#မွန်းစတားနဲ့ သေမျိုးများကြားက ခြားနားမှု#
Vol. 53 Ch. 749
"အာ၊ ဆရာနောက်ဆုံးတော့ ဉာဏ်အလင်း ပွင့်သွားပြီလား"
မု၀မ်အာ အော်ဟစ်လိုက်သောအခါ ဟုန်ရင်၊ နင်းချန်ရှင်းနှင့် ရှီရှန်းတို့ပါ ဟွမ်ချင်းရှိရာဘက်သို့ ထူးဆန်းသည့် အမူအရာများဖြင့် ကြည့်လိုက်ကြ၏။
သူတို့က မယုံနိုင်ဖွယ်ရာ အရာတစ်ခုခုကို တွေ့ခဲ့ရသည့်အလားပင်။
သူတို့ဆရာ လုချန်ရှန်းကဘယ်သူနည်း။
သူကအလှလေးများကို ပြဿာနာအရင်းအမြစ်အဖြစ် မှတ်ယူထားသည်။
သူကအမျိုးသမီးတိုင်းကို ပန်းရောင်အရိုးစုများအဖြစ်သာ ယူဆသည်။
သူတို့အားလုံးတွင် ကြီးမားသည့် ပြဿာနာများရှိသည်ဟု သူတွေးထားသည်။
တတ်နိုင်သရွေ့ သူမိန်းကလေးတွေကို လှုံ့ဆော်ပေးမည်မဟုတ်။ သူတို့က သူ့အနား ချဉ်းကပ်ရန်အတွက် ပဏာမခြေလှမ်း လှမ်းလာလျှင်ပင် သူ့ရိုးသားမှုကို ပြသရန်အတွက် သူတို့အား ရိုက်နှက်ပေလိမ့်မည်။
ဒီလိုသစ်သားတုံးကြီးအတွက် ဒါကမမှန်ပေ။
သူကမိန်းကလေးများအပေါ် စိတ်၀င်စားမှုမရှိဟု ဆို၍ရသည်။ သူမိန်းကလေးများကို အလွန်အမင်း အန္တရာယ်များသည့် ဂိုဏ်းတစ်ဂိုဏ်းပမာ ရှောင်ရှားနိုင်မည့်သူများ မဟုတ်ဟု မှတ်ယူထားသည်ဟူ၍ ပြောနိုင်သည်။
သို့စေကာမူ ယခုတွင် ထာ၀ရသက်တမ်းကမ္ဘာ၊ စံအိမ်တော်၌ ဒီလိုကြက်သေသေလောက်ဖွယ် အလှလေးတစ်ဦး အမှန်တကယ် ရပ်နေခဲ့သည်။
ဟွမ်ချင်း ရှက်သွေးဖြာသွားပြီး အကူအညီမဲ့စွာ ခေါင်းခါယမ်းမိသည်။
တခြားတစ်ဘက်တွင် လုချန်ရှန်း ဟုန်ရင်နှင့် ကျန်သောသူများကို ထူးဆန်းသည့် အမူအရာဖြင့် ကြည့်နေသည်။
"မင်းတို့ရောက်ရောက်လာချင်း ဘာလို့ အရူးတွေလိုလုပ်နေရတာလဲ၊ ငါဉာဏ်အလင်းရသွားပြီလားဆိုတာ ဘာကို ဆိုလိုချင်တာလဲ၊ မင်းတို့ဆရာက ဖွင့်သင့်တဲ့ ဉာဏ်အလင်းပေါက်အားလုံးကို ဖွင့်လှစ်ပြီးတော့ပဲ"
"ပြီးတော့ အဲဒီအကြည့်က ဘာကိုဆိုလိုတာလဲ"
ဟုန်ရင် ပါးစပ်ကို လက်သီးလေးနှင့် ပိတ်ကာ အနည်းငယ်ချောင်ဟန့်သည်။
"အဟမ်း၊ ဆရာ၊ ကျွန်မတို့ဒီလူကို ဘယ်လိုခေါ်သင့်လဲ"
