#သိပ်သည်းခြင်း#
Vol. 53 Ch. 752
အရာအားလုံး အဆင်သင့်ဖြစ်နေလေပြီ။
ဟုန်ရင်ကိုယ်ထဲက ပြန့်ကြဲနေသည့် နယ်မြေစွမ်းအားက မိုးမခပင်၏ အကူအညီနှင့်အတူ အများကြီး သိပ်သည်းကျစ်လျစ်လာခဲ့သည်။
လုချန်ရှန်းကလည်း ဆေးလုံးများကို လုပ်ပြီးသွားသည်။
ဟုန်ရင်ကိုပေးပြီးနောက် လုချန်ရှန်း ဟုန်ရင်ဘေးသို့ ရောက်လာပြီး ခြေချင်းခွေကာ ထိုင်လိုက်၏။
"ဘယ်အချိန်မှာ ဆေးလုံးကို သောက်ရမလဲဆိုတာ လမ်းတစ်၀က်မှာ ငါမင်းကို သတိပေးပါမယ်"
လုချန်ရှန်း၏မျက်နှာက လေးနက်သွားသည်။
"ဒီဖြစ်စဉ်အတွင်း မနှောင့်နှေးရဘူး၊ နားလည်လား'
မည်သို့ပင်ဆိုစေကာမူ ဒါက သူ့တပည့်များ၏ အသက်ကို သက်ရောက်နေသည်။ အကယ်၍ တစ်ခုခုမှားသွားပါက ဒါက ပြန်ပြောင်းမရနိုင်သည့် အကျိုးဆက်များကို ဖြစ်စေလိမ့်မည်။
ဒါကိုတွေးမိသောအခါ လုချန်ရှန်းအနည်းငယ် ပူပန်သွားပြီး နောက်ထပ် အစီအရင်အနည်းငယ် ဖန်တီးလိုက်သည်။
တစ်ချိန်တည်းမှာပင် ထိုကိုယ်ပိုင်ဖန်တီးထားသည့် ကုသဆေးလုံးများကိုလည်း အခင်းအကျင်းအစီအရင်ပတ်လည်၌ အခင်းအကျင်းမျက်လုံးအဖြစ် ထားရှိသည်။
ဒါက လုချန်ရှန်း၏ အကြံဉာဏ်လည်းဖြစ်သည်။
အဂ္ဂိရတ်တာအိုနှင့် အခင်းအကျင်းအစီအရင်များ၏ ပေါင်းစပ်မှုတွင် ဒီလိုလုပ်ခြင်းဖြင့် အကျိုးအမြတ်တစ်ခုရှိသည်။
ဆေးလုံးက သန့်စင်သိပ်သည်းသည့် စွမ်းအားနှင့် ပြည့်နှက်နေသည်။
အခင်းအကျင်းအစီအရင်များကမူ တိုက်ခိုက်ရန် သို့မဟုတ် ကာကွယ်ရန်အတွက် မိုးနှင့်မြေနိယာမစွမ်းအားကို သုံးထားသည်။
ဒီလိုနည်းလမ်းမျိုးက သေချာပေါက် လမ်းတစ်၀က်တွင် ရပ်တန့်သွားပေလိမ့်မည်။
အခင်းအကျင်းအစီအရင်၏ အဆင့်က ပိုမြင့်လျှင်ပင် မိုးနှင့်မြေ၏ နိယာမစွမ်းအားကို စုပ်ယူရန်အတွက် အချိန်တစ်ချို့ ကြာမြင့်ပေလိမ့်မည်။
သို့စေကာမူ တစ်ခါတစ်ရံ ရန်သူကို ရင်ဆိုင်သောအခါ တစ်ဘက်လူက သေစေလောက်သည့် တိုက်ခိုက်မှုတစ်ခုကို လုပ်ရန်အတွက် အချိန်ခဏတာမျှသာ လိုအပ်သည်။
