← Chapters

လေဟာနယ်များပေါင်းစည်းခြင်း၊ အခန်းပို (၇)

Vol. 85 Ch. 1698

လေဟာနယ်များပေါင်းစည်းခြင်း၊ အခန်းပို (၇)

Vol. 85 Ch. 1698

မူလက အစည်းအဝေးကိုပါဝင်လျှင် သူမအတွက် အရှက်ရစရာများစွာရှိ လိမ့်မည်ဟု ပေထင်းဟွမ် တွေးခဲ့သည်။ အစည်းအဝေးတိုင်းတွင် ထိုဝန်ကြီးများ သည် ကိစ္စများကို အသေးစိတ်ရှင်းပြပြီး အကြံပြုချက်များစွာပေးသဖြင့် ပေထင်းဟွမ် ဆုံးဖြတ်ချက် အလွယ်တကူချနိုင်မည်ဟု မည်သူထင်ထားမည် နည်း။

ပေထင်းဟွမ်သည် ပင်မတိုက်ကြီးမှ ၃၃ ကောင်းကင်ဘုံအထိ ဟွမ်ချန်း၏ တာဝန်ရှိသူဖြစ်ခဲ့ရာ ထိုအရာများသည် သူမအတွက် မခက်ခဲလှပေ။

သည်လိုနှင့် သူမ အကြိမ်ပေါင်းများစွာ မှန်မှန်ကန်ကန်ဆုံးဖြတ်ချက်ချ ပြီးနောက် ယန်ယဲ့၏အမှုထမ်းများသည် သူမအား ပို၍လေးစားလာသည်။

ထိုညတွင် ပေထင်းဟွမ်၏ သားရဲများအားလုံးသည် သွေးလနန်းတော်သို့ ရောက်လာပြီး ပေထင်းဟွမ်၏ဘေးတွင်ရပ်နေကြသည်။ နဂါးနက်ဧကရာဇ်နှင့် ကျားဖြူတို့သည် သူတို့၏မူလခန္ဓာကိုယ်သို့ပြောင်းပြီး သွေးလနန်းတော်ကို ပတ်နေသည်။

မြေကြီးသည် ခပ်ကြမ်းကြမ်းလှုပ်ခါသွားကာ ၃၃ ကောင်းကင်ဘုံတွင် အလင်းတန်းများ လင်းလာသည်။ လေးဘက်လေးလံမှ တုန်ခါသောအသံများ ထွက်လာသည်။ အသံကျယ်လာသည်နှင့် ရောင်ဝါသည် ၃၃ ကောင်းကင်ဘုံ တစ်ခုလုံးကို စတင်ဖုံးအုပ်တော့သည်။

“လေဟာနယ် လေဟာနယ် လှုပ်နေပြီ”

၃၃ ကောင်းကင်ဘုံမှလူပီသစွာပင် သူသည် ကမ္ဘာကြီးပေါ်တွင် ကိစ္စကြီး များကို မြင်တွေ့ခဲ့သည်။ နဂိုက လူများ ကြောက်လန့် ရမည့် မြင်ကွင်းတစ်ခု ပေါ်လာမည်ဟု ထင်ထားခဲ့သည်။ အားလုံးသည် အိမ်ထဲမှထွက်လာပြီး ဖော်မပြ နိုင်လောက်အောင် တောက်ပသော ကောင်းကင်ကိုကြည့်ကြသည်။

“အရှင် မကြောက်ပါနဲ့ ဧကရာဇ်က လေဟာနယ်ကို ရွှေ့ပြောင်းနေတာ၊ လေဟာနယ်လေးခုက ၃၃ ကောင်းကင်ဘုံနဲ့ ဆက်သွယ်နေပြီ” နဂါးနက် ဧကရာဇ်၏ ကြီးမားသောနဂါးကိုယ်သည် သွေးလနန်းတော်ကို ရစ်ပတ်ကာ ပေထင်းဟွမ်အား နှစ်သိမ့်လေသည်။

ပေထင်းဟွမ်သည် မကြောက်ပေ။ ထိုအခိုက်တွင် သူမသည် ယန်ယဲ့အား စိုးရိမ်ရုံသာဖြစ်သည်။

လေဟာနယ်အား လှုပ်ခါသွားစေရန် လိုအပ်သည့် စွမ်းအင်ပမာဏမှာ တွေးမရလောက်အောင်ပင်။ ပေထင်းဟွမ် သန္ဓေတည်နေသည်မှာ လပေါင်း များစွာကြာနေပြီဖြစ်ကာ ယခုအခါ ဗုံတစ်လုံးကဲ့သို့ စူနေပြီဖြစ်သည်။ သူမသည် အချိန်မရွေးမွေးဖွားနိုင်သည်။ သို့သော် ယန်ယဲ့သည် ထွက်မလာခဲ့ပေ။ ယန်ယဲ့ မည်မျှသန်မာသည်ကို သူမ မသိပေ။ လေဟာနယ်ကို ပြုပြင်သည့်အထိ သူမ တောင့်ခံနိုင်ပါ့မလားမသိပေ။

