Chapters

လေဟာနယ်များပေါင်းစည်းခြင်း၊ အခန်းပို (၅)

Vol. 85 Ch. 1696

လေဟာနယ်များပေါင်းစည်းခြင်း၊ အခန်းပို (၅)

Vol. 85 Ch. 1696

ရှို့ဟွမ်သည် ပေထင်းဟွမ်နှင့် အချိန်အတော်ကြာအတူရှိလာသော်လည်း ၎င်းကိုသန့်စင်ရန် မလွယ်ကူလှပေ။ ယခုအချိန်ထိ သူမသည် ၁၀ ပုံ ၁ ပုံသာ သန့်စင်ရသေးသည်။

ယန်ယဲ့သည် လက်ထဲတွင် ရှို့ဟွမ်ကိုကိုင်ပြီးနောက် သူနှင့် ရှို့ဟွမ်အကြား တွင် ဆက်သွယ်မှု ခပ်ပါးပါးရှိသည်ဟု ခံစားလိုက်ရသည်။ အကြောင်းမှာ သူ သည် စီဖုန်းနတ်ဘုရားအကျဉ်းထောင်ကို သန့်စင်လိုက်ခြင်းကြောင့်ဖြစ်သည် ဟု သူကောင်းစွာသိသည်။ ထို့ကြောင့် သူသည် ရှို့ဟွမ်ကိုကိုင်ပြီး သက်ပြင်းချ လေသည် “ဒီအလုပ်ကို ကိုယ်လုပ်တာ ပိုသင့်တော်မယ်”

ပေထင်းဟွမ်သည် ဆူထွက်မလာသေးသည့် ဝမ်းဗိုက်လေးကို တမင် ပွတ်သပ်နေသည်။ အပြုအမူ၏အဓိပ္ပာယ်သည် ထင်ရှားလွန်းသည် “ရှင့်သား မွေးလာတဲ့အထိစောင့်ပြီး ဘာလို့မကြိုးစားကြည့်ရမှာလဲ”

ယန်ယဲ့သည် ပေထင်းဟွမ်အား လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ကာ သူမ၏ ခန္ဓာကိုယ်ကိုမှီလေသည်။ ထို့နောက် ပြုံးပြီးပြောလေသည် “မလုပ်ရဲပါဘူး၊ ဒီခင်ပွန်းရဲ့ရာထူးက အခုမိသားစုမှာ အနိမ့်ဆုံးပဲ၊ ကိုယ့်ကိုယ်ကိုယ် သိရမှာပေါ့”

“ခစ် ခစ်” ပေထင်းဟွမ်သည် ရယ်မောပြီးနောက် ခေါင်းမော့ကာ မောက်မာစွာဖြင့် ခေါင်းညိတ်လေသည် “အင်း အဲဒါလည်းဟုတ်တာပဲ”

သူမသည် နေဝင်သည်နှင့် အနောက်ဘက်ဥယျာဉ်ဆီသို့ လမ်းလျှောက် ရန်လှည့်ထွက်လိုက်သည်။ သို့သော် ယန်ယဲ့သည် သူမအား အနောက်မှ သိုင်းဖက်လေသည်။

“ဟွမ်အာ ကျေးဇူးတင်ပါတယ်” ယန်ယဲ့သည် ပေထင်းဟွမ်၏ ဆံပင်အား သူ၏မျက်နှာဖြင့် အပ်ထားပြီးနောက် ပေထင်းဟွမ်၏ပခုံးပေါ်သို့ မေးတင်လိုက် သည် “ပြန်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကိုယ့်ကို အိမ်တစ်လုံးပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်”

သူသည် အမြဲတမ်း တစ်ယောက်တည်းဖြစ်ခဲ့သည်။ သူ၏မိဘများသည် သူငယ်စဉ်ကတည်းကပင် ထွက်သွားခဲ့ကာ အမြဲတမ်းတစ်ယေဦက်တည်းပင်။ သူ မည်သည့်နေရာတွင် အဆုံးသတ်မည်ကို မသိပေ။

နောက်ဆုံးတွင် သူ နှစ်သက်သည့်မိန်းကလေးရှိလာခဲ့ကာ သူမ ကြီးပြင်း လာချိန်အထိ စောင့်ခဲ့သည်။ သို့သော် တခြားတစ်ယောက်မှ လုယူသွားခဲ့သည်။ သူသည် သူမအား ကာကွယ်ရန် အကောင်းဆုံးကြိုးစားခဲ့သော်လည်း သူမ၏ နှလုံးသားသည် သူ့အပေါ်တွင်မရှိပုံပင်။

