လေဟာနယ်များပေါင်းစည်းခြင်း၊ အခန်းပို (၆)
Vol. 85 Ch. 1697
အားကျီသည် လက်ရှိတွင် ချူဖုန်း၏အသက်သားရဲဇီထုံနှင့် အဖော်ပြုပေး ရင်း အလွန်အလုပ်များနေသည်။ အတန်ကြာပြီးနောက် အားကျီသည် ဇီကျီနှင့် မရှင်းလင်းသော ဆက်ဆံရေးရှိနေသည်ဟု အားဝေပြောလေသည်။
မရှင်းလင်းသောဆက်ဆံရေးဟု အားဝေပြောချိန်တွင် ပေထင်းဟွမ်၏ ခေါက်ခြင်းကိုခံလိုက်ရသည်။ သူမ၏ထိုသားရဲများ သူတို့၏ရည်ရွယ်ချက်ကို ရှာတွေ့ပြီး ချစ်မိပြီး လက်ထပ်ကာ ကလေးများရပြီး ဘဝကောင်းကောင်းကို ရစေချင်သည်။
“ဘာမရှင်းလင်းတာလဲ၊ တစ်ယောက်ကလည်း လူပျို တစ်ယောက်က လည်း အပျို၊ ဘာလို့မရှင်းလင်းတာလဲ” ပေထင်းဟွမသည် ရယ်မောလေသည်။
အားဝေသည် သူမ၏ခေါင်းကိုအုပ်ကာ အော်လေသည် “အာ... သခင် ပိုပြီး နူးညံ့လို့မရဘူးလား၊ ငါက ဆာကဲအတွက် သတို့သမီးအရံလုပ်ပေးရတော့ မှာ၊ ငါ့ကို ခေါင်းမှာအိတ်ဝတ်စေချင်လို့လား”
သေချာပေါက်ပင် အားဝေသည်သူမ၏ဦးခေါင်းတွင် အိတ်ဝတ်စရာမလို ပေ။ ဆာကဲ ဝေါယာဉ်ထဲမှ ထွက်လာသည့်နေ့တွင် သူမသည် သတို့သမီးနောက် မှ ဒုတိယလိုက်သော သတို့သမီးအရံဖြစ်သည်။
မူလက သားရဲများ လက်ထပ်လျှင် သားရဲနှစ်ကောင်သည် တစ်ဘဝလုံး အတူကုန်ဆုံးကြသည်။ တစ်ယောက်နှင့်တစ်ယောက်ချစ်သော သားရဲများ သည် တစ်လင်တစ်မယားစနစ်ကိုကျင့်သုံးကြသည်။ ထို့ကြောင့် မင်္ဂလာပွဲသည် အရေးမကြီးသလိုပင်။
သို့သော် ကျို့ယန်သည် ဆာကဲအတွက် ခမ်းနားသော မင်္ဂလာပွဲကျင်းပ ပေးသည် “သခင့်လောက် မခမ်းနားပေမဲ့ အနည်းဆုံးတော့ ၃၃ ကောင်းကင်ဘုံ သားရဲအားလုံးထဲမှာ ဆာကဲက ငါ့ချွေးမဖြစ်သွားပြီဆိုတာ သိသွားတာပေါ့”
မင်္ဂလာပွဲနေ့တွင် ယန်ယဲ့သည် တာဝန်များကို ချထားခဲ့သည်။ ပေထင်းဟွမ်၏ ဗိုက်ကလေးလည်း စူထွက်နေပြီဖြစ်သည်။ သူသည် ဇနီးဖြစ်သူ ကိုတွဲကာ ကျို့ယန်နှင့် ဆာကဲတို့၏မင်္ဂလာပွဲတက်လေသည်။
အခမ်းအနားပြီးနောက် သူသည် ပေထင်းဟွမ်အား သွေးလနန်းတော်သို့ ခေါ်မသွားဘဲ ထုံရှန့်တွင်နေထိုင်လေသည်။
သစ်သားအိမ်ဆင်တူများသည် ရိုးရှင်းပြီးသပ်ရပ်သည်။ ပေထင်းဟွမ် သည် ပြတင်းပေါက်ရှေ့မှ ထိုင်ခုံတွင်ထိုင်လိုက်ကာ မှန်တင်ခုံမှ မှန်ကိုကြည့်ရာ ပြတင်းပေါက်အပြင်မှ သစ်ပင်ကြီးကို မြင်ရလေသည်။
