ကြက်ခြေထောက် ပုံပြင်။
Vol. 5 Ch. 59
ကျန်းယွင်ရှင်းနှင့် အနက်ဝတ်အဘိုးအိုတို့ လှေပေါ်တက်ကာ ထွက်ခွာ ပျောက်ကွယ်သွား လေသည်။
“ ကျန်းသခင်လေးရဲ့ အမြင်က တကယ့်ကို ကျယ်ပြန့်ပါပေတယ်၊ ဆရာစုကို နဂါးမှန်း မသိပဲ ခေါ်ယူချင်နေတယ်။ ”
မြို့သခင်ဖူရှန်းက လေထုကို ပြေလျော့ စေလိုသောကြောင့် လှောင်ပြောင် မှတ်ချက်ပေး လာခဲ့၏။
“ ဒီခေတ် လူငယ်တွေက ... အရည်အချင်းရှိတဲ့ အခြားသူတွေကို သူတို့ရဲ့ အချွေအရံအဖြစ် စုဆောင်းရတာ ဝါသနာ ပါကြတယ် ... ဒါ အရမ်း ရည်မှန်းချက်ကြီးတဲ့ လူမျိုးတွေမှာ ရှိတဲ့ မောက်မာမှုမျိုးပဲ။ ”
ဖူရှန်းက ခေါင်းညိတ်ပြီး၊
“ ကွမ်းလင်မှာရှိတဲ့ တခြား ... ပါရမီရှင်တွေသာဆိုရင် ကျန်းယွင်ရှင်းရဲ့ ဖိတ်ခေါ်မှုအပေါ် မငြင်းနိုင်မှာ ... ငါကြောက်မိတယ်။ ”
တိမ်မြစ်စီရင်စု မြို့တော်သည် စီရင်စု (၁၉)မြို့အတွင်း အကြီးမားဆုံး မြို့ ဖြစ်သည်။ ကွမ်လင်နှင့် တိမ်တံခွန်ကဲ့သို့ အစွန်အဖျားရှိ မြို့ငယ်များအတွက် ယှဉ်နိုင်စရာ မရှိချေ။
ထိုစီရင်စုမြို့တော်တွင် အင်အားစုများစွာ တည်ရှိသော်လည်း အင်အားစု လေးစုသည်သာ အာဏာအရှိဆုံး ဖြစ်သည်။
စီရင်စု အုပ်ချုပ်ရေးမှူး စံအိမ်နှင့် မြစ်ပြာဓားစံအိမ်သည် ထိုအင်အားစုလေးရပ် အတွင်း ပါဝင်၏။ ကျန်နှစ်ခုမှာ ကျန်းနှင့် ယွမ်မိသားစု ဖြစ်သည်။
ထို့ကြောင့် ကျန်းသခင်လေး၏ အဆင့်အတန်းသည် မည်မျှ မြင့်မားမည်ကို တွေးကြည့်နိုင်၏။
နှစ်ယောက်သား စကားစမြည် ပြောကြားလျက် ရှေ့သို့ လျှောက်လှမ်းသွားကာ အရွယ်အစား သုံးမီတာမျှရှိသော ဝါးတော အတွင်း ဝင်ရောက်လာခဲ့သည်။
ဝါးတောသည် စိမ်းလန်းစိုပြေသော အခိုးအငွေ့များနှင့် ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေ၏။
အရွယ်ရောက်ပြီးသော ဝါးပင်ငယ် တစ်ပင်သည် ကလေးလက်မောင်းလုံးခန့်ရှိကာ၊ ဆယ်ပေခန့်သာရှည်သည်။
“ ဆရာစု မင်းကြိုက်တဲ့ အပင်ကို ပြောပါ။ ”
စုရီပ တုံ့ဆိုင်းမနေဘဲ စိတ်ကြိုက် ဝါးပင်တစ်ပင်ကို ညွှန်ပြလိုက်သည်။ ဖူရှန်းက ပေါက်ပြားဖြင့် မြေကြီးကိုတူးကာ အမြစ်များ ပါအောင် နှုတ်ယူပေးလိုက်၏။
နောက်ဆုံးတွင် ၎င်းမှာ ဝိညာဉ်ရေးရာ အပင်မျိုး ဖြစ်ပြီး အမြစ်များနှင့် အရွက်များသည် ဆေးဝါးအဖြစ် အသုံးဝင်ချေပြီ။
“ ဆရာစု၊ မင်းမျက်လုံးကို ဖမ်းစားနိုင်တဲ့ တခြားအရာတွေ ရှိမရှိကြည့်ဖို့ ဆက်သွား ရအောင်။ ”