ဟွမ်ကျို့ သဘောကျသူမှာ သူဖြစ်သည်ကို သိသွားချိန်တွင်တော့ လွမ်းဆွတ်ခြင်း မုန်းတီးမှုများသာ ကျန်ခဲ့သည်။

ယခုအခါ သူမ၏ဗိုက်ထဲတွင် သူ၏ကလေးရှိနေပြီဖြစ်ကာ ဘဝအသစ်ကို အတူတည်ဆောက်တော့မည်ဖြစ်သည်။ သည်လိုနှင့် ယခုအချိန်ထိ သူလိုချင် သည့်အရာကို အမှန်အကန် ခံစားနိုင်သ်ည။ ထို့အပြင် နတ်ဘုရားသည် ပိုပေးခဲ့ သည်။

ပေထင်းဟွမ်သည် ခန္ဓာကိုယ်ကိုလှည့်ကာ သူ၏ခါးကိုလက်ဖြင့် သိုင်းဖက် လိုက်သည်။ သူမသည် အထွတ်အထိပ်အဆင့်ရောက်လျှင်တောင် အားထုတ် သုံးမည်မဟုတ်ပေ။

သူပျောက်ကွယ်သွားမည်ကို သူမ ကြောက်သည်။

ယန်ယဲ့သည် သူမ၏ဝမ်းဗိုက်ကို ဖိမိမည်စိုးသဖြင့် ခါးကိုင်းလိုက်သည်။

“ယန်ယဲ့ ကျွန်မတို့အချိန်က ရှည်လျားပါတယ်၊ ကျွန်မက ရှင်နဲ့အတူ အမြဲ ရှိနေမှာ တစ်ဘဝပြီးတစ်ဘဝ မခွဲတော့ဘူး” သူမသည် ခေါင်းမော့ကာ မျက်လုံး များကိုမှိတ်ပြီး သူ၏တည်ရှိမှုကို နှုတ်ခမ်းများဖြင့် ရှာဖွေလိုက်သည်။

သူတို့ ပထမဆုံးအကြိမ် အနမ်းခြွေစဉ်က ပျားရည်ကဲ့သို့ခံစားချက်သည် အမြဲတမ်းတည်ရှိနေသည်။

ယန်ယဲ့သည် လောဘတက်နေတုန်းပင်။ သို့သော် သူ၏ဝမ်းဗိုက်အောက် မှ အပူရှိန်တက်လာသည်နှင့် သူထွက်ပြေးရတော့သည်။

ပေထင်းဟွမ်သည် အထိန်းအကွပ်မဲ့ရယ်မောလေသည်။ သူ ထွက်ပြေး သွားသည်နှင့် သူမသည် ကျင့်ကြံရေးမျှော်စင်ဆီသို့သွားလိုက်သည်။ သူမသည် အရယ်ရပ်ကာ မျက်လုံးထဲမှ မျက်ရည်များကျလာသည်။ သူမသည် ဝမ်းဗိုက် အောက်ပိုင်းကို အသာအယာပွတ်လိုက်သည်။ သူမသည် စောစီးစွာ ကိုယ်ဝန် ဆောင်ချင်သည့် အကြောင်းအရင်းရှိသည်။ သူမသည် သူ့အား နှလုံးသားတစ်ခု လုံးရင်းပြီး သူအလိုချင်ဆုံးအရာကိုပေးချင်သည်။

နေ့ရက်များသည် လျင်မြန်စွာပင် ကုန်ဆုံးသင့်သည်။ သို့သော် ယခုအချိန် မှာ သူမ၏ကိုယ်ဝန်ကြောင့်၊ ယန်ယဲ့ နေ့စဉ်ကျင့်ကြံနေခြင်းကြောင့်၊ အချိန်ကုန် ဆုံးသည်မှာ နှေးကွေးလှသည်။

ဆာကဲသည် မင်္ဂလာသတို့သမီးဖြစ်တော့မည်ဖြစ်ရာ သူမ ရှောင်ရှား၍မရ တော့ပေ။

ယောင်ယောင်၊ အားဝေနှင့် ရှောင်ကျောက်တို့ နေ့တိုင်းလာသည်။ သူတို့ လာချိန်တိုင်းတွင် အပျိုတော်များကို ထွက်သွားခိုင်းကာ သွေးလနန်းတော်မှ ကိစ္စများကို တာဝန်ယူကြသည်။