ဒါကလည်း မြို့များကို ကာကွယ်ရန်အတွက် အကြီးစား သို့မဟုတ် အသေးစားတိုက်ပွဲများတွင် အစီအရင်များက အကြီးမားဆုံးစွမ်းအားကိုသာ ထုတ်လွှတ်နိုင်ရသည့် အကြောင်းရင်းပင်။
တစ်ဦးချင်းတိုက်ပွဲတွင် သူ့တွင် အသာစီးရမည်မဟုတ်။
ထို့ကြောင့်လည်း လုချန်ရှန်းတွင် ဒီအကြံဥာဏ်ရှိလာခြင်းဖြစ်သည်။
သန့်စင်စွမ်းအားနှင့် ပြည့်နှက်နေသည့် ဆေးလုံးကို အခင်းအကျင်းဗဟိုချက်အဖြစ် သုံးပြီး အခင်းအကျင်းအစီအရင်က ၎င်း၏စွမ်းအားကို ဖြည့်ဆည်းရန်အတွက် မိုးနှင့်မြေနိယာမစွမ်းအားကို စုပ်ယူနေစဉ် ဒါက ဆေးလုံးထဲက စင်ကြယ်သည့်စွမ်းအားကို အားဖြည့်ရန်အတွက် အချိန်မီ ထုတ်ယူနိုင်ပေမည်။
အကယ်၍ ဒါက ကုသအခင်းအကျင်းဆိုပါက သူကုသဆေးလုံးများကို သုံးမည်သာ။
ဒါက ကာကွယ်ရေးအခင်းအကျင်း အစီအရင်ဆိုပါက မိုးနှင့်မြေ၏ နိယာမစွမ်းအားကို တိုးမြှင့်စေသည့် ဆေးလုံးမျိုးဖြစ်ပေလိမ့်မည်။
ဒီလိုဆိုပါက ဒါကပိုပြီးပစ်မှတ်ထားခံရမည် သာမက အခင်းအကျင်းအစီအရင်၏ စွမ်းအားကိုလည်း ချက်ချင်း ဖြည့်ဆည်းပေးနိုင်သည်။
ဒီအကြံက တကယ်ဖြစ်လာသောအခါ မိုးမခပင်လျှင်ပင် လုချန်ရှန်း၏ ရဲတင်းလှသည့် အတွေးအပေါ် သက်ပြင်းချမိသည်။
ဟွမ်ချင်းနှင့် လျိုကျိယုတို့ သိသွားပြီးနောက်တွင် သူတို့အချိန်အတန်ကြာ ထိတ်လန့်နေခဲ့ကြသည်။
အောင်မြင်နိုင်မလားဆိုတာကို မပြောနဲ့ဦး၊ အဂ္ဂိရတ်နှင့် အခင်းအကျင်းအစီအရင်များကို ပေါင်းစပ်ခြင်းကပင် တစ်ခြားသူများ တွေးပင်မတွေးရဲသည့် အရာတစ်ခုဖြစ်သည်။
လုချန်ရှန်း ရှင်းလင်းချက်တစ်ခုသာပေးသည်။
"ဘာမှားနေလို့လဲ၊ ကမ္ဘာပေါ်က နည်းစနစ်အားလုံးက အတူတူပဲမလား"
ဒါကရိုးရှင်းပုံရသော်လည်း အကောင်အထည်ဖော်ရန်ဟူသည် အတော်လေးခက်ခဲပြီး ဖြစ်ပင်မဖြစ်နိုင်ပေ။
လုချန်ရှန်း ယခုလေးတင် သုံးခဲ့သည့် လှုပ်ရှားမှုအတွက်ကတော့ သူက ဟုန်ရင် တစ်ခုခုဖြစ်ပျက်လာပါက အခင်းအကျင်း အစီအရင်က သူမကို အချိန်မီမကူညီနိုင်မှာကို ကြောက်သောကြောင့်ပင်။
