#မိုးကြိုးကပ်ဘေး၊ မျက်နှာဆိုတာကဘာလဲ၊ အသက်ကပိုအရေးကြီးတယ်#
Vol. 53 Ch. 751
ဒါက အဆင့်နိမ့်ကြယ်နယ်မြေ၏ စွမ်းအားဖြစ်သော်လည်း ယခုလိုနယ်မြေစွမ်းအား ပမာဏအများအပြားကိုသာ အတူတကွ ပေါင်းစပ်လိုက်ပါက ဒါကအဆင့်နိမ့်ကြယ်နယ်မြေ၏စွမ်းအားကို သိပ်သည်းစေလိမ့်မည်။
ဒီကိစ္စတွင် ကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ဆိုလျှင်ပင် ဒါကို စုပ်ယူနိုင်မည်မဟုတ်။
အကယ်၍ အတင်းစုပ်ယူပါက သေချာပေါက် ပေါက်ကွဲသွားရပေလိမ့်မည်။
မြေအင်မော်တယ်နယ်ပယ် တစ်၀က်အဆင့်သာ ရှိသေးသည့် ဟုန်ရင်ကိုမူ ပြောနေစရာပင်မလိုပေ။
လုချန်ရှန်း၏ ဆေးလုံးအကူအညီသာမရှိပါက သူတို့ဒီလိုအရာမျိုးကို တွေးပင်တွေးရဲမည်မဟုတ်ပါ။
မိုးမခပင်ရယ်မောသည်။
"ဒါပေမယ့် မင်းဆရာရဲ့ အဂ္ဂိရတ်စွမ်းရည်နဲ့ ရှေးဦးမူလကျင့်စဉ်နဲ့ဆိုရင် ကြယ်နယ်မြေအဖြစ် ပေါင်းစပ်ပြီး သိပ်သည်းအောင် လုပ်ဖို့ဆိုတာက ပြဿာနာကြီးတစ်ခု မဟုတ်ပါဘူး"
ထိုနေရာတွင် မိုးမခကိုင်းတစ်ခုက ဟုန်ရင်ထံသို့ လွင့်မြောပျံသန်းသွား၏။
"ငါမင်းကို နယ်မြေနှလုံးသားကို အရင်တည်ငြိမ်အောင် လုပ်ဖို့ကူညီပေးမယ်၊ မင်းဆရာ ဆေးလုံးသန့်စင်ပြီးတဲ့အထိ စောင့်ကြတာပေါ့"
ဟုန်ရင် မိုးမခပင်အား ကျေးဇူးတင်စွာ ဦးညွတ်သည်။
"ကျေးဇူးပါ စီနီယာမိုးမခ"
ထို့နောက် သူမတင်ပလ္လင်ခွေထိုင်ရင်း မိုးမခပင်၏ အကူအညီနှင့်အတူ ကိုယ်ထဲက ပြန့်ကြဲနေသည့်နယ်မြေစွမ်းအားကို စတင်တည်ငြိမ်အောင်လုပ်သည်။
တခြားတစ်ဘက်တွင် မု၀မ်အာက ထွက်ပြေးသွားသည်မှာ ကြာနေလေပြီ။
သူမလုချန်ရှန်းနောက်ကနေ လိုက်ရင်း သူမဆရာ၏ အဂ္ဂိရတ်နည်းစနစ်များကို ထပ်မံစောင့်ကြည့်လေ့လာချင်သည်။
သူမ လုချန်ရှန်း၏ အဂ္ဂိရတ်ဖြစ်စဉ်ကို အကဲခတ်ကြည့်ချင်သည်။
အဂ္ဂိရတ်ပညာရှင်များအတွက် ဒါက ကံတရားကြောင့်သာ တွေ့ခွင့်ရနိုင်သည့် အခွင့်အရေးတစ်ခုပေတည်း။
ဒါ့အပြင် သူမ၏အဂ္ဂိရတ်စွမ်းရည်များကလည်း အကြီးအမား တိုးတက်လာပေလိမ့်မည်။
ထိုအချိန်တွင် လုချန်ရှန်း အဂ္ဂိရတ်ခန်းမထဲသို့ လျှောက်သွားသည်။
