← Chapters

#ဆရာဉာဏ်အလင်းပွင့်သွားတာလား!#

Vol. 53 Ch. 748

#ဆရာဉာဏ်အလင်းပွင့်သွားတာလား!#

Vol. 53 Ch. 748

အဆင့်နိမ့်ကြယ်နယ်မြေ၊ ထာ၀ရသက်တမ်းကမ္ဘာ!

လုချန်ရှန်းမျက်လုံးအစုံမှိတ်ကာ ဝါးကုလားထိုင်ပေါ်၌ လဲလျောင်းနေသည်။

သူ့ဘေးက ‌လေဟာနယ်က ပွင့်သွားပြီး ကျောက်တုံးလေး၏ ပုံရိပ်က ပြိုကွဲနေသည့် ‌အာကာသထဲတွင် ရှိနေသည်။

ထို့ထဲတွင် မရေမတွက်နိုင်လောက်သည့် လေဟာနယ်တာအိုနိယာမများက ထက်ရှသည့်ဓားသွားများအဖြစ် ပြောင်းလဲကာ ကျောက်တုံးလေး၏ကိုယ်ကို အဆက်မပြတ် ပိုင်းဖြတ်နေကြ၏။

ဘေးက လျိုကျိယုက ကျောက်တုံးလေး၏ နာကျင်နေသည့် အမူအရာကို ကြည့်ရင်း စာနာစွာ ခေါင်းညိတ်မိသည်။

ဘယ်သူ့ကိုမဆို ဒေါသထွက်အောင်လုပ်လို့ရတယ်၊ ဘာလို့ မင်းဆရာကိုပဲ ဒေါသထွက်အောင် လုပ်ရတာလဲ!

လုချန်ရှန်းက ကြင်နာပြီး အန္တရာယ်မပြုတတ်ပုံရသော်လည်း သူတစ်ယောက်ယောက်ကို အမှန်တကယ်ပင် ရှုပ်ပွေချင်ပါက ထိုလူကို သေသည်အထိ ဆန္ဒဖြစ်အောင် လုပ်တတ်သူမျိုးဖြစ်သည်။

ဒါ့အပြင် ဘယ်သူမှ သူလုပ်တယ်ဆိုတာကို မသိနိုင်အောင် အပြစ်အနာအဆာကင်းမဲ့စွာ လုပ်နိုင်သေးသည်။

လျိုကျိယု ဒီအခြေအနေကို မှန်းဆမိခဲ့သည်မှာ ကြာမြင့်နေလေပြီ။

ထို့ကြောင့် လုချန်ရှန်းရှေ့တွင် လျိုကျိယု အမြဲလိုလို အလွန်အမင်း ရိုကျိုးနေခဲ့သည်။

ဟွမ်ချင်း ဒီမြင်ကွင်းကို ဘေးကနေကြည့်နေပြီး ဘာမှမပြောပေ။

အပေါ်ယံ၌ လုချန်ရှန်းက ကျောက်တုံးလေးကို အပြစ်ပေးနေသော်လည်း တကယ်တမ်းတွင် ကျောက်တုံးလေး၏ ကိုယ်ခန္ဓာနှင့် လုချန်ရှန်း၏ တမင်သက်သက် ထိန်းချုပ်မှုတို့ကြောင့် ဒီလေဟာနယ်တာအိုနိယာမများက ကျောက်တုံးလေးအပေါ် သေစေလောက်သည့် ဘာထိခိုက်မှုကိုမှ ဖြစ်စေမည်မဟုတ်။

ဆန့်ကျင်ဘက်အနေနှင့် လုချန်ရှန်းလေဟာနယ်တာအိုနိယာမ၏ ဖျန်းဖျူးမှုအောက်တွင် ကျောက်တုံးလေး၏ လေဟာနယ်တာအိုနိယာမအပေါ် နားလည်မှုက သိသာစွာပင် တိုးတက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ့နယ်ပယ်ကလည်း အလွန်အမင်းမြန်ဆန်သည့်နှုန်းနှင့် တိုးလာသည်။

