#ပုန်းကွယ်နေသည့် သတ်ဖြတ်ခြင်းဆန္ဒ#
Vol. 53 Ch. 744
သံသယဖြစ်စရာအများကြီးရှိသဖြင့် ရလဒ်အဖြစ် မုဖူရှန်းပို၍ပင် သတိထားလာရသည်။
အကယ်၍ တိမ်ပြာဓားကို မုဖူရှန်း၏ ကိုးသွယ်ရှေးဦးမိုးကြိုးနှင့် တစ်ချိန်တည်းတွင် သုံးပါက သူတို့သံသယဖြစ်စရာအချက်များ မတွေ့ပါက အမှန်တကယ် ပြဿာနာရှိတော့မည်မဟုတ်။
သို့သော်ခြွင်းချက်တစ်ခုရှိသည်။
ရှောင်ဟိုင်ပူပန်စွာမေးသည်။
"အစ်ကိုကြီး၊ အခုတိမ်ပြာဓားကို သုံးလိုက်ရင် အစ်ကိုကြီးအားနည်းသွားမှာမလား"
ယဲ့ချိုးပိုင် အနည်းငယ်ခေါင်းခါယမ်းသည်။
"အားနည်းမှုက ရှောင်လွှဲလို့မရဘူးဆိုပေမယ့် ဒါကလည်း လိုအပ်တယ်လေ"
တကယ်တမ်းတွင် ဒါကိုစူးစမ်းပြီးနောက် တိုက်ရိုက်မစုပ်ယူပါက တစ်ခုခုမှားယွင်းသွားပါက စေ့စပ်ညှိနှိုင်းရန် နေရာရှိတော့မည်မဟုတ်။
ထိုအချိန်တွင် လင်းကျိနန်နှင့် စုမုယောင်တို့က ရှေ့တိုးပြီး စတင်စုပ်ယူရန်ပြင်နေတာကို မြင်ရသောအခါ ယဲ့ချိုးပိုင်အချိန်မီ နားချလိုက်၏။
"ခဏစောင့်ဦး"
လင်းကျိနန်နှင့် စုမုယောင်တို့က စိတ်ရှုပ်ထွေးစွာ လှည့်လာပြီး ယဲ့ချိုးပိုင်အား ကြည့်သည်။
အကယ်၍ ဒါက တစ်ခြားတစ်ယောက်ယောက်သာဆိုပါက ယဲ့ချိုးပိုင်က ဒါကိုတစ်ကိုယ်တည်းချုပ်ကိုင်ရန် ရည်ရွယ်ချက်နှင့် သူတို့ကို တားဆီးခြင်းဖြစ်သည်ဟု တွေးမိကြမည်သာ။
သို့စေကာမူ ယဲ့ချိုးပိုင်အပေါ် လင်းကျိနန်နှင့် စုမုယောင်တို့၏ နားလည်မှုအရ သူက ဒီလိုအရာမျိုး ဘယ်တော့မှ လုပ်မည်မဟုတ်ပေ။
လင်းကျိနန် စိတ်ရှုပ်ထွေးစွာမေးသည်။
"အစ်ကိုယဲ့၊ ပြဿာနာတစ်ခုခုရှိလို့လား"
လင်းကျိနန်ရယ်မောရင်း ကြယ်စင်စုကို ကြည့်လိုက်၏။
"ဒီနေ့ဖြစ်ပျက်တာတွေကို မင်းတို့ မဖြန့်ဝေကြဖို့ ငါမျှော်လင့်ပါတယ်"
ဒါကိုကြားသောအခါ လင်းကျိနန်နှင့် စုမုယောင်တို့က ကြက်သေသေသွားကြသည်။
သို့စေကာမူ သူတို့ထပ်မတွေးခင်မှာပင် နှစ်ယောက်စလုံးက တစ်ချိန်တည်းတွင် ကျယ်လောင်စွာ ပြောလိုက်သည်။
