← Chapters

ကောင်းကင်ပေါ် ခေါ်သွားနိုင်တယ်။

Vol. 5 Ch. 58

ကောင်းကင်ပေါ် ခေါ်သွားနိုင်တယ်။

Vol. 5 Ch. 58

စုရီ၏ စကြားကြောင့် ဖူရှန်းခမျာ မျက်နှာပျက်ယွင်း သွားတော့သည်။ ထို့ကြောင့် ချက်ချင်းပင် ရှင်းပြန်ရန် ပြင်တော့၏။

“ ဆရာစု ... ဆုတွေကို ပေးဖို့က တိမ်တံခွန်မြို့သခင်ရဲ့ ဆန္ဒအပေါ် မူတည်တယ် ဒီအတွက် တောင်းပန်ပါတယ် ... ဒီလူက ဆရာစုကို ...

... တမင်စော်ကားလိုက်တာပဲ ... အချိန် နည်းနည်းပေးပါ ... အစားထိုး ပညာရပ်တစ်ခု ရှာပေးပါ့မယ်။ ”

“ ထားလိုက်ပါ အဆင်ပြေပါတယ်။ ”

စုရီက ခေါင်းယမ်းလိုက်သည်။ ဤအဆင့်ပညာရပ်မျိုးကို သူ စိတ်မဝင်စားချေ။ သို့မှသာ ဖူရှန်းက စိတ်သက်သာရာ ရသွားပြီး၊

“ ဆရာစု ကျောက်စိမ်းကျွန်းကို ငါနဲ့ အလည်လိုက်ခဲ့မလားလို့ ဖိတ်ချင်ပါတယ်။ ”

-ဟု ပြောကြားလိုက်သည်။

“ ကောင်းပြီ ... ဘယ်တော့လဲ။ ”

စုရီက စိတ်ဝင်စားသွား၏။

“ ဆရာစု ဆန္ဒရှိရင် အခုပဲ သွားနိုင်ပါပြီ။ ”

ဖူရှန်းက ဝမ်းသာအားရ တုန့်ပြန်သည်။ ထို့နောက်တွင် မြို့စောင့်တပ်များစွာ ခြံရံလျက် စုရီနှင့် ဖူရှန်းတို့ လိုက်ပါလာသော မြင်းရထားက မြို့မှထွက်ခွာတော့သည်။

မိုးပြာမြစ် တစ်လျှောက် မိုင်သုံးဆယ်ခန့် ခရီးနှင်ကြပြီး မြင်းရထားက ရပ်တန့်သွားသည်။ ကမ်းစပ်၌ လှေငယ်တစ်စင်း စောင့်ကြိုနေ၏။

လှေငယ်က စုရီနှင့်ဖူရှန်းကို တင်ဆောင်ကာ ရေလယ်ခေါင်ရှိ အစိမ်းရောင် ကျွန်းငယ်လေးထံ ခေါ်ဆောင်သွားသည်။

ကျွန်းသည် သေးငယ်ပြီး ပေသုံးရာသာ ကျယ်သည်။ ကျောက်ဆောင်များနှင့် စိမ်းညို့ နေသော ဝါးပင်များ ပေါက်ရောက်နေ၏။

“ ဟမ့် ... သူတို့က ဘယ်သူတွေများလဲ။ ”

ဖူရှန်းက အဝေးမှ ဆိုက်ကပ်လာသည့် လှေတစ်စင်းကို သတိထားမိပြီး မျက်မှောင်ကျုံ့ လိုက်သည်။

လှေပေါ်မှ လူနှစ်ယောက် ခုန်ဆင်းကာ ကျွန်းပေါ်တက်လာ၏။ လှေသမားက ၎င်းတို့ထံ ကြည့်ပြီး၊

“ မြို့သခင် သူတို့က တိမ်တံခွန်မြို့က ဖြစ်နိုင်မလား။ ”