တခြားတစ်ဘက်တွင် ရှီရှန်းက နည်းနည်းရူးမိုက်ကာ ဟွမ်ချင်းအား တိုက်ရိုက်ပင် ဦးညွတ်သည်။
"ဆရာ့ရဲ့ဇနီးကို နှုတ်ဆက်ပါတယ်"
ဒါကိုကြားသောအခါ ဟွမ်ချင်း၏မျက်နှာက ပို၍နီရဲသွားသည်။ အကယ်၍ အနီးကပ်ကြည့်မည်ဆိုပါက သူမခေါင်းထိပ်ကနေ မီးခိုးများ ထွက်နေတာကိုပင် မြင်နိုင်ပေလိမ့်မည်။
ထို့နောက် ဟွမ်ချင်း ဟုန်ရင်နှင့်ကျန်သောသူများကို ကြည့်လိုက်၏။
"ငါ့ကိုအဲလိုမခေါ်နဲ့၊ မဟုတ်သေးဘူး၊ အမ်....မဟုတ်ဘူး၊ ငါကနင့်တို့ဆရာရဲ့ ဇနီးမဟုတ်ဘူး"
လုချန်ရှန်း ရှီရှန်းပြောတာကို ကြားသောအခါ သူ့ခန္ဓာက တုန်ယင်သွားပြီး ရှီရှန်းနှင့် ကျန်သောသူများကို မယုံနိုင်စွာ ကြည့်လိုက်မိသည်။ နောက်ဆုံးတော့ သူတို့ဘာလို့ သူ့ကို အခုလိုကြည့်နေသလဲဆိုတာ သူနားလည်လိုက်လေပြီ။
ငါ့ကို နောက်ဆုံးတော့ ဉာဏ်အလင်းပွင့်သွားပြီလို့တောင် သူတို့ပြောခဲ့တယ်!
ငါကငတုံးတစ်ယောက်လို့ပြောတာလား!
ငါကငတုံးမဟုတ်ဘူး၊ ငါက အမျိုးသားနှင့် အမျိုးသမီးတွေကြားက ကိစ္စတွေကို ရှင်းရှင်းလင်းလင်းသိရုံပဲ၊ တစ်ခါတစ်လေ ငါသိရင်တောင် မသိချင်ဟန်ဆောင်ရုံပဲ ရှိတာ!
ငါတစ်ဘက်လူကို လျစ်လျူရှုပြီး သူက ငါ့ကို မရပ်မနား အနှောင့်အယှက်ပေးနေရင် ဘယ်လိုလုပ်မလဲ!
သို့စေကာမူ ဟွမ်ချင်း စကားပြောပြီးသောအခါ လုချန်ရှန်း ဟွမ်ချင်းကို အထိတ်တလန့် ကြည့်လိုက်မိသည်။
နေပါဦး၊ ညီမလေး၊ မင်းဘာဖြစ်နေတာလဲ!
မင်းမျက်နှာက ဘာလို့အဲလောက် နီရဲနေရတာလဲ!
ဒါက နတ်ဖီးနစ်ရဲ့ပုံရိပ်နဲ့ တစ်စက်မှ မလိုက်ဖက်နေဘူး!
နတ်ဖီးနစ်တစ်ကောင်အနေနဲ့ မင်းက အာဏာရှင်ပိုဆန်ပြီး တသီးတခြားနေသင့်တာမဟုတ်ဘူးလား!
ဘာလို့အိမ်နီချင်းမိန်းကလေးတစ်ယောက်လို ပြုမူနေရတာလဲ!
ပြီးတော့ မဟုတ်သေးဘူးဆိုတာက ဘာကို ဆိုလိုချင်တာလဲ!
လုချန်ရှန်း ချက်ချင်းဆိုသသလို ဟွမ်ချင်းနှင့် အကွာအဝေးတစ်ခုခြားရန် ခြေလှမ်း အနည်းငယ် နောက်ဆုတ်လိုက်၏။
သူ့ရင်ဘတ်ပေါ်၌ လက်ပိုက်ထားပြီး ကြောက်ရွှံ့မှုကို သူ့မျက်နှာ၌ ရေးသားထားသည်။
မဟုတ်သေးပါဘူး၊ တကယ်ကြီးလားဟ!