တစ်ခြားပြန်လည်သိုမှီရေး အခင်းအကျင်းများက လုံလောက်သော်လည်း ဒါက ကြိုတင်ကာကွယ်မှုဖြစ်သည်။ လုချန်ရှန်း မိုးမခပင်ကို လှည့်မကြည့်ဘဲပြောသည်။
"မိုးမခလေး၊ အချိန်ကျလာတဲ့အခါကျရင် ဟုန်ရင်ရဲ့နှလုံးသားကို ကာကွယ်ပေးဖို့ သတိရပါ"
မိုးမခကိုင်းများက တုံ့ပြန်သည့်အနေနှင့် လှုပ်ယမ်းလာသည်။
"မစိုးရိမ်ပါနဲ့"
ထို့နောက် မိုးမခရွက်သုံးရွက်က ဟုန်ရင်၏မျက်ခုံးကြား၊ နှလုံးနှင့် ဒန်တျန်ပေါ်၌ ကျလာသည်။
ယခုလိုကာကွယ်ရေးအစီအမံများကို မည်သူတစ်ဦးတစ်ယောက်မှ မည်သည့်ဂိုဏ်းမှ လုပ်နိုင်မည်မဟုတ်။
"ကောင်းပြီ၊ စကြရအောင်"
လုချန်ရှန်း လက်ကို ဒန်တျန်ပေါ်တင်ပြီး မိုးမခရွက်နှင့်ဖုံးပစ်သည်။
ဟုန်ရင်စိတ်အခြေအနေကို ထိန်ညှိကာ သူမ၏ ခြေလက်အင်္ဂါများနှင့် အရိုးများထဲတွင် ပြန့်ကြဲနေသည့် နယ်မြေစွမ်းအားများကို စတင်လှည့်ပတ်စေပြီး ဒန်တျန်ဆီသို့ စုစည်းနေသည်။
ဒါကိုခံစားမိသောအခါ လုချန်ရှန်း ချက်ချင်းဆိုသလို ရှေးဦးမူလစွမ်းအားကို ဟုန်ရင်ကိုယ်ထဲ ထည့်သွင်းလိုက်၏။
ရှေးဦးမူလစွမ်းအားက ဟုန်ရင်ကိုယ်ထဲ၌ မရီဒျန်များထဲသို့ ဒန်တျန်ကို ဗဟိုပြုကာ စီးဆင်းသွားသည်။
ရှေးဦးမူလစွမ်းအားက ရာချီသည့် မြစ်များကိုနေရာချရင်း ကမ္ဘာကြီးထဲက အရာရာတိုင်းကို အလိုက်သင့်နေရာချနိုင်သည်။
မဟာတာအို၃၀၀၀ကိုပင် နေရာချပေးနိုင်သည်။
ဒီရှေးဦးမူလစွမ်းအား ဟုန်ရင်ကိုယ်ထဲသို့ ၀င်သွားသည့်အခိုက်အတန့်၌ သူမဆရာ ထုတ်လွှတ်သည့် စွမ်းအားက သူမကိုယ်ထဲက စွမ်းအားများနှင့် လုံး၀မဆန့်ကျင်တာကို ဟုန်ရင် ရှင်းရှင်းလင်းလင်းခံစားမိသည်။
ယင်းအစား ဒီလိုစွမ်းအားက ရှေးဦးမူလစွမ်းအားရှိရာသို့ တက်ကြွစွာပင် စုစည်းနေကြသည်။
၎င်းတို့က မရီဒျန်တစ်ခုတည်းတွင် မည်သည့်အန္တရာယ်မှမရှိဘဲ ကူးခတ်နေသည်။
သူမဆရာက ကိုယ်ပိုင်ကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို တီထွင်ခဲ့သည်ဟုသာ သူမကြားခဲ့သည်။