-ဟု ပြောကြားလာသည်။

ဖူရှန်းက တုန်ပြန်ခြင်း မပြုတော့ချေ။ သတ်ဖြတ်လိုသည့် မျက်ဝန်းများဖြင့် လူစိမ်းထံ စိုက်ကြည့်နေခဲ့သည်။

တစ်ဦးမှာ အနက်ဝတ် အဘိုးအိုဖြစ်ပြီး ကျန်တစ်ဦးသည် အစိမ်းရောင်ဝတ် လူငယ်လေး ဖြစ်၏။

လူငယ်၏ခါးတွင် ကျောက်စိမ်းရောင် ခါးပတ်ပြားကို တပ်ဆင်ထားကာ အသားအရည် ကြည်လင်ချေပြီ။ မြင်ရုံဖြင့် အထက်တန်းစား တစ်ဦးမှန်း မြင်သာ၏။

အနက်ဝတ် အဘိုးအိုသည် ထိုလူငယ်နှင့် ခပ်ဝေးဝေးလိုက်ပါပြီး ခါးဆစ်ရိုးကို အနည်းငယ် ကိုင်းထားသည်။

ကျင့်ကြံမှုအရ ၎င်းသည် ချီသန့်စင်ခြင်း အထွတ်အထိပ်တွင် ရှိသည်။ မဟာသခင်အဆင့် တက်လှမ်းရန် ခြေတစ်လှမ်းမျှသာ လို၏။

ထိုကဲ့သို့သော ကိုယ်ခံပညာရှင်များသည် ရေပေါ်တွင် ပြေးလွှားသွားနိုင်သည်။ မြေပြင်၌ ပေတစ်ရာအထိ ခုန်လွှားနိုင်၏။

ဖူရှန်းသည် သည်လည်း ချီသန့်စင်ခြင်း အထွတ်အထိပ်ဖြစ်ကာ ဤအဖိုးအိုနှင့် အဆင့် တူချေပြီ။

သို့သော် စုရီအတွက်မူ စိတ်ဝင်စားရန် မထိုက်တန်သေးချေ။ ယင်းအစား ဝါးတောထံ လှည့်ကြည့်လိုက်မိသည်။

မိုးပြာမြစ်သည် အသူရာ တိမ်တောင်များ အတွင်း၌ မြစ်ဖျားခံ၏။ ထို့ကြောင့်မြစ်ရေသည် ဝိညာဉ်စွမ်းအင်များ ပေါကြွယ်ဝသည်။ ‌

ကျောက်စိမ်းကျွန်းသည် အဆိုပါ ဝိညာဉ်စွမ်းအင်များ စုရုံးရာအရပ် ဖြစ်သည်။ စုရီ သွားရောက် လေ့ကျင့်နေသော ပိုးစာပင်ထက် သာလွန်သောအရပ် ဖြစ်၏။

ထို့ကြောင့် ကျောက်စိမ်း ဝိညာဉ် ဝါးတော ပေါက်ရောက်လာသည်မှာ အံ့ဩဖွယ် မရှိတော့ ချေ။

ထိုအချိန်တွင် အစိမ်းရောင် ဝတ် လူငယ်လေးနှင့် အနက်ဝတ် အဖိုးအိုတို့သည် ဖူရှန်းကို သတိပြုမိသွားသည်။

လူငယ်က ပြုံးပြီး၊

“ မင်းက မြို့တော်သခင် ဖူရှန်း မဟုတ်လား။”

-ဟု မေးမြန်းလာ၏။

အသက်အရွယ်အရ (၁၈)နှစ်မျှသာ ရှိသေးသော်လည်း ၎င်း၏ အပြုအမူတိုင်းသည် ဖူရှန်းထက် သာလွန်သော ကြီးမြတ်မှုကို ဆောင်ချေပြီ။

“ ဟုတ်ပါတယ် ... ငါပါပဲ။ ”

