ဖန်ဝေ၊ ဆာကဲနှင့် ယွိယွိ
Vol. 85 Ch. 1699
ငါစဉ်းစားနေခဲ့တယ်။ လွန်ခဲ့တြ့နှစ်တစ်သောင်းက သခင် ပျောက်သွားတဲ့ အချိန်မှာ ဘာလို့ ငါ့ကို သခင်နဲ့အတူ မလျှောက်ခိုင်းခဲ့တာလဲ။
အဲဒီအချိန်က ငါသာ နည်းနည်းရုန်းကန်ခဲ့ရင် သခင်က သူမနဲ့ စာချုပ်ကို မဖျက်ဘဲနေမလား။ သူမ သေသွားရင် ငါလည်း စာချုပ်သားရဲအနေနဲ့ လိုက် သေမှာလား။
ကမ္ဘာပေါ်မှာ အဆင့် ၁၃ ဆေးဆိုတာရှိတယ်။ ဒါပေမဲ့ နောင်တမရဆေး ဆိုတာမရှိဘူး။ နတ်မိစ္ဆာဧကရာဇ်အရှင်တောင်မှ အဲဒါကိုမသန့်စင်နိုင်ဘူး။
ငါ တစ်နေ့ပြီးတစ်နေ့ ကျိန်စာသင့်မြေမှာ လှဲလျောင်းနေခဲ့တယ်။
မင်းသမီးရှီဖုန်းက ငါနဲ့အတူ ကျိန်စာသင့်မြေကို သားရဲဘယ်လောက်များ ပို့လိုက်တာလဲ။ အဲဒီအကြောင်းကို သိရမှာပျင်းလွန်းခဲ့တာ။ ဘယ်လိုပဲဖြစ်ဖြစ် အဲထဲမှာ ငါနဲ့ ယွိယွိပါတယ်။
ယွိယွိက အမြီးသုံးချောင်းကောင်းကင်မြေခွေးဖြစ်ပြီးတော့ သခင့်နောက် ကို ပထမဆုံးလိုက်ခဲ့တဲ့သူလေ။ သူ့ သွေးသားက မဖြူစင်ပေမဲ့ သခင်က နတ် သွေးကူးပြောင်းနည်းကိုသုံးပြီး သူ့ရဲ့သွေးသားကို အမြီးကိုးချောင်းမီးမြေခွေး အဖြစ် တိုးတက်အောင်လုပ်ပေးခဲ့တယ်။ သူ့အမွေးက နက်မှောင်ပြီးတော့၊ ခြေထောက်တွေက ဖြူဖွေးတယ်၊ မျက်လုံးတွေက ပတ္တမြားတွေလို တောက်ပ တယ်။
ငါက မျက်နှာအမူအရာကို ထိန်းနိုင်တဲ့သူဖြစ်တယ်။ ငါက သခင့်နောက် ကို တစ်ချိန်လုံးလိုက်ခဲ့တယ်။ အကြောင်းအရင်းကတော့ ယွိယွိကို သဘောကျ နေလို့လေ။
သခင့်ရဲ့ သားရဲအများကြီးတွေကြားထဲကမှ မြေခွေးဆိုလို့ ငါတို့နှစ်ကောင် ပဲရှိတယ်။
ယွိယွိပြောခဲ့တယ်။ သခင်နဲ့နတ်မိစ္ဆာဧကရာဇ်တို့ လက်ထပ်တဲ့အချိန်ကျ ရင် ငါ့ကို တစ်ခုခုပြောစရာရှိတယ်တဲ့။
သခင်နဲ့နတ်မိစ္ဆာဧကရာဇ်တို့ လင်မယားဖြစ်လာခဲ့တယ်။ သခင် ကပ်ဘေးကျတဲ့အခါမှာ ငါတို့နောက်ကနေလိုက်မယ်။
ကျန်စာနဲ့နတ်မိစ္ဆာဝိညာဉ်တွေရဲ့စွမ်းအားက ငါတို့ရဲ့ခန္ဓာကိုယ်ကို ရိုက်ခတ်ခဲ့တယ်။ ယွိယွိပြောခဲ့တယ်။ သူက ငါ့ကိုပြောချင်တာတစ်ခုခုရှိခဲ့တယ်။ ဒါပေမဲ့ ပြောဖို့တော်တော်ခက်ခဲ့တယ်။ ငါ သဘောတူခဲ့တယ်။
သူက ငါ့ကိုတစ်ခုခုပြောချင်ပြီး တစ်ခုခုလုပ်ချင်တယ်။ ဒါပေမဲ့ သူ တကယ် မသေချင်ဘူး။
သူ့ကို ပိုရှင်းရှင်းလင်းလင်း မြင်ချင်လို့ ငါ သူ့ကိုစိုက်ကြည့်ခဲ့တယ်။ ငါလည်း မသေချင်ဘူး။ ငါ သေသွားပြီးတော့ အဲလောက်လှတဲ့ မြေခွေးထီးကို ထပ်မမြင်ရတော့ဘူး။
“ယွိယွိ သည်းခံလို့ရမလား၊ သခင် ငါတို့ကို လာကယ်တဲ့အထိ သည်းခံ လိုက်ပါလား၊ ငါ့ကို အဲဒါပြောနိုင်မလား”
