← Chapters

မဟာကျိုး၊ လပြက္ခဒိန်၊ ဖေဖော်ဝါရီ (၂)ရက်။

Vol. 5 Ch. 56

မဟာကျိုး၊ လပြက္ခဒိန်၊ ဖေဖော်ဝါရီ (၂)ရက်။

Vol. 5 Ch. 56

“ ဆရာစု ... ကျေးဇူးပြုပြီး ထိုင်ပါ။ ”

ဖူရှန်းက ရိုသေလေးစားစွာဖြင့် စုရီကို ဖိတ်ကြား လိုက်လေသည်။ သို့မှသာ ​သူဘေးရှိ လွတ်နေသော ထိုင်ခုံသည် စုရီအတွက် ရည်ရွယ်ထားမှန်း နားလည်ကုန်၏။

“ ငါ အနားယူတော့မယ်။ ”

စုရီက ခေါင်းခါပြီး ငြင်းလိုက်သည်။ ဤသို့သော သက်ဝင်လှုပ်ရှားပြီး ဆူညံသည့် လေထုမျိုး လုံးဝ မကြိုက်ချေ။

“ ဒါဆို ပြန်ပို့ပေးပါရစေ။ ”

ဖူရှန်းမှ အစောင့်များကို အမိန့်ပေးရန် ပြင်လိုက်သည်။

“ ဦးလေးဖူ၊ ငါလုပ်လိုက်ပါ့မယ်။ ”

ဟွမ်ချမ့်ကျွယ်က ချက်ချင်းထရပ်၏။ နီထန့်သည်လည်း ရှုပ်ထွေးစွာဖြင့် ထရပ်ကာ လိုက်ပါလာခဲ့သည်။

မောက်မာပြီး မာနကြီးသော သူ့သားငယ်သည် ဆရာစုရီနောက်သို့ လိုက်ပါ သွားသော မြင်ကွင်းကြောင့် နီပိုင်ဟွာက ကျေနပ်စွာပြုံးမိ၏။

ဤမြင်ကွင်းသည် လူအုပ်ကို သို့လော၊ သို့လော ဖြစ်စေသည်။ တစ်ယောက်သည် ဟွမ်သခင်လေး ဖြစ်ကာ ကျန်တစ်ယောက်​သည် တပ်မှူးနီ၏သား ဖြစ်၏။

“ မကောင်းတော့ဘူး။ ”

လီတျန်းဟန်က တစ်စုံတစ်ရာကို သတိရသွားပြီး မျက်နှာပြောင်းသွားကာ စုရီထံ ပြန်ကြည့်မိသည်။ ဤလူငယ်တွင် လျှို့ဝှက်ချက်များ ရှိနေပုံရ၏။

ထိုစဉ် မွေးနေ့ပွဲ၌ မဟာသခင်တပည့် ဟူသော ဂုဏ်ပုဒ်ကြောင့် ဝမ်မိသားစုအပေါ် မျက်နှာသာ ပေးခဲ့ကြသည်ဟု ယူဆသည်မှာ မှားယွင်းနေပုံရသည်။

ချက်ချင်းပင် အစေခံတစ်ယောက်ကို ခေါ်ယူကာ၊

“ သွား ... ။ ”

-ဟု စေခိုင်းလိုက်တော့သည်။

ကျောက်ဟိုင်ချွင်းက စုရီကို နှုတ်ဆက် လိုသော်လည်း မလုပ်ခဲ့ချေ။ သက်ပြင်းရှိုက်ကာ နောင်တများ ဝင်ရောက်လာ၏။

“ အစ်ကိုလီ ... မင်းဆုကြေးအတွက် ပြင်ဆင်ထားပြီးပြီလား။ ”

မြို့သခင်ဖူရှန်းက ပြုံးလျက် မေးမြန်းလိုက်သည်။

“ ဟမ့် ... မနက်ဖြန် ... ငါပို့ပေးလိုက်မယ်။ ”

မိုတျန်းလင်ကြောင့် သေချာပေါက် အောင်ပွဲရမည်ဟု ယူဆကာ ဆုကြေးများ သူ ပြင်ဆင်လာခဲ့ခြင်း မရှိချေ။

“ ကောင်းပြီ ... ဒီနေ့ကစပြီး ကျောက်စိမ်းကျွန်းကို ကွမ်လင်မြို့က ဆယ်နှစ် အုပ်ချုပ်မယ်၊ အခွင့်မရှိဘဲ ချဉ်းကပ်လာတဲ့ လူတိုင်းကို သတ်ပစ်ပါ ... တပ်မှူးနီ မမေ့နဲ့။ ”

“ ဟုတ်ကဲ့ပါ မြို့တော်သခင်။ ”

“ ဟမ့် ... ။ ”