"ငါကောင်းကင်ဘုံတာအိုကို ကျိန်ဆိုပါတယ်၊ ဒီနေ့ဖြစ်ပျက်တာကို ငါသာ ဖွင့်ဟလိုက်မယ်ဆိုရင် ကောင်းကင်ဘုံကပ်ဘေးကြောင့် ငါသေချာပေါက် ဒဏ်ရာရပြီး ငါ့ဝိဉာဉ်က ပျက်စီးသွားပါရစေ"
သူတို့နှစ်ယောက်ပြောပြီးသည်နှင့်တစ်ပြိုင်နက် ကောင်းကက်ဘုံတာအိုကျန်းကျိန်ချက်အဖြစ် မိုးကြိုးက သေမင်းဝိဉာဉ်မြို့အပြင်ဘက် ကောင်းကင်၌ လင်း၀င်းသွားခဲ့သည်။
အဖျက်အော်ရာတစ်ခုက လေဟာနယ်တစ်ခုလုံး၌ ပြည့်နှက်သွားခဲ့သည်။
ဒါကိုမြင်သောအခါ အပြင်ပက အဓိကအင်အားစုများစွာက ကြက်သေသေသွားကြ၏။
တစ်ယောက်ယောက် ကောင်းကင်ဘုံတာအိုကို ကျိန်ဆိုခဲ့တာလား!
ဒီလိုအခြေအနေမျိုး ဖြစ်ပျက်လာသောအခါ ဒါက ကောင်းကင်ဘုံတာအိုက သူတို့ကျိန်ဆိုချက်ကို သဘောတူသည်ဟု ဆိုလိုနေခြင်းပင်။
ဒီကျမ်းသစ္စာကိုသာ ချိုးဖျက်မိပါက ကျမ်းကျိန်ချက်အရ စုမုယောင်၏ လင်းကျိနန်တို့၏ ဝိဉာဉ်များကို ဖျက်ဆီးပစ်ပေလိမ့်မည်။
စုမုယောင်နှင့် လင်းကျိနန်တို့ ပြောဆိုပြီးနောက် ယဲ့ချိုးပိုင်ပြုံးသည်။
"မင်းတို့ဒီလိုလုပ်စရာ မလိုပါဘူး"
သို့စေကာမူ လင်းကျိနန်က ခေါင်းခါယမ်းရင်း လေးနက်စွာပြောသည်။
"ဒါကမင်းအတွက် ဘေးအကင်းဆုံးနည်းလမ်းပါ"
စုမုယောင်ကလည်းခေါင်းညိတ်သည်။
သူမ ယဲ့ချိုးပိုင်၊ မုဖူရှန်းနှင့် ရှောင်ဟိုင်တို့ဆီကနေ နောက်ထပ်စေတနာကောင်းတစ်ခုကို ရရှိခဲ့သည်။
အလင်းဖန်သားပြင်က လူက ယဲ့ချိုးပိုင်တို့သုံးယောက်ကို သိချင်စိတ်ဖြင့် ကြည့်သည်။
သူတို့ဘာလုပ်ကြမလဲဆိုတာ သူမြင်ချင်သည်။
အရာအားလုံး အဆင်သင့်ဖြစ်သောအခါ ဆန်းကြယ်ယင်ခရမ်းမိုးကြိုးနှင့် ရွှေကောင်းကင်ဘုံအပြစ်ပေးနတ်မိုးကြိုးတို့က မုဖူရှန်းလက်များပေါ်၌ ရုတ်တရက် ပေါ်လာခဲ့သည်။
ဒါက မိုးကြိုးအမျှင်တန်းများသာ ဖြစ်သည့်တိုင် သူ့လက်ချောင်းများကြား၌ ကခုန်နေပြီး ယှဉ်၍မရနိုင်သည့် ကြောက်မက်ဖွယ်ရာ အဖျက်အော်ရာတစ်ခုကို ထုတ်လွှတ်ပေးနေသည်။
ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင် အသက်ပြင်းပြင်းရှုရင်း ဓားအိမ်ထဲတွင် ဝှက်ထားသည့် ရှေးဟောင်းဓားတစ်လက် သူ့လက်ထဲတွင် ပေါ်လာသည်။
