← Chapters

#ကြီးကြပ်ရေးဗိမာန်တော်#

Vol. 53 Ch. 753

#ကြီးကြပ်ရေးဗိမာန်တော်#

Vol. 53 Ch. 753

အလွန်အမင်းကြီးမားသည့် မူလစွမ်းအားက ထာ၀ရသက်တမ်းကမ္ဘာကို ဗဟိုပြုရင်း အဆင့်နိမ့်ကြယ်နယ်မြေတစ်ခုလုံး၌ ပြန့်ကြဲသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဟုန်ရင်၏ သိမ်းပိုက်ခြင်းကို ခံရသည့်နယ်မြေများအပေါ် ကောင်းကင်ယံ၌ နယ်မြေစွမ်းအားက လွင့်မြောလာပြီး တိကျသည့်နေရာတစ်ခုတွင် သိပ်သည်းနေကြ၏။

ထိုနယ်မြေများမှ ဂိုဏ်းများက ကွဲပြားသည့် အမူအရာကိုယ်စီဖြင့် ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ ဘာတွေဖြစ်ပျက်နေတာလဲ! အမွေအနှစ်လျှို့ဝှက်မြေ တစ်ခုခုပေါ်လာတာလား ဒါမှမဟုတ် တစ်ချို့အနန္တတန်ခိုးရှင်တွေ ချိုးဖျက်လာတာများလား!

တစ်ချို့ကျွမ်းကျင်သူများက စုံစမ်းစစ်ဆေးချင်ကြသည်။

နယ်မြေက ထွက်လာပြီးနောက်တွင်သာ ဒီမူလစွမ်းအားက လေဟာနယ်တစ်ခုလုံးတွင် ပြည့်နှက်နေပြီး နေရာတိုင်း၌ရှိနေတာကို သူတို့တွေ့လိုက်ကြရသည်။

ဒီမြင်ကွင်းက ထိုကျွမ်းကျင်သူများကို အတော်လေးဝေခွဲမရဖြစ်သွားစေသည်။

ဒီကိစ္စကို နယ်မြေအသီးသီး၌ ထူထောင်ခဲ့သည့် တိမ်ဖီးနစ်အင်ပါယာကို အစီရင်ခံတင်ပြကြသည့် သူတစ်ချို့လည်းရှိသည်။

ဧကရာဇ်မင်းဆရာနှင့် ကောင်းကင်သိုးသွယ်လူမျိုးစုကဲ့သို့ တိမ်ဖီးနစ်အင်ပါယာ၏ အထက်အဆင့်ပုဂ္ဂိုလ်များကသာလျှင် တစ်ချို့အရာများကို နားလည်နိုင်ပေသည်။

ဟုန်ရင်နယ်မြေတစ်ခုကို သိမ်းပိုက်ပြီးနောက် သူမနယ်မြေနှလုံးသားကို စုပ်ယူကာ ဒီနယ်မြေ၏ ကောင်းကင်ဘုံတာအိုဖြစ်လာမှာကို သူတို့အားလုံးသိကြသည်။

ယခုတွင်မူ နယ်မြေစွမ်းအားကို စည်းရုံးပြီးလေပြီ။

တခြားတစ်ဘက်တွင် အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့် ကြယ်နယ်မြေကြား၌ ကြယ်နယ်မြေအတားအဆီးတစ်ခုရှိသည်။ အင်မော်တယ်နယ်မြေ၀င်ပေါက်တွင် အကြည့်တစ်စုံက အဆင့်နိမ့်ကြယ်နယ်မြေကို အာရုံစိုက်ထားသည်။

ဒီမြင်ကွင်းကို ခံစားမိပြီးနောက်တွင် ထိုမျက်လုံးကြီးက အနည်းငယ်အံ့ဩသင့်သွားရသည်။ ကြယ်နယ်မြေစွမ်းအားကို သိပ်သည်းပြီး ကြယ်နယ်မြေနှလုံးသားကို အသက်သွင်းတာလား!

