← Chapters

ကျို့ယန်နဲ့ဆာကဲ

Vol. 85 Ch. 1700

ကျို့ယန်နဲ့ဆာကဲ

Vol. 85 Ch. 1700

ယွိယွိသေသွားရင်တောင် သူ့ရဲ့စကားတွေကို ငါ မမေ့ရဲဘူး။

ငါ့ခန္ဓာကိုယ်ထဲက ယွိယွိရဲ့ဝိညာဉ်ဆေးနဲ့ သူက ငါ့ကို စွမ်းအင်နဲ့ဝိညာဉ် တွေအားလုံးပေးခဲ့တယ်။ အဲတော့ ငါ ပိုပြီးလျှောက်တွေးနိုင်ခဲ့တယ်။ စွမ်းအင်နဲ့ ဝိညာဉ်တွေ ကုန်ခမ်းသွားမှာမကြောက်သလို သခင့်ကို မထောက်ပံ့နိုင်မှာကို မကြောက်တော့ဘူး။

ကျိန်စာသင့်မြေမှာ သားရဲ ၇ ကောင်ပဲရှိတော့တယ်။ အားဇီက သားမွေး ပြီးဆုံးသွားတော့ ၆ ကောင်ပဲကျန်တော့တယ်။ အဂူးက ထွက်သွားပြီး ပြန်မလာ တော့ဘူး။ အဲတော့ ၅ ကောင်ပဲကျန်တော့တယ်။

သားရဲ ၅ ကောင်ထဲမှာ ငါက အတက်ကြွဆုံးပဲ။ သူတို့အားလုံးသေရင် တောင် ငါ သေလို့မရဘူး။

သူတို့အားလုံးသေသွားပြီး ငါ အသက်ရှင်နေရင်လည်း ဘာလုပ်ရမှာလဲ။

ငါ တစ်နေ့လုံး မဟုတ်တာတွေပဲ တွေးခဲ့တယ်။ နောက်ဆုံးတစ်ခေါက် ယွိယွိ ငါ့ရဲ့နှုတ်ခမ်းတွေကို ထိခဲ့တဲ့ခံစားချက်တွေ၊ သူ့ရဲ့ ဖြူဖွေးပြီး နူးညံ့တဲ့ လက်တွေနဲ့ နောက်ဆုံးအနွေးဓာတ်အရိပ်အယောင်တွေကိုတွေးခဲ့တယ်။ နောက်ဆိုရင် သူနဲ့တူတဲ့ မြေခွေးလေးကို မွေးခွင့်ပြုတယ်လို့ သူ ပြောခဲ့တယ်။ သူနဲ့တူတဲ့ မြေခွေးလေးကို သူ့နာမည်ပေးဖို့ပြောခဲ့တယ်။

“ယွိယွိ မင်းမရျိရင် ငါ ဘယ်လိုလုပ် အဲလိုမြေခွေးဖြစ်နိုင်မှာလဲ”

နောက်ဆုံးတော့ သခင်ရောက်လာခဲ့တယ်။ သူမက တကယ်ပဲ ပြန်ဝင်စား ခဲ့တာဖြစ်မယ်။ အဲတုန်းက ငါ တွေးခဲ့တာ။ နတ်မိစ္ဆာဧကရာဇ်က သခင့်ကို ပြန် မွေးဖွားအောင်လုပ်နိုင်ခဲ့တယ်။ ငါကရော။ ယွိယွိ ပြန်လာနိုင်မလား။

ငါသိပါတယ်။ ငါ မလုပ်နိုင်ဘူး။ နတ်ဆိုးဝိညာဉ်တွေက လူတွေရဲ့ ဝိညာဉ် ကို တိုက်စားနိုင်တယ်။

သခင့်မှာ တစ်ကိုယ်လုံးအမွေးနီနီတွေရှိတဲ့ အမြီးကိုးချောင်းမြေခွေးရှိ တယ်။ ငါသူ့ကိုမြင်လိုက်တဲ့အချိန်မှာ အရမ်းစိတ်ပျက်ခဲ့တယ်။ ကံကောင်းလို့ သူ့မှာ ယွိယွိ နင့်လိုမျိုး ပတ္တမြားနဲ့တူတဲ့ မျက်လုံးတစ်စုံရှိတယ်။

သူက ငါ့ကိုအမြဲတမ်း အဲဒီပတ္တမြားမျက်လုံးတွေနဲ့ ကြည့်တတ်တယ်။ ငွေရောင်မြေခွေးနဲ့ မီးမြေခွေးပေါင်းစပ်လိုက်ရင် ယွိယွိလိုမျိုး မြေခွေးမွေးထုတ် နိုင်မလားဆိုတာ ငါသိချင်တယ်။

အဲဒါက ငါ့ရဲ့စွဲလမ်းမှုဖြစ်ခဲ့တယ်။

ငါက သူ့ကိုအထင်သေးပေမဲ့ သူ့ကို မကြိုက်တာသေချာရဲ့သားနဲ့ သူက ငါ့ကိုအမြဲတမ်းစိုက်ကြည့်နေခဲ့တယ်။