သို့စေကာမူ ဓားပေါ်ပေါက်လာသည့် အခိုက်အတန့်၌ လင်းကျိနန်ရော စုမုယောင်၏ အမူအရာပါ ရုတ်တရက် ပြောင်းလဲသွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိကြ၏။
ဒီရိုးစင်းပုံပေါ်သည့်ဓားကို ဓားအိမ်ထဲတွင် ဝှက်ထားသည့်တိုင် အဆုံးမဲ့ဓားမူဝါဒများက ခပ်ရေးရေး ဖော်ပြနေသည်။
သို့စေသည့်တိုင် လင်းကျိနန်နှင့် စုမုယောင်တို့က သေခြင်းတရား၏ ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။
ဒီဓားတာအိုအစက်အပျောက်များက သူတို့ကို တိုက်ခိုက်လာပါက သူတို့ခုခံနိုင်စွမ်းပင် မရှိဘဲ အသတ်ခံရတော့မည့်ပမာ။
ဒီဓားတာအိုအမျှင်တန်းက သူတို့ကိုယ်ခန္ဓာများကိုသာမက ဝိဉာဉ်ကိုပါ တုန်ယင်စေသည်။
ဘယ်ဓား၊ ဘယ်လက်နက်ကမှ ဒီလိုအရာမျိုးကို မလုပ်နိုင်ပေ။
စုမုယောင်နှင့် လင်းကျိနန်တို့က ထိပ်တန်းလျှို့ဝှက်ဂိုဏ်းများ၏ ထိပ်တန်းပါရမီရှင်များ ဖြစ်ကြသည်။
သူတို့က ကောင်းကင်အင်မော်တယ်လက်နက်များ အပါအဝင် လက်နက်များစွာကို တွေ့ဖူးကြသည်။
ယဲ့ချိုးပိုင်လက်ထဲက ဓားကရော!
သူတို့ထံယူလာသည့် ထိတ်လန့်မှုနှင့် ခြိမ်းခြောက်နိုင်စွမ်းက ထိုကောင်းကင်အင်မော်တယ်လက်နက်များပင် မယှဉ်နိုင်သည့် အရာတစ်ခုပေတည်း။
ဒီဓား!
ဒီဓားကဘယ်အဆင့်ကို ရောက်နေပြီလဲ!
လင်းကျိနန်နှင့် စုမုယောင်တို့က အကြည့်များကို ဆက်လက်ရှောင်ရှားနေရသည်။ သူတို့ ဓားအိမ်ပါသည့်ဓား၏ ထက်ရှမှုကို တိုက်ရိုက်ပင် မကြည့်နိုင်ကြပေ။
တစ်ချိန်တည်းမှာပင် သူတို့တွေးလိုက်မိကြသည်။ ယဲ့ချိုးပိုင်သူတို့ကို ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောရန်အတွက် လေးနက်စွာ ပြောခဲ့သည်မှာ အံ့ဩသင့်စရာမရှိတော့။
ယဲ့ချိုးပိုင်တွင် ဒီလိုဓားတစ်လက်ရှိသည့် ကိစ္စကသာ ဖော်ထုတ်ခံလိုက်ရမည်ဆိုပါက အလယ်အလတ်အဆင့်ကြယ်နယ်မြေ တစ်ခုလုံးက သေချာပေါက် တုန်ခါသွားပေလိမ့်မည်။