လုချန်ရှန်း ဂရုတစိုက် စဉ်းစားဆင်ခြင်ပြီး ဆေးလုံးများ ဖန်တီးပြီးနောက် အဂ္ဂိရတ်ခန်းမက အဂ္ဂိရတ်ပညာ၏ ထိရောက်မှုကို တိုးစေနိုင်သည့် ပစ္စည်းမျိုးစုံကို သုံးခဲ့သည်။ ဥပမာအားဖြင့် နံရံအတွင်းဘက်တွင် ဒြပ်စင်ငါးခု၏ စွမ်းအားနှင့်အတူ ထိပ်တန်းရတနာများရှိသည်။
တခြားတစ်ဘက်တွင် အမိုးခုံးကိုမူ ကောင်းကင်ဘုံမိုးကြိုးကို လှုံ့ဆော်ရန်အတွက် သုံးသောပစ္စည်းများနှင့် ပြုလုပ်ထားသည်။
ဆေးလုံးသန့်စင်သောအခါ ဒါကအောင်မြင်နှုန်းကို တိုးစေသည်သာမက ဆေးလုံး၏ အရည်အသွေးကိုပါ အကြီးအမား မြှင့်တင်ပေးနိုင်သည်။
တစ်ချိန်တည်းမှာပင် အဂ္ဂိရတ်ခန်းမထဲတွင် လုချန်ရှန်း တစ်ခုခုဖြစ်လာမည့်အပေါ် ကာကွယ်သည့်အနေဖြင့် ကာကွယ်ရေးအစီအရင်များစွာကို ချထားသည်။
ဆေးလုံးအသစ်များကို ကြိုးစားခြင်း၊ သို့မဟုတ် ခက်ခဲသည့်ဆေးလုံးများကို သန့်စင်သောအခါ ကျရှုံးသည့်ကာလများလည်း ရှိကောင်းရှိနိုင်သည်။
ကျရှုံးသည်နှင့် ဆေးလုံးအဆင့်က ပိုမြင့်လေလေ၊ ပေါက်ကွဲမှု၏ အဖျက်စွမ်းအားက ပိုပြင်းလေလေဖြစ်သည်။
ထိုအချိန်တွင် သူပါပါ၀င်သွားပါကရော!
ဒီအချက်ကိုအခြေခံ၍ လုချန်ရှန်း၏ စရိုက်အရ ဒီလိုဖြစ်ပျက်လာခြင်းကို တားဆီးရန်အတွက် သူဘယ်လိုလုပ် တစ်ခုခုမလုပ်ဘဲနေမည်နည်း။
မည်သို့ပင်ဆိုစေကာမူ သူ့အသက်က ပိုအရေးကြီးသည်။
သူ့နောက်တွင် မု၀မ်အာ ထောင့်တစ်နေရာ၌ တိတ်ဆိတ်စွာထိုင်နေသည်။ သူမ လုချန်ရှန်းကို မနှောင့်ယှက်ချင်ပေ။
လုချန်ရှန်း အဂ္ဂိရတ်ဆေးပြင်းဖိုရှေ့တွင် ထိုင်ပြီး ဟုန်ရင်အတွက် ဘယ်လိုဆေးလုံးမျိုး လုပ်ပေးရမလဲဆိုတာ စတင်စဉ်းစားသည်။
သို့မှသာ သူမက သူ့အကူအညီနှင့် ကြယ်နယ်မြေစွမ်းအားကို သိပ်သည်းပြီးနောက် ဒီလိုအစွမ်းထက်ကိုယ်ခန္ဓာကို ခံနိုင်ရည်ရှိလာပေလိမ့်မည်။
ဒီကိစ္စအတွက် လုချန်ရှန်းစိတ်ထဲတွင် ဆေးလုံးနှစ်မျိုးကို သူဆုံးဖြတ်ထားပြီးလေပြီ။
"အင်း၊ ငါ့ခန္ဓာနဲ့ မရီဒျန်များကို အားဖြည့်ဖို့အတွက် ငါလည်းသေချာပေါက် ဆေးလုံးတွေကို လိုအပ်တယ်"
လုချန်ရှန်း ဆေးအမျိုးအစားပေါင်းများစွာကို သိသည်။
ဥပမာအားဖြင့် ကိုယ်ပေါ်၌ ရေခဲချပ်၀တ်ကို ချက်ချင်းဖန်တီးပေးနိုင်သည့် ဆန်းကြယ်ရေခဲချပ်၀တ်သိပ်သည်းဆေးလုံးဖြစ်သည်။