ဖူရှန်းက တုန့်ပြန်လိုက်၏။ ထို့နောက် သတိကြီးစွာဖြင့်၊

“ မင်းတို့နှစ်ယောက်က ဘယ်သူတွေလဲလို့ မေးလို့ခွင့်ရှိမလား။”

--ဟု တုန့်ပြန် မေးမြန်းလိုက်သည်။

သူသည် အတွေ့အကြုံရှိပြီး လိမ္မာပါးနပ်လှသဖြင့် ဤလူစိမ်များမှာ မရိုးရှင်း နိုင်ကြောင်း သိ၏။

ထို့ကြောင့် အစေခံ လှေသမားကို လှေငယ်ပေါ်တွင် ဆက်နေရန် အချက်ပြ ထားလိုက်သည်။

“ ငါ့နာမည်က ကျန်းယွင်ရှင်း ... စီရင်စုမြို့တော် ကျန်းမိသားစုကပဲ ... ငါ့အဖေက စီရင်စုမြို့သခင်(၁၉)ပါးထဲမှာ လူနည်းစု လောက်သာ အာရုံစိုက်ဖို့ ...

... ထိုက်တန်ကြောင်း ဝေမျှထားတယ်၊ မြို့သခင်ဖူကို အခုလို မြင်တော့မှ ... တကယ်ပဲ ထူးထူးခြားခြားဆိုတာ လက်ခံမိပါတယ်။ ”

လူငယ်၏ အဖြေကြောင့် ဖူရှန်း၏ မျက်ဝန်းများ အနည်းငယ် မှေးကျဉ်းလာပြီး အမူအရာမှာ ပို၍ လေးနက်လာခဲ့သည်။

“ မင်းရဲ့ ဂုဏ်သိက္ခာရှိတဲ့ ဖခင်နာမည်ကို မေးလို့ရမလား။ ”

“ အိုး ... ရတာပေါ့ ... ငါ့အဖေက လက်ရှိ ကျန်းမိသားစု ခေါင်း‌ဆောင်ပါ။ ”

ဖူရှန်းတစ်ယောက် နှလုံးသား တုန်ခါသွားကာ သူ့အကြည့်များက ချက်ချင်း သတိထားလာတော့၏။

“ အိုး ငါသိပါပြီ ... ကျန်းသခင်ကြီးရဲ့ ချီးကျူးမှုက ငါ့ကို ဝမ်းမြှောက်စေပါတယ်။ ”

“ မြို့သခင်ဖူး ... မဖိတ်ခေါ်ပဲ လာခဲ့မိတဲ့အတွက် မင်းငါ့ကို စိတ်မဆိုးဘူး မဟုတ်လား။ ”

လူငယ်က ပြုံးပြီး မေးသည်။ ဖူရှန်းမှ ခေါင်းယမ်း ပြလိုက်၏။

“ ဘယ်လိုလုပ် စိတ်ဆိုးဝံ့မှာလဲ။ ”

ဤအရာကို မျှော်လင့်ပြီး ဖြစ်ပုံနှင့် ကျန်းယွင်ရှင်းက ခေါင်းညိတ်သည်။ ထို့နောက် သူ့ အကြည့်များ စုရီထံရွေ့လာ၏။

“ မနေ့ညက ... နဂါးတံခါးဧည့်ခံပွဲမှာ ငါရှိတယ် ... သခင်လေးစုနဲ့ မိုတျန်လင်ပွဲက တကယ် စိတ်လှုပ်ရှားစရာပါ ...

