လေဟာနယ်များပေါင်းစည်းခြင်း၊ အခန်းပို (၂)
Vol. 85 Ch. 1693
“ခုက နှံစားပြောင်းစိုက်မယ့်ကိစ္စကို စိုးရိမ်ဖိုမ့လိုဘူး၊ ကျွန်မ ကိုယ်ဝန်ရှိ နေပြီဆိုတော့ ရှို့ဟွမ်ကို သန့်စင်ဖို့ မဖြစ်နိုင်ဘူး၊ ကျွန်မ ကလေးမွေးတဲ့အချိန်မှာ ခဏလေးနဲ့ သူ လေဟာနယ်လေးခုကို တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းနိုင် မှာမဟုတ်ဘူး” ပေထင်းဟွမ်သည် ခေတ္တမျှ တွေးတောလိုက်သည်။ ထို့နောက် ဖခင်ချစ်စိတ်များဖြစ်ပေါ်နေသည့် လူကို သတိပေးလိုက်သည်။
ထိုမနက်တွင် ပေထင်းဟွမ်သည် အိပ်ချင်မူးတူးဖြစ်နေတုန်းပင်။ ပြတင်းပေါက်အပြင်ဘက်တွင် မှောင်မိုက်နေဆဲဖြစ်ကာ သူသည် နိုးလာပြီး သူမအားမေးလေသည် “ဟွမ်အာ ကိုယ်တို့သားအတွက် ဘယ်လို နာမည်ကောင်းကောင်းလေး စဉ်းစားမိလဲ၊ သူ့ကို ငယ်နာမည်ပေးချင်လား”
“အင်း... သူလိမ္မာရင်တော့ သူ့ကို ငယ်နာမည်ကောင်းကောင်းလေးပေး မယ်၊ မလိမ္မာဘဲ အဖေ့စကားနားမထောင်ရင်တော့ သူ့ကို ခွေးလေးလို့ခေါ်မယ်”
ယန်ယဲ့သည် ဤကဲ့သို့အကျင့်မကောင်းမှန်း ပေထင်းဟွမ်သည် မသိခဲ့ ပေ။ ကလေးမွေးမလာခင်ကပင် သူသည် အနိုင်ကျင့်ရန် စဉ်းစားနေသည်။
သို့သော် ယန်ယဲ့၏နှုတ်ခမ်းပေါ်မှ ပျော်ရွှင်သောအပြုံးကိုမြင်သောအခါ သူ့အား စကားမပြောတော့ဘဲ လှည့်ပြီး ကျောပေးကာ အိပ်ပျော်သွားလေသည်။
ကျုံကျိုးမြို့မှ လူအများအပြားရောက်လာကြသည်။ ပေထင်းကျင်နှင့် ရှီမန်ဆုန်းတို့သည် ကျုံကျိုးမြို့မှ လက်ဆောင်များစွာယူဆောင်လာသည်။ ပေထင်းဟွမ်သည် ကျုံကျိုးမြို့သို့ ပြန်ပြီး ဧကရာဇ်လုပ်ရန်မဖြစ်နိုင်တော့ပေ။ ယန်ယဲ့သည် အစကတည်းကပင် ပြတ်သားစွာ လှုပ်ရှားခဲ့ပြီး သူမအား ကျုံကျိုး မြို့ ကိစ္စများကို ဝင်မပါစေလိုသဖြင့် အချိန်တိုအတွင်းလက်ထပ်ခဲ့သည်။
ယခုအခါ သူမသည် ကိုယ်ဝန်ရှိနေပြီဖြစ်သည်။
ကျုံကျိုးမြို့သည် ပင်မတိုက်ကြီးမှ ဇာမဏီမြို့၏ စီမံမှုကိုစံထားကာ ထိန်းသိမ်းထားဆဲဖြစ်သည်။
ရှီမန်ဆုန်းသည် ကပ်သီးကပ်သပ်မေးလေသည်။ ကလေးမွေးပြီးသည်နှင့် အတွေးတစ်ချက်တည်းနှင့် လေဟာနယ်များ မည်သို့ပေါင်းစည်းမည်နည်း။ ပေါင်းစည်းရန် မည်မျှကြာမည်နည်း။ ပေထင်းဟွမ်သည် ခေါင်းကိုက်လာသည်။ သူမသည် လက်ထပ်ရန်ဆော်ဩသည့် ယန်ယဲ့အား အပြစ်တင်သည်။ အလိမ်အညာများပြောဆိုပြီးနောက် သူမသည် ပြန်ဖာရန် အလိမ်အညာ တစ် သောင်းပြောရတော့မည်။
