← Chapters

လေဟာနယ်များပေါင်းစည်းခြင်း၊ အခန်းပို (၁)

Vol. 85 Ch. 1692

လေဟာနယ်များပေါင်းစည်းခြင်း၊ အခန်းပို (၁)

Vol. 85 Ch. 1692

၃၃ ကောင်းကင်ဘုံသည် အလွန်အေးချမ်းလျက်ရှိသည်။ နှစ် တစ်သောင်း တိုက်ခိုက်ခဲ့ကြသော အင်အားကြီးများသည် ယခုအခါ မိသားစု လေးငါးခုသာ ကျန်တော့လေသည်။ ဝိညာဉ်နတ်ဘုရားမျိုးနွယ် ပျက်သုဉ်းသွားကာ ဝမ်ရှို့ တောင်ရိုးသည် အမြစ်ပြုတ်သွားခဲ့သည်။ နောက်ဆုံးအခိုက်တွင် ကျို့ဟွေ့သည် ဆေးတောင်ကြားကို မပိတ်ပင်ခဲ့လျှင် ၎င်းသည်လည်း ယခုအခါ ဝမ်ရှို့တောင်ရိုး ကဲ့သို့ဖြစ်လိမ့်မည်။

နဂါးဇာမဏီတောင်ကြားလည်း ပျောက်ကွယ်သွားလေပြီ။ အနောက် တောရိုင်းတွင် အိမ်ရှေ့စံနှင့်ဧကရီတို့ ဆုံးရှုံးပြီး နောက်ဆုံးတိုက်ပွဲတွင် မြင်း တစ်သိန်းအညံ့ခံကာ ဧကရာဇ်၏အသက်ကိုသာ ချမ်းသာပေးခဲ့သည်။ မြို့စား သာလက်ထပ်သွားရာ မင်္ဂလာလက်ဖွဲ့ပေးပို့ခဲ့သော်လည်း ဧကရာဇ်သည် လူလုံး မပြတော့ပေ။

နတ်မိစ္ဆာနတ်ဘုရားမျိုးနွယ်သည် ပြန်လည်အင်အားရှိလာသည်။

နတ်မိစ္ဆာဧကရာဇ်သည် လွန်ခဲ့သည့်နှစ်တစ်သိန်းက ဝိညာဉ်ဧကရာဇ် ကဲ့သို့ ဝိညာဉ်ကျင့်ကြံသူများကို သတ်ပစ်မည်ဟု မူလကထင်ခဲ့ကြသေးသည်။ သို့သော် မင်္ဂလာပွဲကြီးပြီးသည့်နောက် နတ်မိစ္ဆာဧကရာဇ်သည် အမှုထမ်းနှင့် စစ်သူကြီးများ၏ တင်ပြချက်များကို နားထောင်ရန် အချိန်ပင်မရှိခဲ့ပေ။ ၃၃ ကောင်းကင်ဘုံမှ ဝိညာဉ်ကျင့်ကြံသူများသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။

နတ်မိစ္ဆာဧကရာဇ်သည် မင်္ဂလာဦးဖြစ်သဖြင့် ဧကရီနှင့်သာ နေ့စဉ်နေ့တိုင်း အတူရှိနေပြီး သူတို့နှင့်စကားပြောရန် အချိန်မရှိပေ။

ချက်ချင်းပင် သွေးလနန်းတော်တွင် ရှည်လျားသော အော်ဟစ်သံများ ထွက်လာသည်။ ထိုအော်ဟစ်သံကို အားလုံးကြားရလေသည်။ ဧကရာဇ်နှင့် ဧကရီတို့ကျဆုံးလျှင် ပြာနှင့်မီးခိုးများ ပျောက်ကွယ်သွားတတ်သည်။ နတ်မိစ္ဆာ ဧကရာဇ်လည်း ဝမ်းနည်းမှုအပြည့်ဖြင့် စိတ်မကောင်းစွာ အော်သံညည်းညူ လိုက်သည်။ သို့သော် သည်တစ်ကြိမ်တွင် သေချာနားထောင်လိုက်ပါက ဖုံးဖိ မရသော ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုနှင့် ဂုဏ်ယူမှုများပါဝင်လေသည်။

၃၃ ကောင်းကင်ဘုံတစ်ခုလုံးမှာ အသက်အောင့်ထားမိကြသည်။ သွေးလ နန်းတော်တွင် မည်သို့ဖြစ်ပျက်နေကြသည်ကို မသိသော်လည်း ကောင်းသည့် အရာတစ်ခုခုဖြစ်မည်ဆိုသည်မှာ သေချာသည်။

အားလုံးသည် ဤတိုက်ကြီးတွင် မြင်သာထင်သာရှိသော နန်းတော်ကို ကြည့်လိုက်ကြသည်။ ထိုအခိုက်အတ့်တွင် မရေတွက်နိုင်သော နန်းတော် မီးအိမ်များလင်းလာပြီး ယန်းမိုထျန်းမျိုးနွယ်တစ်ခုလုံးသည် ထိုနေရာသို့ ပြေး သွားကြကာ သူတို့၏ဧကရာဇ် အရေးကြီးသတင်းကြေညာမည်ကို စောင့်ဆိုင်း လျက်ရှိသည်။