ရက်နှစ်ဆယ်အတွင်းမှာပင် ကျောက်တုံးလေး၏ နယ်ပယ်က သွေးပြောင်းလဲခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်ကိုပင် ချိုးဖျက်သွားခဲ့လေပြီ။

‌ဒီကြောက်စရာကောင်းသည့် တိုးတက်နှုန်းက ကျောက်တုံးလေး၏ လေဟာနယ်စွမ်းအားနှင့် ဆက်နွှယ်မှုကြောင့်ပင်။

တစ်ချိန်တည်းမှာပင် လေဟာနယ်တာအိုနိယာမအပေါ် ကျောက်တုံးလေး၏ ကျွမ်းကျင်မှုကလည်း နက်ရှိုင်းလာခဲ့သည်။

ဒါက ကျောက်တုံးလေးကို အစောပိုင်းအဆင့်မှာပင် အဆင့်မြင့်လေဟာနယ် တာအိုနိယာမများကို အဆက်မပြတ် နားလည်လာစေပြီး အလွန်မြန်ဆန်စွာ အဆင့်ချိုးဖျက်လာစေသည်။

ကျောက်တုံးလေး၏ လေဟာနယ်အပေါ် နားလည်မှုက အတားအဆီးတစ်ခုကို ရောက်လာသောအခါ နယ်ပယ်ချိုးဖျက်မှုကလည်း နှေးကွေးသွားရပေလိမ့်မည်။

ဘေးက ဟွမ်ချင်းက ပူပန်စွာပြောသည်။

"ဒီလောက်မြန်မြန်ချိုးဖျက်နေရင် သူ့နယ်ပယ်က မတည်မငြိမ်ဖြစ်နေလိမ့်မယ်"

လုချန်ရှန်းမျက်လုံးပင်မဖွင့်ဘဲ ထူးမခြားနားစွာပြောသည်။

"မစိုးရိမ်ပါနဲ့၊ ငါ့တပည့်ကို ငါထိခိုက်အောင် မလုပ်ပါဘူး"

"မဟုတ်ဘူးလား" လုချန်ရှန်း၏ ယုံကြည်မှုကြောင့် ဟွမ်ချင်းအံ့ဩသင့်သွားရသည်။

"ဘာလို့လဲ"

ဟွမ်ချင်း၏သံသယကို မြင်သောအခါ လုချန်ရှန်း ဝါးကုလားထိုင်ကနေ ထရပ်ပြီး နောက်က အဂ္ဂိရတ်အခန်းထဲသို့ လျှောက်သွားကာ တံခါးကို ဖြည်းဖြည်းလေး ဖွင့်လိုက်သည်။ သို့သော်သူမ၀င်ခဲ့ပေ။

ယင်းအစား ဟွမ်ချင်းအား အဂ္ဂိရတ်ခန်းမထဲက ဆေးမီးဖိုကို လက်ညိုးထိုးပြသည်။

ဒီမြင်ကွင်းကိုမြင်သောအခါ ဟွမ်ချင်း မျက်နှာဖုံးလိုက်မိသည်။

လျိုကျိယုကလည်း ကြက်သေသေသွားသည်။

လုချန်ရှန်းက ဒီလိုအရာကိုလုပ်နိုင်သည့် တစ်ဦးတည်းသောသူပေတည်း။

အဂ္ဂိရတ်အခန်းထဲတွင် ဧရာမဆေးမီးဖိုသုံးလုံးရှိသည်။

ထိုအချိန်တွင် ဆန်းကြယ်သည့်အော်ရာတစ်ခုနှင့် ပြည့်နှက်နေသည့် ဆေးလုံးများက ဆေးမီးဖိုတစ်ခုလုံးတွင် ပြည့်လျှမ်းနေကြသည်။ ဆေးလုံးသန့်စင်ခန်းမ၏ ကြမ်းပြင်၌ ပြန့်ကြဲနေသည့်ဆေးလုံးများစွာပင် ရှိသည်။

