#ပင်ကိုယ်စရိုက်ပြောင်းလဲခြင်း၊ သေမင်းဝိဉာဉ်မြို့မှ ထွက်လာခြင်း#
Vol. 53 Ch. 755
လုချန်ရှန်း စံအိမ်တော်သို့ ပြန်ရောက်လာသောအခါ ဟုန်ရင် လုချန်ရှန်းကို သူမနောက်ထပ်ဘာလုပ်ရမလဲဆိုတာ မေးလိုက်သည်။
လုချန်ရှန်းလက်ဝှေ့ယမ်းကာပြောသည်။
"အရင်ဆုံးကောင်းကောင်းလေ့ကျင့်၊ လူတိုင်း မြေအင်မော်တယ်နယ်ပယ်ကို ရောက်တဲ့အခါကျရင် ငါမင်းတို့ကို တစ်နေရာရာကို ခေါ်သွားပေးမယ်"
ဟုန်ရင်တစ်ခဏမျှတွေးလိုက်သည်။
"ဒီလိုဆိုရင်၊ ဆရာ၊ အခုက တပည့်တို့အတွက် အလယ်အလတ်အဆင့်ကြယ်နယ်မြေကို စူးစမ်းပြီး အစ်ကိုကြီးနဲ့ကျန်တဲ့သူတွေကို တွေ့ဖို့အချိန်ကျပြီလေ"
လုချန်ရှန်း၏မျက်နှာက အေးခဲသွား၏။
အားလုံးက အလယ်အလတ်အဆင့်ကြယ်နယ်မြေကို ဦးတည်နေကြတာလား၊ ဘာမှတော့ မဖြစ်လာလောက်ပါဘူးနော်!
ချက်ချင်းဆိုသလို ရှီရှန်းကလည်း ခေါင်းကုတ်ကာပြောသည်။
"ကျွန်တော်လည်းသွားပြီး စူးစမ်းချင်တယ်၊ အပြင်မှာလေ့ကျင့်ရင် ရှုထောင့်တိုင်းကနေ ကျွန်တော်ပိုမြန်မြန် တိုးတက်နိုင်တယ်လို့ ခံစားရတယ်"
သူ့နယ်ပယ်က ထာ၀ရသက်တမ်းနယ်မြေတွင် လေ့ကျင့်ခြင်းဖြင့် ပို၍တိုးမြှင့်ကောင်း တိုးမြှင့်လာနိုင်သည်။
အပြင်ပကမ္ဘာတွင် စူးစမ်းသွားလာခြင်းဖြင့်သာ ရနိုင်သည့် သေခြင်းရှင်ခြင်းတိုက်ပွဲကာလအတွင်း ထုတ်လွှတ်ပေးသော ဉာဏ်အလင်းနှင့် နယ်ပယ်ပေါက်ကွဲမှုများရှိသည်။
သူက ထိပ်တန်းကျွမ်းကျင်သူတစ်ယောက် ဖြစ်လာနိုင်သောသူဖြစ်သဖြင့် သေခြင်းရှင်ခြင်းလေ့ကျင့်မှုများကို သေချာပေါက် တွေ့ကြုံခံစားရပေမည်။
မဆုတ်မနစ်ကျင့်ကြံခြင်းဖြင့် ထိပ်တန်းစွမ်းအားရှင်တစ်ယောက်ဖြစ်လာတာကို သူတစ်ခါမှ မကြားဖူးပါ။
ဆရာကတော့ ခြွင်းချက်ဖြစ်သည်။
သို့စေကာမူ လုချန်ရှန်းခေါင်းခါယမ်းသည်။
"မရဘူး၊ မင်းတို့သွားတာနဲ့ ပြဿာနာတွေ ဖြစ်စေလိမ့်မယ်၊ နောက်ပိုင်းကျရင် ကိုင်တွယ်ရမယ့် ပိုအရေးကြီးတဲ့အရာတွေ ရှိတယ်၊ အခုလောလောဆယ် ဘာပြဿာနာမှ မဖြစ်စေနဲ့"
ဟုန်ရင်နှင့်ကျန်သောသူများက အကြည့်ကနေ တစ်စုံတစ်ရာကို ပြောဆိုနေသည့်အလား တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ သို့သော်သူတို့က လုချန်ရှန်းကို ခေါင်းညိတ်ပြဆဲပင်။