“ဧကရီ ပဋိသန္ဓေတည်နေပြီ၊ ယန်းမိုထျန်းမျိုးနွယ် ဆက်ခံသူကို ဂုဏ်ပြု ပါတယ်”

စစ်ပွဲကြီးပြီးသည့်နောက် နယ်ပယ်အတွက် ဆက်ခံသူရှိလာသည့်ကိစ္စ ထက် ပို၍တက်ကြွစေသည့်ကိစ္စမရှိတော့ပေ။ ယန်းမိုထျန်းမျိုးနွယ်တစ်ခုလုံး သည် ဒယ်အိုးထဲသို့ ရေတစ်စက်ကျသွားသည့်အလား လျင်မြန်စွာပင် ဆူပွက် လာသည်။

တိကျွင်းသည် ထုံရှန့်တောင်ကိုဖွင့်ပြီး ၁၀ ရက်အတွင်းတွင် သားရဲဖမ်း လာသူမှန်သမျှကို ယန်းမိုထျန်းနန်းတော်တွင် သားရဲထိန်းနှင့် ထိန်းကျောင်းပေး မည်ဟု ကတိပေးလိုက်သည်။ ဧကရာဇ်သည် အုတ်မြစ်တည်ဆေး တစ်ထောင် ကိုကျဲကာ ဆင်းရဲသားမိသားစုမှ ကလေးများကို အထူးတလည်ပေးခဲ့သည်။ ဝိညာဉ်လက်နက်များစွာကို ယန်းမိုထျန်းနန်းတော်မှ ထုတ်ပေးခဲ့သည်။

သူမ ကိုယ်ဝန်တည်သည်နှင့် ယန်းမိုထျန်းမျိုးနွယ်သည် အခမ်းအနား ကျင်းပရန် ပြင်ဆင်ခဲ့သည်။ နှစ်ပေါင်းတစ်သိန်းကြာပြီးနောက် ဧကရီအပေါ် တွင်ထားသည့် ဧကရာဇ်၏ချစ်ခြင်းသည် ပြောင်းလဲမသွားကြောင်းဘဲ ရေရှည်ခိုင်မြဲသွားမည်ဟု ၃၃ ကောင်းကင်ဘုံမှလူများသည် သံသယမဝင်ကြ တော့ပေ။

သွေးလနန်းတော်တွင် ပေထင်းဟွမ်သည် နှံစားဆန်ပြုတ်ပန်းကန်ကို ကိုင်ကာ အားရပါးရသောက်လိုက်သည်။ သူမသည် နှံစားဆန်ပြုတ်မှလွဲ၍ တခြားဘာကိုမှ မစားနိုင်သည့်ပုံပင်။

“ကြည့်ရတာ ဒီယောက်ျားကတော့ နောက်ဆိုရင် လယ်သမားပဲလုပ် တော့မယ်ထင်တယ်၊ ထုံရှန့်တောင်ပေါ်မှာ ဆေးပင်စိုက်ဖို့လုပ်ထားတဲ့လယ် တွေကို ငါ့မိန်းမအတွက် နှံစားပြောင်းတွေပဲစိုက်ရတော့မယ်ထင်တယ်” ယန်ယဲ့ သည် စိုးရိမ်လျက်ရှိသည်။ ဟွမ်ကျို့ ကလေးတစ်ယောက်မွေးရန် ခံစားနေရ သည်ကို ကြည့်ပြီး သူ အနည်းငယ် အပြစ်မကင်းသလိုခံစားရလေသည်။

ပေထင်းဟွမ်သည် မျက်နှာနှင့် ပန်းကန်လုံး အပ်ရာမှ ယန်ယဲ့အား ကြည့်ပြီးလိုက်သည်။ သူမ ကိုယ်ဝန်ရှိသည်ဟု သိသည်နှင့် အနည်းငယ် မသက်မသာခံစားခဲ့ရသည်။ ခဏကြာပြီးနောက် ပေထင်းဟွမ်သည် ကလေးရ တော့မည်ဖြစ်သဖြင့် ပျော်ရွှင်ခဲ့သည်။

မတူညီသောကမ္ဘာတွင် ကလေးသည် မိခင်ဆီမှလာသည့် အသွေးအသား ပင်ဖြစ်သည်။

သူမသည် ၁၆ နှစ်မပြည့်သေးသော်လည်း သူမ၏စိတ်ဓာတ်အသက်မှာ ၁၆ နှစ်ကျော်လွန်နေပြီဖြစ်သည်။ သူမသည် ကျင့်ကြံသူဖြစ်ကာ ၁၆ နှစ်မှာပင် ဧုကရာဇ်အထွတ်အထိပ် တစ်ဝက်သို့ရောက်နေပြီဖြစ်သည်။ ကိုးရောင်နိဗ္ဗာန်မီး နှင့် မိုးကြိုးလျှပ်စီးများကို ရင်ဆိုင်ရပြီးနောက် သူမ၏ခန္ဓာကိုယ်သည် ပြန်လည် မွေးဖွားခဲ့ပြီး သူမ၏အသက်ကိုပင် သတ်မှတ်၍မရတော့ပေ။

All Chapters