မြေခွေးကတော့ မြေခွေးပီသပါတယ်။ သူက ငါ့အတွေးတွေအကုန်လုံးကို ဖတ်တိုင်သလိုပဲ။ ငါ စပျစ်သီးစားရတာကို ကြိုက်တာကို သူသိနေတယ်။ သူက တောင်တွေဆီက လက်ချောင်းအရွယ်အစား စပျစ်သီးအရိုင်းတွေကို ခူးခဲ့တယ်။ အဲဒါကို ငါက သုံးဆကြီးတဲ့စပျစ်သီးကို စိုက်ဖို့ ဖိအားပေးခဲ့တယ်။ အဲဒါတွေက ငါစားဖူးသမျှထဲမှာ အကောင်းဆုံးစပျစ်သီးတွေပဲ။

တစ်နေ့ ငါ သူ့ကိုမေးခဲ့တယ် “နင်က ဉာဏ်ကောင်းတာပဲ၊ ငွေရောင် မြေခွေးနဲ့ မီးမြေခွေးတို့က အနက်ရောင်မြေခွေးကိုမွေးလို့ရလား၊ ခြေလေး ချောင်းလုံးမှာ နှင်းဖြူရောင်အမွေးတွေရှိပြီး တစ်ကိုယ်လုံးအနက်ရှိတဲ့မြေခွေး လေ”

“ဒါပေမဲ့ နင့်လိုမျက်လုံးတွေရှိရမယ်”

သူပြုံးခဲ့တယ်။ ပထမဆုံးအနေနဲ့ ဒီလူက ပြုံးလိုက်တဲ့အချိန်မှာ တော်တော်ဆွဲဆောင်မှုရှိတာကို သိခဲ့ရတယ်။

ငါက မီးမြေခွေးကို ကြည့်ရတာမကြိုက်ပေမဲ့ မနက်ရောင်မြေခွေးမှာ အလှတရားရှိတယ်လို့ထင်တယ်။

“မစမ်းကြည့်ဘဲနဲ့ ဘယ်လိုသိမှာလဲ” သူ ပြောခဲ့တယ်။

ငါ့မှာ ရွေးချယ်စရာမရှိဘူး။ ယွိယွိရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းချင် တယ်ဆိုရင် ငါကြိုးစားပြီး ရလာတဲ့အခွင့်အရေးကို ကြိုးစားသင့်တယ်ဆိုတာ ငါ သိပါတယ်။ ငါ ပိုင်ဝမ်လီထုံရှန့်တစ်ခုလုံးမှာ ရှာခဲ့ဖူးတယ်။ ဒါပေမဲ့ အနက်ရောင် မြေခွေးကို ရှာမတွေ့ခဲ့ဘူး။

ယွိယွိသေသွားပြီးတော့ ၃၃ ကောင်းကင်ဘုံမှာ မြေခွေးဆိုလို့ ကျို့ယန်နဲ့ငါ နှစ်ယောက်တည်းပဲရှိတယ်ထင်တယ်။

အနက်ရောင်မြေခွေးမွေးဖို့ တခြားမျိုးစိတ်လည်းရှာမတွေ့ခဲ့ဘူး။ ဖြစ်နိုင်ခြေကတော့ သုညပဲ။

ဝိညာဉ်နတ်ဘုရားမျိုးနွယ်နဲ့ တိုက်ပွဲမှာ ငါ ဒဏ်ရာရခဲ့တယ်။ ကျို့ယန်က ဒဏ်ရာတွေကိုကုဖို့ နတ်ဆေးပင်နဲ့ ဝိညာဉ်သစ်သီးတွေကို သွားခူးပေးခဲ့တယ်။ သူလည်း အပြင်းအထန်ဒဏ်ရာရခဲ့ပေမဲ့ ငါ့ကိုမပြောခဲ့ဘူး။ ငါ သိသွားတော့ မျက်ရည်တွေကျခဲ့ရတယ်။ သူနဲ့မြေခွေးလေးမွေးတာ ကောင်းမယ်လို့ထင် တယ်။

ငါ မြေခွေးလေးတွေ မွေးခဲ့တယ်။ အစတုန်းက မြေခွေးသုံးကောင် ထွက် လာခဲ့တယ်။ ငွေရောင်ရယ် အနီရောင်ရယ်၊ တစ်ကောင်က ငွေရောင်နဲ့ အနီရောင် ရောလျက်လေ။ ငါ စိတ်ပျက်ပြီး အားလျော့တော့မယ့်အချိန်မှာ နောက်ဆုံးမြေခွေးထွက်လာခဲ့တယ်။

အနက်ရောင်၊ နှင်းဖြူရောင်ခြေထောက်နဲ့ အနီရဲရဲမျက်လုံးတွေနဲ့လေ။

သူ ကြည့်လိုက်တဲ့အချိန် သူ့မျက်လုံးတွေထဲမှာ မျက်ရည်တွေရှိနေသလို ပဲ။

“ယွိယွိ” ငါ့မျက်ရည်တွေ ကျလာခဲ့တယ်။

ကျို့ယန်ပြောခဲ့တယ်။ အငယ်ဆုံးသားကို ယွိယွိလို့ပေးမယ်တဲ့။

All Chapters