ဥပမာအားဖြင့် ကိုယ်ခန္ဓာကို အားကောင်းအောင် လုပ်ရင်း မြေကြီးစွမ်းအားကို ငှားယမ်းခြင်းဖြင့် ကိုယ်ခန္ဓာက ခံနိုင်ရည်မရှိသည့် စွမ်းအားအများစုကို မြေကြီးထဲက ကမ္ဘာမြေမိခင်ဆေးလုံးဆီသို့ လမ်းညွှန်ပေးနိုင်သည်။
သို့မဟုတ် ကိုယ်ခန္ဓာကို အားကောင်းစေသည့် ဆေးလုံးများလည်း အဆင်ပြေပါသည်။
အချိန်တိုအတွင်း လုချန်ရှန်းတွင် အကြံပေါင်းဒါဇင်နှင့်ချီ ရှိနေလေပြီ။
သူ ဒီဆေးလုံးများစွာအနက် တစ်ခုကို ယူလိုက်လျှင်ပင် ဒါက အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးကိုပင် တုန်ခါသွားစေလောက်သည်။
တကယ်တမ်းတွင် နတ်အင်ပါယာနယ်ပယ်က စွမ်းအားရှင်တစ်ဦး၏ အားအပြည့်တိုက်ချက်ကပင် ဒါကို ဖျက်ဆီးနိုင်မည်မဟုတ်။
ရွေးချယ်ရန်အတွက် ဆေးလုံးများစွာ ရှိသည်။
ဒါပေမယ့် ဒီအခြေအနေမှာ ဘယ်တစ်ခုက အသုံး၀င်လဲ!
လုချန်ရှန်းခေါင်းမော့ရင်း မျက်မှောင်ကြုတ်လိုက်၏။
ကြယ်နယ်မြေစွမ်းအားက ဆေးလုံးတစ်လုံး၏ ဂုဏ်သတ္တိမဟုတ်ပေ။
ထို့ကြောင့် ကိုယ်ခန္ဓာကို အားဖြည့်ပေးနိုင်သည့် ဆေးလုံးများကို အရင်ဆုံး ထုတ်ယူနိုင်သည်။
ဒီစွမ်းအားက မိုးနှင့်မြေ၏ မဟာတာအိုနိယာမစွမ်းအားပါ၀င်သည့် မူလစွမ်းအားတစ်ခုရှိသည်။
"ဒီလိုဆိုမှတော့ ဒီဆေးလုံးက အသင့်တော်ဆုံးပဲ"
ကိုယ်ခန္ဓာနှင့် မရီဒျန်များကို အားဖြည့်ပေးသည့် ဆေးလုံးကို အတည်ပြုပြီးနောက် စိတ်အခြေအနေနှင့် ဝိဉာဉ်ကို တည်ငြိမ်စေနိုင်သည့် ဆေးလုံးများလည်းရှိသည်။
လုချန်ရှန်း သူတတ်နိုင်သလောက် အကောင်းဆုံးကုန်ကြမ်းများကို ထုတ်လုပ်ရန်သာ လိုအပ်ပြီး ဆေးလုံးများကို စတင်သန့်စင်သည်။
လုချန်ရှန်း၏ လက်ရာကိုကြည့်ရင်း မု၀မ်အာ၏ မျက်လုံးများက တုန်ယင်လာခဲ့သည်။
မု၀မ်မု သူမဆရာ ဆေးလုံးသန့်စင်တာကို အကြိမ်ပေါင်းများစွာ မြင်ဖူးသော်လည်း သူမကြည့်သည့်အကြိမ်တိုင်း သူမဝိဉာဉ်ထဲထိ နက်ရှိုင်းစွာ စိမ့်၀င်နေသည့် ထိတ်လန့်မှုက အပေါ်ယံ၌ သတိမမူမိဘဲ ပေါ်လာနေဆဲပင်။
ဆေးလုံးသန့်စင်ခြင်းဖြစ်ဖြစ် အလုပ်များစွာ လုပ်ခြင်းဖြစ်ဖြစ် သူက တစ်ချိန်တည်းတွင် ပါ၀င်ပစ္စည်းအားလုံးကို အဂ္ဂိရတ်ဖိုထဲသို့ ပစ်ထည့်ပစ်တတ်သည်။
မု၀မ်အာတစ်ယောက် သူမကသူ့ထက် အတော်လေးနိမ့်ကျသည်ဟု ခံစားနေရသည်။
