ဇာတ်သိမ်းပိုင်း
Vol. 85 Ch. 1691
“ငါ့ကို နတ်မိစ္ဆာဧကရာဇ်လိုမျိုး ဆက်ဆံတဲ့သူရှိရင် သေသွားရင်တောင် ငါ့ ဝိညာဉ်ပျက်သွားပါစေ၊ ပြန်မလာနိုင်ရင်တောင် ဆန္ဒရှိပါတယ်” အခမ်းအနား ကိုကြည့်နေကြသောလူများအကြားတွင် အမျိုးသမီးတစ်ဦးသည် မျက်နှာအုပ် ထားသည့်ကြားမှ ငိုကြွေးလေသည်။
“ရွှတ်”
“နှစ်တစ်သိန်းမှာ လူတစ်ယောက်ကိုစောင့်ပြီး သူမရဲ့ဝိညာဉ်ကို စုစည်းဖို့ နဲ့ လေဟာနယ်အများကြီးကိုသွားခဲ့တာ၊ ဒီကမ္ဘာပေါ်မှာ နတ်မိစ္ဆာဧကရာဇ်က လွဲပြီး ဧကရာဇ်ဖုန်းနဲ့ ဧကရာဇ်မိုတို့ပဲလုပ်နိုင်မယ်ထင်တယ်”
သူတို့အားလုံးသည် ၃၃ ကောင်းကင်ဘုံမှ အထက်တန်းလွှာအမျိုးသမီး များဖြစ်ကြသည်။ သို့သော် ဤအချိန်တွင် ထိုအမျိုးသမီးများသည် သူတို့၏ သရုပ်မှန်ကိုမေ့လျော့ကာ ရင်ထဲမှ မြတ်နိုးရသောအမျိုးသားများကိုသာ ရင်ထဲ တွင်တောင့်တကြလေသည်။ သူတို့သာ ဤကဲ့သို့လူမျိုးကိုသာတွေ့ရမည်ဆိုပါ က သေလျှင်တောင် ကောင်းသည့်အရာဖြစ်လိမ့်မည်။
ထိုစကားများကိုကြားပြီးနောက် ရှဲဟွမ်သည် လှည့်ပြီး နန်းတော်အပြင် ဘက်သို့လျှောက်လာခဲ့သည်။ သူမသည် ခြံစည်းရိုးကိုမှီကာ ကောင်းကင်ပေါ်မှ သွေးလကိုကြည့်လေသည်။ နတ်မိစ္ဆာဧကရီကျဆုံးပြီးနောက် ဘာကြောင့် ဇွဲနပဲ ကြီးကြီးဖြင့် မေတ္တာရှိသလဲဟု ယန်ယဲ့အား သူမ မေးဖူးသည်။ ကမ္ဘာပေါ်တွင် ဟွမ်ကျို့ထက် သာသောအမျိုးသမီး ရှိစမြဲပင်။
“အတူနေပြီး ချစ်သွားမယ့်သူမရှိရင် ဒီလောက် ရှည်လျားတဲ့ဘဝကို ဘာလို့လိုအပ်တော့မှာလဲ” ထိုလူသည် သွေးလကိုကျောပေးကာ အဆုံးမရှိ သော ညကောင်းကင်ကိုကြည့်နေခဲ့သည် “ငါက သူမအတွက် အသည်းကွဲခဲ့ တယ်၊ သေရေးရှင်ရေးကိုမကြောက်တော့ဘူး၊ ကောင်းကင်ကိုဆန့်ကျင်ပြီး တာအိုကို ရှာနိုင်သွားပြီ၊ ငါ့ဘဝအဓိပ္ပာယ်ဆိုတာက သူမနဲ့ စောင်တစ်ခုတည်း ခြုံပြီး လင်မယားဖြစ်လာဖို့ တောင်းဆိုမှုပဲ”
ယခုအခါ ဤလူသည် လုပ်ခဲ့လေပြီ။ အမှန်တကယ် လုပ်နိုင်ခဲ့သည်။
ယန်ယဲ့သည် တစ်ကိုယ်လုံးတုန်ယင်နေသည်။ ကောင်းကင်နှင့်မြေကြီး ကန်တော့ပြီးသောအခါ သူသည် ပေထင်းဟွမ်၏ ပါဝါပါးကို လှန်လိုက်သည်။ သတို့သမီးတစ်ဦးအနေနှင့် ပေထင်းဟွမ်သည် အသက်ရှူမှားလောက်အောင် လှလွန်းသည်။ သို့သော် သူသည် ထိုမျက်နှာကိုမြင်လိုက်ရသောအခါ နေ့တိုင်း အိပ်မက်မက်ခဲ့သကဲ့သို့ ဒွါရခုနစ်ပေါက်မှ သွေးထွက်ခြင်းမရှိသဖြင့် ယန်ယဲ့ သည် စိတ်အေးလက်အေး သက်ပြင်းချလိုက်သည်။ သူသည် ပေထင်းဟွမ်အား ရင်ခွင်ထဲဆွဲဖက်ကာ သူမဆီမှ ကောင်းမွန်သောရနံ့များကို စုပ်ယူလိုက်သည် “ဟွမ်အာ အခုကစပြီး ကိုယ်တို့ကို ဘယ်သူမှခွဲလို့မရတော့ဘူး”
လော့ပေမြို့အပြင် နေဝင်တောမှစ၍ သူမ ပေထင်းဟွမ်ဖြစ်ခဲ့သည့်အချိန်၊ ယခုအချိန် ၃၃ ကောင်းကင်ဘုံ ယန်းမိုထျန်းနန်းတော်တွင် ရပ်နေကာ သွေးလ နန်းတော်အထက်တွင် တည်ရှိနေသော တောက်ပသည့်သွေးလကိုကြည့်နေ သည့်အချိန်ထိ ပေထင်းဟွမ်သည် မရေတွက်နိုင်သော တိတ်ဆိတ်သည့်ညများ ကို မြင်လိုက်ရသလိုပင်။ ယန်ယဲ့သည် သွေးလကိုကျောပေးထားပြီး အထီးကျန် သော ပုလွေသံသည် စကြာဝဋာအတွင်းတွင် ပြန့်ကျဲနေသော သူမ၏ဝိညာဉ်ကို ဆင့်ခေါ်နေသလို လွင့်ပျံလာသည်။
ထိုအချိန်က အထီးကျန်မှု၊ ထိုအချိန်က အသည်းကွဲမှု၊ သူ၏မျက်လုံးထဲမှ မျက်ရည်များသည် အလွယ်တကူကျမလာတော့ပေ....