လုချန်ရှန်း မွန်းလွဲပိုင်း တစ်မှေးနားနေစဉ် ဟုန်ရင်နှင့်ကျန်သုံးယောက်က ထာ၀ရသက်တမ်းကမ္ဘာကနေ တိတ်တိတ်လေး ထွက်သွားကြလေတော့သည်။
သူတို့ထွက်သွားပြီးနောက် လုချန်ရှန်း မျက်လုံးဖွင့်လိုက်၏။
ဟွမ်ချင်းကလည်း မျက်လုံးတစ်ဖက်ဖွင့်ကာ တည်ငြိမ်စွာပြောသည်။
"ရှင့်သူတို့ကို မထွက်သွားစေချင်ဘူးလို့ ကျွန်မထင်နေတာ"
လုချန်ရှန်းအားကိုးရာမဲ့စွာပြောသည်။
"သူတို့တစ်ယောက်ကိုတစ်ယောက် ကြည့်တုန်းက ခိုးထွက်ဖို့အတွက် ပြင်နေကြတယ်ဆိုတာ ငါသိတယ်"
"ဒါပေမယ့် အခုအချိန်မှာ သူတို့စွမ်းအားကို တိုးမြှင့်ဖို့က သူတို့အဖို့ တကယ်ပဲ အရေးတကြီးဖြစ်နေတယ်၊ အပြင်ထွက်ပြီး စူးစမ်းတာကလည်း ကောင်းပါတယ်လေ"
လျိုကျိယု အံ့ဩသင့်တကြီးပြောသည်။
"ဒါကခင်ဗျားရဲ့စရိုက်မဟုတ်ဘူးလေ၊ စီနီယာလု"
"ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့်ဒါက အထူးကိစ္စပဲ" လုချန်ရှန်းခါးသီးစွာပြုံးသည်။
"ဒီကိစ္စပြီးသွားရင် ငါတို့ဒီအကြောင်းကို ပြောကြတာပေါ့"
လုချန်ရှန်းနှင့်ပတ်သက်လာပါက မိုးမခပင်က အရှင်းလင်းဆုံး၊ အသိဆုံးဖြစ်သည်။
မိုးမခပင်က စံအိမ်တော်တွင် လူရိုင်းနယ်မြေကနေ ထာ၀ရသက်တမ်းကမ္ဘာအထိ နေထိုင်ခဲ့သည်။
လုချန်ရှန်း ဒီကမ္ဘာကို စတင်ရောက်လာစဉ်ကတည်းက အခုထိဖြစ်သည်။
အစက လုချန်ရှန်းအရမ်း သတိကြီးသဖြင့် စံအိမ်တော်ကနေပင် မထွက်သွားခဲ့ပေ။ သို့သော်ငြားလည်း တပည့်များကို လက်ခံပြီးနောက် သူဖြည်းဖြည်းချင်း စတင် ပြောင်းလဲလာခဲ့သည်။
မိုးမခပင်က ဒါကိုမြင်သလို မှတ်မိပါသည်။
ကံကြမ္မာဟူသည် ထူးခြားဆန်းကြယ်သည့် အရာတစ်ခုဖြစ်သည်။
ကံကြမ္မာကို ခွဲထုတ်နိုင်သည့် နယ်ပယ်တစ်ခုကို မရောက်မချင်း အမြဲဒီနေရာတွင်သာ ရှိနေမည်သာ။
သို့စေကာမူ အစကနေအဆုံးထိ မိုးမခပင်လျှင် ဒီလိုနယ်ပယ်အကြောင်းကို တစ်ခါမှ မကြားဖူးသလို ၎င်းကိုယ်တိုင်လည်း မရောက်ဖူးပါ။
မိုးမခပင်ဒီကို ရောက်လာသောအခါ ၎င်းတွင် လုချန်ရှန်းနှင့် စံအိမ်တော်နှင့် ကံကြမ္မာရှိသည်။
