← Chapters

#သူပုန်များသတိထားမိခြင်း၊ ဝိဉာဉ်ဖြူအေးခဲမီးတောက်#

Vol. 53 Ch. 747

#သူပုန်များသတိထားမိခြင်း၊ ဝိဉာဉ်ဖြူအေးခဲမီးတောက်#

Vol. 53 Ch. 747

ထိုအချိန်မှာပင် အဆင့်မြင့်ကြယ်နယ်မြေက နတ်ဆိုးဘုရင်ပိုင်နက်တွင်....!

နတ်ဆိုးဘုရင်ပိုင်နက်၏ ပင်မမြို့ မှောင်မိုက်သည့် စတုရန်းတစ်ခုတွင် ကျော၌အတောင်ပံများရှိသည့် မှော်သားရဲတစ်ချို့နှင့်လူများရှိပြီး ငရဲနတ်ဆိုးအမဲလိုက်ခွေးများလည်း ရှိကြသည်။

သူတို့အားလုံးက ရင်ပြင်အလယ်၌ရှိနေသည့် ရဲတိုက်ထိပ်ကိုမော့ကြည့်ကြသည်။ ထိုနေရာ၌ အနက်၀တ်လူရှည်သုံးယောက်ရှိသည်။

မှော်သားရဲများ၏ မျက်လုံးများက လေးစားမှုနှင့် အကြောက်တရားများဖြင့် ပြည့်နှက်နေသည်။

ထို့ထဲမှ အလယ်က လူရှည်ကြီးက ရှေ့တစ်လှမ်းတိုးကာ ပြောသည်။

"ဘာဖြစ်ခဲ့သလဲဆိုတာ မင်းတို့အားလုံးလည်း သိမှာပါ၊ ငါတို့အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးကို ပြောင်းပြန်လှန်ရမယ်ဆိုရင်တောင် ဒီအော်ရာကို ထုတ်လွှတ်တဲ့ သူကိုရှာရမယ်"

ထို့နောက် မိုဂျီဘေးကလူကို လက်ညိုးထိုးပြသည်။

"မိုကော၊ မိုးတိမ်နတ်ဆိုးငှက်ကို ဦးဆောင်ပြီး အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးမှာ အမြန်ဆုံးရှာဖွေပါ"

မိုကောခေါင်းညိတ်သည်။

မိုဂျီ ဘေးက မိုလီကိုကြည့်ရင်း လေးနက်စွာပြောသည်။

"မင်းက ငရဲနတ်ဆိုးအမဲလိုက်ခွေးတွေကို ဦးဆောင်ပြီး မိုးတိမ်နတ်ဆိုးငှက်နောက်ကနေ အနီးကပ်လိုက်ပြီး ဒီအော်ရာကို ဂရုတစိုက်ရှာရမယ်"

မိုလီခေါင်းညိတ်သည်။

"မစိုးရိမ်ပါနဲ့၊ အစ်ကိုကြီး"

အစ်ကိုကြီး!

မိုဂျီ၏အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ သူချက်ချင်းပင်လှည့်ကာ မိုလီအား ခပ်မှိန်မှိန်စိုက်ကြည့်သည်။

ဘေးက မိုကော၏အမူအရာက အကြီးအကျယ် ပြောင်းလဲသွားပြီး မိုဂျီကို နားချချင်သော်လည်း မိုဂျီကိုယ်မှ ကြောက်ခမန်းလိလိ နတ်ဆိုးချီက မိုလီအား ဘာမှမလုပ်နိုင်ခင်မှာပင် လွှမ်းခြုံသွား၏။

လက်တစ်ဖက်က ရုတ်တရက်ထွက်လာပြီး မိုလီ၏လည်ပင်းကို ဖမ်းကိုင်ထားသည်။

ရှုံ့တွနေသည့်အမူအရာဖြင့် မိုဂျီအော်ဟစ်သည်။

"ငါ့ကို နတ်ဆိုးအရှင်လို့ခေါ်စမ်း"

မိုလီ၏မျက်နှာက ဖြူရော်နေသည်။ လည်ပင်းညှစ်ခံထားရသဖြင့် သူစကားမပြောနိုင်ပေ။ ထို့ကြောင့်သူ အလျင်စလို ခေါင်းညိတ်ရန်သာ တတ်နိုင်သည်။

