#ချီရှာဒေါင်၏ အကြံအစည်#
Vol. 54 Ch. 757
ငရဲဂိုဏ်းက အဆုံးမဲ့ပင်လယ်ဒေသတွင် သူတို့ဂိုဏ်းကို ဒီနေရာ၌ အခြေချရဲသည့် တစ်ခုတည်းသော ဂိုဏ်းဖြစ်သည်။
အလယ်အလတ်အဆင့်ကြယ်နယ်မြေက လူတိုင်းနှင့် ကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများပင်လျှင် အဆုံးမဲ့ပင်လယ်ဒေသက အမည်မသိနေရာတစ်ခု၌ မ၀င်ရဲကြပေ။
အဆုံးမဲ့ပင်လယ်ဒေသ၏ အကွာအဝေစက နာမည်ကဲ့သို့ပင် အတော်လေး ကျယ်ပြန့်သည်။
ဒါက 'ကျယ်ပြန့်သည်' ဟူသော စကားလုံးနှင့်ပင် ရိုးရှင်းစွာအဓိပ္ပာယ်ဖွင့်၍မရတော့။ ဒါက အဆုံးမဲ့ဟုဆိုသင့်ပေသည်။
ရှေးခေတ်ကတည်းက အဆုံးမဲ့ပင်လယ်ဒေသ၏ တိကျသည့်အရွယ်အစားကို မည်သူမှ မသတ်မှတ်နိုင်ခဲ့ကြပါ။
အဆုံးမဲ့ပင်လယ်ဒေသတွင်လည်း သဘာ၀ရတနာများစွာရှိသည်။
ထိပ်တန်းအဆင့်ဆေးလုံးများကို သန့်စင်ရန်အတွက် လိုအပ်သည့် ဆေးပင်များစွာလည်းရှိသည်။
ထိပ်တန်းအဆင့်လက်နက်များ သွန်းလုပ်ရန် လိုအပ်သည့် ပစ္စည်းများလည်းရှိသည်။
အဆောင်များကို ရေးထွင်းရန်လိုသည့် ရတနာများရှိသလို အစီအရင်များချမှတ်ရန် လိုအပ်သည့်အရာများလည်းရှိသည်။
တစ်ချို့လူများက အဆုံးမဲ့ပင်လယ်ဒေသကို သွေးဆောင်မှုနှင့်ပြည့်နှက်နေသည့် အသူရာချောက်တစ်ခုဟု ခေါ်ကြသည်။
ထို့ထဲတွင် မရေမတွက်နိုင်လောက်သည့် အခွင့်အရေးများရှိသည်။
သို့စေကာမူ လူအတော်များများက ဒီနေရာက အခွင့်အလမ်းများကို မယူကြဉ်းနိုင်ခဲ့ကြပါ။
အလယ်အလတ်အဆင့်ကြယ်နယ်မြေက ထိပ်တန်းဂိုဏ်းများက ခေတ်တိုင်းတွင် စုံစမ်းစစ်ဆေးရန်အတွက် လူများကို အဆုံးမဲ့ပင်လယ်ဒေသသို့ စေလွှတ်ခဲ့ကြသည်။
သူတို့က အထဲကအခွင့်အရေးများကို ရှာဖွေချင်ကြသည်။
သို့သော်ငြားလည်း ခြွင်းချက်မရှိ သူတို့ အဆုံးမဲ့ပင်လယ်ဒေသ၏ နောက်ဆုံးအပိုင်းကို ၀င်သွားသရွေ့ ပြန်ထွက်၍မရတော့ပေ။
ထိုသူများထဲတွင် ကောင်းကင်အင်မော်တယ် အထွတ်အထိပ်အဆင့်က ထိပ်တန်းစွမ်းအားရှင်နှစ်ဦးပင် ပါရှိသည်။
ဒီလိုလူမျိုးက အလယ်အလတ်အဆင့် ကြယ်နယ်မြေတွင် အားအကောင်းဆုံးတည်ရှိမှုဖြစ်သည်။