နီပိုင်ဟွာက ခေါင်းညိတ်လျက် သတ်ဖြတ်လိုသော ရောင်ဝါကို ထုတ်ပြလိုက် လေသည်။

ထိုအသွင်အပြင်ကြောင့် လီကျန့်ယွီတစ်ယောက် နှာခေါင်းရှုံ့ပြကာ ထထွက်သွားတော့၏။

ဆက်လက် ထိုင်နေသော် ဤမြို့သခင်ဖူရှန်းသည် သူ့ကို ဒေါသထွက်ပြီး သေသည်အထိ စကားလုံးများဖြင့် ကြံဆောင် ပေလိမ့်မည်။

အဆုံးတွင် နဂါးတံခါးဧည့်ခံပွဲ တရားဝင်ပြီးဆုံးကာ လှေငယ်များ ပျံ့ကျဲသွား တော့၏။

ထိုအချိန်တွင် မြို့တံခါးသို့ ရောက်ရှိလာသောစုရီက သူ့နောက်မှ လူငယ် နှစ်ယောက်ကို ပြန်စေသည်။

“ မင်းတို့ အခု ပြန်သွားလို့ရပြီ။ ”

ဟွမ်ချမ့်ကျွယ်က လိမ္မာပါးနပ်စွာဖြင့် ပြုံးရယ်ကာ ခေါင်းညိတ်ပြလေသည်။ နီထန့်မှ တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် စုရီထံ ဦးညွှတ်ကာ၊

“ အစ်ကိုစု၊ မင်းရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ် ... ငါနီထန့် ဒီကြင်နာမှုကို ဘယ်တော့မှ မမေ့ပါဘူး။ ”

-ဟု ပြောကြားတော့၏။

“ ကောင်းပြီ ... ငါပြောခဲ့တာတွေ မမေ့နဲ့။ ”

စုရီက ခေါင်းညိတ်ကာ မြို့တံခါးဆီသို့ တစ်ယောက်တည်း ဆက်၍ လျှောက်လှမ်းသွား တော့သည်။

“ နီထန့် ... အစ်ကိုစု မင်းကို ဘာပြောခဲ့တာလဲ။”

“ မင်းနဲ့ ဘာဆိုင်လဲ။ ”

နီထန့်က ပြန်မဖြေချေ။ ချက်ချင်း လှည့်ထွက်သွားတော့သည်။ ဟွမ်ချမ့်ကျွယ်က အမြန် ပြေးလိုက်သွားပြီး၊

“ ညီလေးနီ ... ငါ့ကို စောင့်ပါဦး ... နောက်ဆုံးတော့ ... ငါတို့ နှစ်ယောက်လုံးက အစ်ကိုစုရဲ့ ညီငယ်တွေပဲ မဟုတ်လား အနာဂတ်မှာ လက်တွဲနိုင်ပါတယ်၊ ...

... ဘာလို့ ဒီညပျော်စရာ မရှာရတာလဲ တူရိယာမျိုးစုံတီးခတ်ပြီး သီချင်းဆိုကောင်းတဲ့ မိန်းကလေး မြောင်ယွီနဲ့ ငါသိတယ်။ ”

နှစ်ယောက်သား အမှောင်ရိပ်ထဲ တဖြည်းဖြည်း ဝေး၍၊ဝေး၍ ပျောက်ကွယ်သွား တော့သည်။

ထိုစဉ် ကောင်းကင်၌ တိမ်ဖုံးနေသော လမင်းကြီး ထွက်ပေါ်လာပြီး၊ ကြယ်ရောင်များ အကြား ထူးဆန်းသော ပုံသဏ္ဍာန်တစ်ခု ဖြစ်တည်လာ၏။

စုရီက ကောင်းကင်ကို မော့ကြည့်ကာ၊

“ လောကမှာ ခွဲခွာခြင်းဆိုတာ အမြဲတမ်း လှိုင်းထန်တတ်တာလား။ ”

-ဟု ညည်းတွားလိုက်လေသည်။

ဤနေ့သည် ကျိုးနိုင်ငံတော်၊ လပြက္ခဒိန်၊၊ (399)နှစ် ဒုတိယလ၊ ဒုတိယမြောက်နေ့ ဖြစ်၏။ ဤနေ့သည် နွေဦးပေါက် ရာသီ၏ ပထမ လလည်း ဖြစ်၏။

ဤနေ့သည် ဆောင်းခိုသော အင်းဆက်ပိုးမွှားများ ပြန်လည် နိုးထသော နေ့လည်း ဖြစ်၏။

ဤနေ့သည် စကြာဝဠာကြီး အတွင်းရှိ သတ္တာဝါတိုင်း ပြန်လည်မွေးဖွားသည့် နေ့လည်း ဖြစ်၏။

ဤနေ့သည် နဂါးခုနစ်ကောင် အနက်မှ တစ်ကောင်ဖြစ်သော မိုးပြာနဂါးက နက္ခတ်ကို လေ့လာရန် အရှေ့ဘက် ကောင်းကင်၌ ခေါင်းပြူကြည့်သည့် နေ့ဖြစ်၏။