သူတို့က ယဲ့ချိုးပိုင်နောက်ကနေ တိတ်တဆိတ်လိုက်ကာ ဒီဓားကို အပိုင်သိမ်းယူကြပေလိမ့်မည်။
ဝိဉာဉ်အင်မော်တယ်နန်းတော်နှင့် စုမိသားစုပင်လျှင် ခြွင်းချက်မဟုတ်ပါ။
လင်းကျိနန်နှင့် စုမုယောင်တို့က တစ်ဦးကိုတစ်ဦးကြည့်ရင်း ခါးသီးစွာပြုံးသည်။
သူတို့နှစ်ယောက်က အရာတစ်ခုတည်းကို တွေးနေသည်မှာ သိသာထင်ရှားနေသည်။
အလင်းဖန်သားပြင်က လူက ဒီမြင်ကွင်းကိုမြင်သည်။
ဒီဓားကို မြင်သောအခါ သူတုန်လှုပ်သွားခဲ့သည်။ သူပင်လျှင် ဒီဓားကို ဖြတ်သန်း မြင်နိုင်စွမ်းမရှိပေ။
ဒီထဲက ဓားတာအိုက သူ့ဘ၀သက်တမ်း၌ တစ်ခါမှ မမြင်ခဲ့ဖူးသည့် အားအကောင်းဆုံးတည်ရှိမှုဟု ဆို၍ရသည်။
ထိုဓားနတ်ဘုရားများပင် ဒါကိုမလုပ်နိုင်ပေ။
ဒီလက်နက်မျိုးက အလယ်အလတ်အဆင့် ကြယ်နယ်မြေမှာ ရှိနိုင်သေးတာလား!
တိမ်ပြာဓားကို ကိုင်ထားသည့် ယဲ့ချိုးပိုင်မှာ အလင်းဖန်သားပြင်က လူကိုကြည့်ရင်း ခပ်ရေးရေးပြုံးသည်။
"စီနီယာ၊ ကျေးဇူးပြုပြီး ရိုင်းပျမိတဲ့အတွက် ခွင့်လွှတ်ပါ၊ ဒါပေမယ့် ကျွန်တော့်ရဲ့ ဒီညီလေးက သဘာ၀အတိုင်း အရမ်းသတိထားတတ်တော့ ကျွန်တော်တို့ စမ်းသပ်ကြည့်ရဦးမယ်"
မုဖူရှန်း၏မျက်နှာ မည်းမှောင်သွား၏။
အစ်ကိုကြီး၊ ဘာလို့ ကျွန်တော့်အကြောင်း ပြောနေရတာလဲ!
ယဲ့ချိုးပိုင် ဓားလက်ကိုင်ကို လက်တစ်ဖက်နှင့်ကိုင်ပြီး ကျန်တစ်ဖက်နှင့် ဓားအိမ်ကိုကိုင်ကာ မုဖူရှန်း မညည်းညူခင်မှာပင် ကြယ်စင်စုရှေ့သို့ လျှောက်သွားသည်။
တောက်ပသည့် ကြယ်စင်စုတွင် အတော်လေးကြီးမားသည့် ဝိဉာဉ်ကိုယ်ထည်တစ်ခု စီးဆင်းနေသည်။
ဒီဝိဉာဉ်ကိုယ်ထည်များက အခုတော့ ပိုင်ရှင်မဲ့နေလေပြီ။
ထိုဝိဉာဉ်ကိုယ်ထည်များကို ကြည့်ရင်း ယဲ့ချိုးပိုင် မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်၏။
အင်မော်တယ်ဓားတစ်၀က်အဆင့် ဓားဆန္ဒက သူ့တစ်ကိုယ်လုံးကို စတင်လွှမ်းခြုံသွားသည်။
သူ့အော်ရာက ဖြည်းဖြည်းချင်း မြှင့်တက်လာသည်။
သူ့စိတ်အခြေအနေက ဆက်လက်တည်ငြိမ်နေသည်။
