#လောဘ#
Vol. 53 Ch. 756
သူတို့ သေမင်းဝိဉာဉ်မြို့က နောက်ဆုံးဆုလာဘ်ကို မရခဲ့သော်ငြားလည်း အမွေအနှစ်ကို ရခြင်းက အလွန်အမင်း ကောင်းကင်ကိုအံတုနိုင်နေလေပြီ။
ဒါ့အပြင် သေမင်းဝိဉာဉ်မြို့ ပေါ်ပေါက်လာကတည်းက မည်သူမှ နောက်ဆုံးအဆင့်ကို မရောက်ဖူးသလို နောက်ဆုံးဆုလာဘ်ကို မရဖူးပေ။
ယခုယဲ့ချိုးပိုင်တို့ နောက်ဆုံးဆုလာဘ်ကို ရခဲ့တာကို သူတို့သိရသောအခါ ဘယ်လိုလုပ် မနာလိုမဖြစ်ဘဲနေမည်နည်း။
ဒါကလူတစ်ယောက်ကို ထိပ်သီးကျွမ်းကျင်သူတစ်ဦး ဖြစ်လာစေနိုင်သည့် အမည်မသိ ဆုလာဘ်တစ်ခုပေတည်း။
တစ်နည်းအားဖြင့် ဒါက ထိုဂိုဏ်းကြီးများ၏ ကျွမ်းကျင်သူများအတွက် အဆွဲဆောင်နေဆုံးအရာဖြစ်သည်။
အကျိုးအမြတ်ရှေ့တွင် သူတို့သဒ္ဓါတရားနှင့် အကျင့်သိက္ခာကို ပြောနေစရာပင်မလို။
အမြဲလိုလို အမှန်တရားဂိုဏ်း၊ ဖြောင့်မတ်သည့်ဂိုဏ်းဟု ခံယူထားသောထိုဂိုဏ်းများပင် ချက်ချင်းဆိုသလို ငရဲဂိုဏ်းလို မိစ္ဆာဂိုဏ်းများ ဖြစ်လာနိုင်သည်။
မြင့်မြတ်အဆောင်ဂိုဏ်း၏ မဟာအကြီးအကဲ၊ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းချုပ် ဟောင်ကျန်းဟန်၊ ဝိဉာဉ်အင်မော်တယ်နန်းတော်၏ မဟာအကြီးအကဲ၊ စုမိသားစုက အဖိုးအိုနှင့် အင်မော်တယ်မျောက်ဝံကျေးရွာက ကျေးရွာခေါင်းဆောင်တို့ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို ၀န်းရံထားကြသည်။
မျှော်လင့်ထားသည့်အတိုင်းပင် တစ်ခြားဂိုဏ်းများမှ ကျွမ်းကျင်သူများကလည်း တစ်ဦးပြီးတစ်ဦး ချဉ်းကပ်လာကြ၏။
သူတို့က ယဲ့ချိုးပိုင်၊ ရှောင်ဟိုင်နှင့် ကျန်သောသူများအား မြင်သာသောအကြည့်ဖြင့် ကြည့်နေကြသည်။
သူတို့အကြည့်များက တပ်မက်လိုလားစိတ်များ ပြင်းပြနေသည်။
မြင့်မြတ်အဆောင်ဂိုဏ်း၏ မဟာအကြီးအကဲက ဒီမြင်ကွင်းကို မြင်သောအခါ သူ့၏အမူအရာက မည်းမှောင်သွားသည်။
"အားလုံးပဲ၊ မင်းတို့ဘာလုပ်နေကြတာလဲ"
ထို့ထဲမှ သစ်စိမ်းဂိုဏ်းချုပ်ယုချင်းယန်က ပြုံးသည်။
"မစိုးရိမ်ပါနဲ့၊ ငါတို့မှာမကောင်းတဲ့ ရည်ရွယ်ချက်တွေမရှိပါဘူး၊ သေမင်းဝိဉာဉ်မြို့ရဲ့ နောက်ဆုံးဆုလာဘ်က ဘာလဲဆိုတာ ငါတို့သိချင်ရုံပါပဲ"