"ဒီလိုအခြေအနေမျိုးကို သေမျိုးနယ်မြေက အထွတ်အထိပ်အဆင့်မှာရှိတဲ့ လူသားဘိုးဘေးတစ်ယောက်ပဲ အောင်မြင်နိုင်မှာ"

"အခုသေမျိုးကမ္ဘာမှာ ဒီလိုအရာမျိုးကို လုပ်နိုင်တဲ့သူတစ်ယောက် တကယ်ရှိလာတာလား"

မျက်လုံးကြီး၏ အားကောင်းသော အင်မော်တယ်အသိက မူလစွမ်းအားအလယ်သို့ တိုး၀င်သွားခဲ့သည်။

သို့စေကာမူ သူလေဟာနယ်ကို ထိရန်ပြင်လိုက်စဉ် သူ့၏အင်မော်တယ်အသိက မည်သို့ပင်ဖြစ်စေ မထိုးဖောက်နိုင်တော့တာကို သိလိုက်ရသည်။

ဒါတင်မကဘဲ နေရာအများစုကို လေဟာနယ်ထဲကနေသာ ကြည့်ရှုနိုင်တော့သည်။

မျက်လုံးကြီးကို ပို၍ထိတ်လန့်စေတာက သူ့အင်မော်တယ်အသိ စိမ့်၀င်နိုင်သည့် နေရာတစ်ချို့ရှိသော်လည်း သူရှေ့ဆက်သွားစဉ် သူ့အင်မော်တယ်အသိက မူလရှိရာနေရာသို့သာ ပြန်ရောက်လာတာကို သိရခြင်းပင်။

ဒါဘယ်လိုငရဲမျိုးလဲ!

မျက်လုံးကြီးမှာ ကြက်သေသေနေသည်။

သူ့ခွန်အားနှင့်နယ်ပယ်အရ သူက သေမျိုးကမ္ဘာ၏ အားအနည်းဆုံးနယ်မြေတွင် ရှိသည့်တိုင် သူ့အင်မော်တယ်အသိက မထိုးဖောက်နိုင်ပေ။

ပြောရမည်ဆိုပါက ထိပ်တန်းကျွမ်းကျင်သူတစ်ဦးက ဒီနေရာ၌ အတားအဆီးတစ်ခုကို ချခဲ့ခြင်းဖြစ်ရပေမည်။

သို့မဟုတ် အစွမ်းထက်အစီအရင်သခင်တစ်ဦးက အင်မော်တယ်အသိများကို ပိတ်ဆို့ရန်အတွက် ပုံရိပ်ယောင်အစီအရင်များစွာကို ချခဲ့ခြင်းဖြစ်မည်။

ဒါပေမယ့် ဘယ်သူဒါကိုလုပ်နိုင်တာလဲ!

အင်မော်တယ်နယ်မြေတွင်ပင် သူ့အင်မော်တယ်အသိကို တားဆီးနိုင်သောသူက ငါးဦးပင်မရှိပါ။

ရုတ်တရက် မျက်လုံးကြီး၏စိတ်ထဲတွင် ပုံရိပ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။

အဲဒီ၀တ်စုံဖြူနဲ့ ကျောက်စိမ်းလိုကောင်လေး!

သူများဖြစ်နိုင်မလား!

ဒါကိုလုပ်နိုင်သောသူများထဲမှ သူသိသည့်သူများအနက် ထိုသူကတစ်ယောက်အပါအ၀င်ဖြစ်သည်။ ဒါကိုတွေးမိသောအခါ မျက်လုံးကြီးက သူ့အင်မော်တယ်အသိကို ရုပ်သိမ်းလိုက်၏။

လူသားဘိုးဘေးတစ်ဦး၏ အလာအလာနှင့်အတူ ယခုလိုလူကသာ သေမျိုးနယ်မြေတွင် ပေါ်လာပါက နယ်မြေခြောက်ခုအတွက် ဒါက ကောင်းသောအရာတစ်ခုပင်။