နတ်ဆိုးသခင်အဖြစ် မိုဂျီ၏ရပ်တည်မှုက အရမ်းကြီး ဂုဏ်ယူစရာမကောင်းပေ။

ထို့ကြောင့်လည်း သူ့လက်အောက်ငယ်သားများ သူ့ကိုနှုတ်ဆက်ပုံကို သူတန်ဖိုးထားလာခြင်းပင်။

အကယ်၍ တခြားတစ်ခုအဖြစ် ခေါ်လာပါက ဒါက မိုဂျီ၏ ထိခိုက်လွယ်သည့် နှလုံးသားကို သက်ရောက်စေသည်။ သူ မိုလီကို လွတ်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် သူ့အမူအရာက ရုတ်ချည်းပြောင်းလဲသွားခံ့ပြီး အောက်သို့ မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။

မိုကောနှင့် မိုလီတို့ကလည်း မိုဂျီနှင့် အလားတူပင် တုံ့ပြန်လာကြသည်။

သူတို့ ကြောက်မက်ဖွယ်ရာအော်ရာတစ်ခုကို ခံစားနေရသည်။

ဒီတစ်ကြိမ်က အရင်ကနှင့်မတူပေ။ အရင်က တစ်ခဏမျှသာ ပေါ်လာခဲ့ခြင်းဖြစ်သဖြင့် တစ်ဘက်လူက အသက်ရှင်နေသေးသလားဆိုတာ သူတို့မသေချာပေ။

သို့စေကာမူ လက်ရှိအော်ရာက သူတို့ကို အညံ့ခံစေသည့် ရင်းနှီးနေသော သွေးကြောစွမ်းအားဖြစ်စေ အမြင့်ဆုံးနတ်ဆိုးသခင်ဝိဉာဉ်ဖြစ်စေ ဒီလူက အသက်ရှင်နေသေးတာကို သူတို့ တစ်ရာရာခိုင်နှုန်း သေချာသွားလေပြီ။

ဒီအော်ရာကို ခံစားမိပြီးနောက် မိုဂျီ၏ မျက်သူငယ်များက ကျုံ့သွားပြီး အဆက်မပြတ် တုန်ယင်နေသည်။

သူ့ကိုယ်ခန္ဓာပင်လျှင် ထိန်းချုပ်၍ မရနိုင်လောက်အောင် စတင်တုန်ယင်လာခဲ့သည်။

ဒါက နတ်ဆိုးသခင်ကို အချိန်အတန်ကြာ သူကြောက်ခဲ့ရသည့် အကြောက်တရားပေတည်း။

‌ဒီကြောက်ရွှံ့မှုက အချိန်နှင့်အတူ ပျောက်ကွယ်မသွားခဲ့ပေ။

ယင်းအစား ထိုကဲ့သို့ ဂုဏ်သိက္ခာမဲ့သည့် နည်းလမ်းနှင့် သတ်ခဲ့ပီ့းနောက် ဒါက သူ့ဝိဉာဉ်နှင့် နှလုံးသားထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့သည်။

ယခုတွင်မူ ထိုအော်ရာက ထပ်မံပေါက်ကွဲလာခဲ့လေရာ သူ့ဝိဉာဉ်နှင့်နှလုံးသားထဲက ရိုက်နှိပ်ထားသည့် ကြောက်ရွှံ့မှုကလည်း လုံး၀ပေါ်လွင်လာခဲ့သည်။ သူ့ဘေးက မိုကောက မိုဂျီပခုံးကိုပုတ်ရင်း နူးညံ့စွာပြောသည်။

"နတ်ဆိုးအရှင်၊ အခုအမိန့်ပေးဖို့ အချိန်ကျပါပြီ"

ထို့နောက်တွင်သာ မိုဂျီရုတ်တရက် ခေါင်းမော့ကာ နှလုံးသားထဲက အကြောက်တရားကို အတင်းဖိနှိပ်လိုက်၏။

ထိုအချိန်တွင်ပင် ကြောက်ခမန်းလိလိ ဒေါသတစ်ခုက သူ့နှလုံးသားထဲတွင် ထကြွလာခဲ့သည်။

ဒီဒေါသက တစ်ခြားသူများကို ဦးတည်နေခြင်းမဟုတ်ဘဲ သူ့ကိုယ်သူ ဦးတည်ထားခြင်းပင်။

နှစ်ပေါင်းသောင်းချီကြာသွားပြီလေ၊ မင်းဘာလို့ သူ့ကို ဒီလောက်ကြောက်နေရသေးတာလဲ!

