#ထိတ်လန့်မှု၊ အဆုံးမဲ့မြင့်မားသည့် ရည်မှန်းချက်#
Vol. 53 Ch. 745
ဓားတာအိုတွင် စိတ်လှည့်စားမှုများကို မြင်နိုင်စွမ်းရှိသည်။
စိတ်လှည့်စားမှုများ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာနတ်ဆိုးကို ရင်ဆိုင်ရာ၌ အစွမ်းထက်ဓားသမားတစ်ယောက်က တစ်ခြားကျင့်ကြံသူများထက် ၀န်းရံမှုကနေ ပို၍မြန်မြန်ချိုးဖျက်လွတ်မြောက်နိုင်သည်။
ယဲ့ချိုးပိုင် မုဖူရှန်း၏ ကိုးသွယ်ရှေးဦးမိုးကြိုးနှင့် ပေါင်းစပ်ရန်အတွက် တိမ်ပြာဓားစွမ်းအားနှင့် ဓားတာအိုနိယာမစွမ်းအားကို ငှားယမ်းခဲ့သည်။
ဒီလိုဆိုပါက ဝိဉာဉ်ကိုယ်ထည်၏ ဆန်းကြယ်မှုကို သူရှာမတွေ့နိုင်ဘူးဆိုရင် ပြဿာနာရှိလာမည်မဟုတ်။
သို့စေကာမူ မုဖူရှန်း၏နှလုံးသားထဲတွင် ဒီဧရာမဝိဉာဉ်ကိုယ်ထည်၌ သတ်ဖြတ်ခြင်းဆန္ဒတစ်ခု ပုန်းလျှိုးနေရမည်ဟု သူသိနေသည်။
အလင်းဖန်သားပြင်ကလူက ဒီမြင်ကွင်းကို မြင်သောအခါ ထိတ်လန့်သွားရသည်။
ဒါက ယဲ့ချိုးပိုင်လက်ထဲက ဓားအိမ်ပါဓားကြောင့်သက်သက် မဟုတ်သလို မုဖူရှန်းထုတ်လွှတ်သည့် မိုးကြိုးနည်းစနစ် သက်သက်ကြောင့်လည်း မဟုတ်ပေ။
သူတို့နှစ်ယောက်က သဲလွန်စတစ်ချို့ကနေ ဒါကို အမှန်တကယ်ပင် ခန့်မှန်းခဲ့ကြပြီစ လုပ်ဆောင်ခဲ့ကြသည်။
ဒါက ထိုလူမျှော်လင့်မထားသည့် အရာတစ်ခုပေတည်း။
သို့စေကာမူ ဘယ်သူမှမမြင်နိုင်သည့် နေရာတွင် ထိုလူ၏ ထိတ်လန့်နေသည့်အမူအရာက ဖြည်းဖြည်းချင်း လျော့သွားပြီးနောက် သူ့ပါးစပ်ထောင့်စွန်းက ကွေးညွတ်သွား၏။
"စိတ်ဝင်စားစရာပဲ"
ဒီလိုလူမျိုးက မသေသေးသရွေ့ အနာဂတ်တွင် ကြီးကျယ်သည့်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရပေလိမ့်မည်။
ဒီအလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် ဒီလိုလူငယ်အံ့ဖွယ်ပါရမီရှင်ရှိလိမ့်မည်ဟု သူဘယ်တော့မှ မတွေးခဲ့ပါ။
ထိုလူ၏အမြင်တွင် လူတိုင်းကို အံ့ဖွယ်ပါရမီရှင်ဟု မခေါ်နိုင်ပေ။
စုမုယောင်နှင့် လင်းကျိနန်တို့က လူငယ်မျိုးဆက်၏ ခေါင်းဆောင်များအဖြစ် ကျော်ကြားကြသည် မဟုတ်ပေလော။ သူတို့ပါရမီနှင့် ဉာဏ်ရည်ဉာဏ်သွေးက ထိပ်တန်းအဆင့်တွင် ရှိပေသည်။
သို့စေကာမူ အလင်းဖန်သားပြင်က လူ၏ အမြင်၌ ဒီလူနှစ်ယောက်က သာမန်လူများထက် အနည်းငယ်မျှသာ ပိုအားကောင်းသည်။
ထိုအချိန် ကြယ်စင်စုတွင် ဓားတာအိုနိယာမနှင့် နတ်မိုးကြိုးနှစ်ခုက ဧရာမဝိဉာဉ်ကိုယ်ထည်ကို ဖြတ်သန်းသွားလာနေကြ၏။
ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့က သူတို့ဝိဉာဉ်များကို ထိန်းချုပ်ရန်အတွက် အကောင်းဆုံး ကြိုးစားနေကြသည်။
