← Chapters

#ငြင်းပယ်ခြင်း#

Vol. 53 Ch. 746

#ငြင်းပယ်ခြင်း#

Vol. 53 Ch. 746

လူတိုင်းဒါကို ကြားသောအခါ လင်းကျိနန်ရော စုမုယောင်ပါ နှလုံးတဒိန်းဒိန်းခုန်သွားကြသည်။

သူတို့သွေးဆောင်မခံရဘူးဟုဆိုပါက မုသားပြောရာ ကျသွားပေလိမ့်မည်။

အနာဂတ်မှာ အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးကို ထိန်းချုပ်ဖို့လား!

ဒါက ဒီကြယ်နယ်မြေက ဝိဉာဉ်အင်မော်တယ်နန်းတော်၊ စုမိသားစုနှင့် ဂိုဏ်းအားလုံး၏ အိပ်မက်တစ်ခုပင် မဟုတ်ပေလော။

သူတို့ဂိုဏ်းများကို ထိပ်တန်းဂိုဏ်းတစ်ခုဟု ဆိုလျှင်ပင် တစ်ခြားဂိုဏ်းများက သူတို့ကို ထိန်းချုပ်ထားဆဲပင်။

ဂိုဏ်းတိုင်းနှင့် ထိပ်တန်းဂိုဏ်းများက အချင်းချင်း ထိန်းချုပ်ထားကြသည်။ ဒါက လက်ရှိအခြေအနေရပ်၏ တကယ့်ရုပ်ပုံပေတည်း။

ဂိုဏ်းတိုင်းက ဒီဟန်ချက်ကို ချိုးဖျက်ချင်ကြသော်လည်း သူတို့တွင် ခွန်အားမရှိပါ။

ငရဲဂိုဏ်းက ဥပမာကောင်းတစ်ခုပင်။

ထိုထိပ်တန်းဂိုဏ်းများက ကမ္ဘာကြီး၏ အကျိုးအတွက် ဒါမှမဟုတ် ငြိမ်းချမ်းမှုနှင့် ကြွယ်၀မှုအတွက် ပူးပေါင်းကြမည်ဟု တကယ်တွေးထင်မိပါက မှားသွားပေလိမ့်မည်။

ဂိုဏ်းတိုင်းက ဒီလောက်ထိနှလုံးသား မကောင်းလှသလို အခြေခံအားဖြင့် ဒီလောက်ထိ ရိုးသားမှုမရှိပါ။

သူတို့ကြောက်ကြသည်။

ငရဲဂိုဏ်းဆက်လက်ကြီးထွားလာတာကို သူတို့ကြည့်နေခဲ့ကြသည်။

ငရဲဂိုဏ်းက သူတို့ပူးပေါင်းလျှင်ပင် မခုခံနိုင်သည့် အနေအထားတစ်ခုအထိ ကျယ်ပြန့်သွားမှာကို သူတို့ကြောက်သည်။

ထို့ကြောင့် ကမ္ဘာကြီးထဲတွင် အပြည့်အ၀မရင့်ကျက်သေးသည့် ငရဲဂိုဏ်းကို အပြီးတိုင် သုတ်သင်ဖျက်ဆီးရန် သူတို့ဒီလို သိက္ခာရှိသည့် အကြောင်းပြချက်တစ်ခုကို ရှာပြီး အင်အားစုများ ပူးပေါင်းခဲ့ရခြင်းပင်။

ထို့ကြောင့် ထိပ်တန်းဂိုဏ်းတိုင်းတွင် အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးကို ထိန်းချုပ်ဖို့ စိတ်ကူးရှိကြသည်။

အကျိုးအမြတ်က ကြီးမားလွန်းသည်။

အရင်းအမြစ်နှင့် အကျိုးအမြတ်အားလုံးက မိမိလက်ထဲရောက်လာမည် မဟုတ်ပေလော။

ဒီဖျားယောင်မှုက ကြီးမားသော်လည်း ဒီဖျားယောင်မှုနောက်ကွယ်၌ အောက်ခြေမဲ့ချောက်တစ်ခုရှိသည်။