ဖူရှန်းက ကျွန်း၏ အတွင်းပိုင်းသို့ ဆက်သွားရန် ပြောကြားလာသည်။ စုရီမှ ဝါးတောကို ကြည့်ကာ၊
“ မလိုတော့ပါဘူး ... ဖြစ်နိုင်ရင် နောက်ထပ်နှစ်ပင်လောက် လိုချင်သေးတယ်။ ”
-ဟု တောင်းဆိုလိုက်သည်။
အရည်အသွေး ကောင်းမွန်သော ကျောက်စိမ်းဝါးပင်ကို အနည်းငယ် သန့်စင်ကာ ဓားအိမ်အဖြစ် ပြုလုပ်နိုင်မည်။
ဤနည်းအားဖြင့် မရဏအစွယ်ကို ထိန်းသိမ်းထားနိုင်၏။ ကျန်ဝါးပင်များအတွက်မူ အဆောင်များ ရေးထွင်းနိုင်မည်။
စုရွှမ်ကြွယ်ဘဝတွင် သူ့ဘွဲ့ကို တာအို တစ်သောင်း သခင်အဖြစ် သတ်မှတ်ကြသည်မှာ အဓိပ္ပါယ်ရှိ၏။
သို့သော် ဤအရပ်ဒေသသည် ဝိညာဉ်စွမ်းအင် ရှားပါးပြီး အဆောင်ရတနာများ ဖန်တီးရန် သင့်လျော်သော ဝိညာဉ်ရေး ပစ္စည်းများမရှိချေ။
ကံကောင်းစွာဖြင့် သည်ကျောက်စိမ်း ဝါးပင်များသည် ဒုတိယတန်းစား ဝိညာဉ်ရေးရာ အဆင့်တွင် ရှိသည်။
အဆောင်များအတွက် အခြေခံအကျဆုံးသော စွမ်းအားအချို့ကို ခံနိုင်ရည် ရှိချေ၏။
ထို့နောက် ဖူရှန်းသည် အရွယ် ရောက်ပြီးသော ကျောက်စိမ်းဝါးပင်နှစ်ပင်ကို ထပ်မံ တူးဖော်ပေးသည်။
“ ကျေးဇူး အများကြီး တင်ပါတယ်။ ”
“ ဆရာစု ... ယဉ်ကျေးနေဖို့ မလိုပါဘူး ... မင်းကြောင့်သာ မဟုတ်ရင် ဒီကျွန်းကို ငါရမှာ မဟုတ်ဘူး။ ”
များမကြာခင် နှစ်ယောက်သား လှေပေါ်တက်ကာ ပြန်လာခဲ့၏။ မြို့တံခါးသို့ လှမ်းဝင်ချိန်၌ စုရီက နှုတ်ဆက်သည်။
“ မြို့သခင်ဖူ ... ငါမကြာခင် ဒီမြို့ကနေ ထွက်သွားတော့မယ်။ ”
ဖူရှန်းမှ ခဏမျှ အံ့အားသင့်သွားပြီး၊
“ ဆရာစုရဲ့ အရည်အချင်းအရ ကွမ်လင်မှာ အကြာကြီး မနေဖူးဆိုတာ ငါသိတယ် ဒါပေမယ့် ဒီလောက် မြန်လိမ့်မယ် မထင်ထားဘူး ... ဘယ်သွားမလဲ သိခွင့်ရှိမလား။ ”
“ တိမ်မြစ်စီရင်စု မြို့တော်။ ”
စုရီက ခေါင်းညိတ်ကာ ဖြေကြားသည်။ သူသည် မြစ်ပြာဓားစံအိမ်တွင် နေခဲ့ဖူးသဖြင့် စီရင်စုမြို့တော်နှင့် ရင်းနှီးလှ၏။
ချီသန့်စင်ခြင်းအတွက် လိုအပ်သော အရင်းအမြစ်များသည် ထိုအရပ်တွင်ပေါကြွယ်ဝ ချေပြီ။
“ ဘယ်နေ့သွားဖို့ အစီစဉ်ရှိလဲ ဆရာစု။ ”
“ လဝက်အတွင်း။ ”
စုရီက လင်ရွယ် ပြန်လာမည့် အချိန်ကို တွက်ဆကာ ပြန်ဖြေလိုက်သည်။ ကွမ်လင်မြို့၌ ဤမိန်းကလေးသည်သာ သူ အာရုံစိုက်ရန် သင်လျော်၏။
“ ဒါဆို ကျန်းယွင်ရှင်းကို ဘယ်လို ပြန်ပြောလိုက်ရမလဲ။ ”
“ မြို့သခင်ဖူ ဘယ်လိုထင်လဲ။ ”