မိုးမခပင်၏စကားလုံးများကို ကြားပြီးနောက် သူမထိတ်လန့်သွားခဲ့သည်။
ယခုတကယ့်လက်တွေ့ဘ၀တွင် ကြုံကြိုက်ရသောအခါ ယူလာသည့်ထိတ်လန့်မှုက ပို၍ပင် ကြီးမားလာသည်။
သူကတကယ်ပဲ သူမ၏ဆရာပီသပါပေသည်။
ဟုန်ရင် နယ်မြေစွမ်းအားကို အတင်းထိန်းချုပ်ရင်း ဒန်တျန်ထဲတွင် စုစည်းလာစေသည်။
မကြာမီ လုချန်ရှန်း၏ ရှေးဦးမူလစွမ်းအားက မရီဒျန်များထဲတွင် နယ်မြေစွမ်းအားနှင့်အတူ ပေါင်းစည်းသွားခဲ့သည်။
ဒီအခိုက်အတန့်မှာပင် လုချန်ရှန်းအော်ဟစ်သည်။
"ကောင်းကင်ဆန်းကြယ်မရီဒျန်တိုးချဲ့ဆေးလုံးကို သောက်လိုက်"
ကောင်းကင်ဆန်းကြယ်မရီဒျန်တိုးချဲ့ဆေးလုံး၏ လုပ်ဆောင်ချက်က မရီဒျန်များကို ကျယ်ပြန့်စေပြီး တစ်ချိန်တည်းမှာပင် မရီဒျန်များ၏ မာကျောခိုင်မာမှုကို အားဖြည့်ပေးသည်။
လုချန်ရှန်း၏အသံကို ကြားပြီးနောက် ဟုန်ရင်လက်ဖဝါးထဲက ဆေးလုံးကို တုံ့ဆိုင်းမနေဘဲ မျိုချပစ်သည်။
ဟုန်ရင်၏မရီဒျန်ထဲက အပြောင်းအလဲများကို ခံစားမိပြီးနောက် လုချန်ရှန်း၏လက်က အနည်းငယ် တုန်ယင်သွား၏။
ရှေးဦးမူလစွမ်းအားများစွာက ဟုန်ရင်ကိုယ်ထဲသို့ သမုဒ္ဒရာတစ်စင်းပမာ ပို၍စီး၀င်လာသည်။
ရှေးဦးမူလစွမ်းအားက ဟုန်ရင်တစ်ကိုယ်လုံး၌ ပြန့်ကြဲနေသည့် နယ်မြေစွမ်းအားကို ဆက်လက် စုပ်ယူနေသည်။
ဒါနှင့်ပေါင်းစပ်ပြီးနောက် လုချန်ရှန်း စွမ်းအင်ကို သူမဒန်တျန်ထဲတွင် စုစည်းရန်အတွက် ထိန်းချုပ်လိုက်သည်။
ယခုလိုကြီးမားသည့်အားတစ်ခုက ဟုန်ရင်ကိုယ်ထဲ၌ ထိုးတက်လာခဲ့လေရာ သူမမနာကျင်ရဘူးဟုဆိုပါက မုသားဆိုရာ ကျသွားပေလိမ့်မည်။
ဆေးလုံးများ၊ အစီအရင်များနှင့် စီနီယာမိုးမခပင်၏ အကာအကွယ်နှင်ပင် ဒါက သူမ၏မရီဒျန်များကို ပျက်စီးခြင်းကနေ ကာကွယ်ရန်သာဖြစ်ပြီး သူမနာကျင်မှုကို ခံစားနေရဆဲပင်။
ဟုန်ရင်၏လှပသောမျက်နှာလေးက ဆက်လက်ရှုံ့တွနေသည်။
သူမတစ်ကိုယ်လုံးက အထိန်းအချုပ်မဲ့ တုန်ယင်နေခဲ့သည်။
