လေဟာနယ်များပေါင်းစည်းခြင်း၊ အခန်းပို (၄)
Vol. 85 Ch. 1695
မူလက နန်းတွင်းအစောင့်တမန်တော်၏ ငယ်ရွယ်ပြီးရဲရင့်မှုကို အားကျနေကြသော နန်းတွင်းသားများသည် အားမကျနိုင်တော့ဘဲ သနားသဖြင့် သူ့ကို ဝိုင်းပြီးနှစ်သိမ့်ပေးကြလေသည်။
“ဟေး လူငယ်လေး သင်ခန်းစာနည်းနည်းရလိုက်တာ ကောင်းတဲ့ကိစ္စပဲ၊ နောက်ဆိုရင် ဘယ်လိုပြုမူရမလဲဆိုတာ မင်း သင်ရမယ်၊ အရှင်ပြောတာကို အလွယ်တကူ မေးခွန်းထုတ်နိုင်မှာမဟုတ်တော့ဘူး”
“ဒါပေမဲ့ အရှင်က ကျွန်တော့်ကို ဒီလိုအပြစ်ပေးလို့မရဘူးလေ၊ ယန်းမိုထျန်းမျိုးနွယ်တစ်ခုလုံးရှေ့မှာ ဘယ်လိုလုပ် ကြာခိုခိုင်းနေတာလဲ” နန်းတော်အစောင့်သည် စတင်ရှုံ့မဲ့တော့သည်။
နဂါးနက်ဧကရာဇ်သည် သူ့အား နှာခေါင်းရှုပ်ပြီး သဘောမတွေ့သလို ကြည့်ကာ စိတ်ဆိုးဆိုးဖြင့် ပြောလေသည် “အရှင်က မင်းကို ဘယ်တုန်းက ကြာခိုခိုင်းလို့လဲ၊ ဧကရီမွေးဖွားတာက အရှင်နဲ့ဘာမှမဆိုင်ဘူးလို့ မင်းပြောခဲ့ တာမလား၊ အရှင်က အဲဒါကို မင်းကိုယ်တိုင် အတည်ပြုစေချင်တာ၊ မင်းမရှိရင် မင်းရဲ့မိန်းမက ဘယ်လိုလုပ် ကလေးမွေးလို့ရမှာလဲ”
ကောင်းကင်၏အပြစ်ကို ခွင့်လွှတ်နိုင်သော်လည်း မိမိဘာသာဒုက္ခပေး ခြင်းသည် အသက်မရှင်နိုင်ပေ။
ထို့ကြောင့်ပင် နဂါးနက်ဧကရာဇ်သည် လက်ဝဲတမန်တော်ရာထူးကို ရခဲ့ သည်။ အရှင်သခင်၏စိတ်ကို ဖမ်းဆုပ်ရာတွင် အမှန်တကယ်ပင် တိကျလွန်း သည်။
လမိုက်ကျားဖြူသည် နှာရှုတ်လေသည်။ နန်းတွင်းသားများသည် လက်အုပ်ချီကာ နန်းတော်ထဲမှထွက်သွားပြီဖြစ်သည်။ နှစ်တစ်သိန်းကုန်ဆုံး သွားပြီဖြစ်ကာ အရှင်သခင်သည် အခါတိုင်းလိုပင် လက်အောက်ငယ်သားများ ကို သာယာသောဘဝကိုမပေးပေ။
အစည်းအဝေးခန်းမမှ ကိစ္စများသည် ပေထင်းဟွမ်အတွက်သာဖြစ်သည်။ သေချာပေါက်ပင် ယန်ယဲ့သည် သူမအား စနောက်ချင်စိတ်ရှိသေးသည်ကို ပေထင်းဟွမ်သိသည်။ သူမသည် ယန်ယဲ့ပြန်အလာကိုစောင့်ပြီး လေဟာနယ် ကိစ္စကိုပြောမည်ဟု ဆုံးဖြတ်ထားသည်။ သို့သော် ယခုအခါ ပြောရမည့်ကိစ္စမှာ ဆာကဲနှင့် ကျို့ယန်တို့ကိစ္စဖြစ်သည်။
“ကျို့ယန်က ကျန်းလော့မင်္ဂလာပွဲဆိုင်ကို သွားတယ်လို့ကြားတယ်၊ အဲအကြောင်းကို ဘာလို့ ငါ့ကိုမပြောတာလဲ၊ ငါ့ကို မင်းတို့ခန်းဝင်ပစ္စည်း မဝယ် ပေးစေချင်တာလား” ဆာကဲ၏နားရွက်များ နီရဲနေသည်ကို ပေထင်းဟွမ် မြင် သဖြင့် စတင်နောက်ပြောင်တော့သည်။
ယောင်ယောင်သည် အနည်းငယ် အားကျစွာဖြင့် ပေထင်းဟွမ်ဘေးတွင် ထိုင်ကာ ပေထင်းဟွမ်၏ အောက်ဗိုက်လေးကို ပွတ်နေသည်။ “သခင် ငါ ဖန်ချန်းနဲ့အိပ်လိုက်ရင် နဂါးနဲ့ဇာမဏီမွေးနိုင်မယ်ထင်လား”