ထို့နောက် သူငုံ့ကြည့်ရင်း လက်ဝှေ့ယမ်းသည်။

"အလယ်အလတ်အဆင့်ကြယ်နယ်မြေကို အစွမ်းကုန်ရှာဖွေကြ"

သို့စေကာမူ မိုကောမျက်မှောင်ကြုတ်သည်။

"နတ်ဆိုးအရှင်၊ ကျွန်တော်တို့အဆင့်မြင့်ကြယ်နယ်မြေက အလယ်အလတ်အဆင့် ကြယ်နယ်မြေကို တိုက်ခိုက်လို့မရပါဘူး..."

သို့သော်ငြားလည်း မိုဂျီခေါင်းခါယမ်းသည်။

"တစ်ဘက်လူကသာ တကယ်ပဲ အလယ်အလတ်အဆင့်ကြယ်နယ်မြေမှာ ရှိနေတယ်ဆိုရင် ငါတို့တန်ဖိုးတစ်ခု ပေးဆပ်ရမယ်ဆိုရင်တောင် သူ့ကိုသတ်ပစ်ရမယ်"

မိုလီစိုးရိမ်နေသည်။

"ကြီးကြပ်ရေးဗိမာန်တော်ကရော...."

"ဒီအကြောင်းကို ထပ်ပြောစရာမလိုတော့ဘူး" မိုဂျီလက်ဝှေ့ယမ်းသည်။

"ငါအဲဒီနေရာနှစ်နေရာကို ကိုယ်တိုင်ကိုယ်ကျ သွားပြီး ကြီးကြပ်ဗိမာန်တော်ကို နှောင့်နှေးစေဖို့အတွက် နည်းလမ်းတစ်ခုကို သူတို့ကို စဉ်းစားခိုင်းလိုက်မယ်"

"အဲဒီအဆင့်မြင့်လူတွေကလည်း ဒီလူ သေခြင်းတရားကနေ ပြန်လာတာကို မြင်ချင်မှာ မဟုတ်ဘူးဆိုတာ ငါသေချာတယ်..."

"အတိုချုပ်ရရင် အရင်ရှာကြရအောင်၊ တစ်ဘက်လူရဲ့ အတိအကျတည်နေရာကို ငါတို့တွေ့တဲ့အခါကျရင် ဒါကို ဆွေးနွေးကြမယ်"

မိုလီနှင့် မိုကောတို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။

မိုဂျီပြောခဲ့သည့် နေရာနှစ်ခုက ဘာတွေလဲဆိုတာ သူတို့သိကြပါသည်။

အဆင့်မြင့်ကြယ်နယ်မြေက ထိပ်တန်းအဆင့်တည်ရှိမှုတစ်ခုဖြစ်သည့် ကောင်းကင်သခင်အဆင့်ဂိုဏ်း! ကောင်းကင်သခင်အဆင့်ဂိုဏ်းနှစ်ဂိုဏ်းသာ ၀င်စွက်ဖက်လာပါက သူတို့တွင် ကြီးကြပ်ရေးဗိမာန်တော်၌ ပြောခွင့် ရှိလောက်သည်။

နှစ်ယောက်စလုံးက တုံ့ဆိုင်းနေတာကို ရပ်လိုက်ကြပြီး မိုးတိမ်နတ်ဆိုးငှက်နှင့် ငရဲနတ်ဆိုးအမဲလိုက်ခွေးများကို ဦးဆောင်ရင်း ကြယ်နယ်မြေအတားအဆီးဆီသို့ ဦးတည်လိုက်ကြ၏။

