← Chapters

မိုတျန်လင်။

Vol. 5 Ch. 52

မိုတျန်လင်။

Vol. 5 Ch. 52

“ မင်းက ... သဟဇာတ ခြောက်ပါး လက်သီးမှာ တိုးတက်ခဲ့ပေမယ့် ငါ့ကိုတိုက်ဖို့ မလုံလောက် သေးပါဘူး။ ”

“ ဟမ့် ... တစ်နှစ်အတွင်း မင်းကို ဖြတ်ကျော်ပြမယ်။ ”

ဝမ်ကျွယ်ယွမ်စကားကို ဟွမ်ချမ့်ကျွယ်မှ ချက်ချင်း တုန့်ပြန်လေသည်။ ဤတစ်ကြိမ်၌ ဝမ်ကျွယ်ယွမ်က လှောင်ပြောင်ခြင်း မပြုဘဲ စိတ်ရှုပ်ထွေးစွာဖြင့် ပြန်ကြည့်နေမိ၏။

ဟွမ်ချမ့်ကျွယ်က နှုတ်ခမ်းမှ သွေးစများကို လက်ခုံဖြင့်သုတ်ကာ စင်ပေါ်မှ ဆင်းသွားသည်။

“ အဖေ၊ ငါမင်းကို စိတ်ပျက်စေမိပြီ။ ”

ဟွမ်ယွင်ချုံးမှ ခေါင်းယမ်းလျက်၊

“ ငါ့သား မင်းကို ... ဒီလောက်အထိ မမျှော်လင့်ထားဘူး၊ ဒီတိုက်ပွဲမှာ မင်းရှုံးပေမဲ့ အနာဂါတ်မှာ ရှုံးမယ်လို့ ဘယ်သူပြောလဲ။ ”

-ဟု နှစ်သိမ့်လိုက်၏။

ဟွမ်ချမ့်ကျွယ်မှ ခေါင်းရမ်းပြီး စိတ်ပျက်လက်​ပျက်ဖြင့် ထိုင်ချတော့သည်။ ထိုအချိန်တွင် ဝမ်ကျွယ်ယွမ်မှ ထိန်းထားခြင်း မရှိတော့ဘဲ တိမ်တံခွန်မြို့မှ လူငယ်များကို အနိုင်ယူနေခဲ့သည်။

ပြိုင်ပွဲ၏ အဟုန်သည် အဆုံးသတ်သို့ ဆိုက်ရောက်လာကြောင်း လူတိုင်း သိချေ၏။ ဝမ်ကျွယ်ယွမ်မှာ ဓားပင် မဆွဲခဲ့ချေ။

“ ဒါက ဘာများထူးဆန်းလို့လဲ ... ဝမ်ကျွယ်ယွမ်ဆိုတာ ... မြစ်ပြာဓားစံအိမ်ရဲ့ အတွင်းတပည့်ပဲ။ ”

လူတိုင်းက သက်ပြင်းချလျက် ဝမ်ကျွယ်ယွမ်ထံ ကြည့်နေမိသည်။ ဤနည်းဖြင့် ချန်ပီယံရာထူးသည် ဝမ်မိသားစုလက်ထဲ ကျရောက်တော့မည် ဖြစ်၏။

“ အစ်ကိုနီ၊ မင်းဘယ်လိုမြင်လဲ။ ”

နီဟောင်ပခုံးကိုမှီ၍ ချိုသာသော အသံဖြင့် နန်းရင်မှ မေး၏။ နီဟောင်က အဖြူဝတ် လူငယ်ထံ ကြည့်ကာ၊

“ အနောက်ဘက် ခြံဝင်းရဲ့တပည့် တစ်ယောက်က ... ​​ငါ့လို အရှေ့ဘက်ခြံဝင်းရဲ့ တပည့်ကို ယှဉ်နိုင်စရာ အကြောင်း မရှိပါဘူး၊ ငါသူ့ကို အလွယ်တကူ အနိုင်ယူနိုင်တယ်။ ”

-ဟု မှတ်ချက်ပေးလိုက်၏။

“ အစ်ကိုနီရဲ့ ... ယုံကြည်မှု အပြည့်ရှိတဲ့ ပုံစံကို နန်းရင် သဘောကျတယ်။ ”