သူမ နီထွေးသောနှုတ်ခမ်းများကို ကိုက်ရင်း မအော်ဟစ်ရန် ထိန်းချုပ်ထားရသည်။
ဒီခြေလှမ်းက ရက်တစ်၀က်ခန့်ကြာခဲ့သည်။
လုချန်ရှန်း ဒီခြေလှမ်းကို ချက်ချင်း အပြီးသတ်နိုင်သော်လည်း ဟုန်ရင်၏ခန္ဓာက ဒါကို မခံနိုင်မှာကို သူကြောက်သည်။
ရှေးဦးမူလစွမ်းအားက ဟုန်ရင်ကိုယ်ထဲက နယ်မြေစွမ်းအားအားလုံးကို သူမဒန်တျန်ထဲသို့ စုပ်ယူလိုက်သောအခါ လုချန်ရှန်း အော်ဟစ်သည်။
"ဝိဉာဉ်သန့်စင်ဆေးလုံးကို သောက်လိုက်"
ဒီဆေးလုံးက ဒန်တျန်ကို ကာကွယ်ရန်ဖြစ်သည်။
နောက်တစ်ဆင့်က အရေးအကြီးဆုံးအဆင့်လည်းဖြစ်သည်။
ဟုန်ရင်၏ဒန်တျန်ထဲတွင် သူမနယ်မြေစွမ်းအားကို သိပ်သည်းပြီး ကြယ်နယ်မြေစွမ်းအားအဖြစ် ပြောင်းလဲပစ်ရမည်။
ဒီအဆင့်ပြီးသွားသရွေ့ ဟုန်ရင် ကြယ်နယ်မြေ၏ ကြီးမားသောစွမ်းအားကို ခံနိုင်ရည်ရှိလာပေလိမ့်မည်။
ဒီလိုအခြေအနေတွင် သူမအောင်မြင်နိုင်ပေလိမ့်မည်။
ဒီထဲကနာကျင်မှုက သာမန်လူများ စိတ်ကူးယဉ်နိုင်သည့် အရာတစ်ခု မည်သို့မည်ပုံ ဖြစ်နိုင်မည်နည်း။
ဆေးလုံးကိုသောက်ပြီးနောက်တွင် လုချန်ရှန်း ရှေးဦးမူလစွမ်းအားကို သုံးရင်း နယ်မြေများစွာက စွမ်းအားကို အတင်းသိပ်သည်းသည်။
ဒီဖြစ်စဉ်အတွင်း ဟုန်ရင်၏မျက်နှာက ဖြူဖျော့နေသည်။
ချွေးများက ဟုန်ရင်၏အနီရောင်၀တ်ရုံကိုပင် စိုရွှဲနေလေပြီ။
အနီရောင်၀တ်စုံက ဟုန်ရင်၏ နူးညံ့သေးသွယ်သည့် ကိုယ်ပေါ်၌ တင်းတင်းကပ်တွယ်နေသည်။
တုန်ယင်မှုအတိုင်းအတာကိုလည်း ရှင်းလင်းစွာ မြင်နေရသည်။
သုံးရက်ကြာပြီးနောက် ထာ၀ရသက်တမ်းကမ္ဘာတွင် မဟာတာအို၏ မူလအစနှင့် ပြည့်နှက်နေသည့် စွမ်းအားက ကောင်းကင်ပေါ်သို့ ထိုးတက်လာခဲ့သည်။
ဒီစွမ်းအားက ထာ၀ရသက်တမ်းကမ္ဘာထဲကနေပင် ထွက်သွားခဲ့သည်။
ထိုအခိုက်အတန့်၌ မဟာတာအိုစွမ်းအားက အဆင့်နိမ့်ကြယ်နယ်မြေတစ်ခုလုံးအတွင်း ပြည့်နှက်နေသည်။
ကြယ်နယ်မြေစွမ်းအားက ပေါ်ပေါက်လာခဲ့လေပြီ။
အပိုင်း(753) coming။