ရှောင်ဟိုင် ဒီမြင်ကွင်းကိုမြင်သောအခါ သူ့အကြည့်ကို ယဲ့ချိုးပိုင်ထံ ပို့လွှတ်လိုက်သည်။
ယဲ့ချိုးပိုင် တိမ်ပြာဓားကို လက်နှစ်ဖက်စလုံးနှင့် ကိုင်ထားသည်။
သုံးပေရှည်သည့် တိမ်ပြာဓားကိုယ်ထည်က တစ်ပေခန့်ပင် ဆွဲထုတ်၍ ပြီးသွားလေပြီ။
သို့သော် ဒါက ယဲ့ချိုးပိုင်၏ လက်ရှိအကန့်အသတ်ကို ရောက်နေပြီဆိုတာ သိသာထင်ရှားနေသည်။
တစ်ပေခန့်ဆွဲထုတ်ပြီးနောက် ဆွဲနေတာ ရပ်သွားသည်။
ယဲ့ချိုးပိုင် တိမ်ပြာဓားကို ထိန်းသိမ်းရန် အကောင်းဆုံးလုပ်ဆောင်နေပြီး ဓားတာအိုနိယာမကို ထုတ်လွှတ်သည်။
လွှမ်းမိုးနေသည့် ဓားတာအိုနိယာမက ကြယ်စင်စုထဲ တိုး၀င်သွားစဉ် တိမ်ပြာဓားကို ဆွဲထုတ်ခြင်းမှ အစွမ်းထက်တန်ပြန် သက်ရောက်မှုကို ယဲ့ချိုးပိုင် သည်းခံနေရသည်။
သူ့လက်များက တုန်ယင်နေသည်။
သူ့အရေပြားကလည်း တစ်လက်မချင်းစီ စတင်အက်ကွဲလာပြီး သွေးများက အဆက်မပြတ် စီးထွက်လာသည်။
ဒဏ်ရာက သူ့လက်မောင်းတစ်လျှောက် ပျံ့သွားပြီး ခြေလက်များနှင့် အရိုးများထိပင် ကျယ်ပြန့်သွားသည်။
တန်ပြန်သက်ရောက်မှုနှင့် ဝိဉာဉ်ချီ လွန်ကဲစွာ သုံးစွဲမှုကြောင့် ယဲ့ချိုးပိုင်၏ မျက်နှာက အလွန်အမင်း ဖြူရော်နေသည်။
မုဖူရှန်း၏ အမူအရာကလည်း လေးနက်နေသည်။ သူလုပ်နိုင်တာအားလုံးက ဝိဉာဉ်ထဲက လျှို့ဝှက်ဆန်းကြယ်မှုကို အမြန်ဆုံး ရှာတွေ့ရန်အတွက် ယဲ့ချိုးပိုင်ထုတ်လွှတ်ထားသည့် ဓားတာအိုနိယာမကို အသုံးပြုရန် အကောင်းဆုံးကြိုးစားခြင်းသာ။
အမွေးတိုင်တစ်တိုင်စာမျှ အချိန်ကုန်ဆုံးသွားခဲ့သည်။
မုဖူရှန်း၏မျက်လုံးများက ရုတ်တရက် ကျဉ်းမြောင်းသွားပြီး ယဲ့ချိုးပိုင်ရှိရာဘက်သို့ ချက်ချင်းအော်ဟစ်သည်။
"အစ်ကိုကြီး၊ လုံလောက်ပါပြီ"
ယဲ့ချိုးပိုင်ကလည်း ဓားတာအိုနိယာမကို ရုပ်သိမ်းရင်း တိမ်ပြာဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်၏။
ထို့နောက် သူပြိုလဲကျသွားသည့်ပမာ မြေပေါ်ဒူးထောက်ကျသွားသည်။
သူ့တစ်ကိုယ်လုံးက သွေးများနှင့် စိုရွှဲနေလေပြီ။
သူချက်ချင်းပင် ကုသဆေးလုံးတစ်လုံးကို သောက်သုံးပြီးမှသာ ပိုကောင်းလာသလို ခံစားရသည်။
ယဲ့ချိုးပိုင် မုဖူရှန်းအားကြည့်ရင်း အားနည်းစွာမေးသည်။
"ဘယ်လိုလဲ"
မုဖူရှန်းပြုံးရင်းခေါင်းညိတ်ကာ ဖန်သားပြင်အား ကြည့်လိုက်သည်။
"စီနီယာ၊ ခင်ဗျားကျုပ်တို့ကို ထိန်းချုပ်ဖို့ ကြိုးစားနေတာလား"
မုဖူရှန်းဒီလိုပြောလာသောအခါ စုမုယောင်၊ လင်းကျိနန်နှင့် ကျန်သောသူများက အေးခဲသွားကြ၏။