လုချန်ရှန်း၏လုပ်ရပ်များကို မြင်ပြီးနောင် ဟွမ်ချင်း၏မျက်ခုံးများက ရှုံ့တွသွားသည်။
ဟုန်ရင်နှင့် မု၀မ်အာတို့ကလည်း တစ်ဦးကိုတစ်ဦးကြည့်လိုက်မိသည်။
ဒီကိစ္စက ဖြေရှင်းပြီးသားဖြစ်သွားလေပြီ။ သူတို့ဆရာက သူတို့ဆရာဖြစ်နေဆဲပင်။ သူကသစ်သားခေါင်းဖြစ်နေဆဲ။
ထို့နောက် လုချန်ရှန်း ကြင်နာသည့်အပြုံးဖြင့် မု၀မ်အာနှင့်ရှီရှန်းတို့ကို လက်ဝှေ့ယမ်းပြသည်။
ဒီအပြုံးကိုမြင်သောအခါ ရှီရှန်းရိုးကျိုးစွာပင် ပြေးလေတော့သည်။
မု၀မ်အာ၏မျက်နှာက ဖြူရော်သွားပြီး ဟုန်ရင်နောက်တွင်ပုန်းကာ မော့ကြည့်သည်။
"အစ်မဟုန်ရင်....."
ဟုန်ရင် အကူအညီမဲ့စွာ သက်ပြင်းချသည်။
"သွားတော့၊ နင်ပြေးလို့မရတော့ဘူး၊ ဒါ့အပြင် အစ်ကိုကြီးက ဒီမှာမရှိဘူး၊ သူ့အပေါ် အပြစ်တင်ဖို့အတွက် ငါနင့်ကို မကူညီနိုင်တော့ဘူး"
အလယ်အလတ်အဆင့်ကြယ်နယ်မြေ အဝေးတစ်နေရာ၌ ယဲ့ချိုးပိုင်ကျင့်ကြံခြင်းကနေ နိုးထလာရုံသာရှိသေး၊ နှာချေလိုက်မိသည်။
သူ့ကျောရိုးတစ်လျှောက်လုံးကပင် အေးစက်သွားပမာ ခံစားလိုက်ရသည်။
ထို့နောက် လုံး၀အဖြူရောင် ပြောင်းနေသည့် မုဖူရီန်း၏နဖူးကြားကို ကြည့်ရင်း တွေးလိုက်မိသည်။
ဂျူနီယာညီလေးရဲ့ ဝိဉာဉ်မီးတောက်က တကယ့်ကိုဆန်းကြယ်တာပဲ၊ ထုတ်လွှတ်ရုံလေးကတင် ငါ့ကို ဒီလိုခံစားချက်မျိုးကို ပေးနေတယ်!
အမွေးတိုင်တစ်တိုင်စာခန့်ကြာပြီးနောက် မု၀မ်အာနှင့်ရှီရှန်းတို့မှာ ခေါင်း၌ အဖုများနှင့်အတူ မြေပေါ်ဒူးထောက်သွားကြသည်။
ရှီရှန်းပဟေဠိဖြစ်နေသည်။
မု၀မ်အာ၏မျက်နှာက မျက်ရည်များနှင့် ပြည့်နှက်နေသည်။
ထို့နောက် လုချန်ရှန်း ဟွမ်ချင်းကို မိတ်ဆက်ပေးသည်။
သို့မှသာ ဟုန်ရင်နှင့်ကျန်သုံးယောက်က ဟွမ်ချင်းက အရင်က ငှက်ကလေးဆိုတာ သိလိုက်ကြရသည်။
နားလည်မှုလွဲတာကို ဖြေရှင်းပြီသွားလေပြီ။
လုချန်ရှန်းမေးသည်။
"မင်းတို့အကုန်ပြီးသွားပြီလား"
ဟုန်ရင်ပြုံးကာခေါင်းညိတ်သည်။
"ဟုတ်ကဲ့၊ အဆင့်နိမ့်ကြယ်နယ်မြေတစ်ခုလုံးကို သိမ်းပိုက်ပြီးပါပြီ"
"အဲဒီနယ်မြေတွေက ကောင်းကင်ဘုံတာအိုစွမ်းအားနဲ့ ပေါင်းစပ်ပြီးနောက်မှာ တပည့်ရဲ့ နယ်ပယ်ကလည်း မြေအင်မော်တယ်နယ်ပယ် တစ်၀က်အဆင့်ကို ရောက်သွားခဲ့ပါတယ်"