နီဟောင်က ကျေနပ်သွားပြီး၊

“ ငါတို့ ဧည့်သည်တွေဖြစ်တာ သူ ကံကောင်းသွားတယ် မဟုတ်ရင် ဆယ်ကြိမ် အတွင်း ငါအနိုင်ယူပြနိုင်တယ်။ ”

နဂါးတံခါး၏ စည်းကမ်းအရ ပြင်ပလူငယ်များ ပါခွင့်မရှိချေ။ မြို့ခံလူငယ် များသာ ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။

“ သူက မြစ်ပြာဓားစံအိမ်ရဲ့ ... အတွင်းတပည့်ပဲ ... သူ့လိုလူကို နဂါးတံခါး ပြိုင်ပွဲမှာ ပါဝင်ခွင့်ပေးတာ အနိုင်ကျင့်တာ မဟုတ်ဘူးလား။ ”

“ ဟမ့် ... ဝမ်ကျွယ်ယွမ်ကို ... အနိုင်ယူနိုင်တဲ့လူ မရှိတော့မှာ ကြောက်မိတယ်။ ”

စင်မြင်ပေါ် တက်ရောက်ရန် ပြင်ဆင်ထားသည့် လူငယ်အများစုသည် နောက်ဆုတ် သွားကြ၏။

သို့သော် တိမ်တံခွန် မြို့တော်သခင် လီကျန့်ယွီက ငြိမ်သက်စွာ ကြည့်နေခဲ့သည်။ အဆုံးတွင် မိုမိသားစုထံ ​လှည့်ကြည့်ပြီး၊

“ အစ်ကိုမို၊ ငါတို့ အဆုံးသတ်ရအောင်။ ”

-ဟု ပြောကြည့်လိုက်သည်။

“ တျန်လင် ... ။ ”

မိုဟောင်လုံက ပြုံးပြီး ခေါင်းညိတ်ကာ နာမည်တစ်ခု ခေါ်လိုက်၏။ အသံလှိုင်းများက မြစ်ပြင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။

ရုတ်တရက် အဝေးထံမှ ရေပြင်ကိုခွဲလျက် လူရိပ်တစ်ရိပ် ပျံသန်းလာ၏။ ထိုအဟုန်ကြောင့် ၎င်းသွားရာ လမ်းတစ်လျှောက် လှေငယ်များ ဘေးနှစ်ဖက်သို့ ဆုတ်ခွာပေးလိုက်ရသည်။

ဤအချင်းအရာက ရင်သပ်ရှုမောဖွယ် ကောင်းလွန်းသဖြင့် လူတိုင်း၏အကြည့်များကို ဆွဲဆောင်နိုင်ခဲ့သည်။

ရေပေါ်ရွေ့လျားခြင်းသည် ချီသန့်စင်ခြင်းအထွတ်အထိပ် ကျင့်ကြံသူများ အတွက်သာ လုပ်ဆောင်နိုင်သည့်အရာ ဖြစ်၏။

ဆိုလိုသည်မှာ ကျောက်ဟိုင်ချွင်း တစ်ယောက်တည်း ဤသို့ လုပ်ဆောင်ပြရန် အရည်အချင်း ပြည့်မီသည်။

“ ဟိတ် ... ။ ”

အဆုံးတွင် ရေပြင်ကို ဖြတ်ပျံလာသော လူသည် လက်နှစ်ဖက်ဆန့်ခွဲလျက် စင်မြင့်ပေါ် ခုန်တက်လာခဲ့သည်။

“ ဟား ... ဟား ... ဟား ... အထင်ကြီးမနေကြနဲ့ ငါက သစ်သားပြား စီးလာတာ ... ။ ”

ဤသည်မှာ ထွားကြိုင်းသော လူငယ်တစ်ယောက် ဖြစ်၏။ ၎င်းက လူတိုင်း၏ အတွေးများကို မြင်ဟန်ဖြင့် ရှင်းပြလိုက်သည်။

ကြေးနီရောင် အသားအရည်နှင့် အနက်ရောင်စစ်ဝတ်စုံကို ၀တ်ဆင်ထားပြီး ကျောတွင် ပါးလွှာပြီး ရှည်လျားသော ဓားတစ်လက် ပိုးလွယ်ထား၏။