“အစ်ကိုရှီမန် ကျွန်မ လေဟာနယ်ကလေးကိုမွေးရင်တောင် အဲဒါက ဖြစ်နိုင်မယ်လို့ထင်လား၊ လေဟာနယ်ကို ခွဲတာဖြစ်ဖြစ် ပေါင်းစည်းတာဖြစ်ဖြစ် စွမ်းအင်လိုတယ်လေ” ပေထင်းဟွမ်သည် အနည်းငယ် သောကရောက်စွာဖြင့် သူမ၏မျက်ခုံးထောင့်များကို ပွတ်သပ်လိုက်သည်။
ရှီမန်ဆုန်းသည် မှင်တက်သွားသည်။ ထို့နောက် ခေါင်းယမ်းကာ ထပ်မံ ရယ်မောလေသည် “မင်းရဲ့အစ်ကိုကြီး ငါတော့ နည်းနည်းမူးသွားပြီ၊ မင်းပြော တာက အကျိုးအကြောင်းသင့်တယ်၊ ဟုတ်ပြီ မင်း အလေးအနက်မတွေးနဲ့၊ တစ်နေ့တော့ မင်းနဲ့နတ်မိစ္ဆာဧကရာဇ်တို့က ပေါင်းစည်းနိုင်မှာပါ”
ပေထင်းဟွမ်သည် ကိုယ်ဝန်ရှိနေကာ ရှီမန်ဆုန်းသည် ထိုကိစ္စများနှင့် သူမကို မနှောင့်ယှက်ပေ။ မေးခွန်းတစ်ခုမေးပြီးနောက် သူသည် စကားလမ်း ကြောင်းလွဲသွားကာ ပေထင်းဟွမ်၏ ကျန်းမာရေးအကြောင်းမေးမြန်းကာ ပင်မတိုက်ကြီးမှ ဖြစ်ရပ်များကို ပြောပြလေသည်။
“ချင်းညောင်နဲ့ ဦးလေးမင်တို့က လေဟာနယ်ကိုဖျက်ပြီး မြောက်ပိုင်းကို သွားတာကို လူတစ်ယောက်မြင်လိုက်တယ်လို့ ပြောတယ်”
“လာတဲ့လမ်းမှာ ကျို့ယန်က မင်္ဂလာခန်းဝင်ပစ္စည်းတွေဝယ်နေတာတွေ့ ခဲ့တယ်၊ မင်းအိမ်မှာ နောက်ထပ်ပျော်စရာပွဲရှိတော့မှာလား”
ပေထင်းဟွမ်သည် ထိုကိစ္စကိုမကြားခဲ့ပေ။ စစ်ပွဲပြီးနောက် ပေထင်းဟွမ် ၏သားရဲများသည် လေဟာနယ်နေရာတွင် မနေထိုင်တော့ပေ။ မိုင်ပေါင်း တစ်သိန်းကျယ်ဝန်းသည့် ထုံရှန့်တောင်ပေါ်တွင် ဖွဲ့စည်းမှုတစ်ခုရှိသည်။ လွန်ခဲ့ သည့်နှစ်တစ်သိန်းက ယန်ယဲ့သည် မင်းသမီးဟွမ်ကျို့အား ထိုနေရာတွင် အကျဉ်းချခဲ့သည်။ ယခုအခါ အဖွဲ့အစည်းထဲတွင် များစွာသော သစ်သားအိမ် များ တည်ဆောက်ပြီးဖြစ်ကာ ပေထင်းဟွမ်၏သားရဲများနေထိုင်လေသည်။
ပေထင်းဟွမ်သည် သူတို့နေထိုင်သည့်နေရာများကို မေးခဲသည်။
“ကြည့်ရတာ မင်္ဂလာပွဲနောက်တစ်ခုရှိတော့မယ်ထင်တယ်” ပေထင်းဟွမ် သည် အနည်းငယ် အံ့အားသင့်နေသည်။ ကျို့ယန်၏ လှုပ်ရှားမှုသည် မြန်ဆန် လွန်းသည်။ ဝိညာဉ်သစ်သီးကို ချွေးမနှင့်လဲလှယ်ရသည်။ ဤအပေးအယူသည် ဈေးပေါလှသည်။
ရှီမန်ဆုန်း ယနေ့လာရသည့် ရည်ရွယ်ချက်မှာ လေဟာနယ်များ ပေါင်းစည်းခြင်းဖြစ်ကြောင်းကို ပေထင်းဟွမ်သိသည်။ ပင်မတိုက်ကြီးတွင် သူတို့၏သူငယ်ချင်းများ ဆွေမျိုးများ များစွာရှိသည်။ ပေထင်းဟွမ် နှစ်သိမ့်ပေး လေသည် “အစ်ကိုရှီမန် ကျွန်မအဒေါနဲ့ဦးလေးလည်း ပင်မတိုက်ကြီးမှာနေနေ ကြတယ်၊ သူငယ်ချင်းတွေလည်းအများကြီးရှိတယ် သူတို့တွေက ကျွန်မကို ကူညီဖို့ အခုထိကြိုးစားနေရလိမ့်မယ်၊ ဝိညာဉ်နတ်ဘုရားမျိုးနွယ် ပျက်စီးသွား ကြောင်းကို သူတို့ကို မြန်မြန်ပြောရမယ်”