အံ့ဩသင့်စရာမရှိတော့။

လွန်ခဲ့သည့်ရက်အနည်းငယ်က အဂ္ဂိရတ်ခန်းမံ မိုးကြိုးများအဆက်မပြတ် ရိုက်ခတ်နေတာကို မြင်ခဲ့ရသဖြင့် ဟွမ်ချင်းပင်လျှင် ကြောက်သွားခဲ့ရသည်။

ဒါကရပ်ပင်မရပ်ခဲ့။

‌ဒီဆေးလုံးများ၏ အော်ရာက မထွက်လာဘဲ ယင်းအစား ဆေးလုံးထဲတွင်သာ ရှိနေသည်။

သို့စေကာမူ လျိုကျိယုပင်လျှင် သူ့ခွန်အားနှင့် ဒီဆေးလုံးတွေက ဘယ်အဆင့်လဲဆိုတာ မပြောနိုင်ပါ။

ထို့ကြောင့် သူအသံနိမ့်ကာမေးသည်။

"ဒါက.....ဆေးလုံးတွေကသုံးတာက ဆန့်ကျင်ဘက်သက်ရောက်မှု မရှိဘူးလား"

လုချန်ရှန်း သူ့ကို အရူးတစ်ယောက်ပမာ စိုက်ကြည့်သည်။

"တကယ်လို့ဆေးလုံးတစ်လုံးမှာ ဘေးထွကိဆိုးကျိုးတွေ၊ ဒါမှမဟုတ် နယ်ပယ်မတည်ငြိမ်မှုတွေကို ဖြစ်စေရင် ဒါက အဂ္ဂိရတ်ပညာရှင်ရဲ့ခွန်အားက မလုံလောက်သေးဘူးလို့ ဆိုလိုတာပဲ"

"အရည်အချင်းပြည့်မီတဲ့ ဆေးလုံးတွေမှာ ဘေးထွက်ဆိုးကျိုးမရှိသင့်ဘူး၊ အင်း၊ ဒါတောင် ငါ့ရဲ့အဂ္ဂိရတ်စွမ်းရည်တွေက တိုးတက်ဖို့ လိုသေးတယ်"

လုချန်ရှန်း သူ့အဂ္ဂိရတ်စွမ်းရည်များအား အမှန်တကယ် မကျေနပ်သေးသည့်ပမာ ခေါင်းခါယမ်းရင်း ကောင်းကင်ကို မော့ကြည့်ကာ တိုးတိုးလေးပြောသည်။

"ငါ့ဆန္ဒနယ်ပယ်တာအိုနိယာမနဲ့ စိတ်အခြေအနေကို တိုးတက်စေမယ့် ဆေးလုံးတွေကို ငါဘယ်အချိန်မှ သန့်စင်နိုင်မှာလဲ"

"အဲဒီအချိန်ကျလာတဲ့အခါကျရင် ဒီကောင်စုတ်လေးတွေကို ဆေးလုံးတွေသောက်ခိုင်းပြီး အမြင့်ဆုံးကို ရောက်အောင် လုပ်ပေးရမယ်"

ထို့နောက် လူတိုင်း၏ ဆွံအနေသည့် အကြည့်များအောက်တွင် သူမကျေနပ်စွာ ခေါင်းခါယမ်းမိသည်။

လျိုကျိယုနှင့် ဟွမ်ချင်းတို့ တွေးနေမိကြသည်။

ဒီလောက်သားသားနားနား၊ ဟိတ်ကြီးဟန်ကြီးလုပ်မနေရင် သေသွားမှာမို့လို့လား!

ဒါကမလုံလောက်သေးဘူးလား!

ခင်ဗျားလိုအဂ္ဂိရတ်ဆရာတစ်ဆူရှိတဲ့ ကောင်းကင်သခင်အဆင့်ဂိုဏ်းတစ်ဂိုဏ်းတောင် အဆင့်မြင့်ကြယ်နယ်မြေ တစ်ခုလုံးကို ပေါင်းစည်းဖို့ စဉ်းစားနိုင်တယ်!