အခုအချိန်မှာ အချိန်ဘယ်လောက်ကုန်ဆုံးသွားပြီလဲ။
ငါတို့တွေ ဘယ်သူမှ မမှတ်မိကြဘူး၊ မှတ်မိနိုင်စွမ်းလည်းမရှိဘူး၊ အသက် ရှင်နိုင်ရင် ရှင်မယ်။ မရှင်နိုင်ရင် သေမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျိန်စာသင့်မြေမှာ သုံးရက်တစ်ကြိမ် သားရဲတွေသေနေကြပြီ။
လွန်ခဲ့တဲ့ ၂ နှစ်မှာ သူတို့အားလုံးနီးပါးသေသွားခဲ့ရတယ်။ အများကြီး ရပ်တန့်သွားသလိုပဲ။ ငါ့ကို စောင့်ဆိုင်းနေပြီလား။
ငါ ရုတ်တရက် ယွိယွိပြောတာကို နားထောင်ချင်ခဲ့တယ်။ ဒါပေမဲ့ ငါ သိတယ်။ ငါ မလုပ်နိုင်ဘူး။ ငါ သူ့ကို မပြောခိုင်းရက်ဘူး။ သူ အသက်ရှင်ဖို့ ကျန် သေးတယ်။ အနာဂတ်မှာ ငါ့ထက်ပိုလှတဲ့ မြေခွေးမလေးကို ရှာပြီး ပိုလှတဲ့ မြေခွေးလေးတွေ မွေးလိုက်တာ အကောင်းဆုံးပဲ။
ငါ မကောင်းတာတွေ လျှောက်တွေးမိပြန်ပြီ။ ကိုယ့်ကိုယ်ကိုယ် မထိန်း ချုပ်နိုင်တော့ဘူး။
အခု ငါအတွေးရပ်အောင် လုပ်ပေးမယ့်သူရှိရင် လုပ်ပေးပါ။
ငါသေသွားတော့မှာလား။ အဲဒါကြောင့် ပျော်စရာတွေမတွေးနိုင်တော့ တာလား။
တစ်ခါတလေ နေ့မှာ အတွေးလွန်ပြီး ညကျအိပ်မက်မက်တယ်။ ယွိယွိ နင် ပြောချင်တာကို ငါကြားနေရတယ်တဲ့။
“ကျို့အာ မင်း အသက်ရှင်နိုင်တယ်၊ ငါ မင်းကိုအမြဲတမ်းပြောချင်တာက မင်း အသက်ရှင်ရမယ်၊ အနာဂတ်မှာ မင်းမှာ အနက်ရောင်မြေခွေးလေးရှိလာ ရင် ငါ့လောက်ချောရင် ငါ့နာမည်ကိုပေးလို့ရတယ်၊ သူ့ကို ငါ့နာမည်ပေးလိုက်ပါ”
ယွိယွိပြောလိုက်တဲ့စကားကို ကြားလိုက်ရသလိုပဲ။ သူလည်း မဟုတ်တာ လျှောက်တွေးနေတာပဲ။ ငါ တွေးတာထက်တောင် ပိုပြီးအံ့ဩဖို့ကောင်းနေသေး တယ်။ ငါက ငွေရောင်မြေခွေးလေ၊ အဖြူရောင်မြေခွေးမှမဟုတ်တာ။ ငါ အနက် ရောင်မြေခွေးကိုလက်ထပ်ရင်တောင် ယွိယွိလိုမျိုး တစ်ကိုယ်လုံး အနက်ရောင် မြေခွေးကိုမွေးနိုင်မှာမဟုတ်ဘူး။ နှင်းဖြူရောင် ခြေလေးချောင်းမြေခွေးကိုပဲ မွေးရလိမ့်မယ်။
စွမ်းအင်နဲ့ဝိညာဉ်ပြန်လာတာကို ငါ ခံစားမိတယ်။ ငါ့ခန္ဓာကိုယ်ထဲမှာ အပို တစ်ခုခုရှိနေပြီ။ အဲဒါက ယွိယွိရဲ့ ဝိညာဉ်ဆေးဆိုတာကို ငါသိခဲ့ရတယ်။
သူက ငါ့ဘေးမှာ လှဲလျောင်းနေပြီ။ လက်တစ်ဖက်ကို ငါ့ခါးပေါ်မှာတင် ထားပြီး သူ့ရဲ့လှပတဲ့နှုတ်ခမ်းတွေက ငါ့နှုတ်ခမ်းကို အသာအယာထိလိုက်တော့ သူ့ရဲ့ပတ္တမြားမျက်လုံးထဲမှာ ငါ့ရဲ့မျက်နှာက ရောင်ပြန်ဟပ်သွားသလိုပဲ။ ဒါပေမဲ့ အမူအရာမရှိတော့ပေ။
သူက ငါ့ကို ဝိညာဉ်ဆေးပေးခဲ့တယ်...