြန်ယင်းနှင့် ပေထင်းလန်တို့လင်မယားအား မျှော်လင့် သောမျက်လုံးများဖြင့်ကြည့်သည်။ ပေထင်းချင်းအား တစ်ခုခုပြောရန် မျက်လုံးနှင့်တောင်းဆိုနေကြသည်။
အထူးသဖြင့် တုန်ဖန်းအောင်နှင့် ရှီမန်ဆုန်းကဲ့သို့လူများပင်ဖြစ်သည်။ သိသည့်အတိုင်းပင် သူတို့၏ချစ်သူများသည် ပင်မတိုက်ကြီးတွင်ရှိသည်။ အချိန်မှီမပြန်ပါက အလှတရားများသည် အရိုးဖြစ်သွားနိုင်သည်။
ပေထင်းချင်းသည် မည်သူ့ကိုမှ မေးရန်မလိုပေ။ သူသည် ပင်မတိုက်ကြီး အကြောင်းကို နေ့နေ့ညညတွေးတောခဲ့သည်။ ထိုနေရာရှိ ဟွမ်ချန်းသည် မည်သို့ဖြစ်နေသည်ကို သူ မသိပေ။ သူသည် စားပွဲရိုက်ပြီးပြောလေသည် “ဒါပဲ ရှောင်ကျို့ လက်ထပ်လိမ့်မယ်၊ ဒီရွာကျော်ပြီးရင် ဆိုင်မရှိတော့ဘူး”
ဖူး
ပေထင်းဟွမ်သည် သွားကိုက်သလိုခံစားလိုက်ရသည်။ ဒီလိုမျိုးပြောတဲ့ သူရှိသေးရဲ့လား။
“ဒီအတိုင်းပဲလုပ်ကြတာပေါ့” ပေထင်းလန်သည် အနည်းငယ်တော့ စိတ်ပျက်မိသေးသည်။ သို့သော် သူသည် ပင်မတိုက်ကြီးသို့ မပြန်ရသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်ရာ သူ၏ညီဖြစ်သူနှင့်ညီမကို တစ်ချိန်လုံးလွမ်းဆွတ် နေခဲ့သည်။
သည်တစ်ခေါက်သည် ပေထင်းဟွမ်နှင့်ယန်ယဲ့တို့ ကလေးရရန် မည်မျှ ကြာမည်ကို မည်သူမှ မသိနိုင်ပေ။ ထိုကလေးသည် သူ၏ခွန်အားနှင့် ပင်မတိုက်ကြီးကို ပေါင်းစည်းထိန်းချုပ်ရန် မည်မျှကြာမည်ကိုလည်း မသိပေ။
ထိုအချိန်တွင် ရှီမိုယွိ၏စကားများကို ပြောပြလေသည် “သူသာ စကြာဝဋာရဲ့စည်းမျဉ်းတွေနားလည်တဲ့အချိန်ကျရင် အတွေးတစ်ချက်တွေး လိုက်တာနဲ့ တိုက်ကြီးသုံးခုက တစ်သားတည်းပေါင်းစည်းလိမ့်မယ်”
မည်သည့်နေရာတွင်ရောက်နေမှန်းမသိသည့် ကလေးတစ်ယောက်ကို အားကိုးသည်ထက် ပေထင်းဟွမ် တံခါးပိတ်ကျင့်ကြံပြီး ရှို့ဟွမ်ကို ကောင်းကောင်းလေ့ကျင့်လိုက်သည်က ပို၍မျှော်လင့်ချက်ရှိနိုင်သည်။
ထိုအချိန်တွင် ထိုအရာကိုမည်သူမှ မတွေးမိကြပေ။ နတ်မိစ္ဆာဧကရာဇ် ပြောသောစကားများကိုလည်း မည်သူမှ သံသယမဝင်မိကြပေ။ သူကဲ့သို့လူမျိုး သည် မလိမ့်တော့မည့်အတိုင်းပင်။
မင်္ဂလာပွဲသည် ပေထင်းဟွမ်၏ ထင်မြင်ချက်ကိုကျော်လွန်၍ ထိုအတိုင်း ဖြေရှင်းပြီးလေသည်။
ဒါက လက်ထပ်ဖို့တောင်းရမ်းတာလား။ သူမကို တရုတ်ဂေါ်ဖီထုပ်လို သဘောထားပြီး အကျိုးအမြတ်ရတာနဲ့ ဒီလိုပဲဖြေရှင်းလိုက်တာလား။