မျက်ခုံးတစ်ဖက်တွင် အမာရွတ်တစ်ခု ရှိနေခဲ့ပြီး မည်မျှ အသက်ဘေးနှင့် နီးခဲ့ကြောင်း ပြသနေသည်။

သူ့စကားကြောင့် လူတိုင်းက မြစ်ပေါ်တွင် မျောနေသည့် သစ်သား အပိုင်းတစ်စ တစ်ခုကို သတိထားမိသွားကြ၏။

မည်သို့ပင် ဆိုစေကာမူ မြစ်ပြင်ပေါ်၌ သစ်သားပြားစီးကာ ရွေ့လျားခြင်းဟူသည် ကျွမ်းကျင်မှုရှိရန် လိုချေပြီ။

သွေးသန့်စင်ခြင်းဖြင့် ယင်းကို အောင်မြင်နိုင်ရန် အခြေခံအုတ်မြစ် မည်မျှ အားကောင်းပြီး ကြောက်မက်ဖွယ် ကောင်းကြောင်း ပုံဖော်ကြည့်နိုင်၏။

“ သူပဲ ... ။ ”

ကျောက်ဟိုင်ချွင်းက မျက်မှောင်ကြုတ် သွားလျက် ရေရွတ်လိုက်၏။ နီဟောင်နှင့် နီရင် သည်လည်း ထိုလူကို မှတ်မိပြီး အံ့သြသွား ကြသည်။

“ မိုတျန်လင် ... ။ ”

ဤသည်မှာ မာနကြီးပြီး မောက်မာရိုင်းစိုင်းလွန်းသော တောင်တံခါး၏ အတွင်းတပည့်ဖြစ်၏။

ဂိုဏ်းတွင်း ပြိုင်ပွဲတစ်ခုတွင် ပြိုင်ဘက်တပည့်လက်မောင်းကို ဖြတ်တောက် ခဲ့သဖြင့် ဂိုဏ်းမှ နှင်ထုတ်လိုက်သူ ပေပင်။

အဆုံးတွင် တိမ်မြစ်စီရင်စုမှ ထွက်ခွာသွားပြီးနောက် ချီလင်စစ်တပ်သို့ ဝင်ရောက်ကာ ရှေ့တန်းစစ်မြေပြင်၌ လေ့ကျင့်နေခဲ့သည်။

“ ဒါ ... တိမ်တံခွန်မြို့ရဲ့ လူရမ်းကား မဟုတ်လား ... သူ ချီလင်စစ်တပ်မှာ အမှုထမ်း နေတယ်လို့ ကြားတယ်။ ”

“ ဘယ်လောက်တောင် ... ပြင်းထန်လိုက်တဲ့ လူသတ် ရောင်ဝါလဲ။ ”

ဖူရှန်းမှ မျက်မှောင်ကြုတ် လိုက်သည်။ ဤသည်မှာ တိမ်တံခွန် မြို့တော်သခင်၏ ဝှက်ဖဲ ဖြစ်ချေပြီ။

“ ဒါက နဂါးတံခါးပြိုင်ပွဲလား ပျင်းစရာကောင်းလိုက်တာ ကောင်းပြီ ... လာ ... မင်းရဲ့ဓားကို အရင်ဆွဲ ... မဟုတ်ရင် ဓားဆွဲဖို့ မင်းအတွက် အခွင့်အရေးတောင် ရှိလိုက်မှာ မဟုတ်ဘူး။ ”

မိုတျန်လင်က ဝမ်ကျွယ်ယွမ်ကို လှောင်ပြုံးဖြင့် ပြောကြားလိုက်၏။ အမူအရာနှင့် လေသံသည် မောက်မာလွန်းချေပြီ။

ဝမ်ကျွယ်ယွမ်က အနည်းငယ် မျက်မှောင်ကြုတ်လျက် သတိကြီးစွာဖြင့် ကြည့်လိုက်မိ၏။

တစ်ဖက်လူထံမှ ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ်ခြင်း ရောင်ဝါကို သူ ခံစားလိုက်ရသည်။

“ ရွှပ် ... ။ ”