... ဒါပေမယ့် ဝမ်မိသားစုမှာ မင်းရဲ့ လက်ရှိအခြေအနေက ဆိုးလွန်းတယ်လို့ ... ငါ ကြားမိတယ် ... ငါမင်းကို ကူညီနိုင်တယ်။ ”

ကျန်းယွင်ရှင်း စကားကြောင့် ဖူရှန်းမှ မျက်ခုံးပင့်မိသည်။ ဆရာစုသည် ကျောက်စိမ်း ဝိညာဉ် သခင်မလေးပင် ဆရာခေါ်ရသူ ဖြစ်၏။

၎င်းသည်သာ အမှီတစ်ခုလိုအပ်ပါက ကျန်းမိသားစုထက် သာလွန်သော တည်ရှိမှုမျိုး ရရှိနိုင်ပေမည်။

“ အကြောင်းမရှိဘဲ ပြုံးနေတဲ့ လူတွေမှာ သေချာပေါက် မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ် ဆိုတဲ့ ... ဆိုရိုးစကားကို မင်း ... ကြားဖူးသလား။ ”

စုရီက တည်ငြိမ်စွာ တုန့်ပြန်လိုက်သည်။ အနက်ဝတ်အဘိုးအိုမှ အေးစက်သော အကြည့် များဖြင့်၊

“ စကားပြော ဆင်ခြင်ပါ ... ကောင်လေး။ ”

-ဟု သတိ ဝင်ပေးလာသည်။

သို့သော် ကျန်းယွင်ရှင်းမှ ပြုံးပြီး လက်ပြလိုက်ကာ၊

“ ဦးလေးရှောင် ... စိတ်ဆိုးနေစရာ မလိုပါဘူး ... သခင်စုရဲ့ ဒီလိုရိုးသားမှုက သူ့ကို ငါစိတ်ဝင်စားရတဲ့ အကြောင်းရင်းပါပဲ။ ”

-ဟု ဆိုလိုက်သည်။ ထို့နောက် စုရီထံ ပြန်ကြည့်၏။

“ သခင်လေးစု ... မင်း ဒါကို သိပ်စဉ်းစားနေစရာ မလိုပါဘူး သိုင်းတာအိုမှာ မင်းရဲ့အရည်အချင်းနဲ့ နားလည်မှုတွေကို သဘောကျလို့ ငါကူညီတာပါ၊ ...

... မင်းလို အရည်အချင်းရှိတဲ့ တစ်စုံတစ်ယောက် ... ကွမ်လင်မှာ အချိန်တွေ ကုန်လွန်တာမျိုး ... မဖြစ်စေချင်လို့ပဲ။ ”

စုရီက တုန့်ပြန်ခြင်း မပြုချေ။

“ သခင်လေးစု ... စဉ်းစားပါ ... ငါနဲ့ တိမ်မြစ်စီရင်စုမြို့တော်ကို လိုက်ခဲ့မယ်ဆိုရင် မင်းရဲ့အရည်အချင်းတွေ ပေါ်လွင်စေမယ့် အခွင့်အရေးမျိုး ငါပေးနိုင်တယ်။ ”

“ ကြည့်ရတာ ... ငါ့ကို မင်းရဲ့ နောက်လိုက်အဖြစ် လိုချင်နေတာ မဟုတ်လား ... ။ ”

“ ဟမ့် ... တိမ်မြစ်စီရင်စုမြို့တော်မှာ ငါ့သခင်လေးရဲ့ အစေခံ ဖြစ်ချင်နေတဲ့ ပါရမီရှင် တွေဆိုတာ မြစ်ထဲက ငါးကြင်းတွေလို ပေါများပါတယ်။ ”

အနက်ဝတ် အဖိုးအိုက စုရီစကားကို မကြိုက်သဖြင့် ဝင်ရောက် ပြောကြားလိုက်၏။ သို့တိုင် စုရီမှ တုန့်ပြန်ခြင်း မပြုသေး သောကြောင့်၊

“ နဂါးတံခါး ချန်ပီယံဆိုတာ ကွမ်လင်မြို့အတွက်ပဲ ခေါင်းမော့ဖို့ ထိုက်တန် ပါတယ် ... တိမ်မြစ် စီရင်စုမြို့တော်မှာ ဒီလို လူမျိုးတွေ မရှားဘူး။ ”