ဒီဖျားယောင်မှုကို ဖမ်းဖို့ကြိုးစားသည်နှင့် ဒီချောက်ထဲ ကျသွားရပေလိမ့်မည်။

ထို့ကြောင့်လည်း ဒီလိုအတွေးမျိုးရှိလာသည်နှင့် ကျန်သောဂိုဏ်းများက ပူးပေါင်းကာ သတ်ပစ်ရန်အတွက် ဂုဏ်သိက္ခာရှိပုံရသည့် အကြောင်းပြချက်တစ်ခုကို ရှာကြပေလိမ့်မည်။

ဒါကလက်တွေ့ဘ၀ပေတည်း။

ဒီအတွက်ကြောင့်ပင် ထိပ်တန်းဂိုဏ်းများမှ လူများက သူတို့နှလုံးသားထဲတွင် ဒီလှည့်စားမှုကို မြှုပ်နှံထားရုံသာ တတ်နိုင်သည်။

ယဲ့ချိုးပိုင်၏စကားလုံးများက လင်းကျိနန်နှင့် စုမုယောင်တို့ကို နိုးကြားသွားစေသည်။

"ဩဇာအာဏာလား"

ယဲ့ချိုးပိုင်နှာခေါင်းရှုံ့သည်။

"လူတိုင်းမှာ ဒီလိုရည်မှန်းချက်တွေ ရှိပေမယ့် ရုပ်သေးတစ်ရုပ်လို ဖြစ်တည်မှုမျိုးသာ ဆိုရင်တော့ ဒီဩဇာအာဏာနဲ့ ထိန်းချုပ်မှုက အသုံးမ၀င်ဘူး"

အလင်းဖန်သားပြင်ထဲက လူက အနည်းငယ် မျက်မှောင်ကြုတ်သည်။

"မင်းစွမ်းအင်နဲ့ မင်းဒါကိုလုပ်နိုင်မှာတဲ့လား၊ မင်းပန်းတိုင်တစ်ခုခုကို အောင်မြင်ချင်ရင် သတ်မှတ်ထားတဲ့ တန်ဖိုးကိုပေးဆပ်ပြီး တစ်ချို့အရာတွေကို စွန့်လွှတ်ဖို့လိုတယ်"

သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ယဲ့ချိုးပိုင်ကြားဖြတ်ကာ အော်ဟစ်သည်။

"ဒီတန်ဖိုးက ဘာမှစိတ်ပူစရာမရှိပုံ ပေါ်ပေမယ့် ခင်ဗျား ကျုပ်တို့ကို ကျုပ်တို့မလုပ်နိုင်တာ တစ်ခုခုကို အတင်းလုပ်ခိုင်းရင် ကျုပ်တို့ငြင်းဆန်လို့မရဘူးလေ"

"ထိန်းချုပ်မှုဆိုတာ ဂိုဏ်းတိုင်းရဲ့ ရည်မှန်းချက်ပဲ၊ ဒါပေမယ့် ဒီအရာတွေအားလုံးက အစစ်အမှန်ထိန်းချုပ်မှုအပေါ် အခြေခံတယ်၊ တစ်ခြားဂိုဏ်းတွေလို အပေါ်ယံကနေ ထိန်းချုပ်နေပြီး အမှောင်ထဲမှာတော့ ခင်ဗျားတို့ရဲ့ကန့်သတ်ခြင်းကို ခံထားရသလို ရုပ်သေးတွေအဖြစ်တောင် ဆက်ဆံခံနေရတာလိုမျိုး မဟုတ်ဘူး"

လင်းကျိနန်နှင့် စုမုယောင်တို့က စိတ်သက်သာရာရစွာ သက်ပြင်းချသည်။

ယခုလေးတင် အလင်းဖန်သားပြင်က ပြောသည့်စကားလုံးများက သူတို့ကို ပူနွေးငည့် ကာလတစ်ခုအတွင်း သဘောတူစေလုနီးပါးပင် ဖြစ်သွားစေခဲ့သည်။