ယုချင်းယန်ဘေးတွင် ပခုံးပေါ်ထိ ကျဆင်းနေသည့် ရှည်လျားသည့် အနီရင့်ရောင်ဆံပင်နှင့် လူတစ်ယောက်ရှိသည်။ သူ့အနီရင့်ရောဆံမျှင်စတိုင်းက တောက်ပသည့် မီးတောက်တစ်ခုနှင့် လောင်ကျွမ်းနေပုံပေါ်သည်။
ထိုလူကပြုံးသည်။
"ဘယ်သူမှ သေမင်းဝိဉာဉ်မြို့ရဲ့ နောက်ဆုံးအဆင့်ကို မရောက်ခဲ့ဖူးဘူး၊ အခုလူငယ်မျိုးဆက်တွေက နောက်ဆုံးတော့ သေမင်းဝိဉာဉ်မြို့ကို အနိုင်ယူသိမ်းပိုက်ခဲ့ကြတယ်ဆိုတော့ ငါတို့လည်း သိချင်ကြတာပေါ့"
"ဘယ်လိုဆုလာဘ်မျိုးက သေမင်းဝိဉာဉ်မြို့ရဲ့စမ်းသပ်မှုကို ဒီလောက်ခက်ခဲစေတာလဲ"
ဝိဉာဉ်အင်မော်တယ်နန်းတော်၏ မဟာအကြီးအကဲက ထိုလူကို လေးနက်စွာ စိုက်ကြည့်သည်။
"လီရှောင်၊ မင်းရဲ့အဆုံးမဲ့ရှေးဦးယန်ဂိုဏ်းလည်း ပါ၀င်မှာလား"
အဆုံးမဲ့ရှေးဦးယန်ဂိုဏ်းကလည်း လျှို့ဝှက်ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဒီဂိုဏ်း၏အခြေခံက ဝိဉာဉ်အင်မော်တယ်နန်းတော်ထက် မနိမ့်ကျပေ။
သို့စေကာမူ အဆုံးမဲ့ရှေးဦးယန်ဂိုဏ်းမှ လူငယ်မျိုးဆက်သစ်တပည့်များ၏ ခွန်အားနှင့်ပါရမီက တခြားထိပ်တန်းအင်အားစုများနှင့် ယှဉ်ပါက အရမ်းသာမန်ဆန်လွန်းသည်။
သို့သော်လည်း အဆုံးမဲ့ရှေးဦးယန်ဂိုဏ်းက အလွန်အမင်းအစွမ်းထက်သည့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်လေရာ သူတို့၌ အရင်းအမြစ်ကုန်သွားရန်ဟူသည် မဖြစ်နိုင်။
"ဟေး၊ မင်းဘာလို့ဒီလိုပြောနိုင်ရတာလဲ" လီရှောင်ကျယ်လောင်စွာ ရယ်မောသည်။ လီရှောင်၏ စိတ်ခံစားချက်များက အတက်အကျဖြစ်နေစဉ် သူ့ဆံပင်က တောက်ပသည့်မီးတောက်များကို အဆက်မပြတ် ထုတ်လွှတ်နေသည်။
ဒီမီးတောက်က ယဲ့ချိုးပိုင်နှင့်တစ်ခြားသူများကို ချက်ချင်းလောင်ကျွမ်းပစ်နိုင်ပုံရသည်။
မည်သို့ပင်ဆိုစေကာမူ သူကကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေပြီမဟုတ်ပေလော။ သူယူဆောင်လာသည့်စွမ်းရည်က သေချာပေါက် ထူးခြားမည်သာ။
"ငါတို့မှာ ဒါကိုအားသုံးယူသွားဖို့ ရည်ရွယ်ချက်မရှိပါဘူး၊ ငါတို့ရဲ့သိလိုစိတ်ကို ဖြည့်ဆည်းချင်ရုံပဲလေ"
"ဒါ့အပြင်....." လီရှောင်ရယ်မောနေတာကို ရပ်လိုက်သည်။ သူ့မျက်လုံးများက အဆိပ်ပြင်းမြွေပမာ ဟောင်ကျန်းဟန်နှင့် ကျန်သောသူများနောက်က ရှောင်ဟိုင်နှင့် တစ်ခြားသူများကို သေချာစိုက်ကြည့်ပြီး လေးနက်သောအသံဖြင့်ပြောသည်။