မဟုတ်ပါက စည်းတံဆိပ်ကျိုးပျက်သွားသောအခါ သေမျိုးနယ်မြေက ဘယ်သူမှ သူတို့ကို တားနိုင်မည်မဟုတ်။ သေမျိုးနယ်မြေ ပြိုကွဲသွားသည်နှင့် အင်မော်တယ်နယ်မြေက ဒုတိယပစ်မှတ်ဖြစ်လာနိုင်သည်။

ဒါကိုတွေးမိပြီးနောက် အင်မော်တယ်နယ်မြေ၀င်ပေါက်က မျက်လုံးကြီးက မျက်လုံးများကို ဖြည်းဖြည်းချင်းမှိတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် အဆင့်နိမ့်ကြယ်နယ်မြေက လေဟာနယ်တစ်ခုထဲတွင် မိုးထိစေတီတစ်ခုရှိနေသည်။

ထိုအချိန်မှာပင် မိုးထိစေတီ၏ အပေါ်ဆုံးအထပ်ကနေ အဖိုးအိုခြောက်ဦးက ဒီမြင်ကွင်းကို သတိထားမိသဖြင့် သူတို့ တုန်လှုပ်သွားခဲ့ကြသည်။

ကြယ်နယ်မြေမူလအား!

တစ်‌ယောက်ယောက်က ကြယ်နယ်မြေနှလုံးသားကို သိပ်သည်းချင်နေတာလား!

"အဖိုးကြီးဟွမ်၊ မင်းဘယ်လိုထင်လဲ"

အဖိုးကြီးဟွမ်ဟု အခေါ်ခံရသည့် အ၀ါရောင်၀တ်ရုံနှင့် အကြီးအကဲက တစ်ခဏမျှ စဉ်းစားလိုက်သည်။

"ဒီလူကို ငါတို့ကြီးကြပ်ရေးဗိမာန်က ကြီးကြပ်ရမယ်"

"ဒါကသင့်တော်တယ်လို့ ငါမထင်ဘူး" အပြာရောင်၀တ်ရုံနှင့် အကြီးအကဲက ခေါင်းခါယမ်းသည်။

"ကြယ်နယ်မြေနှလုံးသားကို သိပ်သည်းအောင် လုပ်နိုင်တဲ့သူတစ်ယောက်က သေမျိုးနယ်မြေ လူသားဘိုးဘေးတစ်ယောက် ဖြစ်လာဖို့အတွက် အလားအလာရှိတယ်..."

"ငါတို့လုပ်ရမှာက သူ့ကိုချည်နှောင်ပြီး ငါတို့ရဲ့ကြီးကြပ်ရေးဗိမာန်မှာ ၀င်ခွင့်ပြုတာပဲ"

"ဒီနည်းလမ်းနဲ့ဆိုရင် ငါတို့ဒီလူကို ကြီးကြပ်နိုင်ရုံတင်မက ငါတို့ရဲ့ကြီးကြပ်ရေးဗိမာန် အတွက်လည်း သူ့ကိုအသုံးပြုနိုင်ပြီ"

ထိုစဉ် အလယ်က အစိမ်းရောင်၀တ်ရုံအကြီးအကဲက ပြောလာသည်။

"ဒီသတင်းကို လောလောဆယ် ဖြန့်ကြက်လိုက်ကြရအောင်၊ အထက်အဆင့်က လူတွေဆုံးဖြတ်ပြီးတဲ့အခါကျရင် ဘာလုပ်ရမလဲဆိုတာ ငါတို့ဆုံးဖြတ်ကြမယ်"

အဝါရောင်၀တ်ရုံရှင်က ခေါင်းညိတ်သည်။

"ငါအခုသွားလိုက်မယ်"

ထို့နောက် လေပြေလေညင်းတစ်ချက် တိုက်ခတ်သွားပြီး အဝါရောင်၀တ်အကြီးအကဲက ထိုနေရာ၌ပင် ပျောက်ကွယ်သွား၏။

