မင်္ဂလာပွဲ
Vol. 85 Ch. 1690
သူမကို ဧကရာဇ်အဖြစ်တင်မြှောက်ရန် ပြင်ဆင်မှုများသည် မင်္ဂလာပွဲကြီး ဖြစ်မြောက်ရေးအတွက်ဖြစ်သွားလေသည်။ ကျုံကျိုးမြို့သခင်အနေနှင့် ယန်ယဲ့ ၏ တင်တောင်းမှုအပြီးတွင် အဆရာနှစ်ယောက်နှင့် ဂိုဏ်းလောက်လေး ယောက်တို့သဘောတူသည်နှင့် ပေထင်းဟွမ်သည် ဧကရာဇ်ဖြစ်ရန် အရည်အချင်းမပြည့်မှီသေးသဖြင့် ပုံမှန်အတိုင်း မြို့ဝန်အား နန်လင်းကိုသာ ထားရှိလေသည်။
ပေထင်းဟွမ်သည် ထိုစကားကိုကြားသောအခါ မှင်တက်မိလေသည်။ ထို့ကြောင့် သူမသည် သတို့သမီးအဖြစ်ပြင်ဆင်ရန် နာခံရန်မှအပ ရွေးချယ်စရာ မရှိတော့ပေ “အင်း ဧကရီဖြစ်တာလည်းကောင်းပါတယ်၊ အဲဒါကိုတော့ စိတ်မပူ ပါနဲ့ မင်းမှာ တကယ့်စွမ်းအားရှိသေးတာပဲ”
ပေထင်းဟွမ် ထိုသို့တွေးပြီးနောက် သူမသည် နေ့စဉ် သတို့သမီးဖြစ်ရန် ကိုသော အေးချမ်းစွာစိတ်ထားပြီး အဝတ်အစားများ ပြင်ဆင်လေသည်။ သူမ၏ အစ်ကိုဖြစ်သူ အချစ်နာကျနေသည်ကိုကြည့်ပြီး ရှီရှောင်မိုကိုလည်း မနှစ်သိမ့်ရဲ ပေ။ သူမသည် ရံဖန်ရံခါတွင်တော့ ရှို့ဟွမ်ကို သန့်စင်သည်။
ယန်ယဲ့၏ မင်္ဂလာပွဲတောင်းရမ်းသည့် အလိမ်အညာသည် တန်ရာတန် ကြေးရှိမည်ကို သူမ ရှင်းလင်းစွာသိသည်။
တိုက်ပွဲကြီးတွင် ပေထင်းဟွမ်သည် ဆုံးရှုံးမှုကြီးခံစားခဲ့ရသည်။ မင်္ဂလာပွဲ ကြောင့် အားလုံး၏အာရုံများ လမ်းလွဲသွားခြင်းသာဖြစ်သည်။ ယွဲ့မြန်ချင်းသည် သားဖြစ်သူ ချူဖုန်းအား နှုတ်ဆက်ရန် အချိန်ပင် များများစားစားမရလိုက်ပေ။ ငိုယိုပြီးနောက် ချူဖုန်းနှင့်အတူ ပေထင်းဟွမ်၏ မင်္ဂလာပွဲကိုစီစဉ်ရသည်။
ကျို့ယန်နှင့ဆာကဲတို့သည် ဒဏ်ရာရထားသော်လည်း ပေထင်းဟွမ် အတွက် သတို့သမီးအရန်လုပ်ပေးရန် သဘောတူထားကြသည်။ ထုံရှန့်တောင် အနက်ပိုင်းတွင် အနာရောဂါနိုင်သည့် အသီးကိုးလုံးရှိသည်ဟု ကျို့ယန်ကြား ထားသဖြင့် တစ်ယောက်တည်းသွားခူးလေသည်။ တိုက်ပွဲကြီးပြီးသည့်နောက် သူသည် အစောင့်အရှောက်သားရဲလက်ထဲမှ သစ်သီးကိုယူလာနိုင်ခဲ့သည်။ ဆာကဲသည်စားပြီးသည်နှင့် ဒဏ်ရာများပျောက်သွားပြီး ကျို့ယန်အား အေးစက်စွာမကြည့်တော့ပေ။
သူမသည် လက်ပတ်လေဟာနယ်ထဲတွင် စားကောင်းသော နွယ်ပင်များ ရှိသည်ကိုသာမေ့လျော့သွားသည်။ သို့သော် သူမသည် ရှက်တတ်သော ချွေးမလေးသဖွယ် ကျို့ယန်၏ ချော့မော့ခြင်းကိုခံရလေသည်။
ပေထင်းဟွမ်သည် ထိုအကြောင်းကြားသောအခါ သက်ပြင်းချမိသည်။ မြေခွေးက မြေခွေးပီသပါပေတယ်။
နောက်ဆုံးတွင် မင်္ဂလာပွဲကြီးနေ့ ရောက်လာသည်။ ထိုနေ့တွင် ယန်းမိုထျန်မျိုးနွယ်မှ ကျုံကျိုးမြို့သို့ စွမ်းအင်မှအသွင်ပြောင်းထားသည့် သက်တန့်တံတားတစ်ဆင်းပေါ်လာသည်။ ထိုနေ့တွင် သွေးလနန်းတော်သည် ၃၃ ကောင်းကင်ဘုံတစ်ခုလုံးရှိ ကောင်းကင်တွင် အလင်းများတောက်ပစေ သည်။