သေမင်းဝိဉာဉ်မြို့တွင် ကြယ်စင်စု၀န်းရံထားသည့် နေရာ၌ လူတိုင်းမြေပေါ်တွင် ထိုင်နေကြသည်။ ရှောင်ဟိုင်တစ်ယောက်တွင်သာလျှင် ဒီဝိဉာဉ်ကို စုပ်ယူရန် ရည်ရွယ်ချက်မရှိပေ။

သူ့တွင် နတ်ဆိုးဘုရင်ဝိဉာဉ်ရှိသဖြင့် သူဝိဉာဉ်အပိုင်းအစများကိုသာ စုပ်ယူရန် လိုအပ်သည်။

အင်မော်တယ်မျောက်ဝံကျေးရွာက လူသုံးယောက်တွင်လည်း စုပ်ယူရန် ရည်ရွယ်ချက်မရှိကြပါ။

သူတို့က ကိုယ်ခန္ဓာပြုပြင်မွမ်းမံရာ၌သာ အာရုံစိုက်ကြပြီး ဝိဉာဉ်စွမ်းအားကို စိတ်မ၀င်စားပေ။

ထိုအချိန်တွင် ထိုဧရာမဝိဉာဉ်ရှေ့၌ ယဲ့ချိုးပိုင်၊ မုဖူရှန်း၊ လင်းကျိနန်နှင့် စုမုယောင်တို့က တင်ပလ္လင်ခွေထိုင်နေကြသည်။

သူတို့ကအထဲက ဝိဉာဉ်စွမ်းအားကို ဆက်လက်စုပ်ယူနေကြ၏။

ယဲ့ချိုးပိုင်ဖြစ်စေ၊ လင်းကျိနန် သို့မဟုတ် စုမုယောင်ဖြစ်စေ သူတို့ဝိဉာဉ်ကို သန်မာလာစေရန်နှင့် ဝိဉာဉ်နယ်ပယ်ကို တိုးလာစေရန်အတွက်သာ သူတို့ဝိဉာဉ်စွမ်းအားကို စုပ်ယူနေကြသည်။

မုဖူရှန်းကမူ စိတ်ဝိဉာဉ်ပျိုးထောင်နည်း၏ ဆဌမအဆင့်ဖြစ်သည့် ဝိဉာဉ်ဖြူအေးခဲမီးတောက်ကို ချိုးဖျက်ရန်အတွက် ဒီနေရာ၌ ဝိဉာဉ်ကိုယ်ထည်ကို အသုံးပြုနေသည်။

မုဖူရှန်း အဆင့်ငါး၊ မီးစုန်းစိမ်းဝိဉာဉ်မီးတောက်တွင် အချိန်အနည်းငယ်ကြာ ရပ်တန့်နေခဲ့သည်။

ပထမအချက်က သူ့ကိုကူညီထောက်ပံ့ပေးရန်အတွက် လုံလောက်သည့် သဘာ၀ရတနာများ မရှိသောကြောင့်ပင်။

ဒုတိယက မကြာသေးခင်က သူ့တွင် စိတ်ဝိဉာဉ်ပျိုးထောင်နည်းကို ကျင့်ကြံရန်အတွက် အမှန်တကယ် အချိန်မရှိခဲ့သောကြောင့်ပင်။

ဒီလိုအခြေအနေတွင် စိတ်ဝိဉာဉ်ပျိုးထောင်နည်းကို ချိုးဖျက်ခြင်းထက် ပိုကောင်းတာ မရှိနိုင်တော့။

မုဖူရှန်းတွင် စိတ်ဝိဉာဉ်ပျိုးထောင်နည်းရှိသဖြင့် ဝိဉာဉ်များကို သူစုပ်ယူခဲ့သည့် အမြန်နှုန်းက ယဲ့ချိုးပိုင်နှင့်ကျန်သောသူများထက် အဆပေါင်းများစွာ ပိုမြန်သည်။

သူဝိဉာဉ်ကို စုပ်ယူနေရင်း တစ်ချိန်တည်းမှာပင် ဝိဉာဉ်ကို ပြုပြင်မွမ်းမံရန်အတွက် ကောင်းကင်အပြစ်ပေး နတ်မိုးကြိုးကိုလည်း သုံးနေခဲ့သည်။