ထို့ကြောင့် ဤနေ့ကို ‘နဂါးဦးခေါင်း မြှောက်သည့်နေ့’ ဟု ခေါ်ကြသည်။ လွန်ခဲ့သော တစ်နှစ် ဤနေ့တွင် ကျင့်ကြံမှုပျောက်ဆုံးကာ ဝမ်လင်ကျောက်နှင့် သူ လက်ထပ်ခဲ့ရ၏။

တစ်နှစ်ကုန်လွန်ပြီး ဤနေ့တွင် နဂါးတံခါးဧည့်ခံပွဲ၏ ချန်ပီယံ ဖြစ်လာကာ စုရီ ဟူသော အမည်ကို လူတိုင်းသိခဲ့၏။

လရောင်အောက်တွင် တစ်ယောက်တည်း အထီးကျန်စွာ လျှောက်လှမ်း နေလျက်မှ စုရီက ခြံဝင်းထဲ လှမ်းဝင်လိုက်သည်။

သူ့ကို မြင်သည်နှင့် ချင်ဝမ်မှ ချက်ချင်း လွင့်ဝဲရောက်ရှိလာ၏။

“ တာအိုသခင် ... လူစိမ်းတွေ ရောက်လာတယ်၊ မင်းထွက်သွားပြီး မကြာဖူး သူတို့ ခြံထဲဝင်လာပြီး ပုန်းနေကြတယ် သူတို့မှာ လက်နက်တွေပါတယ် ... အဲဒါက အရမ်း ကြောက်စရာ ကောင်းတယ်။ ”

ချင်းဝမ်၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုအရိပ်အယောင်များ ထွက်ပေါ် လာခဲ့သည်။

“ အခု ဘယ်မှာလဲ။ ”

“ ပြန်ကုန်ပြီ။ ”

စုရီတစ်ယောက် အနည်းငယ် မျက်မှောင်ကြုတ်သွားကာ ‘အသေးစိပ် ပြန်ပြော ပြပါဦး’-ဟု တောင်းဆိုလိုက်၏။

ချင်းဝမ် စကားများအရ ပုန်းအောင်း နေသူများသည် လီမိသားစုမှဖြစ်၏။ သို့သော် သူ ပြန်မလာခင် အစေခံတစ်​ဦးမှ ​လာရောက် ခေါ်ယူသွားခဲ့သည်။

ယင်းက စုရီကို အတွေးပွားစေသည်။ သူသည် လီမိသားစုနှင့် ပတ်သတ်မှု မရှိချေ။ တစ်ခုတည်းသော ဆက်နွယ်မှုမှာ ဝမ်လင်ကျောက်သာ ဖြစ်နိုင်မည်။

“ ဒါက တကယ့် ဒုက္ခပဲ။ ”

အဖြေရှာတွေ့ ပြီးနောက် စုရီက ညည်းညူကာ သက်ပြင်းချလိုက်သည်။ ပထမ ဝေကျန်းရန်၊ ယခု လီမိုယွင် ဖြစ်၏။

များမကြာခင် မဟာသခင်တစ်ပါး၏ တပည့်အဖြစ် ခံယူတော့မည် ဖြစ်ရာ ထို့ထက် ပို၍ ရှုပ်ထွေးလာ ပေတော့မည်။

“ သူတို့အားလုံးကို သတ်ပစ်လိုက်မယ် ဆိုရင်တောင် ပြဿနာတွေက ရှိလာဦးမှာပဲ ... ဒီကိစ္စတွေပြီးချင်ရင် ငါတို့ဖျက်သိမ်းရမယ်။ ”

“ တာအိုသခင် ... မင်းမိန်းမနဲ့ ကွာရှင်းတော့ မလို့လား။ ”

“ ဘာလို့လဲ ... ငါလုပ်လို့ မရဘူးလား။ ”

စုရီက ပြန်မေးသည်။

“ မဟုတ်ပါဘူး ... ။ ”

ချင်းဝမ်မှ လျင်မြန်စွာ ခေါင်းယမ်း ပြလိုက်၏။ စုရီကပြုံးလျက် ကုလားထိုင်ပေါ်မှ ပျင်းရိစွာ ထရပ်လိုက်တော့သည်။

“ မေ့လိုက်ပါ၊ ဒီနေ့က ငါ့မွေးနေ့ ... အပျော်တွေကို ပျက်သွားစေမယ့် အကြောင်း အရာမျိုး မပြောပါရစေနဲ့။ ”

***

All Chapters