လုချန်ရှန်းတပည့်တစ်ဦး လက်ခံခဲ့သည် ဆိုပါဦး၊ မိုးမခပင်နှင့် လုချန်ရှန်း၏တပည့်တွင်လည်း ကံကြမ္မာရှိသည်။
သူတို့က အဆက်အသွယ်ရှိပြီး ရင်းနှီးနေသရွေ့ ဒီကံကြမ္မာထဲ အနည်းနှင့်အများ ၀င်ပါရမည်သာ။
သူတို့တွေ့ဆုံစဉ် တစ်ဘက်လူကို တိုက်ရိုက်သတ်ပစ်ခြင်းမျိုးကို ဘယ်သူမှမသိစေဘဲ တိတ်တဆိတ်လေးမလုပ်သေးသရွေ့ ဒါက ဖြစ်နေပေမည်။ အရင်းအမြစ်ကနေ ကံကြမ္မာကို ခွဲထုတ်နိုင်သည့် ဖြစ်နိုင်ချေလည်းရှိသည်။
"ကောင်းပြီ၊ အချိန်ကျလာတဲ့အခါကျရင် တစ်ဆင့်တည်းနဲ့ လုပ်ကြတာပေါ့"
လုချန်ရှန်းလက်ဝှေ့ယမ်းကာ ကျိုးပဲ့နေသည့် အာကာသမှ စည်းတံဆိပ်ကို ဖယ်ရှားပစ်သည်။
ကျောက်တုံးလေးမှာ မဲ့ရွဲ့သည့်မျက်နှာလေးနှင့် ထွက်လာသည်။
"ဆရာ၊ ကျွန်တော်လည်း စီနီယာအစ်ကို၊ အစ်မတို့နဲ့အတူ သွားချင်တယ်"
လုချန်ရှန်းသူ့ကိုစိုက်ကြည့်သည်။
"ငါနဲ့အတူကျင့်ကြံနေ"
ကျောက်တုံးလေး၏ကျင့်ကြံခြင်းနည်းလမ်းက ယဲ့ချိုးပိုင်၊ ဟုန်ရင်နှင့် ကျန်သောသူများနှင့် ကွဲပြားသည်။
လေဟာနယ်တာအိုက စွန့်စားခြင်းနှင့် တိုးတက်လာနိုင်သည့် အရာတစ်ခုမဟုတ်။
လုချန်ရှန်း ကျောက်တုံးလေး၏ အနာဂတ်ကျင့်ကြံခြင်းလမ်းကြောင်းကိုလည်း တွေးနေသည်။
ထိုအချိန်တွင် သေမင်းဝိဉာဉ်မြို့၌ နေ့နှင့်ညအလှည့်အပြောင်းမရှိပေ။ ကြယ်စင်စု၏ ဝိုင်းရံမှုအောက်တွင် ဧရာမဝိဉာဉ်ကြီးကို နောက်ဆုံးတော့ စုပ်ယူနိုင်ခဲ့သည်။
အဆုံးသတ်တွင် အကျိုးအမြတ်အများဆုံး ရသူက မုဖူရှန်းဖြစ်သည်။ မုဖူရှန်းတွင် စိတ်ဝိဉာဉ်ပျိုးထောင်နည်းရှိပေသည်။
တစ်ချိန်တည်းမှာပင် ဝိဉာဉ်အပေါ် သူ့၏ကျင့်ကြံခြင်းက အလွန်အမင်းမြင့်မားသည့် နယ်ပယ်တစ်ခုကိုပင် ရောက်နေလေပြီ။
ထို့ကြောင့် ဝိဉာဉ်များကိုစုပ်ယူသောအခါ သူပို၍စုပ်ယူနိုင်သည်။
လင်းကျိနန်နှင့်စုမုယောင်တို့ကမူ ဧရာမဝိဉာဉ်တစ်ခုကို သူတို့ရှေ့၌ ချထားသည့်တိုင် အကုန်လုံးကို သူတို့စုပ်ယူနိုင်စွမ်းမရှိပါ။
ယဲ့ချိုးပိုင်ပင်လျှင် လင်းကျိနန်နှင့် စုမုယောင်တို့ထက် အနည်းငယ်မျှသာ ပိုအစွမ်းထက်သည်။ ယခုအချိန်တွင် မုဖူရှန်း၏ ဝိဉာဉ်နယ်ပယ်က သူ့ကိုယ်ပိုင်ကျင့်ကြံခြင်းနယ်ပယ်ထက်ပင် မြင့်မားနေပြီဟု ဆို၍ရသည်။