ဤအရာက သူ၏ တိုက်ပွဲဝင်ဆန္ဒများကို အမှန်တကယ် နှိုးဆွပေးသည်။ ဓားဆွဲထုတ်ကာ ၎င်းထံ ထိုးညွှန်လျက်၊

“ မင်းရဲ့ ဓားကိုဆွဲ။ ”

-ဟု ပြောကြားလိုက်၏။

“ မင်းက ငါ့ဓားနဲ့ မထိုက်တန်ဘူး။ ”

မိုတျန်လင်က ခေါင်းခါပြီး တုန့်ပြန်သည်။ ထို့ကြောင့် ဝမ်ကျွယ်ယွမ်မှ အချိန်ဖြုန်း မနေ တော့ဘဲ ရှေ့သို့ ပြေးတက်လိုက်သည်။

“ ရွှပ် ... ရွှပ် ... ရွှပ် ... ။

လေးညှို့မှ ပစ်လွှတ်လိုက်သော မြှားတစ်စင်းကဲ့သို့ မြန်ဆန်ပြီး ဓား(၁၂)ချက် ကိုလည်း အတွဲလိုက် ပစ်ထုတ်တော့၏။

ဤသည်မှာ အလင်းဓား(၁၂)ချက် ဖြစ်လေသည်။ ၎င်းကို အဆင့်မြင့်ကျွမ်းကျင်မှုသို့ ရောက်ရှိနေခဲ့ပြီး ပြီးပြည့်စုံရန် ခြေတစ်လှမ်းသာ လိုတော့၏။

“ နည်းနည်းတော့ စိတ်ဝင်စားဖို့ ကောင်းတယ် ဒါပေမယ့် လက်သီးတစ်ချက်နဲ့ လုံလောက်ပါတယ်။ ”

မိုတျန်လင်က သူ့အပေါ် ဓားရိပ်များ ဖုံးလွှမ်းလာသည်အထိ စောင့်ကာ လက်သီးဖြင့် ပြန်လည်ထိုးနှက်လိုက်သည်။

“ ဟိတ် ... ။ ”

လက်သီးကို ထိုးထုတ်လိုက်သည်နှင့် ပျင်းရိနေသော အသွင်အပြင်နေရာတွင် လူသတ် လိုသော အငွေ့အသက်များ ပေါ်လာ၏။

သားကောင်ကို အမဲလိုက်နေသည့် ရက်စက်ကြမ်းကြုတ်သော သားရဲအလား ထင်မှားလာစေ၏။

“ ဘုန်း ... ။ ”

“ ကလန် ... ။ ”

လက်သီးနှင့်ဓား ထိပ်တိုက်တွေ့သောအခါ ဝမ်ကျွယ်ယွမ် တစ်ယောက် ဓားလွတ်ကျလျက် ‌ခြေလှမ်းများစွာ ဆုတ်ခွာသွားသည်။

“ ဝေါ့ ... ။ ”

လည်မျိုအတွင်း ပျို့တက်လာသော ခံစားချက်ကြောင့် ချက်ချင်း အန်ထုတ်လိုက်ရ သည်။ ဝမ်ကျွီယွမ်ခမျာ ရင်ဘတ်ကို ဆုပ်ကိုင် လိုက်တော့၏။

“ ဒါ ... ။ ”

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ကျ သွားသည်။ ကွမ်လင် မြို့ဆက်သစ် လူငယ်သည် မိုတျန်လင်ထံမှ လက်သီး တစ်ချက်ကိုပင် မခံနိုင်ချေ။ ရှက်စရာ ကောင်းပေ၏။

မိုထျန်းလင်က ခေါင်းခါပြီး၊

“ အားနည်းလွန်းတယ် ... ၊ မြစ်ပြာဓားစံအိမ်ရဲ့ အတွင်းတပည့်တွေက တကယ်တော့ ပန်းအိုးတွေပဲ ... ခုချိန်ထိ မတိုးတတ် လာသေးပါလား။ ”

-ဟု ဆိုလျက် နီဟောင်နှင့် ကျောက်ဟိုင်ချွင်းထံ စူးစူးရဲရဲ စိုက်ကြည့်လိုက် တော့သည်။

***

All Chapters