ဒီဖြစ်စဉ်က နာကျင်ပေသည်။

မုဖူရှန်း၏ ရှုံ့တွနေသည့်အမူအရာကနေ ဒါကို မြင်နိုင်ပါသည်။

သို့စေကာမူ မီးစုန်းစိမ်းဝိဉာဉ်မီးတောက်ကနေ အဖြူရောင်မီးတောက်များက ဖြည်းဖြည်းချင်း မြှင့်တက်လာသည်။

မုဖူရှန်းတွင် လက်လျှော့ရန်အတွက် ရည်ရွယ်ချက်မရှိပါ။

ရှောင်ဟိုင် မုဖူရှန်း၏အမူအရာကို ကြည့်ရင်း အံ့ဩသင့်တကြီး လျှာကိုက်လိုက်မိသည်။

"ဒီကမ္ဘာမှာ ဒီလိုမြင်ကွင်းမျိုးကို မှတ်တမ်းတင်ပြီး ရုပ်ခန္ဓာတစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်တဲ့ အရာတစ်ခုရှိရင် ဘယ်လောက် ကောင်းမလဲ"

"မုဖူရှန်းကို ဒီလိုအမူအရာမျိုးနဲ့ မြင်ရဖို့ဆိုတာက အရမ်းရှားတယ်"

ပြန်သွားသောအခါ ရှောင်ဟိုင်ပုံဆွဲနည်းကို သင်ရန်အတွက် ဆုံးဖြတ်လိုက်၏။

ထိုအချိန်တွင် ဒီလိုရှားပါးအခွင့်အရေးတစ်ခု ထပ်ရခဲ့ပါက သူမှတ်တမ်းတင်ထားရမည်။

အကယ်၍ မုဖူရှန်းသာသိသွားပါက သူ့မျက်နှာက သေချာပေါက် ရှုံ့တွသွားပေလိမ့်မည်။

ကျေးဇူးတင်ပါတယ်နော်.....!

အပြင်ပကမ္ဘာ၏ စွက်ဖက်မှုမပါဘဲ လူတိုင်း၏ကျင့်ကြံခြင်းက အလွန်အမင်း ချောမွေ့နေခဲ့သည်။

လင်းကျိနန်နှင့် စုမုယောင်တို့က ပထမဆုံးနိုးလာကြသည်။ သူတို့အတွက် စုပ်ယူခဲ့သည့် ဝိဉာဉ်စွမ်းအားက အကန့်အသတ်ကို ရောက်နေပြီဖြစ်သည်။

အကယ်၍ဆက်လက်စုပ်ယူနေမည်ဆိုပါက လက်ရှိနယ်ပယ်တွင် သူတို့၏အသိစိတ် ပင်လယ်က ဒါကို ခံနိုင်ရည်ရှိမည်မဟုတ်။

ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့သာ ဆက်လက်စုပ်ယူနေသည်။

မုဖူရှန်း၏မျက်ခုံးကြား၌ လောင်ကျွမ်းနေသည့် မီးတောက်ဖြူကို သူတို့မြင်သောအခါ တုန်ယင်သွားကြပြီး တစ်ချိန်တည်းတွင် အနည်းငယ် ထိတ်လန့်သွားခဲ့ကြသည်။

ဒါဘယ်လိုဝိဉာဉ်မီးတောက်မျိုးလဲ!

ဒါကတကယ်ပဲ ငါတို့ဝိဉာဉ်ထဲထိ နက်ရှိုင်းစွာ စိမ့်၀င်လာတဲ့ အေးစက်မှုကို ငါတို့ကို ခံစားရစေတာလား!

ဒါ့အပြင် သေမင်းဝိဉာဉ်မြို့ထဲမှာ ဝိဉာဉ်စွမ်းအားကို လွတ်လွတ်လပ်လပ်သုံးနိုင်တာဆိုတော့ မုဖူရှန်းက ဘယ်လောက်တောင် အားကောင်းတာလဲ!

နှစ်ယောက်စလုံးက ဒါကိုတွေးမိသောအခါ ခါးသီးစွာသာ ပြုံးလိုက်ကြသည်။

ဘယ်လိုမွန်းစတားအုပ်စုလဲ!

ငါတို့သူတို့နဲ့ ယှဉ်လို့မရပါဘူး!

အပိုင်း(748) coming။

All Chapters