"ငါတို့တင်မဟုတ်ဘူး၊ တစ်ခြားရှိနေတဲ့ အင်အားစုတွေကလည်း သူတို့ရဲ့သိချင်စိတ်ကို ဖြည့်ဆည်းချင်ကြမှာပဲလေ၊ ဟုတ်တယ်မလား"
ဝိဉာဉ်အင်မော်တယ်နန်းတော်၏ မဟာအကြီးအကဲ မပြောနိုင်သေးခင်မှာပင် သူတို့နောက်က လူထွားအဖိုးအိုတစ်ဦးက ခပ်ရေးရေးပြုံးသည်။
"နတ်ဆိုးကြီးလီပြောတာမှန်တယ်၊ အခုက ငါ့တို့ရဲ့မထင်မရှားဖြစ်နေတဲ့ သိလိုစိတ်ကို ဖြည့်ဆည်းရမယ့်အချိန်ပဲ"
"မဟုတ်ဘူးဆိုရင် ဒါအဓိပ္ပာယ်မရှိဘူး"
ကောင်းကင်မှောက်ဆေဘာဂိုဏ်းက မြင့်မြတ်အဆောင်ဂိုဏ်းကဲ့သို့ ပထမတန်းစားဂိုဏ်းတစ်ခုဖြစ်ပြီး ဒုတိယနေရာတွင် ကျသည်။
သူတို့က ထိပ်တန်းဂိုဏ်းအဆင့်ကို မရောက်သေးသော်လည်း အခြေခံက လုံး၀မနိမ့်ကျပေ။
ဒါ့အပြင် ဒီဂိုဏ်း၏တပည့်များက တစ်ခြားသူများထက် ပို၍ရူးသွပ်ကြသည်။
သူတို့တကယ်တိုက်ခိုက်ပါက မြင့်မြတ်အဆောင်ဂိုဏ်းကဲ့သို့ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းပင်လျှင် သတိထားရန် လိုပေလိမ့်မည်။
ဒီလူက ကောင်းကင်မှောက်ဆေးဘာဂိုဏ်း၏ ဘိုးဘေး ကျင်းကျိထန်ဖြစ်ပြီး ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ဖြစ်သည်။
စုမိသားစုအကြီးအကဲ၊ ဝိဉာဉ်အင်မော်တယ်နန်းတော်၏ မဟာအကြီးအကဲနှင့် ကျန်သောသူများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြစဉ် အချင်းချင်းမျက်လုံးများ၌ လေးနက်မှုများကို မြင်ရသည်။
ဒီစာသားနှစ်ကြောင်းက သေချာပေါက် ခြိမ်းခြောက်မှုပေတည်း။
ဒါ့အပြင် ဒီစာသားနှစ်ကြောင်းက ကျန်သောအင်အားစုများကိုလည်း စတင်ချဉ်းကပ်လာစေသည်။
အခြေအနေက မကောင်းတော့။
ဝိဉာဉ်အင်မော်တယ်နန်းတော်၏ မဟာအကြီးအကဲက အသံပို့လိုက်သည်။
"ငါတို့တစ်ခုခုကို မထုတ်ဖော်မချင်း ဒီပြဿာနာကို ဖြေရှင်းနိုင်မှာမဟုတ်လောက်ဘူး"
သို့စေကာမူ စုမိသားစုမှ အကြီးအကဲက မျက်မှောင်ကြုတ်သည်။
"ငါတို့နည်းနည်းဖော်ထုတ်ပြလိုက်ရင် တစ်ဘက်က ဒီကိစ္စကို သေချာပေါက် လက်လွတ်တော့မှာမဟုတ်ဘူး၊ ငါတို့သူတို့ကို လှည့်စားလို့မရဘူး၊ သူတို့ကအများကြီးဆိုရင် ချက်ချင်းသတ်ပစ်ပြီး လုယက်မယ့် သူတို့ဆန္ဒကို နှိုးဆွသလိုဖြစ်သွားလိမ့်မယ်"