မည်သည့်အတွက်ကြောင့် ဒီလိုကျွမ်းကျင်သူမျိုးကိုပင် ပြန်ထွက်မလာနိုင်စေသည့်တိုင် လက်လျှော့ရန်အတွက် ငြင်းဆန်နေသည့် အင်အားစုများရှိကြလေသနည်း။
တကယ်တမ်းတွင် ဒါကအတော်လေးပုံမှန်သာ။
သွေးဆောင်မှုက အရမ်းကြီးလွန်းသည်။
လူတိုင်း ကံကောင်းရန်မျှော်လင့်ကြသည်။
ဒါက သက်တမ်း၏ အဆုံးသတ်ကို ရောက်နေပြီဖြစ်ကာ ဆက်လက်အဆင့်မချိုးဖျက်နိုင်တော့သည့် သူများအတွက် အထူးမှန်ကန်သည်။ သူတို့က အဆုံးမဲ့ပင်လယ်ဒေသသို့သွားပြီး စွန့်စားရန် ရွေးချယ်ကြသည်။
မည်သည့်အတွက်ကြောင့် ငရဲဂိုဏ်းက ဒီနေရာတွင် ဂိုဏ်းကို ရပ်တည်ထားသလဲဆိုတာ ဘယ်သူမှမသိပါ။
ဒီနေရာ၌ ဂိုဏ်းထူထောင်ရန်အတွက် ငရဲဂိုဏ်း ဘယ်လိုနည်းလမ်းမျိုးတွေကို သုံးခဲ့သလဲဆိုတာကိုလည်း ဘယ်သူမှမသိပါ။
ဒါကနောက်ဆုံးအပိုင်းမဟုတ်ဘဲ အဆုံးမဲ့ပင်လယ်ဒေသ၏ ပထမဆုံးအပိုင်းဟုသာ ဆို၍ရသော်လည်း အန္တရာယ်ကရှိနေဆဲပင်။
ဒါက ထိပ်တန်းဂိုဏ်းအသီးသီးက အင်အားစုများ ပူးပေါင်းခဲ့သည့်တိုင် ငရဲဂိုဏ်းကို အပြီးတိုင်ဖျက်ဆီးခြင်းကနေ ကျရှုံးခဲ့ရသည့် အဓိကအကြောင်းရင်းများအနက် တစ်ခုဖြစ်သည်။
ငရဲကျွန်း!
အရိုးစုခန်းမထဲတွင် တပည့်အားလုံး၊ အကြီးအကဲများနှင့် လက်ရှိငရဲဂိုဏ်းချုပ်တို့က ကြမ်းပြင်ပေါ်၌ ဒူးထောက်ရင်း ငရဲဘိုးဘေးချီရှာဒေါင်ကို ရင်ဆိုင်နေကြသည်။
သူတို့၏မျက်လုံးများ၌ အကြောက်တရား၊ အံ့ဩသင့်မှုနှင့် မယုံနိုင်မှုများရှိနေသည်။
သို့စေကာမူ ဒီထက်ပိုသော ယှဉ်၍မရနိုင်သည့် အယူသန်မှုတစ်ခုလည်းရှိသည်။
ငရဲဘိုးဘေးက ငရဲဂိုဏ်း၏ အကြွင်းမဲ့နတ်ဘုရားဖြစ်သည်။
ထိုအခိုက်အတန့်၌ ဂိုဏ်းချုပ်က ကျယ်လောင်စွာ အော်ဟစ်သည်။
"ပြန်လည်ကြိုဆိုပါတယ်၊ ဘိုးဘေး၊ ကျေးဇူးပြုပြီး အလယ်အလတ်အဆင့်ကြယ်နယ်မြေကို သိမ်းပိုက်ဖို့အတွက် ကျွန်တော်တို့ကို ဦးဆောင်ပြီး လက်စားချေပေးပါ"
ဂိုဏ်းချုပ်အော်ဟစ်ပြီးနောက် သူ့နောက်က အကြီးအကဲများနှင့် တပည့်များကလည်း တစ်ချိန်တည်းတွင် ဂိုဏ်းချုပ်ထောင်မို၏ စကားအတိုင်း အော်ဟစ်ကြသည်။