ဝိဉာဉ်ဖြူအေးခဲမီးတောက်အဖြစ် လုံး၀ပြောင်းလဲသွားခဲ့သည့် ဝိဉာဉ်မီးတောက်က သူ့အသိစိတ်ပင်လယ်ထဲသို့ ပေါင်းစပ်လိုက်စဉ် မုဖူရှန်းမျက်လုံးများကို ဖွင့်လိုက်၏။
သူ့မျက်လုံးများ၌ အေးစက်မှုအရိပ်အယောင်တစ်ခုရှိသည်။
သူလင်းကျိနန်နှင့် စုမုယောင်တို့ကို စိုက်ကြည့်သောအခါ သူတို့တုန်ယင်သွားကြ၏။
ဒါကသူတို့ဝိဉာဉ်များပင်လျှင် အေးခဲသွားရသည့်အလား။
ဒီပြောင်းလဲမှုကို သူတို့ခံစားရမိသဖြင့် စုမုယောင် မျက်မှောင်ကြုတ်လိုက်မိသည်။
အကြည့်တစ်ချက်တည်းနှင့် သူကဒီအဆင့်ကိုပင် ရောက်နိုင်သည်။ ဒီလိုဆိုပါက တိုက်ခိုက်ရန်အတွက် မူဖူရှန်းဝိဉာဉ်မီးတောက်အားလုံးကို ထုတ်လိုက်ပါက သူတို့မည်သို့မည်ပုံ ခုခံနိုင်မည်နည်း။
ထိုအခိုက်အတန့်၌ မုဖူရှန်းထရပ်ကာပြောသည်။
"ကောင်းပြီ၊ အပြင်ထွက်ဖို့အချိန်ကျပြီ"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
"ငါဒီမှာအချိန်အကြာကြီးရှိနေခဲ့တာ"
"ဒါပေမယ့် သေမင်းဝိဉာဉ်မြို့က ဒီလိုမျိုး ပျောက်ကွယ်သွားမယ့်ပုံမပေါ်ဘူး၊ အချိန်ကျလာတဲ့အခါကျရင် ဂျူနီယာညီလေးရှီရှန်းကို ဒီကိုခေါ်လာပြီး ဒီကြယ်စင်စုကို သိမ်းသွင်းနိုင်မလားဆိုတာ ကြည့်ရမယ်"
ထို့နောက်မုဖူရှန်း ကျန်နှစ်ယောက်ကို ကြည့်သည်။
မုဖူရှန်းစကားပြောတာကိုပင် စောင့်မနေတော့ဘဲ လင်းကျိနန်ပြောလာသည်။
"မစိုးရိမ်ပါနဲ့၊ ဒီနေရာမှာဖြစ်ပျက်ခဲ့တာတွေကို ငါတို့မထုတ်ဖော်ပါဘူး၊ ငါတို့ ကောင်းကင်ဘုံတာအိုကိုလည်း ကျိန်ဆိုခဲ့ကြတာပဲလေ"
ဒါကိုကြားသောအခါ မုဖူရှန်းပြုံးရင်း ခေါင်းညိတ်သည်။
"ငါမင်းတို့ရဲ့ရည်ရွယ်ချက်ကို မေးနေတာမဟုတ်ပါဘူး"
သို့စေကာမူ လင်းကျိနန် နှလုံးသားထဲကနေ ခါးသီးစွာသာပြုံးသည်။
အကယ်၍ သူတို့သာ ကောင်းကင်ဘုံတာအိုကို မကျိန်ဆိုခဲ့ပါက မုဖူရှန်း၏ သတိထားတတ်သည့် စရိုက်အရ သူတို့ကို ဒီနေရာတွင် သတ်ပစ်မည်သာမက အလောင်းဖျောက်ရန်လည်း အထူးနည်းလမ်းတစ်ခုခုကို သုံးပေလိမ့်မည်။