အဆင့်နိမ့်ကြယ်နယ်မြေတွင် တစ်ချို့နယ်မြေများ၏ ကောင်းကင်ဘုံတာအိုများက အရမ်းကြီးအစွမ်းမထက်ပေ။
ထိုနယ်မြေများရှိ နယ်မြေနှလုံးသားက ဟုန်ရင်ကို ဒီနယ်ပယ်ထဲ ၀င်ခွင့်သာပေးနိုင်သည်။ ဒါက သူမမျှော်လင့်ထားတာထက် ပိုနေသည်။
မည်သို့ပင်ဆိုစေကာမူ နယ်မြေတိုင်းတွင် အကန့်အသတ်ဟူသည် ရှိသည်မဟုတ်ပေလော။
နယ်မြေနှလုံးသားက နယ်မြေတစ်ခုဟ အမြင့်ဆုံးအကန့်အသတ်ပင်။
လုချန်ရှန်းခေါင်းညိတ်ရင်း နင်းချန်ရှင်းအား ကြည့်နေသည်။
"ချန်ရှင်းရော"
တခြားတစ်ဘက်တွင် နင်းချန်ရှင်း သိမ်မွေ့စွာအမူအရာနှင့် ညင်သာစွာပြုံးသည်။
"အဆင်ပြေပါတယ်၊ ကျွန်တော် ဟောပြောဖို့အတွက် အချိန်ပဲလိုတော့တယ်၊ ကျွန်တော် ပညာသင်ခန်းမက လူတစ်ချို့ကိုလည်း ဟောပြောဖို့ စေလွှတ်ပြီးပါပြီ"
ဟုန်ရင်ပြုံးရင်း ကြားဖြတ်ပြောသည်။
"တပည့် ဂျူနီယာမောင်လေးနင်းရဲ့ လှုပ်ရှားမှုတွေကို စမ်းသပ်ခဲ့ပါတယ်၊ သူ့ခွန်အားက တပည့်ထက် မနိမ့်ကျတော့ပါဘူး"
လုချန်ရှန်း မမေးနိုင်သေးခင်မှာပင် မြေပေါ်၌ ဒူးထောက်နေသည့် ရှီရှန်းကလည်း ပြောလာသည်။
"လမ်းတစ်လျှောက်မှာ ကြယ်စွမ်းအားအတွက် ကျင့်ကြံခြင်းနေရာတစ်ချို့ကို ရှာတွေ့ခဲ့ပါတယ်၊ အဲဒါတွေကို စုပ်ယူပြီးနောက်မှာ ကျွန်တော် မြေအင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်ကို ရောက်သွားခဲ့ပါပြီ" အရင်က လုချန်ရှန်း၏ အကူအညီနှင့်အတူ ရှီရှန်း န၀မကြယ်၏ အနှစ်သာရကို သိပ်သည်းနိုင်ခဲ့သည်။
ပရမ်းပတာကြယ်မှတ်တမ်းကို ဖန်တီးသူပင် ဒါကို မသိပ်သည်းနိုင်ခဲ့ပေ။
(ပရမ်းပတာကြယ်မှတ်တမ်းကို နောက်ပိုင်း ခေးအောစ့်ကြယ်မှတ်တမ်းလို့ သုံးစွဲသွားပါမည်)
ထိုအချိန်ကတည်းက ရှီရှန်း အင်မော်တယ်တပိုင်းနယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်ခဲ့သည်။
လုချန်ရှန်းပြောသည်။
"မင်းအပျင်းခိုနေတာလား၊ ဘာလို့နယ်ပယ်လေးတစ်ခုပဲ ချိုးဖျက်ရတာလဲ၊ မင်းရဲ့ စီနီယာအစ်ကိုအစ်မတွေကို ကြည့်လိုက်ဦး"
ရှီရှန်းခေါင်းကုတ်ရင်း ရှက်ရှက်နှင့်ပြောသည်။
"ဆရာ၊ အနာဂတ်မှာ ကျွန်တော်သေချာပေါက် ပိုကြိုးစားပြီးကျင့်ကြံပါမယ်"
လျိုကျိယုဆွံအနေသည်။
ဘယ်လောက်ကြာသေးလို့လဲ!