ဆန္ဒနယ်ပယ်တာအိုနိယာမနဲ့ စိတ်အခြေအနေကို တိုးစေတဲ့ အတွေ့အကြုံလိုအပ်တဲ့ ဆေးလုံးတွေကို သန့်စင်ချင်သေးတာလား!

ဘာလို့ အင်မော်တယ်ဆေးလုံးတွေကိုပဲ မဖော်စပ်လိုက်ရတာလဲ!

မျှော်လင့်မထားစွာပင် လုချန်ရှန်းပြောလာသည်။

"ငါအင်မော်တယ်ဆေးလုံးကို လုပ်နိုင်ရင် ပိုကောင်းမှာ၊ ဒီလိုဆိုရင် ငါဒီလောက် ကြိုးစားနေစရာ မလိုတော့ဘူး"

ဟွမ်ချင်း "....."

လျိုကျိယု "......"

ထိုအချိန်တွင် မိုးမခပင်ရယ်မောနေသည်။ မိုးမကိုင်းများက လေနှင့်အတူ လွင့်မြောရင်း သိမ်မွေ့သည့် အသံကို ထုတ်လွှတ်နေသည်။

"ဒါကိုတွေးနေစရာတောင်မလိုပါဘူး၊ ဒါက ကောင်းကင်ဘုံကို ဆန့်ကျင်ရုံတင်မကတော့ဘူး၊ စကြာ၀ဠာတစ်ခုလုံးရဲ့ စည်းမျဉ်းကိုပါ ဆန့်ကျင်ရာကျသွားပြီ"

"ဒါပေမယ့် အနာဂတ်မှာ မင်းဆန္ဒနယ်ပယ်ကို တိုးမြှင့်ဖို့အတွက် ဆေးလုံးတွေကို စမ်းကြည့်လို့ရတယ်"

လုချန်ရှန်း သဘောတူသည့်အသွင် ခေါင်းညိတ်သည်။

"မှန်တယ်၊ ငါလုံလောက်အောင် အားမကောင်းသေးဘူး၊ အချိန်ကျလာတဲ့အခါကျရင် ငါအဂ္ဂိရတ်ပညာကို အသေးစိတ် လေ့လာရမယ်"

ကောင်းပါပြီ!

မိုးမခပင်တစ်ချက်ကြည့်ရုံနှင့်သိသည်။

ဒီလူက အင်မော်တယ်မသေမျိုးအတွက် ဆေးလုံးများကို ရယူနိုင်ရန် တွေးနေဆဲပင်။

မေ့လိုက်တော့၊ ငါသူ့ကိုထပ်ပြီး နားချမှာမဟုတ်ဘူး!

ဘယ်လိုပဲဖြစ်ဖြစ် ဒါကသူ့ကို တစ်နေကုန် ဘာမှမလုပ်ဘဲ နေတာထက် ကျင့်ကြံဖို့အတွက် လှုံ့ဆော်မှုတစ်ခုတော့ ပေးမှာပါ!

ထိုအခိုက်အတန့်မှာပင် ပြိုကွဲနေသည့် အာကာသထဲတွင် ရှိနေသည့် ကျောက်တုံးလေးမှာ နာကျင်သည့်အော်ဟစ်သံတစ်သံကို ထုတ်လွှတ်သည်။

လူတိုင်းမော့ကြည့်လိုက်ကြသည်။

သို့သော် သူအလျင်အမြန်ပင် စိတ်ပြေလျော့သွားပြီး သူ့နယ်ပယ်ကလည်း အင်မော်တယ်တပိုင်းနယ်ပယ် အစောပိုင်းအဆင့်ကို ချိုးဖျက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် သူလေဟာနယ်တာအိုနိယာမကိုလည်း ဖမ်းဆုပ်မိခဲ့သည်။