သူဒီလိုပြောလာကတည်းက ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့က ဒီဝိဉာဉ်ကိုယ်ထည်၌ ပြဿာနာရှိနေတာကို ရှာတွေ့သွားပြီဟု ဆိုလိုနေခြင်းပင်။
အလင်းဖန်သားပြင်ကလူက ဒါကြောင့် အံ့ဩသင့်ခြင်းမရှိဘဲ လှောင်ပြောင်သည့် လေသံနှင့်ပြောသည်။
"မင်းတို့က အတော်လေးသတိကြီးတာပဲ"
"တကယ်တော့ ငါ့မှာ ဒီလိုအတွေးတွေ ရှိပါတယ်"
ဒါကို ကြားသောအခါ မုဖူရှန်းမျက်မှောင်ကြုတ်သည်။
"စီနီယာက အတော်လေးပွင့်လင်းတာပဲ၊ ဒါပေမယ့် ဘာလို့ဒီလိုလုပ်ရတာလဲ"
"ကျုပ်တို့ကိုထိန်းချုပ်တာလား၊ ကျုပ်တို့ရဲ့ လက်ရှိခွန်အားနဲ့ဆိုရင် ကျုပ်တို့ဘာမှ လုပ်နိုင်စွမ်းမရှိဘူးလေ"
မုဖူရှန်း၏စကားလုံးများကို ကြားသောအခါ ထိုလူက ခေါင်းခါယမ်းရင်း ရယ်မောသည်။
"မင်းကအတော်လေးသတိကြီးတယ်၊ မင်းပါရမီက မဆိုးဘူး၊ နည်းနည်းအမြင်ကျဉ်းမြောင်းရုံပါပဲ"
နည်းနည်းအမြင်ကျဉ်းတာလား!
မုဖူရှန်းနှင့် ကျန်သောသူများ ဝေခွဲမရဖြစ်သွားကြ၏။
အလင်းဖန်သားပြင်ကနေ အသံက ဆက်လက်ထွက်လာသည်။
နောက်ဆက်တွဲစကားလုံးတိုင်း၊ စာသားတိုင်းက လူတိုင်းကို ထိတ်လန့်စေသည်။
"ကမ္ဘာကြီးတစ်ခု၊ ကြယ်နယ်မြေတစ်ခု၊ ဘယ်ဟာက ပိုအရေးကြီးဆုံးလဲ"
"လူအများစုက အထွတ်အထိပ်အဆင့် တိုက်ပွဲခွန်အားက အရေးအကြီးဆုံးလို့ သေချာပေါက်ပြောကြလိမ့်မယ်၊ ဒါပေမယ့် ဒါကလည်း အဓိပ္ပာယ်ရှိပါတယ်"
အလင်းဖန်သားပြင်ကလူကပြုံးသည်။
"ဒါပေမယ့် အရည်အချင်းရှိတဲ့လူတွေက ကမ္ဘာကြီးရဲ့ အနာဂတ်လို့ ငါခံစားရတယ်"
"ဒါကအပေါ်ယံမှာ ခမ်းနားထည်ဝါပုံရပေမယ့် ကမ္ဘာကြီးရဲ့ အထွတ်အထိပ်တည်ရှိမှု ဖြစ်လာဖို့ဆိုတာက ဘာကိုဆိုလိုတာလဲ"
အလင်းဖန်သားပြင်ကနေ ထုတ်လွှတ်လာသည့် စကားလုံးများထဲကနေ သူ့အသံ၏ မောက်မာမှုနှင့် ရည်မှန်းချက်များက သံသယမရှိ ပေါ်လွင်လာသည်။
"ဒါက သူတို့က ဒီကြယ်နယ်မြေမှာ ရပ်တန့်နေပြီလို့ ဆိုလိုနေတာပဲ၊ သူတို့ဂျူနီယာတွေ သူတို့ကို အမှီလိုက်ဖို့ဆိုတာက အချိန်တစ်ခုပဲလိုတယ်"
ရှောင်ဟိုင်ဖြစ်စေ၊ ယဲ့ချိုးပိုင် သို့မဟုတ် မုဖူရှန်းဖြစ်စေ သူတို့၏မျက်လုံးများ၌ လေးနက်သည့် အမူအရာကိုယ်စီရှိကြပြီး တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြသည်။
သူတို့က ဒီလိုအရာမျိုးလုပ်ရသည့် သေမင်းဝိဉာဉ်မြို့နောက်ကွယ်က သခင်၏ ရည်ရွယ်ချက်ကို မှန်းဆမိပုံရသည်။
"မင်းတို့ဒီကမ္ဘာကြီးရဲ့ အံ့ဖွယ်ပါရမီရှင်တွေကို ထိန်းချုပ်ပြီးတဲ့အခါကျရင် နှစ်အနည်းငယ်အကြာမှာ ဒီနယ်မြေ၊ အဓိကပြောရရင် ဒီကြယ်နယ်မြေက မင်းထိန်းချုပ်မှုနဲ့ ညီမျှလိမ့်မယ်လို့ တွေးဖူးလား"
ရည်မှန်းချက်!