ပေထင်းဟွမ်သည် အသက်ကိုပြင်းပြင်းရှူကာ ယန်ယဲ့အား အားပါပါ ပွေ့ဖက်လိုက်သည် “တစ်ဘဝပြီးတစ်ဘဝ ကျွန်မတို့ကို ဘယ်သူမှမခွဲနိုင်ဘူး”
ပေထင်းဟွမ်သည် ပထမဆုံးအကြိမ်က အလွန်နာကျင်လိမ့်မည်ဟု ထင် ထားခဲ့သည်။ သို့သော် အကြိမ်ပေါင်းများစွာကြုံတွေ့ပြီးနောက် သတို့သမီး အိပ်ဆောင်ပန်းနှင့်ဖယောင်းတိုင်များသည် ခက်ခဲလိမ့်မည်ဟု ထင်မထားပေ။ သုံးရက်သုံးညလုံးတွင် ဟုန်သည် လွှမ်းမိုးခဲ့သည်။ ယန်ယဲ့သည် သူမအား နာကျင်အောင်လုပ်လိမ့်မည်ဟု မသိထားခဲ့လျှင် ယန်ယဲ့ကြောင့် ဒဏ်ရာရမည့် ခံစားချက်မျိုးဝင်မိမည်ပင်။
“ဟွမ်အာ မင်းရဲ့ခင်ပွန်းကို ထည့်စဉ်းစားသင့်တယ်၊ ပင်မတိုက်ကြီးမှာ နှစ်တစ်သောင်းကြာရင် ၃၃ ကောင်းကင်ဘုံမှ နှစ်တစ်သိန်းကြာတယ်၊ တခြား တိုက်တွေက နှစ်ပေါင်းသန်းချီကြာလိမ့်မယ်လို့ ဘယ်လိုသိမှာလဲ၊ မင်းကိုယ့်ကို မင်္ဂလာအိပ်ခန်းဖယောင်းတိုင် အကြွေးတင်နေတာလေ”
ပေထင်းဟွမ်သည် မောဟိုက်နေသည့်ကြားမှ လက်မြှောက်ကာ ထိုလူ အားရိုက်ချသည်။ သို့သော် သူမ၏ရင်ဘတ်တစ်ခုလုံး တင်းကြပ်ကာ ဝမ်းဗိုက် မှာ လှန်သွားလေသည်။ သူမသည် အခန်းရှင်းရန်ထွက်သွားသော်လည်း ခြေထောက်များပျော့ခွေသွားလေသည်။
ယန်ယဲ့သည် အလောကြီးနေရာ သွေးလနန်းတော်၏ အိပ်ခန်းတစ်ခုလုံး သည် ဗြောင်းဆန်သွားလေသည်။
“ကျွန်မကို နေမကောင်းအောင်လုပ်တာ ရှင်ပဲ” ပေထင်းဟွမ်သည် အလွန်အကျူးအန်မိလေသည်။ နောက်ဆုံးမှပင် အားလေးအနည်းငယ်ထုတ် ကာ ယန်ယဲ့အား အပြစ်တင်လေသည်။
ထိုအချိန်တွင် ယန်ယဲ့၏လက်ချောင်းများသည် သူမ၏လက်ကောက်ဝတ် ကို စမ်းသပ်ကြည့်လေသည်။ ယန်ယဲ့သည် ပျော်သွားလေသည်။ သူ၏ ချယ်ရီ ပန်းကဲ့သို့နှုတ်ခမ်းများသည် တွန့်သွားကာ သူ၏ခရမ်းရောင်မျက်လုံးများသည် ကြယ်မြစ်တစ်စင်းစီးဆင်းလာသကဲ့သို့ စီးကျလာသည်။