ဒါက မျိုးစေ့ကနေ သူတို့မတော်တဆ အညှောင့်ပေါက်လာခြင်းကနေ ကာကွယ်ရန်ဖြစ်သည်။
ထိုအချိန်တွင် သေမင်းဝိဉာဉ်မြို့အပြင်၌ လူတိုင်းတက်ကြွစွာ ဆွေးနွေးနေကြ၏။
တစ်ချို့လူများက သေမင်းဝိဉာဉ်မြို့က အခြေအနေကို ခန့်မှန်းနေကြသည်။
ငရဲဘိုးဘေး ချီရှာဒေါင်၏ ပြန်လည်မွေးဖွားခြင်းအပေါ် ဆွေးနွေးနေကြသည့် လူများလည်းရှိသည်။
သို့စေကာမူ ငရဲဂိုဏ်းအကြောင်း ဆွေးနွေးနေကြသည့် အင်အားစုများက အတော်လေး နည်းပါးသည်။
ပြဿာနာထဲတွင် မပါ၀င်ချင်ကြသည့် အင်အားစုများကမူ အားလုံး တစ်စိတ်တစ်၀မ်းတည်း ဖြစ်သွားပုံရသည်။
သူတို့က ဒီကိစ္စကို လောလောဆယ် မျက်ကန်းပမာပြုမူထားပြီး ပြဿာနာထဲတွင် မပါ၀င်ချင်ကြပေ။
ဂိုဏ်းများမှ ထိပ်တန်းပုဂ္ဂိုလ်များ ဆွေးနွေးနေကြစဉ် ရုတ်တရက် လူတိုင်းစကားပြောနေတာကို ရပ်လိုက်ကြပြီး ထိုနေရာတစ်ခုလုံးက ဆိတ်ငြိမ်သွားခဲ့သည်။
ထို့နောက် သူတို့အားလုံး သေမင်းဝိဉာဉ်မြို့အပြင်သို့ ကြည့်လိုက်ကြ၏။
အလင်းတံခါးက ဖြည်းဖြည်းချင်းပေါ်လာပြီး ထို့ထဲတွင် လေဟာနယ်ပုံပျက်မှုများလည်း ပါရှိသည်။
ပုံရိပ်တစ်ခုပြီးတစ်ခုထွက်လာကြသည်။
သေမင်းဝိဉာဉ်မြို့က ယခုလေးတင် ထွက်လာသည့်သူများက သေမင်းဝိဉာဉ်မြို့၏ နောက်ဆုံးဆုလာဘ်ကို ရခဲ့ကြသည့် ကျင့်ကြံသူများပေတည်း။
ရှင်းလင်းစွာမြင်ရသောအခါ မြင့်မြတ်အဆောင်ဂိုဏ်း၏ မဟာအကြီးအကဲ၊ ကောင်းကင်ဘုံဓားတောင်ထိပ်မှ ဟောင်ကျန်းဟန်၊ စုမိသားစုမှ အဖိုးအိုနှင့် ဝိဉာဉ်အင်မော်တယ်နန်းတော်မှ မဟာအကြီးအကဲတို့က အလွန်ပျော်သွားကြသည်။
သို့စေကာမူ သူတို့က သတိအပြည့်ဖြင့် ချက်ချင်းလှည့်ပတ်ကြည့်နေကြသလို တစ်ချိန်တည်းမှာပင် ပတ်၀န်းကျင်ကိုလည်း သတိထားနေကြသည်။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက သေမင်းဝိဉာဉ်မြို့မှ နောက်ဆုံးဆုလာဘ်ကို ရခဲ့ခြင်းဖြစ်သည်။
ဆုလာဘ်က ဘာလဲဆိုတာ ဘယ်သူမှ မသိသော်လည်း ဒါကသေချာပေါက် ဆိုးရွားမည်တော့မဟုတ်။
ဒါက တစ်ခြားအင်အားစုများထံမှ တပ်မက်ကာ အတင်းအဓမ္မလုယူမည့်အရေးကနေ ကာကွယ်ရန်ဖြစ်သည်။
အပိုင်း(756) coming။