အင်မော်တယ်တပိုင်းအထွတ်အထိပ်အဆင့်ကနေ မြေအင်မော်တယ်နယ်ပယ်လား!
အပြင်ပကမ္ဘာတွင် ထိုထိပ်တန်းဂိုဏ်းများက သူ့ကို ရတနာတစ်ခုပမာ ဆက်ဆံကြပေလိမ့်မည်။
ဒါပေမယ့် လုချန်ရှန်းက သူအပျင်းခိုနေတယ်လို့ပဲ ပြောတာလား!
အင်မော်တယ်တပိုင်းနယ်ပယ်ကနေ မြေအင်မော်တယ်နယ်ပယ်ကို ရောက်ရန်သူသည် အတော်လေးခက်ခဲသည်။
ဒါကဘယ်လောက်ကြာတတ်လဲ!
အင်မော်တယ်နယ်ပယ်က ဧရာမတံခါးပေါက်ကြီးတစ်ခုပင်။
အင်မော်တယ်နယ်ပယ်ကို ရောက်ပြီးနောက် နယ်ပယ်အဆင့်ချိုးဖျက်နှုန်းက အရင်ကကဲ့သို့ မြန်ဆန်တော့မည်မဟုတ်။
သို့စေကာမူ လုချန်ရှန်းနှင့် သူ့တပည့်များက ဘယ်လောက်ထိ ရူးနှမ်းကြသူများ ဖြစ်သလဲဆိုတာ တွေးမိသောအခါ သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။
"မေ့လိုက်တော့၊ မွန်းစတားတွေရဲ့အမြင်က အမြန်နှုန်းက ငါတို့သေမျိုးတွေနဲ့မှ မတူတာလေ...."
ဒီတစ်ကြိမ်တွင် မု၀မ်အာ၏ အဂ္ဂိရတ်စွမ်းရည်များကလည်း အကြီးအမား တိုးတက်လာခဲ့သည်။
သူမ၏နယ်ပယ်က မမြင့်သော်လည်း ဆေးသန့်စင်နှုန်းဖြစ်စေ ဆေးလုံး၏ အရည်အသွေးဖြစ်စေ အားလုံးက အများကြီး တိုးလာခဲ့သည်။
အခြေအနေရပ်ကို နားလည်ပြီးနောက် လုချန်ရှန်းတစ်ခဏမျှ တွေးတောရင်း ဟုန်ရင်ကို ပြောလိုက်သည်။
"မင်းကောင်းကင်ဘုံတာအိုစွမ်းအားနဲ့ နယ်မြေနှလုံးသားကို မင်းကိုယ်ထဲမှာ ပေါင်းစပ်ထားပြီးပြီဆိုပေမယ့် ဒီစွမ်းအားတွေက မပြည့်အ၀ မပေါင်းစပ်ကြသေးဘူး၊ ဒါတွေက မင်းရဲ့ခြေလက်အင်္ဂါတွေနဲ့ အရိုးများမှာ ပြန့်ကြဲနေတယ်"
လုချန်ရှန်း၏ အမြင်အာရုံနှင့် ဟုန်ရင်၏ အခြေအနေကို သူအလွယ်တကူမြင်နိုင်ပါသည်။
လုချန်ရှန်းထရပ်ကာပြောသည်။
"တခြားအကြောင်းတွေဘာမှ မပြောနဲ့ဦး၊ ဒီနယ်မြေတွေရဲ့စွမ်းအားကို အရင်ပေါင်းစပ်ကြရအောင်....."
အပိုင်း(750) coming။