ထိုအချိန်က ယန်ယဲ့သည် ဤနေရာတွင်ရပ်ပြီး သူမအား စိုက်ကြည့်ခဲ့ သည်။
ထိုခဏတွင် ပေထင်းဟွမ်၏ နှလုံးသားသည် ဓားဖြင့် အထိုးခံလိုက်ရ သလိုပင်။
“ဘာတွေတွေးနေတာလဲ” ယန်ယဲ့ရောက်လာပြီး သူမ၏ပခုံးများကို ကိုင် လိုက်ကာ သူမ၏ ချောမွတ်သောမျက်နှာကို မှန်မှတစ်ဆင့်ကြည့်လေသည်။
ပေထင်းဟွမ်သည် သတိပြန်ဝင်လာပြီး မစဉ်းစားဘဲ ပြောလိုက်သည် “စဉ်းစားနေတာပါ၊ ဒီနေ့ည ကျို့ယန်နဲ့ဆာကဲတို့ မင်္ဂလာဦးညမှာ လူသားပုံစံ သုံးမလား သားရဲခန္ဓာကိုယ်ပြောင်းမလားလို့”
ယန်ယဲ့သည် ခေတ္တမျှ မှင်တက်သွားသည်။
အတန်ကြာပြီးနောက် သူသည် ညတိုင်းလုပ်ငန်းမစခင်တွင် ပေထင်းဟွမ် အား အကြံမေးသင့်သည် “သခင်မ ဒီနေ့က ခင်ပွန်းကို လူသားအသွင်ပြောင်းစေ ချင်လား၊ သားရဲခန္ဓာကိုယ်ပြောင်းစေချင်လား”
ထိုရက်များတွင် ယန်ယဲ့သည် အလွန်အလုပ်မျ်ားနေခဲ့သည်။ သူသည် သွေးလနန်းတော်၏ ဘေးခန်းမတွင် အထိုင်ချကာ ပေထင်းဟွမ်မှလွဲ၍ မည်သူ့ ကိုမှမတွေ့ပေ။
ယန်းမိုထျန်းမျိုးနွယ်တွင် အရေးကိစ္စများစွာရှိနေတုန်းပင်။ ကျားဖြူနှင့် နဂါးနက်ဧကရာဇ်တို့သည် ပေထင်းဟွမ်အား ညွှန်ကြားချက်များမေးရတော့ သည်။
ထို့နောက်တွင် ပိုင်ဟူနှင့် နဂါးနက်ဧကရာဇ်တို့သည် ပေထင်းဟွမ်အား ယန်ယဲ့ကိုယ်စား ပုလ္လင်ပေါ်တွင်ထိုင်ရန် ပြောရတော့သည်။ ဧကရီသည် ပျင်းရိ နေသဖြင့် မနက်တိုင်း အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်ပေးလျှင် အရှက်ရမှုကို ရှောင်ရှားပြီးသားဖြစ်မည်။
ယန်ယဲ့သည် ကျင့်ကြံနေခြင်းမဟုတ်သော်လည်း နေ့တိုင်း ဘာကြောင့် အစည်းအဝေးမတက်နိုင်သလဲဟု ပေထင်းဟွမ် မေးချင်သည်။
သို့သော် တည်သီးများနူးညံ့သည်ဟု ပြောလျှင် နူးညံ့သောတည်သီးဖြစ် ပေးရမည်မဟုတ်ပါလား။
ယန်ယဲ့အနောက်သို့ နှစ်တစ်သိန်းကျော်လိုက်လာသော ယန်ယဲ့၏ အစေခံများသည် ဂျီးများကာ ဒေါသကြီးကြသည်။ ပေထင်းဟွမ်သည် ယန်ယဲ့မရှိလျှင် ထိုလူများအားမပြစ်မှားချင်ပေ။
သူမသည် ရွေးချယ်မှုမရှိ သဘောတူရတော့သည်။
ကံကောင်းစွာပင် နဂါးနက်ဧကရာဇ်နှင့်တခြားသူများသည် ချင့်ချိန်စွာဖြင့် အစည်းအဝေးအချိန်ကို ၁ နာရီနောက်ဆုတ်ပေးသဖြင့် ပေထင်းဟွမ်သည် အိပ်ရေးဝဝအိပ်ရလေသည်။