သူတို့နှစ်ယောက်က ထိပ်တန်းပါရမီရှင်များဖြစ်သည်။ ယုတ္တိတန်စွာပြောရပါက သူတို့က ထောင်ချောက်ထဲတွင် အလွယ်တကူ မကျသွားကြပေ။

သို့စေကာမူ အလင်းဖန်သားပြင်က လူပြောသည့်စကားလုံးများက သူတို့နှလုံးသားကို ထိုးနှက်ရန်အတွက် ပြီးပြည့်စုံဆုံးနည်းလမ်းပေတည်း။

အလင်းဖန်သားပြင်ထဲက လူ၏မျက်နှာက မည်းမှောင်နေပြီး လေးနက်သည့်အသံနှင့် မေးသည်။

"ဒါဆို မင်းငြင်းမှာလား"

ယဲ့ချိုးပိုင်၊ မုဖူရှန်းနှင့် ရှောင်ဟိုင်တို့က တစ်ဦးကိုတစ်ဦး ကြည့်ရင်းပြုံးသည်။

သူတို့အတွက် သူတို့ဒီလိုအရာမျိုးကို လုပ်ချင်လျှင်ပင် အောင်မြင်ရန်အတွက် ကိုယ်ပိုင်အားထုတ်မှုမျိုးကိုသာ သေချာပေါက် အသုံးပြုမည်ဖြစ်သည်။

ဒါ့အပြင် ကျင့်ကြံသူတစ်ယောက်အနေနှင့် လွတ်လပ်မှုကိုသာ ဆုံးရှုံးရပါက သူတို့ ဘယ်လိုလုပ် ဆက်ကျင့်ကြံနိုင်တော့မည်နည်း။

ယင်းအစား သီးသန့်နေရာကောင်းတစ်ခု ရှာပြီး နွားနှင့်သိုးကျောင်းရင်း ရှင်သန်တာက ပိုကောင်းသည်။

သူတို့သုံးယောက်တစ်ချိန်တည်းမှာပင် ခေါင်းခါယမ်းကြသည်။

လင်းကျိနန်နှင့် စုမုယောင်တို့ကလည်း ခိုင်မာစွာ ခေါင်းခါယမ်းသည်။

အလင်းဖန်သားပြင်က လူကနှာခေါင်းရှုံ့သည်။

"တစ်နေ့ မင်းတို့ ဒီနေ့ဆုံးဖြတ်ချက်အတွက် နောင်တရလိမ့်မယ်"

"မင်းတို့က အရမ်းထူးချွန်တယ်ဆိုပေမယ့် ငါတို့ဒီလိုနေရာမျိုးတွေ မရေမတွက်နိုင်လောက်တဲ့ နေရာတွေမှာ ချထားပြီးပြီ၊ အဲဒီအချိန်ကျရင် မင်းတို့သဘောမတူရင်တောင် ဒီမုန်တိုင်းထဲမှာ မင်းတို့ သေချာပေါက် ပါ၀င်နေလိမ့်မယ်"

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ မျက်နှာများက မည်းမှောင်သွားကြ၏။

ဒီလိုသာဆိုပါက သူတို့ရုပ်သေးများက အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် သာမက အဆင့်နိမ့်ကြယ်နယ်မြေတွင် တည်ရှိနိုင်ချေပိုများသည်။

အဆင့်မြင့်ကြယ်နယ်မြေရဲ့လက်က ဒီလောက်ထိတောင် ကျယ်ပြန့်သွားပြီလား!