အကန့်အသတ်မဲ့ရည်မှန်းချက်!
ဒါကိုကြားပြီးနောက် လင်းကျိနန်နှင့် စုမုယောင်တို့၏ အမူအရာများက နောက်ဆုံးတော့ ပြောင်းလဲသွားခဲ့ကြလေပြီ။
ဒါကရယ်စရာကောင်းလွန်းသော်လည်း တကယ်တမ်းတွင် အတော်လေးယုတ္တိရှိပြီး ကြောက်စရာကောင်းလွန်းသည်။
ကြယ်နယ်မြေတစ်ခု၏ ထိပ်တန်းပါရမီရှင်များက တစ်ခြားသူများ၏ ထိန်းချုပ်ခြင်းကို ခံရပြီး သူတို့ကြီးထွားလာသောခါ သူတို့က သေချာပေါက်နယ်မြေတစ်ခု၏ ခေါင်းဆောင်များ ဖြစ်လာရပေမည်။ ထိုအချိန်တွင် ဒီပါရမီရှင်များကို ထိန်းချုပ်သည့် ဉာဏ်ကြီးရှင်က နယ်မြေတစ်ခုကို တိုက်ရိုက်အုပ်ချုပ်နေသည်ဟု ဆို၍ရသည်။
"ဒါပေမယ့် ငါပြောနေတဲ့ အံ့ဖွယ်ပါရမီရှင်တွေက တစ်ခြားသူတွေကို ကိုယ်စားမပြုဘူး၊ သေမင်းဝိဉာဉ်မြို့ရဲ့ နောက်ဆုံးစမ်းသပ်မှုကို ဖြတ်ကျော်နိုင်သူတွေကပဲ ငါ့မျက်လုံးထဲ၀င်ဖို့ အရည်အချင်းပြည့်မီတယ်"
ယဲ့ချိုးကိုင်ရှေ့တစ်လှမ်းတိုးကာ အလင်းဖန်သားပြင်ကို လေးနက်သည့် အမူအရာနှင့် ကြည့်ကာမေးသည်။
"ဒါဆို ခင်ဗျားကိုယ်တိုင် ဘာလို့ မဆင်းလာရတာလဲ၊ ဒီလိုအရာမျိုးကို ခင်ဗျား လုပ်နိုင်တယ်ဆိုမှတော့ ခင်ဗျားမှာ အလယ်အလတ်အဆင့်ကြယ်နယ်မြေကို သိမ်းပိုက်ဖို့အတွက် ခွန်အားရှိတာပဲလေ"
"ဒီအတွက်ကတော့ မင်းတို့အဆင့်မြင့်ကြယ်နယ်မြေကို ဦးတည်သွားနိုင်တဲ့အခါကျရင် နားလည်လာမှာပါ"
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြ၏။
သူတို့က တိတ်ဆိတ်နေကြသော်လည်း သူတို့အမူအရာကနေတဆင့် အံ့ဩသင့်မှုများကို ခံစားနိုင်ပါသည်။
ဒေသတစ်ခုကို ထိန်းချုပ်ရန်အတွက် ဒီလိုနည်းလမ်းကို သုံးခြင်းဖြင့် ဒီအကြောင်းကို တွေးနေစရာပင်မလို။ သေမင်းဝိဉာဉ်မြို့ကဲ့သို့ တစ်ခြားနေရာတစ်ခု၊ နှစ်ခုထက် ပိုရှိပေလိမ့်မည်။
ထိုအချိန်တွင် ထိုလူကဆက်သည်။
"မင်းတို့ငါတို့ကိုရှာတွေ့သွားပြီဆိုမှတော့ ငါတို့နဲ့ ပူးပေါင်းဖို့ အရည်အချင်းပြည့်မီတယ်"
"ဒီလိုဆိုရင်ရော၊ မင်းတို့သာ ငါတို့အပေါ် သစ္စာရှိမယ်ဆိုရင် ထိန်းချုပ်မှုကို ငါတို့ လွှတ်ပေးနိုင်ပါတယ်၊ ငါတို့ ဒီကြယ်နယ်မြေကို ထိန်းချုပ်တဲ့အခါကျရင် မင်းတို့ကိုလည်း စီမံကိုင်တွယ်ခွင့်ပေးမယ်လေ"
ဖန်သားပြင်က စကားလုံးများက ယခုအခိုက်အတန့်၌ ဖျားယောင်သွေးဆောင်မှုများနှင့် ပြည့်နှက်နေခဲ့သည်။
အပိုင်း(746) coming။