နေ့တစ်၀က်ကြာပြီးနောက် တိမ်မည်းများက ထာ၀ရသက်တမ်းကမ္ဘာ၌ စတင်စုစည်စလာခဲ့သည်။
နင်းချန်ရှင်းနှင့် ကျန်သောသူများက ကောင်းကင်ကိုကြည့်ရင်း ပြုံးလိုက်မိကြသည်။
"ကြည့်ရတာ ဆရာအောင်မြင်သွားပုံပဲ"
တခြားတစ်ဘက်တွင် ဟွမ်ချင်းက ပိုမြင်စည်။
လုချန်ရှန်း ဆေးလုံးကိုအောင်မြင်စွာ သန့်စင်ခဲ့သည့်အပေါ် သူမအံ့ဩသွားခြင်းမရှိချေ။
ဆေးလုံးသန့်စင်မှုကသာ ကျရှုံးသွားပါက အံ့ဩသင့်စရာကောင်းသွားစေလိမ့်မည်။
သူမကိုလေးနက်သွားစေသည့်အရာက တိမ်မည်းများထဲတွင် အဆုံးမဲ့ထိုးတက်လာသည့် မိုးကြိုးကပ်ဘေးနှင့် အဖျက်စွမ်းအားက သူမကို အကြောက်တရားကို ခံစားရစေသည်။
လျိုကျိယုကလည်း တွေးမိသည်။
ဒီမိုးကြိုးကပ်ဘေးကို ရင်ဆိုင်နေရတာက သူဆိုပါက သူခုခံလျှင်ပင် သေချာပေါက် ဒဏ်ရာရသွားလောက်သည်။
ဟွမ်ချင်းကလည်း တွေးနေသည်။ သူမ ဒီမိုးကြိုးကပ်ဘေးကိုပါ ရင်ဆိုင်ရမည်ဆိုပါက သူမ၏ နတ်ဖီးနစ်သွေးကြောကို ထုတ်လွှတ်လျှင်ပင် သူမခံနိုင်ရည်သာရှိပေလိမ့်မည်။
ဒါ့အပြင် ၎င်း၏အသွင်အပြင်အရ တိမ်မည်းများထဲတွင် မိုးကြိုးကပ်ဘေးတစ်ခုထက်ပို၍ သိပ်သည်းနေခြင်းဖြစ်သည်။
လုချန်ရှန်း တစ်ပြိုက်တည်း ဆေးလုံးအမျိုးမျိုးကို တီထွင်ခဲ့သည်။
တိမ်မည်းများထဲတွင် မိုးကြိုးက မြည်ဟီးနေစဉ် ထာ၀ရသက်တမ်းကမ္ဘာတစ်ခုလုံးက တုန်ခါနေပြီး သစ်ပင်များက လှုပ်ယမ်းနေကြ၏။
ငှက်များ၊ သားရဲများနှင့် ရေထဲကငါးများက လွတ်မြောက်ရန်အတွက် ရုန်းကန်နေကြသည်။
လုချန်ရှန်း ရုတ်တရက်ကောင်းကင်သို့ လက်ညိုးထိုးလိုက်သည်။
ထာ၀ရသက်တမ်းကမ္ဘာအထက်တွင် ကိုးသွယ်မြေအောက်အစီအရင်က တိမ်မည်းများအောက်၌ ပေါ်ပေါက်လာခဲ့သည်။
ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပစ်ချင်သည့် ချုပ်တည်းခံထားရသည့် နိယာမစွမ်းအားက တိမ်မည်းများကြား စတင်ပြန့်ကြဲလာသည်။
ဒီအော်ရာကို ခံစားမိပြီးနောက် တိမ်မည်းများထဲက မိုးကြိုးကပ်ဘေးများက တစ်ခဏမျှ ရပ်သွားပုံရသည်။
ထို့နောက် လူတိုင်း၏ ကြက်သေသေနေသည့် အကြည့်များအောက်တွင် မိုးကြိုးကပ်ဘေးစွမ်းအားက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး တိမ်မည်းများကလည်း တဖြည်းဖြည်း ပျောက်ကွယ်လာနေသည်။
ဟမ်!