ဒီနေရာ၌ အင်အားစုအများကြီးရှိလေရာ စုမိသားစု၊ ဝိဉာဉ်အင်မော်တယ်နန်းတော်နှင့် မြင့်မြတ်အဆောင်ဂိုဏ်း၏ နာမည်ကို သုံးလျှင်ပင် အရမ်းကြီးအသုံးမ၀င်လောက်ပေ။
မြင့်မြတ်အဆောင်ဂိုဏ်း၏ မဟာအကြီးအကဲက ကြောင်အစွာပြောစည်။
"ဘာလို့ငါတို့ဒီကလေးတွေကို အတင်းအဝေးကို မပို့ပစ်ရတာလဲ"
ဟောင်ကျန်းဟန် လေးနက်စွာခေါင်းညိတ်သည်။
"တစ်ခုခုမှားသွားရင်တော့ ဒါက ငါတို့လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာပဲ"
ထိုအခိုက်အတန့်၌ သူတို့လေးယောက်စလုံး တစ်ခုခုကို ကြားလိုက်ရသည့်အလား ကြက်သေသေသွားကြ၏။
အင်မော်တယ်မျောက်ဝံကျေးရွာခေါင်းဆောင်ကလည်း အနည်းငယ် ခေါင်းညိတ်သည်။
မြင့်မြတ်အဆောင်ဂိုဏ်း၏ မဟာအကြီးအကဲက လီရှောင်၊ ယုချင်းယန်၊ ကျင်းကျိထန်နှင့် ကျန်သောသူများအား နှာခေါင်းရှုံ့ရင်း အော်ဟစ်သည်။
"မင်းတို့တကယ်ပဲ ဒီအထိသွားတော့မလို့လား၊ ဒီတော့ဒါကိုတွေးကြည့်၊ ငါတို့ အင်အားစုတွေရဲ့ လက်စားချေမှုကို မင်းတို့ခံနိုင်မှာလား"
စုမိသားစုမှ အဖိုးအိုကလည်း ခပ်ရေးရေးပြုံးသည်။
"ချီရှာဒေါင်က ပြန်လည်မွေးဖွားလာပြီဆိုတာ မင်းတို့လည်းသိတယ်၊ ငရဲဂိုဏ်းပြန်လည် ပေါ်ပေါက်လာဖို့ဆိုတာက အချိန်တစ်ခုပဲလိုတယ်"
"ဒီမှာ ငါတို့ အတွင်းရေးပဋိပက္ခဖြစ်နေရင် ဒါကသေချာပေါက် သူတို့မြင်ချင်တဲ့အရာပဲ"
ယုချင်းယန်နှာခေါင်းရှုံ့သည်။
"ငါတို့က သေမင်းဝိဉာဉ်မြို့ရဲ့ နောက်ဆုံးဆုလာဘ်က ဘာလဲဆိုတာ သိချင်ရုံပဲ...."
သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ယုချင်းယန်၊ လီရှောင်၊ ကျင်းကျိထန်နှင့် ကျန်သောသူများ၏ အမူအရာများက ပြောင်းလဲသွားကြ၏။
စုမိသားစုအဖိုးအိုနှင့် တစ်ခြားသူများနောက်၌ မိုးကြိုးစင်းအနည်းငယ်လင်းသွားပြီး ရှောင်ဟိုင်၊ မုဖူရှန်း၊ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများမှာ မိုးကြိုးစင်းပျောက်ကွယ်သွားသည်နှင့် ထိုနေရာ၌ပင် ချက်ချင်း ပျောက်ကွယ်သွားကြသည်။
ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်!