-ဟု ထပ်မံ ပြောကြားလာသည်။

ဤမြင်ကွင်းက ဖူရှန်းကို ရယ်ချင်စိတ် ထိန်းမရ ဖြစ်စေသဖြင့် မျက်နှာလွှဲလိုက်ရ၏။ ကျန်းမိသားစုဟူသည် တိမ်မြစ် စီရင်စုမျှသာ ဖြစ်ချေပြီ။

တစ်ဖက်တွင် စုရီက တိတ်ဆိတ်နေမြဲ ဖြစ်သည်။ ဤလူငယ်တွင် ကောင်းမွန်သော ရည်ရွယ်ချက် ရှိနေသဖြင့် မည်သို့ တုန့်ပြန်ရ မည်မှန်း မသိတော့ချေ။

“ ကောင်းပြီ ... ဒါကို ပြန်စဉ်းစားဖို့ အချိန်ယူပါ ... သုံးရက်အတွင်း ကွမ်လင်ကနေ ငါ့ထွက်ခွာမယ် မင်းရဲ့ ဆုံးဖြတ်ချက်ကို မြို့သခင်ဖူရှန်းနဲ့ တင်ပြလို့ ရတယ်။ ”

တုန့်ဆိုင်းနေသော စုရီအသွင်ကြောင့် ကျန်းယွင်ရှင်းက နားလည်ဟန် ပြုံးပြလိုက်ပြီး ဖူရှန်းကို လှည့်ကြည့်၏။

“ မြို့သခင်ဖူ ... ဒီမှာ ပေါက်နေတဲ့ ကျောက်စိမ်းဝိညာဉ်ဝါးအဆင့်က အမြင့်ကြီး မဟုတ်ပေမယ့် ရှားပါးပါတယ် ... ငါနှစ်ပင် ဝယ်ချင်တယ်။ ”

“ အိုး ... ဝယ်စရာ မလိုပါဘူး ... ကျန်းသခင်လေး မင်းကို လက်ဆောင်ပေးခွင့် ရလို့ ... ငါဂုဏ်ယူမိပါတယ်။ ”

ဖူရှန်းမှ ခေါင်းခါလျက် တုန်ပြန် ပြောကြားလိုက်သည်။

“ ကောင်းပြီ ... မြို့သခင် ဖူရှန်း တိမ်မြစ်စီရင်စုမြို့တော်က လူတွေသိရင် ငါက တခြားသူတွေကို အခွင့်ကောင်းယူတယ်လို့ ပြောနေကြလိမ့်မယ် ...

... ဦးလေးရှောင် ငါတို့ စီရင်စုမြို့ကို ပြန်ရောက်ရင် ဝိညာဉ်ကျောက်တုံး တစ်ရာ ပို့ပေးလိုက်ပါ။ ”

ကျန်းယွင်ရှင်းက အဖိုးအိုထံ လှည့်ကာ မှာကြားလိုက်၏။ ထို့နောက် ၎င်းမှစိတ်ကြိုက် ဝါးနှစ်ပင် ခုတ်ယူကာ ထွက်ခွာသွားသည်။

“ စုရီ ... ၊ ငါမင်းကို လေနဲ့အတူ ပျံသန်း နိုင်အောင် ခေါ်သွားပေးမယ် ... ငါကျန်းယွင်ရှင်း နောက်လိုက်မယ်ဆိုရင် ... တိမ်တိုက်တွေ ထိကိုင်ခွင့်ရဖို့ အာမခံနိုင်တယ်။ ”

မထွက်ခွာခင် စုရီထံ ပြန်လှည့်ကြည့်ကာ ထပ်မံစဉ်းစားရန် တိုက်တွန်းသည့် ကြီးစိုးသော လေသံက ပဲ့တင်ကျန်ရစ်ခဲ့ချေပြီ။

***

All Chapters