"နှစ်သန်းဆယ်နဲ့ချီကြာပြီးနောက်မှာတော့ ဒီလိုလူတစ်ယောက်က နောက်ဆုံးတော့ ပေါ်ပေါက်လာခဲ့ပြီလား" အစိမ်း၀တ်အကြီးအကဲက အနည်းငယ်သက်ပြင်းချသည်။

"ဒါကကောင်းတာလား၊ ဆိုးတာလားဆိုတာ ငါလည်းမသိတော့ဘူး၊ ဒါက ငါတို့ကြီးကြပ်ရေး ဗိမာန်‌တော်ရဲ့ အစီအစဉ်ကို မပျက်စီးစေဖို့ပဲ မျှော်လင့်ပါတယ်...."

ထိုအချိန်တွင် ထာ၀ရသက်တမ်းကမ္ဘာ၌ ကျွမ်းကျင်သူတစ်ဦး၏အသိက သူချထားသည့် အခင်းအကျင်းကို ဖြတ်သန်းရန် ကြိုးစားနေတာကို လုချန်ရှန်းခံစားမိသော်လည်း သူ့တွင်ဂရုစိုက်ရန် အချိန်မရှိပေ။

ဟုန်ရင်ဒန်တျန်ထဲက ကြယ်နယ်မြေနှလုံးသားက သိပ်သည်းနေပြီဖြစ်သည်။ သို့စေကာမူ ကြယ်နယ်မြေတစ်ခုလုံး၏ မူလစွမ်းအားက ယခုတွင် ဟုန်ရင်ကိုယ်၌ စုစည်းလာနေသည်။

ယခုလိုပြင်းထန်သည့် မူလစွမ်းအားတစ်ခုက ကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးကိုပင် ဆုတ်ဖြဲပစ်နိုင်သည်။ သူတို့၏ခန္ဓာနှင့် ဝိဉာဉ်များကပင် ချက်ချင်းပျက်စီးသွားရပေလိမ့်မည်။

ဟုန်ရင်၏ ဒန်တျန်၊ ဝိဉာဉ်နှင့် နှလုံးမရီဒျန်များကို ကာကွယ်ပေးနေသည့် မိုးမခရွက်သုံးရွက်အပြင် ဟုန်ရင်၏ကိုယ်ကို ကာကွယ်ရန်အတွက် လုချန်ရှန်းသုံးနေသည့် ရှေးဦးမူလစွမ်းအားသာမက ကုသအစီအရင်များနှင့် လုချန်ရှန်း၏ ဆေးလုံးများကြောင့်သာ မဟုတ်ပါက ဟုန်ရင် ပြာအဖြစ် ပြောင်းလဲသွားရပေလိမ့်မည်။

ဧရာမမူလစွမ်းအားက ဟုန်ရင်ကိုယ်ကနေ ဆက်လက်ထိုးထွက်လာနေသည်။ ထာ၀ရသက်တမ်းကမ္ဘာတစ်ခုလုံးတွင် ဝိဉာဉ်ချီက ပို၍သန့်စင်ကာ သိပ်သည်းထူထဲလာသည်။ မူလစွမ်းအားက အလင်းတိုင်တစ်ခုအဖြစ် ပြောင်းလဲကာ အဆက်မပြတ် ပစ်၀င်သွား၏။ လျိုကျိယုနှင့် ဟွမ်ချင်းတို့ ဒီမြင်ကွင်းကို မြင်သောအခါ မူလစွမ်းအားကို ခံစားမိနိုင်သဖြင့် ထိတ်လန့်သွားကြသည်။