လုချန်ရှန်းလက်ဝှေ့ယမ်းသည်။

ကျောက်တုံးလေး ပြိုကွဲနေသည့်အာကာသထဲကနေ ထွက်လာသည်။

ထို့နောက် သူကျောက်တုံးလေးကို အဂ္ဂိရတ်ခန်းမထဲသို့ ဆွဲခေါ်သွားပြီး ပြောသည်။

"ဒီဆေးလုံးတွေကို အရင်စားလိုက်၊ မင်းနယ်ပယ်က ပိုပြီးတည်ငြိမ်လာတယ်လို့ ခံစားမိတဲ့အခါကျမှ ထွက်လာခဲ့"

ထိုစကားဆိုပြီးနောက် မျက်နှာ၌ ဆွံ့အနေသော အမူအရာတစ်ခုရှိသည့် ကျောက်တုံးလေးကို အထဲတွင် ပိတ်ပစ်သည်။

လုချန်ရှန်းနှာခေါင်းရှုံ့လိုက်၏။

"ဒါကိုစိုးရိမ်မနေနဲ့၊ ဆေးတွေကချိုတယ်"

ဟွမ်ချင်းရော လျိုကျိယုပါပြုံးလိုက်ကြ၏။

သူက ပုံမှန်အားဖြင့် စိတ်မချရပုံပေါ်သော်လည်း သူ့တပည့်များနှင့်ပတ်သက်ပြီး စိတ်ပူနေဆဲပင်။

ထိုအချိန်တွင် ထာ၀ရသက်တမ်းကမ္ဘာ၏ အလယ်ဗဟို၌ ဧရာမပို့ဆောင်ရေးအခင်းအကျင်းတစ်ခုရှိသည်။

ဒီပို့ဆောင်ရေးအခင်းအကျင်းက အဆင့်နိမ့်ကြယ်နယ်မြေက ပို့ဆောင်ရေးအခင်းအကျင်းအားလုံးနီးပါးနှင့် ချိတ်ဆက်ထားသည်။

ဒီဧရာမပို့ဆောင်ရေးအခင်းအကျင်းအပေါ် လုချန်ရှန်းပင်လျှင် အချိန်နှင့်အားစိုက်ထုတ်မှုများစွာ သုံးခဲ့ရသည်။

ဥပမာအားဖြင့် လုံခြုံမှုနှင့် ဖုံးကွယ်မှုပင်။

ရန်သူက ထာ၀ရသက်တမ်းကမ္ဘာကို ရှာရန် ပို့ဆောင်ရေးအခင်းအကျင်းကို သုံးတာဖြစ်ဖြစ် ဒီထဲ၀င်လာပါက ဘယ်လိုလုပ်မည်နည်း။

ဒီ‌လိုမေးခွန်းမျိုးကို စဉ်းစားရန် လိုသည့်မဟုတ်ပေလော။

ထိုအချိန်တွင် ဒီအဆင့်၌ ဟုန်ရင်နှင့် ကျန်သောသူများသာလျှင် ပို့ဆောင်ရေးအခင်းအကျင်းကနေ ဖြတ်ကာ ထာ၀ရသက်တမ်းကမ္ဘာကို ၀င်နိုင်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် တစ်ခဏအကြာတွင် ဧရာမအာကာသယာဉ်ကြီးတစ်စင်းက ပို့ဆောင်ရေးအခင်းအကျင်းကနေ ထာ၀ရသက်တမ်းကမ္ဘာသို့ ရွက်လွှင်လာသည်။

ဟုန်ရင်၊ နင်းချန်ရှင်း၊ ရှီရှန်း၊ မု၀မ်အာနှင့် ကျန်သောသူများက သင်္ဘောရှေ့ပိုင်းတွင် ရပ်နေကြသည်။

မု၀မ်အာ လုချန်ရှန်းကို လက်ယမ်းပြရန် ပြင်နေစဉ်မှာပင် လုချန်ရှန်းဘေးက လှပသည့် အမျိုးသမီးကို မြင်သောအခါ သူမအော်ဟစ်လိုက်သည်။

"အာ၊ ဆရာဉာဏ်အလင်းပွင့်သွားပြီလား"

အပိုင်း(749) coming။

All Chapters