တစ်ခဏကြာ အရိုးစုခန်းမတစ်ခုလုံးနှင့် ငရဲကျွန်းအပေါ်က ကောင်းကင်တစ်ခုလုံးတွင်ပင်လျှင် ဒီကမ္ဘာတုန်လှုပ်ဖွယ်အသံများနှင့် ပဲ့တင်ထပ်နေလေသည်။
ချီရှာဒေါင် ဒီမြင်ကွင်းကို မြင်သောအခါ ကျေနပ်စွာခေါင်းညိတ်သည်။
"ကောင်းပြီ၊ ထကြပါ"
ဂိုဏ်းချုပ်ထောင်မိုအရင်ဆုံးထသည်။
ထို့နောက် အကြီးအကဲများထပြီး နောက်မှသာ ဂိုဏ်းသားများထကြသည်။
လူတိုင်းခေါင်းမော့ကာ ချီရှာဒေါင်အား တက်ကြွသည့်အကြည့်များဖြင့် ကြည့်နေကြ၏။
"ဘိုးဘေး၊ အခုကျွန်တော်တို့မှာ ဘာတာ၀န်ရှိလဲ"
ဂိုဏ်းချုပ်ထောင်မိုလေးစားစွာမေးသည်။
"ကျွန်တော်တို့ရဲ့ ငရဲဂိုဏ်းပြန်လာပြီဆိုတာကို တိုက်ရိုက်ကြေညာသင့်လား"
"မလိုဘူး" ချီရှာဒေါင်ခေါင်းခါယမ်းသည်။
'အခုအချိန်မကျသေးဘူး၊ ငါတို့အခုပြန်လာတာကိုသာ ကြေညာလိုက်မယ်ဆိုရင် ငါတို့ အဲဒီအင်အားစုတွေရဲ့ တိုက်ခိုက်မှုကို ခံကြရလိမ့်မယ်"
"ပြီးတော့ ဒီဘိုးဘေးက ခွန်အားကိုလည်း အပြည့်အ၀ပြန်မရသေးဘူး"
ချီရှာဒေါင် ချီပင်းခန္ဓာကိုသုံးနေသော်လည်း သူ့အကြည့်၊ အော်ရာနှင့် ကြာရှည်နေသည့်ဖိအားက အတော်လေးယုံကြည်စရာကောင်းပေသည်။
ထောင်မိုမေးသည်။
"ဒါဆိုရင် ဘိုးဘေးရဲ့ခွန်အားကို ပြန်ရလာဖို့အတွက် ကျွန်တော်တို့ဘာလုပ်ရမလဲ"
ချီရှာဒေါင် တစ်ခဏမျှတွေးလိုက်၏။
"မင်းတို့မှာ အခုတာ၀န်နှစ်ခုရှိတယ်"
"ပထမတစ်ခု၊ ငါ့ခွန်းအားနဲ့ပတ်သက်ပြီး မင်းတို့ဒီလူရဲ့ခန္ဓာကို သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ ဒီဘိုးဘေးအတွက် ယူလာပေးရမယ်"
ထိုနေရာ၌ ချီရှာဒေါင်လက်ဝှေ့ယမ်းသည်။
ဝိဉာဉ်အမှတ်အသားများက ပစ်လွှတ်ကာ တပည့်တိုင်း၊ အကြီးအကဲများနှင့် ထောင်မို့တို့၏ အသိစိတ်ထဲကို ပျံ၀င်သွား၏။
ဒီဝိဉာဉ်အမှတ်အသားက သူတို့အသိစိတ်ထဲ ၀င်လာသောအခါ ပုံတူတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဒီပုံတူက ရှောင်ဟိုင်ဖြစ်သည်။