"ဒီလိုဆိုမှတော့ ဒီဆုလာဘ်က မင်းတို့နဲ့ မသက်ဆိုင်တော့ဘူး"

ထိုလူကရယ်မောသည်။

"ကြယ်စင်စုကိုဖြတ်သွားပြီးရင် မင်းတို့ထွက်သွားလို့ရတယ်၊ မင်းတို့ကိုယ့်ဘာသာကိုယ် ထွက်သွားနိုင်တယ်"

ထို့နောက် အလင်းဖန်သားပြင်က ပျောက်ကွယ်သွားကာ ထိုလူ၏အော်ရာက ဒီနေရာကနေ လုံး၀ပျောက်ကွယ်သွားခဲ့သည်။

ဒါကိုမြင်သောအခါ လင်းကျိနန် အကူအညီမဲ့စွာ လက်ဖြန့်ရင်းပြောသည်။

"ငါဘာမှမဟုတ်တဲ့အရာအတွက် ကြိုးစားခဲ့မိတာပဲ"

စုမုယောင်ကမူ ခေါင်းခါယမ်းရင်း ရယ်မောသည်။

"ငါတော့အဲလိုမဟုတ်ဘူး၊ အနည်းဆုံးတော့ ငါအများကြီး သင်ယူခဲ့ရတယ်"

စကားပြောပြီးနောက် နှစ်ယောက်စလုံးက ယဲ့ချိုးပိုင်နှင့် ကျန်နှစ်ယောက်ကို ကြည့်လိုက်ကြ၏။

သူပြောခဲ့သည့်စကားက သူတို့ကို နိုးကြားသွားစေခြင်းပင်။

အနာဂတ်တွင် သူတို့စုမိသားစုနှင့် ဝိဉာဉ်အင်မော်တယ်နန်းတော်ကို ထိန်းချုပ်ပြီးနောက် ‌စိတ်ကူးယဉ်၍မရနိုင်သည့် အကျိုးအမြတ်များစွာကို ယူလာပေးပေလိမ့်မည်။

"ဒါတွေအားလုံးက အလကားပဲလို့ ဘယ်သူပြောတာလဲ"

ထိုအချိန်တွင် ရှောင်ဟိုင်ထရပ်ပြီး ကြယ်စင်စုဘေးသို့ လျှောက်သွားသည်။

"ငါဒီအမှတ်အသားကို ဖယ်ရှားပစ်နိုင်တယ်"

ဒါကိုဖယ်ရှားနိုင်တာလား!

လင်းကျိနန်ရော စုမုယောင်ပါ အနည်းငယ် တုန်လှုပ်သွားကြ၏။

အကယ်၍ သူတို့သာ ဒီဧရာမဝိဉာဉ်ကို စုပ်ယူနိုင်ပါက ဒါက သူတို့ဝိဉာဉ်အတွက် ကြီးမားသည့် တိုးတက်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။

ထိုအချိန်တွင် ရှောင်ဟိုင်ကိုယ်က အနည်းငယ် တုန်ယင်သွားပြီး ရုတ်ချည်းဆိုသလို ကြောက်ခမန်းလိလိနတ်ဆိုးချီက သူ့ပတ်လည်၌ ပေါက်ကွဲထွက်လာခဲ့သည်။

ဒီအချိန်တွင် ဒါက အထိန်းအချုပ်မဲ့ ထွက်လာခြင်းပင်။

သွေးကြောစွမ်းအားဖြစ်စေ ဝိဉာဉ်စွမ်းအားဖြစ်စေ အားလုံးက အနှောင့်အယှက်ကင်းကင်းနှင့် ထွက်လာခဲ့သည်။

အင်မော်တယ်မျောက်ဝံကျေးရွာက သုံးယောက်က အလျင်အမြန်ပင် ဖျောင်းဖျသည်။

"ရှောင်ဟိုင်၊ မင်းဒီလိုလုပ်လို့မရဘူး"

ဒီလိုပေါက်ကွဲမှုအဆင့်က ထိုလူများ၏ အာရုံကို သေချာပေါက် ဆွဲဆောင်သွားပေလိမ့်မည်။

သို့စေကာမူ ရှောင်ဟိုင်ပြုံးသည်။

"ဒါကအဆင့်မြင့်ကြယ်နယ်မြေက လူတွေက အဆင့်နိမ့်နဲ့ အလယ်အလတ်အဆင့် ကြယ်နယ်မြေက လူတွေကို မတိုက်ခိုက်နိုင်ဘူးလို့ ဆိုလိုနေတာမလား"