သူတိမ်ပြာဓားကို အချိန်အကြာကြီး မသုံးခဲ့သဖြင့် ဘယ်လောက်ထိ ဆွဲထုတ်နိုင်မလဲဆိုတာကိုမသိပေ။
ရုတ်တရက် သူအခြေအနေတစ်ခုကို ရောက်သွားပုံရသည်။
ယဲ့ချိုးပိုင် ရုတ်တရက် မျက်လုံးဖွင့်လိုက်၏။
ထက်ရှသည့်ဓားဆန္ဒက သူ့မျက်သူငယ်များကနေ ပစ်ထွက်သွား၏။
တစ်ချိန်တည်းမှာပင် တိမ်ပြာဓားကို ကိုင်ထားသည့် လက်အစုံကလည်း ခွန်အားကို သုံးခဲ့သည်။
ရုတ်ချည်းဆိုသလို တိမ်ပြာဓား၏ ထောင့်တစ်နေရာက ဆွဲထုတ်ခံရသည်။
ဒီထောင့်ကို ဆွဲထုတ်လိုက်သည့် အခိုက်အတန့်၌ ဓားတာအို၍ပဒေသအမျှင်တန်းများက လေဟာနယ်တစ်ခုလုံးအတွင်း မုန်တိုင်းတစ်စင်းပမာ ဖြတ်သန်းသွား၏။
အလွန်အမင်းထက်ရှသည့် ဓားတာအိုဥပဒေသ(ဓားတာအိုနိယာမ)က ဒီလေဟာနယ်ကို အက်ကြောင်းများအဖြစ် အဆက်မပြတ် အက်ကွဲစေသည်။
ဒီအလွန်အမင်းထက်ရှသည့် ဓားတာအိုဥပဒေသက ဘယ်သူ့ကိုမှ မခုခံနိုင်အောင် လုပ်နေသည်။
လင်းကျိနန်၊ စုမုယောင်နှင့် အလင်းဖန်သားပြင်ထဲက လူတို့က တုန်လှုပ်သွားကြ၏။
ယဲ့ချိုးပိုင်၏မျက်နှာက ဖြူရော်နေပြီး တိမ်ပြာဓားကို ဆက်လက်ထုတ်နေစဉ် သူ့လက်မောင်းများပင် တုန်ယင်နေသည်။
တိမ်ပြာဓားက မှေးမှိန်သည့် ဓားကြွေးသံများကို ထုတ်လွှတ်ရင်း ကမ္ဘာကြီးတစ်ခုလုံးကို တုန်ခါစေသည်။
ဓားက ဖြည်းဖြည်းချင်း ဆွဲထုတ်ခံနေရသည်။
တစ်ချိန်တည်းမှာပင် ဓားတာအိုနိယာမက ကြယ်စင်စုနောက်ကနေလိုက်ပြီး ထိုဝိဉာဉ်များပတ်လည်၌ ရစ်ပတ်ပစ်သည်။
မုဖူရှန်းဒါကိုမြင်သောအခါ မျက်မှောင်ကြုတ်ရင်း တိမ်ပြာဓားက ထုတ်လွှတ်သည့် ဓားတာအိုနိယာမနှင့် ကိုက်ညီရန်အတွက် မိုးကြိုးစင်းနှစ်ခုကို ချက်ချင်း အသက်သွင်းလိုက်၏။ တစ်ချိန်တည်းမှာပင် ဒါက ကြယ်စင်စု၏ ဝိဉာဉ်ထဲသို့ နက်ရှိုင်းစွာ ၀င်ရောက်သွားခဲ့သည်။
ဒီမြင်ကွင်းကိုမြင်သောအခါ အလင်းဖန်သားပြင်က လူ၏အမူအရာက နောက်ဆုံးတော့ ပြောင်းလဲသွားလေပြီ။
အလယ်အလတ်အဆင့်ကြယ်နယ်မြေက ဒီလူငယ်နှစ်ယောက် ဘာလုပ်တော့မယ်ဆိုတာ သူသိလိုက်ရသည်။
အပိုင်း(745) coming။