ထောင်မိုခေါင်းညိတ်ပြီး ဘာကြောင့်လဲဆိုတာ မမေးပေ။
သူ့အတွက်မူ သူတို့က ဘိုးဘေးပြောတာမှန်သမျှ လုပ်ကြမည်သာ။
ဒါကကတိတစ်ခုဖြစ်ပြီး သူတို့သေရန်အတွက် စေလွှတ်ခံရလျှင်ပင် ဘာတစ်ခုမှ ပြောကြမည်မဟုတ်။
ငရဲဂိုဏ်းက အလွန်အမင်းဆိုးယုတ်သည့်ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပြီး ဂိုဏ်းတစ်ခုလုံးက မိစ္ဆာကျင့်ကြံသူများနှင့် ပြည့်နှက်နေသည်။
အပြင်ပတွင် သူတို့ကရက်စက်သွေးဆာပြီး မကောင်းမှုမျိုးစုံကို ကျူးလွန်ကြသည်။
သို့စေကာမူ ငရဲဘိုးဘေးရှေ့တွင် သူတို့ အတော်လေး ငြိမ်နေကြသည်။
ယခုလိုငြိမ်သက်ပြီး ယုံကြည်မှုအဆင့်က ပုံမှန်မဟုတ်ဟုဆို၍ရပြီး အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် မည်သည့်ဂိုဏ်းမှ လုပ်နိုင်မည်ဟု အာမမခံနိုင်ပေ။
"ဒုတိယအချက်ကတော့....." ငရဲဘိုးဘေး ရှင်းပြ၍မရနိုင်သည့် အပြုံးတစ်ခုကို ပြသသည်။
"လက်စားချေတာက သေချာပေါက်လိုအပ်တာပေါ့၊ ဒါပေမယ့် အခုမဟုတ်သေးဘူး"
လက်စားချေဆိုသောစကားကို ကြားသောအခါ ဂိုဏ်းချုပ်ထောင်မိုဖြစ်စေ၊ အကြီးအကဲများ၊ သို့မဟုတ် တပည့်များဖြစ်စေ အဆုံးမဲ့သတ်ဖြတ်ခြင်းဆန္ဒက သူတို့ကိုယ်ထဲကနေ အလိုလိုပေါက်ကွဲသွားကြ၏။
အရိုးစုခန်းမတစ်ခုလုံး၌ ဆိုးယုတ်သည့် တစ္ဆေများက ဟစ်ကြွေးနေပြီး သတ်ဖြတ်ခြင်းဆန္ဒက လွင့်မြောနေကြ၏။ ဒါက ရုပ်ပိုင်းဆိုင်ရာဖြစ်နေသည်ဟု ထင်ရသော်လည်း သွေးမိုးများအဖြစ်ပြောင်းလဲကာ လူတိုင်း၏ကိုယ်ပေါ်သို့ ရွာသွန်းသည်။
"အဲဒီလူအိုကြီးတွေကလည်း ငရဲဂိုဏ်း ဖြည်းဖြည်းချင်းပြန်လည် ကောင်းမွန်လာနေတာကို သိကြလိမ့်မယ်၊ သူတို့က မဟာမိတ်ဖွဲ့ဖို့ကို သေချာပေါက် စတင်ဆွေးနွေးပြီး ငါတို့ကို ဇစ်မြစ်ကနေတစ်ဆင့် သတ်ပစ် ဖယ်ရှားပစ်ချင်ကြလိမ့်မယ်"
"ဒါပေမယ့် တစ်ချို့အင်အားစုတွေလည်း ရှိသေးတယ်....၊ ပြောရရင် အင်အားစုအများစုက စောင့်ကြည့်ဖို့ကို ရွေးချယ်ကြလိမ့်မယ်၊ ငါတို့ အဲဒီအင်အားစုတွေကို နှောင့်နှေးအောင် လုပ်နိုင်ဖို့ကိုတောင် သူတို့မျှော်လင့်နေကြလိမ့်မယ်၊ ငါတို့အပေါ်ကနေ သူတို့ကို ဆွဲချနိုင်ရင် အကောင်းဆုံးပဲ"