မိုးကြိုးကပ်ဘေးကိုတောင် ကြောက်စေတာလား!
ဟွမ်ချင်းအကူအညီမဲ့စွာပြုံးသည်။
လျိုကျိယု၏မျက်လုံးများက ရှုံ့တွသွား၏။
နတ်အင်ပါယာနယ်ပယ်ကျွမ်းကျင်သူတွေရဲ့ နှလုံးကိုပင် တုန်ခါစေတဲ့ မိုးကြိုးကပ်ဘေးတစ်ခုကို ဒီလိုကြောက်ရအောင် လုပ်ပစ်တာလား!
ဟေး၊ မိုးကြိုးကပ်ဘေးရေ၊ မင်းမျက်နှာ နည်းနည်းလောက် အဖတ်ဆယ်ပါဦးလား!
မိုးမခပင် ဒီမြင်ကွင်းကိုမြင်သောအခါ အားကိုးရာမဲ့စွာပြုံးသည်။
လုချန်ရှန်းကတော့ အရင်အတိုင်းပင်ဖြစ်သည်။ ဒီလိုသေးနုပ်သည့်ကိစ္စအတွက်ပင် သူကိုးသွယ်မြေအောက်အစီအရင်ကို အသုံးပြုခဲ့သည်။
တစ်ခဏအကြာတွင် လုချန်ရှန်းနှင့် မု၀မ်အာတို့က အဂ္ဂိရတ်ခန်းမကနေ ထွက်လာကြသည်။
လုချန်ရှန်း ဆေးလုံးလေးလုံးကို ဟုန်ရင်ထံပစ်ပေးပြီးနောက် မပျော်ရွှင်စွာပြောသည်။
"အချိန်ကျလာတဲ့အခါကျရင် ငါ့အတွက် စွပ်ပြုတ်လုပ်ပေးဖို့ သတိရ"
"ဒီဆေးလုံးလေးလုံးကို သန့်စင်ထို့အတွက် ငါဦးနှောက်ဆဲလ်ဘယ်နှစ်ခုတောင် သုံးခဲ့ရသလဲဆိုတာ မသိတော့ဘူး၊ ငါဒါတွေကို ပိုပြီးအားဖြည့်ဖို့လိုတယ်"
မု၀မ်အာ နှလုံးသားထဲကနေ ညည်းတွားမိသည်။
ဆေးလုံးတွေကို သန့်စင်တာက ရက်တစ်၀က်ပဲ ကြာမြင့်ခဲ့တာလေ!
အကယ်၍ တခြားတစ်ယောက်ယောက်သာ ဆိုပါက သူတို့အတွက် ရက်ရာချီအကြာတွင်ပင် လုပ်နိုင်ရန် ခက်ခဲသည်။
ဒါတောင် ဦးနှောက်ဆဲလ်တွေအကြောင်း ပြောနေတုန်းလား!
ဟုန်ရင် လှမ်းယူကာပြုံးသည်။
"ကောင်းပါပြီ၊ ဒီစစ်ပွဲအတောအတွင်း ကျွန်မလည်း ဟင်းလျာအသစ်တွေကို လေ့လာသင်ယူခဲ့တယ်...."
အပိုင်း(752) coming။