နတ်သမီးဂီတသံများသည် ၃၃ ကောင်းကင်ဘုံတွင့် ပျံ့လွင့်လျက်ရှိသည်။ အရောင်အဝါတောက်ပခံ့ညားသော ရွှေရောင်နဂါးကိုးကောင်၊ ရွှေရောင် ဇာမဏီကိုးကောင်ဆွဲသည့် မင်္ဂလာရထားလုံးသည် ဟုန်းချောင်ကိုဖြတ်သွား ကာ ပေထင်းဟွမ်၏ အဆောင်အထက်တွင်ရပ်တန့်လေသည်။
မင်္ဂလာဝတ်စုံအနီရောင်ကိုဝတ်ဆင်ကာ ဦးခေါင်းတွင် အနီရောင် မင်္ဂလာခေါင်းဆောင်းကို ဆင်မြန်းပြီး ပေထင်းဟွမ်ကို ပေထင်းလန်မှ ခေါ်ပြီး မင်္ဂလာရထားလုံးဆီသို့ လျှောက်သွားလေသည်။ ပေထင်းဟွမ်အား အနီရောင် မင်္ဂလာဝတ်စုံဖြင့်မြင်ရသဖြင့် ယန်ယဲ့သည် မည်သို့ဖြစ်သွားသည်ကို မပြောနိုင် ပေ။ သူသည် ခရမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ ရွှေရောင်ချည်ဖြင့်ထိုး ထားသော ပန်းများသည် နေရောင်အောက်တွင် ပွင့်လန်းပြီး ၁၀ မိုင်အကွာထိ ရနံ့ပျံ့လျက်ရှိသည်။
ယန်ယဲ့ လျှောက်လာပြီး ပေထင်းလန်၏လက်ထဲမှ ပေထင်းဟွမ်အား ခေါ်ဆောင်ကာ လက်နှစ်ဖက်ထပ်ပြီး သူမနှင့်မျက်နှာချင်းဆိုင်လိုက်သည် “ဟွမ်အာ မင်းဟုတ်ရဲ့လား”
“ကျွန်မပါပဲ”
ထိုအခိုက်တွင် ယန်ယဲ့၏မျက်လုံးများသည် အနည်းငယ် စိုစွတ်လာ သည်။ သူသည်ပေထင်းဟွမ်၏လက်ကိုယူကာ မင်္ဂလာရထားလုံးဆီသို့လှမ်း လိုက်သည်။ သူမ၏ဘေးချင်းယှဉ်ထိုင်ကာ ယန်းမိုထျန်မျိုးနွယ်နန်းတော်သို့ သွားလေသည်။ ရှည်လျားသော ကော်ဇောသည် ပင်မခန်းမတစ်လျှောက်ထိ ပြန့်ပြူးလျက်ရှိသည်။ သူသည် သူမ၏လက်ကိုဆွဲကာ တစ်လျှောက်လုံး လျှောက်လာခဲ့သည်။ ထိုအခိုက်အတန့်တွင် အခမ်းအနားကိုကြည့်နေသူများ သည် အသက်အောင့်ထားမိကြသည်။ သူတို့သည် မျက်လုံးနှင့် မမြင်ရသော်လည်း နှစ်တစ်သိန်းကြာ အဆုံးမရှိသောဒဏ္ဍာရီကို မြင်လိုက်ရသလိုပင်။
နတ်မိစ္ဆာဧကရာဇ်နှင့် ဧကရီတို့သည် အသီးသီးအရိုအသေပြုပြီးနောက် နတ်မိစ္ဆာဧကရီသည် ကောင်းကင်ပေးသနားသော သွေးစာချုပ်ကို အတည်ပြု လေသည်။
“နတ်ဘုရားကို အရိုအသေပေးပါ”
ယန်ယဲ့သည် ဦးမညွှတ်ဘဲ နေရာတွင်သာရပ်ကာ ဘေးနားမှလူများကို ကြည့်ပြီး တစ်ကိုယ်လုံးတုန်ယင်နေသည်။ ပေထင်းဟွမ်သည် သူ့ကို မှန်ဇာမှ ဖြတ်၍မမြင်ရသော်လည်း ထိုအခိုက်ရှိ သူ၏ခံစားချက်ကို ခံစားမိနေသည်။ သူမသည် သူ၏လက်ကိုဆွဲပြီး ဖြည်းဖြည်းချင်း ဦးညွှတ်လေသည်။
“ခင်ပွန်းနဲ့ဇနီးသည်တို့ နှုတ်ဆက်ပါမယ်”
ယန်းမိုထျန်နန်းတော်တွင် ပျော်ရွှင်မှုများအပြည့်နှင့်ပင်။ သို့သော် လူအုပ် ထဲတွင် အများစုသည် မျက်ရည်များကျကြသည်။ ဤစုံတွဲသည် ယနေ့လိုနေ့မျိုး ရောက်ရန် မည်မျှခက်ခဲခဲ့ကြောင်းကို အားလုံးသိကြသည်။