သူတို့ ဒီစွမ်းအားကို စုပ်ယူမည်ဆိုလျှင်ပင် အပြည့်အ၀ရရှိနိုင်မည်မဟုတ်ပေ။

ဒါ့အပြင် လက်ရှိဟုန်ရင်က မြေအင်မော်တယ်နယ်ပယ် တစ်၀က်အဆင့်သာ ရှိသေးသည်။

မိုးမခပင်၏ သတိပေးချက်အောက်တွင် လုချန်ရှန်းမျက်မှောင်ကြုတ်ရင်း ရှေးဦးမူလစွမ်းအားနှင့်အတူ ဟုန်ရင်ဒန်တျန်ထဲတွင် သိုလှောင်ရာတစ်ခု ချက်ချင်းဖန်တီးပြီး ကြယ်နယ်မြေနှလုံးသားကို အထဲတွင် နေရာချလိုက်သည်။

တစ်ချိန်တည်းမှာပင် ဟုန်ရင်၏ ဒန်တျန်ထဲတွင် မိုးမခပင်၏ မိုးမခကိုင်းတစ်ခု ကျဆင်းလာသည်။

သိမ်မွေ့သောအဆုံးမဲ့ဆန္ဒက ရှေးဦးမူလစွမ်းအားကို ရစ်ပတ်သည်။ အစိမ်းရောင်အလင်းကို ထုတ်လွှတ်နေသည့် ကြည်လင်သော သိုလှောင်ရာသေတ္တာလေးက မူလစွမ်းအားနှင့်အတူ အဆက်မပြတ်ခုန်ပေါက် ထိုးထွက်နေသည့် ကြယ်နယ်မြေနှလုံးသားကို ချိပ်ပိတ်ပစ်သည်။

အလွန်အမင်းနာကျင်မှုကို ခံစားနေရသဖြင့် အတော်လေးပုံပျက်နေသည့် ဟုန်ရင်၏ မျက်နှာလေးက နောက်ဆုံးတော့ အနည်းငယ် ကောင်းမွန်လာသည်။

ထိုနေရာတွင်သာ လုချန်ရှန်း အနည်းငယ် စိတ်သက်သာရာရသွားသည်။

"ဟုန်ရင်၊ ငါ့ရှေးဦးမူလစွမ်းအား စီးကြောင်းရဲ့ တည်နေရာအရ ကျင့်ကြံခြင်းနည်းစနစ်ကို လှည့်ပတ်လိုက်၊ ပြီးတော့ ကျန်ရှိနေတဲ့ ကြယ်နယ်မြေမူလစွမ်းအားတွေကို မင်းရဲ့ ခြေလက်အင်္ဂါတွေနဲ့ အရိုးတွေထဲမှာ လှည့်ပတ်လိုက်"

ဒီအဆင့်ကိုပြီးမြောက်သွားသရွေ့ သူမအောင်မြင်နိုင်ပေလိမ့်မည်။

လုချန်ရှန်း၏စကားလုံးများကို ကြားသောအခါ ဟုန်ရင် သူပြောသည့်အတိုင်း လုပ်ခဲ့သည်။

သူ့ဆရာ၏ ရှေးဦးမူလစွမ်းအားဦးတည်ရာဘက်သို့ လိုက်ကာ သူမ ကြယ်နယ်မြေမူလစွမ်းအားကို မရီဒျန်များထဲတွင် လှည့်ပတ်ရန်အတွက် စတင်မောင်းနှင်စေသည်။

ရက်တစ်၀က်ခန့်ကြာပြီးနောက် တစ်ကြိမ်အပြည့် လှည့်ပတ်ပြီးသောအခါ ဟုန်ရင်ကိုယ်ကနေ တချုန်းချုန်းမြည်နေသည့် အသံတစ်ခု ရုတ်တရက် ထွက်လာခဲ့သည်။

အလွန်အမင်းကြီးမားသည့် ဝိဉာဉ်ချီလေဆင်နှာမောင်းတစ်ခုက ဟုန်ရင်ကိုယ်ကနေ ပေါက်ကွဲထွက်လာခဲ့သည်။

မြေအင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်!

သို့သော် သူမ၏အဆင့်ချိုးဖျက်မှုက မရပ်တန့်ခဲ့ပေ။

အပိုင်း(754) coming။

All Chapters