ဂိုဏ်းအသီးသီး၏ ထိပ်တန်းပုဂ္ဂိုလ်များတစ်ဖြစ်လဲ ဒီကောင်းကင်အင်မော်တယ်နယ်ပယ် စွမ်းအားရှင်များက တစ်ဘက်လူက လေဟာနယ်လွတ်မြောက်အဆောင်တစ်ခုခုကို သုံးပြီး ထွက်ပြေးနိုင်မည့် ဖြစ်နိုင်ချေကို အာရုံစိုက်ထားကြသည်။
မည်သို့ပင်ဆိုစေကာမူ မြင့်မြတ်အဆောင်ဂိုဏ်းကလည်း ရှိနေသဖြင့် လေဟာနယ်လွတ်မြောက်အဆောင်များ ချို့တဲ့မည်မဟုတ်။
ထို့ကြောင့် တစ်ဘက်လူက လေဟာနယ်လွတ်မြောက်အဆောင်ကိုသာ သုံးပါက ကောင်းကင်အင်မော်တယ်နယ်ပယ် စွမ်းအားရှင်အားလုံး၏ စောင့်ကြည့်ရှုအောက်တွင် ဒီနေရာကနေ အလွယ်တကူ လွတ်မြောက်ရန်ဟူသည် လုံး၀မဖြစ်နိုင်ပါ။
သို့စေကာမူ ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်က လွတ်မြောက်ရန်အတွက် လေဟာနယ်ကိုမသုံးဘဲ ယင်းအစား မိုးကြိုးစွမ်းအားကို ငှားယူထားသည်။
ဒါက ဒီကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများကို မျှော်လင့်မထားမိပါက ဒါကိုကာကွယ်ရန်ဟူသည် မဖြစ်နိုင်ဟုသော ခံစားချက်ကို ရစေသည်။
သူတို့လွတ်မြောက်သွားတာကို ခံစားမိသဖြင့် စုမိသားစုအကြီးအကဲက အော်ရာကို ထိန်းချုပ်ရင်း အပြုံးဖြင့်ပြောသည်။
"မင်းတို့ကို အကြံတစ်ပိုင်းတစ်စပေးပါရစေ၊ မင်းတို့ငရဲဂိုဏ်းကိုအရင် သတိထားနေသင့်တယ်၊ အတွင်းရေးပဋိပက္ခကို အာရုံမစိုက်ကြနဲ့"
ဝိဉာဉ်အင်မော်တယ်နန်းတော်က မဟာအကြီးအကဲကလည်းပြောသည်။
"နောက်ကျရင် မဟာမိတ်အစည်းအဝေးကို ငါပြန်ဖွင့်မယ်၊ အားလုံးပါ၀င်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"
ဟောင်ကျန်းဟန်နှင့် မြင့်မြတ်အဆောင်ဂိုဏ်းက မဟာအကြီးအကဲတို့ကလည်း အချင်းချင်းကြည့်ကာ ပြုံးလိုက်ကြသည်။
ထို့နောက် သူတို့အားလုံးထွက်သွားကြ၏။
ယုချင်းယန်၊ လီရှောင်နှင့် ကျင်းကျိထန်တို့ ဦးဆောင်သည့် ကောင်းကင်အင်မော်တယ်အုပ်စုကသာ ထိုနေရာ၌ ကြည့်ရဆိုးသည့် အမူအရာများဖြင့် ရပ်ကျန်နေခဲ့ကြသည်။
တခြားတစ်ဘက်တွင် ကျွန်းတစ်ကျွန်း၌ သွေးဆာနေသည့်သတ်ဖြတ်ခြင်းဆန္ဒက ကျွန်းတစ်ခုလုံးသို့ စိမ့်၀င်ထိုးဖောက်နေသည်။
အလယ်တွင် ဧရာမဦးခေါင်းခွံတစ်ခုရှိသည်။ ဒီဦးခေါင်းခွံက ငရဲဂိုဏ်း၏ အခြေခံအုတ်မြစ်ဖြစ်သည်။
ထိုအချိန်တွင် ဦးခေါင်းခွံထဲကခန်းမ၌ ချီရှာဒေါင် သူ့ရှေ့၌ဒူးထောက်နေကြသည့် ငရဲဂိုဏ်းတပည့်များအပါအ၀င် လက်ရှိဂိုဏ်းချုပ်နှင့် အကြီးအကဲများအား ကြည့်ရင်း ဆိုးယုတ်စွာ ရယ်မောသည်။
"ငရဲဂိုဏ်းက တဖြည်းဖြည်းစတင် ပေါ်ပေါက်လာနိုင်ပြီ"
အပိုင်း(757) coming။