"ဒီလိုဆိုမှတော့ သူတို့သိသွားတော့ရော ဘာဖြစ်လဲ"

အင်မော်တယ်မျောက်ဝံကျေးရွာက လူသုံးယောက်မှာ တစ်ဦးကိုတစ်ဦးကြည့်ရင်း ခါးသီးစွာပြုံးလိုက်ကြ၏။

သူတို့ နတ်ဆိုးအရှင်ကို သူကြိုက်တာ လုပ်ခွင့်ပေးရုံသာ တတ်နိုင်တော့သည်။

မည်သို့ပင်ဆိုစေကာမူ သူ့ကို နားချရန်ဟူသည် မဖြစ်နိုင်ပေ။

နတ်ဆိုးဘုရင်သွေးကြောနှင့် နတ်ဆိုးသခင်ဝိဉာဉ်က အပြည့်အ၀ပေါက်ကွဲသွားသည့် အခိုက်အတန့်၌ သူ့ဘေးက ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့၏ အမူအရာများက တင်းကျပ်သွားပြီး ခုခံရန်အတွက် ခွန်အားကို ချက်ချင်း ထုတ်လွှတ်လိုက်ရသည်။

သို့စေကာမူ စုမုယောင်နှင့် လင်းကျိနန်တို့က အရမ်းကြီး ကံမကောင်းကြပါ။

ရှောင်ဟိုင်က သူတို့ထံမကျအောင် လုပ်ထားသည့်တိုင် သူ့သွေးကြောက အစွမ်းထက်အော်ရာက သူတို့ကို အတော်လေး မသက်မသာဖြစ်စေသည်။

ဒါကသူတို့ကို ဒူးထောက်ကာ ရှောင်ဟိုင်ကို အညံ့ခံရန်ကလွဲပြီး တစ်ခြားရွေးချယ်စရာမရှိဟု ခံစားရစေသည်။

ဒီသွေးကြောစွမ်းအား.....!

လင်းကျိနန်နှင့် စုမုယောင်တို့ နှလုံးသားထဲကနေ ခါးသီးစွာသာ ပြုံးလိုက်မိကြသည်။

ဒါဘယ်လိုမွန်းစတားမျိုးလဲ!

ထိုအချိန်တွင် ရှောင်ဟိုင်၏ မျက်လုံးများက အလွန်အမင်း အေးစက်သွား၏။ သူ ဝိဉာဉ်ကို စူးစမ်းရန်အတွက် နတ်ဆိုးဆန္ဒနှင့် သွေးကြောစွမ်းအားဖြင့် ပြည့်နှက်နေသည့် လက်ကို ဆန့်ထုတ်လိုက်၏။

ချက်ချင်းဆိုသလို ကြောက်ခမန်းလိလိ နတ်ဆိုးဆန္ဒက ထိုဝိဉာဉ်ထဲသို့ ထိုးဖောက်ကျုးကျော်ကာ အထဲက အမှတ်အသားအားလုံးကို ဖျက်ဆီးပစ်ချင်သည်။

ရှောင်ဟိုင်၏ သွေးကြောစွမ်းအား၊ နတ်ဆိုးသခင်ဝိဉာဉ်!

ဖိနှိပ်ခြင်း၊ ဖျက်ဆီးခြင်း!

ဒါကအမှတ်အသားတစ်ခုဖြစ်ပြီး အရမ်းဝေးကွာသည့်တိုင် သူစွမ်းအားအပြည့်နှင့် ဖျက်ဆီးနိုင်ပါသေးသည်။

အမှတ်အသားပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် အဆင့်မြင့်ကြယ်နယ်မြေ တစ်နေရာရာ၌ လူတစ်ယောက်၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

ထို့နောက်သူမည်းမှောင်စွာပြောသည်။

"မင်းတို့မှာ အင်္ကျီလက်ထဲမှာ လှည့်ကွက်တစ်ချို့ ရှိနေတာပဲ...."

အပိုင်း(747) coming။

All Chapters