သူမ ရောင်ဝါအား စိုးရိမ်စွာကြည့်နေချိန်တွင် ပူနွေးသောအရာတစ်ခု သည် ခြေထောက်ကြားမှ စီးကျလာသည်။ ပေထင်းဟွမ်သည် အော်လိုက်သည် နှင့် ယောင်ယောင်နှင့်အားဝေတို့သည် သူမအား တွဲကြလေသည်။

နဂါးနက်ဧကရာဇ်နှင့် ကျားဖြူတို့သည် စိုးရိမ်တကြီး ကြည့်ကြလေသည်။

“ငါ ငါ မွေးတော့မယ်” ပေထင်းဟွမ်သည် ရှက်ရွံ့စွာဖြင့် ပြောလေသည်။ ထိုအချိန်တွင် ဝမ်းနာသည့်ခံစားချက်ဖြစ်ပေါ်လာကာ သန္ဓေသားသည် ဤကမ္ဘာပေါ်သို့ ထွက်လာတော့မည်ဖြစ်ကြောင်း ခံစားရလေသည်။

ထိုညသည် ပတ္တမြားကမ္ဘာအတွက် ပုံမှန်မဟုတ်သောညပင်။ ထိုညသည် ယန်းမိုထျန်းမျိုးနွယ်အတွက် အမှတ်ရစရာနေ့ပင်ဖြစ်သည်။

အရုဏ်တက်သောအခါ ကောင်းကင်မှ မနက်ခင်းအလင်းရောက်မလာခင် တွင် ကမ္ဘာကြီးတစ်ခုလုံး တဒင်္ဂတုန်ခါသွားပြီး တိုက်မိသည့်ခံစားချက်သည် အဘက်ဘက်မှ ရောက်လာသည်။ ပေါက်ကွဲသံသည် လူများ၏ နားစည်ထဲသို့ တိုးဝင်လာသည်။

ထိုအချိန်တွင် သွေးလနန်းတော်ထဲ၌ အော်သံတစ်ခုသည် တုန်ယင်စွာ ထွက်ပေါ်လာသည်။

ယန်ယဲ့သည် ကလေးငိုသံကြားသည်နှင့် အိပ်မောကျနေရာမှ နိုးလာ၏။ သူ၏တစ်ကိုယ်လုံးသည် ထိုအသံနှင့် ရေချိုးလိုက်သကဲ့သို့ ခြေလက်များနှင့် အရိုးများသည် ရေပူစမ်းထဲတွင် စိမ်နေရသလိုပင်။ တောက်ပသည့်သွေးရောင် အလင်းသည် ခန်းမအဘက်ဘက်မှ ထွက်ပေါ်လာသည်။

“လေဟာနယ်ရဲ့သားတော် မွေးလာပြီ”

၃၃ ကောင်းကင်ဘုံ၏ ဧကရာဇ်များသည် လေပေါ်တွင်ရပ်နေကြသည်။ မူလက သူတို့သည် တခြားလေဟာနယ်မှ ကျင့်ကြံသူများရောက်လာမည်ကို စောင့်ဆိုင်းနေကြသော်လည်း ထိုအသံနောက်ပါသွားကာ သွေးလနန်းတော်ဆီ သို့ တညီတညာတည်း ကြည့်ကြလေသည်။

“လေဟာနယ်ရဲ့သားတော်က ဘယ်လိုလဲမသိဘူး”

“ဘယ်လေဟာနယ်ကလာလာ၊ သူက အနာဂတ်မှာ အခြေအနေကို မွှေမယ့်လူဖြစ်လာမှာပဲ”

လေဟာနယ်များ ပေါင်းစည်းလျှင် ၃၃ ကောင်းကင်ဘုံ၏ ရောင်ဝါသည် အဘက်ဘက်သို့ ပြန့်ကျဲမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အမှောင်နတ်မိစ္ဆာ ဘုံတစ်ခုလုံးမှ နတ်မိစ္ဆာစွမ်းအင်သည် ရုတ်တရက် ထူလာသည်။ ၃၃ ကောင်းကင်ဘုံသို့ တခြားလေဟာနယ်မှရောက်လာသည်။

ယင်နှင့်ယန်တို့သည် တစ်ခုနှင့်တစ်ခု တုံ့ပြန်ပြီး စကြာဝဠာသည် အစဉ် လိုက်ပင် ၃၃ ကောင်းကင်ဘုံသည် အေးချမ်းပြီးရင်း အေးချမ်းနေသည်။

All Chapters