“ ငါနားလည်ပါတယ် ဆရာစု ... ။ ”
ဖူရှန်းမှ ခေါင်းညိတ်သည်။ ထို့နောက် နှစ်ယောက်သား လမ်းခွဲကာ စုရီက မက်မွန် ဆေးခန်းသို့ ပြန်လာခဲ့သည်။
“ ဆရာစု ... ။ ”
ဟူချွမ့်က စီးကြိုသည်။ စုရီက ခေါင်းညိတ်ပြပြီး၊
“ ဘဏ္ဍာစိုးဟူ ... တစ္ဆေမိခင်တောင်တန်းနဲ့ အကျွမ်းတဝင်ရှိတဲ့ ဆေးခူးသမား တစ်ယောက် လောက် ရနိုင်မလား။ ”
-ဟု တောင်းဆိုလိုက်၏။
စုရီမေးခွန်းကြောင့် ဟူချွမ့်မှ မျက်နှာအနည်းငယ် ပြောင်းသွားပြီး၊
“ ဆရာစု ... အဲဒီတောင်တန်းက သရဲ အရမ်းခြောက်ပြီး အန္တရာယ်များ လွန်းပါတယ် သာမာန်လူ နည်းနည်းပဲ သွားဝံ့တယ် ... မင်း ဘာလုပ်မို့လဲ။ ”
“ စိတ်မပူပါနဲ့ ... ငါအချက်အလက် တစ်ချို့ မေးချင်လို့ပါ။ ”
“ ဝမ်မိသားစုရဲ့ ဆေးကျွန် တစ်ထောင်လောက်ထဲမှာ ဒီအကြောင်း သိတာဆိုလို့ တစ်ယောက်ပဲ ရှိတယ်။ ”
“ ကောင်းပြီ ... သူ့ကို ငါဆီခေါ်လာခဲ့ပါ။ ”
“ ဟုတ်ကဲ့ ... ။ ”
ဟူချွမ်မှ ရိုသေလေးစားစွာ ဦးညွှတ်ပြီး ထွက်ခွာသွားသည်။ နဂါးတံခါး ဧည့်ခံပွဲရှိ စုရီ၏ ကြီးစိုးနေသော အသွင်သည် သူ့ကို ကမ္ဘာသစ် ဆီသို့ ပို့ဆောင်ပေးသည်။
ထိုသို့သော အတွေ့အကြုံသည် သူ့ဘဝတစ်သက်တာလုံး ကြွားလုံးထုတ်ရန် လုံလောက်ပေ၏။
“ အားလုံး ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြပါ။ ”
စုရီက သမားတော်ဝူထံ ခေါင်းညိတ် ပြလိုက်ပြီး တံခါးဖွင့်ကာ အဝါရောင် စံအိမ်ဆီသို့ လျှောက်လှမ်းလာခဲ့သည်။
သို့သော် ခြံဝင်းထဲရှိ ဆီးပင်အောက်တွင် မဖိတ်ခေါ်ထားသော ဧည့်သည်ကို မြင်လိုက်ရ သဖြင့် မျက်မှောင်ကြုတ်မိလာ၏။
ဤသည်မှာ နန်းရင်ဖြစ်သည်။ သူမက သူ့ကိုမြင်သည်နှင့် ပြုံးရွှင်စွာဖြင့် ချက်ချင်း လှမ်းတက်လာတော့သည်။
“ အစ်ကိုစု ... ငါတို့တွေ သိုင်းဦးလေးနဲ့ မနက်ဖြန် ခရီးဆက်တော့မယ် ... ဒါကြောင့် မင်းကို လာနှုတ်ဆက်တာ။ ”
စကားသံသည် နူးညံ့ပြီး ပျော်ဝင်စရာ ကောင်းချေ၏။ သို့သော် စုရီမှ စိတ်မဝင်စား ခဲ့ချေ။ ယင်းအစား ပိတ်ထားသော တံခါးထံ ပြန်လှည့်ကြည့်ကာ၊
“ မင်း ခြံစည်းရိုးကို ကျော်တက်လာတာလား။ ”
-ဟု မေးမြန်းလိုက်သည်။
နန်းရင်အသွင်က အေးစက်သွားသော်လည်း ချက်ချင်းပြုံးလာကာ၊
“ အစ်ကိုစု၊ ငါက ဘာလို့ ဒီခြံစည်းရိုးကို ကျော်တတ်ရမှာလဲ ... မင်းငါ့ကို စိတ်ဆိုးနေတာ ငါသိပါတယ် ... စကားတွေက ကြမ်းတမ်းပြီး နှလုံးသားမဲ့ပုံ ပေါက်နေခဲ့တယ် ...