နဂါးနှင့်ဇာမဏီကို ယူဆောင်လာခြင်းသည် နဂါးနှင့်ဇာမဏီတို့၏ အမြင့် ဆုံး ရည်ရွယ်ချက်ပင်ဖြစ်သည်။
“မစမ်းကြည့်ဘဲ ဘယ်လိုလုပ်သိမှာလဲ” ပေထင်းဟွမ်သည် သူမ၏ ဗိုက် ကလေးကို ထိလိုက်သည်။ ၂ လသာရှိသေးသည်။ သွေးခုန်နှုန်းအခြေအနေ ကြောင့်သာမဟုတ်လျှင် သူမ၏ဗိုက်ထဲ၌ အရာဝတ္ထုအသေးလေးရှိနေသည်ကို ခံစားမိမ်ညမဟုတ်ပေ။ “စမ်းကြည့်ပေါ့ နဂါးဇာမဏီရလာမလားဆိုတာ မှန်ရင်မှန်နေမှာပဲလေ”
ယောင်ယောင်သည် ထိုစဉ်က ကျိန်စာသင့်မြေတွင် ဖြစ်ပျက်ခဲ့သမျှကို မှတ်မိနေပုံပင်။ ရှီဖုန်းသည် လက်ရှိတွင် သေဆုံးသွားပြီး ပေထင်းဟွမ်၏ လက်ထဲသို့ရောက်နေသော်လည်း သူမသည် အိပ်မက်ဆိုးညများကို မေ့မရပေ။ ထိုအရိပ်သည် သူမ၏ဦးခေါင်းထဲတွင် တဝဲလည်လည်လိုက်နေတုန်းပင်။
သွေးလနန်းတော်မှ အရည်အသွေးမြင့် အပြင်အဆင်များကို လှည့်ပတ် ကြည့်ပြီး သူမသည် ပြန်လည်မွေးဖွားလာသလို ခံစားရသဖြင့် စိတ်အေးသွား သည်။
အတိတ်သည် အတိတ်ပင်။ ဘဝအသစ်သည် ပျော်ရွှင်စွာနေရန် စိတ်အား ထက်သန်မှု လိုအပ်သည်။
“သခင် ဖန်ချန်းနဲ့ငါ နဂါးဇာမဏီမွေးနိုင်ရင် သူတို့ကို မင်းသားလေး မွေးဖွားလာတာနဲ့ သူနဲ့စာချုပ်တည်ထောင်ခိုင်းလိုက်မယ်လေ” ယောင်ယောင် သည် ပေထင်းဟွမ်၏ ဝမ်းဗိုက်ကို လွမ်းဆွတ်မှုအပြည့်ဖြင့် စိုက်ကြည့်လေ သည်။
“ဟုတ်ပြီ သူ မငြင်းဆန်ရင် ငါ့မှာလည်းငြင်းဆန်ချက်မရှိဘူး” ပေထင်းဟွမ်သည် ပြုံးပြီးပြောလေသည် “ပြီးတော့ ဖန်ချန်းလည်း လိုလားဦးမှ”
“သခင် မင်းသားလေးရဲ့ စာချုပ်သားရဲက ပြီးပြည့်စုံတဲ့ မျှတမှုရှိရမယ်၊ ယောင်ယောင်နဲ့ဖန်ချန်းက နဂါးဇာမဏီမွေးပေးရင်တောင် ငါတို့ကရော၊ ကျို့ယန်နဲ့ငါတို့က ကိုးရက် မြေခွေးပျံမွေးလာရင် ဘယ်လိုလုပ်မလဲ၊ အဲဒါလည်း မဆိုးဘူး” ဆာကဲသည် မပျော်မရွှင်ဖြင့် ပေထင်းဟွမ်၏လက်ကိုလှုပ်လေသည်။
“ဟုတ်ပြီ ဒါပေမဲ့ အခု အရေးအကြီးဆုံးက မင်းတို့အရင်ဆုံး ကလေးပြန် ယူရမယ်၊ ကလေးရလာရင် ပြီးပြီလေ” ပေထင်းဟွမ်သည် အနည်းငယ် ခေါင်းကိုက်သလိုခံစားရသည်။
ယန်ယဲ့သည် နောက်ဆုံးတွင် ပြန်လာသည်။ သူ ပြန်လာသည်နှင့် ဆာကဲ နှင့်ယောင်ယောင်တို့သည် ခန်းမအနောက်ရှိ တံခါးမှတစ်ဆင့် ထွက်သွားကြ လေသည်။
ညနေခင်းတွင် ယန်ယဲ့သည် ပေထင်းဟွမ်အားပွေ့ဖက်ကာ သူမ၏ လက် များကို ချုပ်ရန်ကြိုးစားသည်။ သို့သော် ထိုအရာသည် သူမကို မသက်မသာဖြစ် စေသည်။ ပေထင်းဟွမ်သည် လက်ရှိတွင် ကိုယ်ဝန်ရှိနေသည်။ သူသည် သူမအား အလွယ်တကူမထိနိုင်ပေ။ ပေထင်းဟွမ်သည် ရှို့ဟွမ်အား ယန်ယဲ့အား သန့်စင်ခိုင်းသည်။