"ဒါကိုငါတို့ကောင်းကောင်းအသုံးချနေသရွေ့ အနာဂတ်မှာ ငါတို့အတွက်လက်စားချေဖို့နဲ့ အလယ်အလတ်အဆင့် ကြယ်နယ်မြေကို သိမ်းပိုက်ဖို့က ပိုလွယ်လာလိမ့်မယ်၊ ဒီလိုဆိုရင် ငရဲဂိုဏ်းက အကြွင်းမဲ့အရှင်သခင်ဖြစ်လာလိမ့်မယ်"
ချီရှာဒေါင်က ထိုအင်အားစုများ၏ အကျင့်ဆိုးများကို ရှင်းရှင်းလင်းလင်းသိနေသည်။
ထောင်မိုမေးသည်။
"ဒါကိုဘယ်လိုသုံးရမလဲ"
"အရင်ဆုံးသတင်းတစ်ချို့ထုတ်ပြန်ကြရအောင်"
ချီရှာဒေါင်၏နှုတ်ခမ်းက ဆိုးယုတ်သည့် အပြုံးနှင့် တွန့်ကွေးသွားသည်။
"သေမင်းဝိဉာဉ်မြို့ရဲ့ နောက်ဆုံးဆုလာဘ်မှာ အရေးပါတဲ့ သတင်းအချက်အခက်တစ်ခုနဲ့ အဆင့်မြင့်ကြယ်နယ်မြေကို သွားဖို့အတွက် လိုအပ်တဲ့အခြေအနေတွေ ပါရှိတယ်လို့ပြောရုံပဲ"
ထောင်မိုဉာဏ်အလင်းပွင့်သွားသဖြင့် ပြုံးလိုက်လေသည်။
"ကျွန်တော် အခုချက်ချင်းလုပ်ဖို့ တစ်ယောက်ကို စေလွှတ်လိုက်ပါမယ်"
သေမင်းဝိဉာဉ်မြို့၏ နောက်ဆုံးအဆင့်ကို ရောက်နိုင်ခဲ့သည့် လူငယ်မျိုးဆက်များက ထိပ်တန်းဂိုဏ်းများ၏ ပါရမီရှင်များဖြစ်ကြသည်။
ထိုဂိုဏ်းများက ဘာဖြစ်ပျက်လာမည်ကို စောင့်ဆိုင်းနေကြစဉ် နောက်ထပ်သတင်းလှိုင်းတစ်ခု ထွက်လာခဲ့လိမ့်မည်။
ဒီသတင်းကြားသောအခါ ထိုကြည့်ရှုသူအင်အားစုများကလည်း လှုပ်ရှားကြပေလိမ့်မည်။
သို့စေကာမူ သူတို့က ငရဲဂိုဏ်းကို ပစ်မှတ်ထားမည်မဟုတ်ဘဲ ထိုထိပ်တန်းဂိုဏ်းများကိုဖြစ်ကာ ဒီနည်းလမ်းဖြင့် အတွင်းရေးပဋိပက္ခအခြေအနေကို ဖြည့်ဆည်းနိုင်ပေလိမ့်မည်။
ဒါကငရဲဂိုဏ်းအတွက် အချိန်ရရုံတင်မက သူတို့၏ကိုယ်ပိုင်ခွန်အားကိုပါ ဆုတ်ယုတ်စေမည်သည။
ဒါ့အပြင် တစ်ချို့လူများက ဒီသတင်းကို မယုံကြသော်လည်း အဆင့်မြင့်ကြယ်နယ်မြေကို ဦးတည်သည့် သတင်းအချက်အလက်က အလွန်အမင်း အရေးပါသည်။
သူတို့မယုံလျှင်ပင် ကံစမ်းကြပေလိမ့်မည်။
အပိုင်း(758) coming။
ငါ့တပည့်တွေက ဘုရင်တွေ