.... ဒါပေမယ့် ငါ့စိတ်ထဲမှာ မင်းမရှိတော့ဖူးဆိုရင် ... ငါမင်းဆီ ဘာလို့ လာနေဦးမှာလဲ။ ”
စုရီက တုန့်ပြန်ခြင်း မပြုချေ။ ထို့ကြောင့် ဝမ်နည်းငိုရှိုက်လျက် နန်းရင်က စုရင် ရင်ခွင်ထဲ ပြေးဝင်လာသည်။
“ အစ်ကိုစု၊ အနာဂတ်မှာ ... ငါ ဘယ်လောက်ပဲ အမှားကြီး လုပ်မိပါစေ ... မင်းငါ့ကို ခွင့်လွှတ်မယ် မဟုတ်လား။ ”
သို့သော် စုရီက နောက်ဆုတ်လိုက်သဖြင့် လေကိုသာ ဖမ်းမိပြီး ယိမ်းယိုင်ကာ ဟန်ချက် ပျက်သွားသည်။
ရှက်ရွံ့သွားသော်လည်း အသက် ပြင်းပြင်းရှူလျက် ခန္ဓာကိုယ် ပြန်၍ထိန်းညှိကာ သိုလှောင်လက်စွပ်မှ သေတ္တာတစ်လုံးကို ထုတ်ယူဖွင့်ပြလိုက်သည်။
“ အစ်ကိုစု၊ နင် ... ပြင်ပတပည့်ကြီး ဖြစ်လာတုန်းက ... မြစ်ပြာဓားစံအိမ်ကနေ အစ်ကိုစုအတွက် ပွဲလုပ်ပေးခဲ့တာကို မှတ်မိသေးလား ...
... အဲဒီနေ့မှာပဲ ... ပွဲပြီးတာနဲ့ မင်းငါ့ဆီပြေးလာပြီး ဒီကြက်ပေါင်တစ်ချောင်း ပေးခဲ့တာလေ ... ။ ”
မည်းနက်ပြီး မှိုတက်နေသော ကြက်ပေါင်တစ်ချောင်း၏ အသွင်အပြင်မှာ ရွံစရာ ကောင်းပေသည်။
“ အဲဒီညက ... ငါအရမ်းပျော်ပြီး အိပ်မပျော်ခဲ့ဘူး ... ဒီကြက်ပေါင်ကိုလည်း မစားရက်လို့ ငါသိမ်းထားလိုက်တယ်။ ”
စုရီက ပျို့တတ်လာပြီး ရှုံ့မဲ့နေသော အသွင်ဖြင့်၊
“ မင်း ... ဒီကြက်ပေါင်ကို တစ်ချိန်လုံး သယ်လာတာလား။ ”
-ဟု မေးမြန်းလိုက်၏။
“ ဘာလို့လဲ ... အစ်ကိုစု ငါ့ကို မယုံလို့လား။”
နန်းရင်က တိုးညှင်းသော လေသံဖြင့် ပြန်ဖြေလိုက်ရာ စုရီတစ်ယောက် ခြံဝန်းထဲမှ ချက်ချင်း လှည့်ထွက်သွားလေသည်။
ထိုသို့သော တုံ့ပြန်မှုသည် နန်းရင် မျှော်လင့်ချက်ထက် ကျော်လွန်သွားသဖြင့် နားမလည်နိုင် ဖြစ်သွား၏။
“ အစ်ကိုစု၊ နင်ဘယ်သွားမလို့လဲ။ ”
“ နီဟောင်ကို သွားပြောရမယ် ... ဒီကြက်ပေါင်ဇာတ်လမ်းက သူ့ကို ကမ္ဘာသစ် တစ်ခု ဖြစ်စေမှာ သေချာတယ်။ ”
“ နင် ... လူယုတ်မာ။ ”
***