← Chapters

#ငြိမ်းချမ်းမှုမရှိတော့မှာကို ငါကြောက်မိတယ်#

Vol. 54 Ch. 758

#ငြိမ်းချမ်းမှုမရှိတော့မှာကို ငါကြောက်မိတယ်#

Vol. 54 Ch. 758

ဂိုဏ်းအသီးသီးက သေမင်းဝိဉာဉ်မြို့က ထွက်သွားကြပြီဖြစ်ကာ သူတို့၏လူများကို သက်ဆိုင်ရာဂိုဏ်းများဆီသို့ ခေါ်သွားကြလေပြီ။

သို့စေကာမူ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၊ စုမိသားစု၊ ဝိဉာဉ်အင်မော်တယ်နန်းတော်တို့က ပြန်လာတော့မည့် ငရဲဂိုဏ်းကို ဘယ်လိုကိုင်တွယ်ရန်နှင့် တစ်ခြားအင်အားစုများကို သူတို့နှင့်ဘယ်လိုပူးပေါင်းပြီး ခုခံနိုင်အောင်လုပ်ရမလဲဆိုတာ ဆွေးနွေးရန်အတွက် မြင့်မြတ်အဆောင်ဂိုဏ်းကို ရောက်လာကြသည်။

ထိုအချိန်တွင် မြင့်မြတ်အဆောင်ဂိုဏ်းခြံ၀င်း၌ ယဲ့ချိုးပိုင် ဟောင်ကျန်းဟန်ကို ချူလန်၊ ကျွင်းကျိတုံနှင့် ချီပင်းတို့၏ သေဆုံးမှုကို အသေးစိတ်ပြောပြသည်။

ဟောင်ကျန်းဟန် မည်းမှောင်နေသည့် အမူအရာဖြင့်ပြော၏။

"ဒါကမင်းရဲ့အမှားမဟုတ်ပါဘူး၊ မင်းလည်း အကောင်းဆုံးလုပ်ခဲ့တာပဲလေ"

ငရဲဂိုဏ်းဘိုးဘေးက ချီပင်းခန္ဓာကို အမှန်တကယ်ပိုင်ဆိုင်သွားတာကို သူကြားရသောအခါ ဟောင်ကျန်းဟန် ထပ်မံသည်းမခံနိုင်တော့ဘဲ ရှေ့က လေးလံသည့် ကျောက်စားပွဲကို ရိုက်ချလိုက်၏။

ကျောက်စားပွဲက ချက်ချင်းပင် ဖုန်မှုန့်ဖြစ်သွားရသည်။

ထိုအခိုက်အတန့်၌ အင်မော်တယ်ဓား ဓားဆန္ဒက ကျောက်စားပွဲကို ဗဟိုပြုရရင်း ဘက်ပေါင်းစုံသို့ ပိုင်းဖြတ်ပစ်သည်။

အင်မော်တယ်ဓား ဓားဆန္ဒကြောင့် ခြံ၀င်းတစ်ခုလုံးက ရှစ်ပိုင်းပိုင်းဖြတ်ခံရပြီး ဖြတ်တောက်ခံရသည့် မျက်နှာပြင်က ပြားချပ်ချော့မွေ့နေသည်။

မြင့်မြတ်အဆောင်ဂိုဏ်း၏ ခြံ၀င်းများနှင့် ဂူအားလုံးကို ‌အဆောင်များဖြင့် ကာကွယ်ထားသည်။

ထို့ကြောင့် အင်မော်တယ်ဓား ဓားဆန္ဒက ဘယ်လောက်ထိ ထက်ရှသလဲဆိုတာ မြင်နိုင်ပါသည်။

"ရက်စက်လိုက်တာ" ဟောင်ကျန်းဟန် ဒေါသတကြီးပြောသည်။

"ငါတို့လက်စားမချေဘဲ ချီပင်းအလောင်းကို ပြန်မယူဘူးဆိုရင် ငါတို့ကောင်းကင်ဘုံဓားတောင်ထိပ်ရဲ့ မျက်နှာနဲ့ဂုဏ်သိက္ခာက ဘယ်ရောက်သွားပြီလဲ"

"ငါတို့ဂုဏ်သိက္ခာကိုတောင် ငါတို့မကာကွယ်နိုင်ဘူးဆိုရင် ငါတို့လိုဓားသမားတွေက ဘာလို့ဓားကိုလေ့ကျင့်ရဦးမှာလဲ"

ယဲ့ချိုးပိုင်မှာလည်း အလားတူအတွေးရှိသည်။

သို့စေကာမူ သူ့တွင်ရွေးချယ်စရာမရှိသဖြင့် ဟောင်ကျန်းဟန်အပေါ် ရေအေး လောင်းချရန်သာ တတ်နိုင်သည်။

"စီနီယာဟောင်၊ လက်ရှိအခြေအနေနဲ့ဆိုရင် ကျွန်တော်တို့လက်စားချေနိုင်မှာ မဟုတ်ဘူး"

ဟောင်ကျန်းဟန်ကလည်း ဒါကိုနားလည်သည်။

ငရဲဂိုဏ်း၏စွမ်းအားက အပြည့်အ၀ မကောင်းမွန်လာသေးသလို ချီရှာဒေါင်ကို အမြင့်ဆုံးအခြေအနေကို မရောက်သေးလျှင်ပင် သူတို့၏ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းတစ်ဂိုဏ်းတည်းက ငရဲဂိုဏ်းကို မဖျက်ဆီးနိုင်ပေ။

ဒါကိုတွေးမိသောအခါ ဟောင်ကျန်းဟန် သက်ပြင်းတစ်ချက်ရှုသွင်းပြီး မည်းမှောင်သည့် အမူအရာဖြင့်ပြောသည်။

"မနက်ဖြန်ကို စောင့်ကြည့်ကြရအောင်"

စုမိသားစုရှိသည့်ခြံ၀င်းထဲတွင် စုမိသားစုက အဖိုးအိုက စုမုယောင်ကိုကြည့်ရင်း မေးသည်။

"သေမင်းဝိဉာဉ်မြို့ရဲ့ နောက်ဆုံးဆုလာဘ်ကဘာလဲ"

စုမုယောင် အဖိုးအိုကိုကြည့်ရင်း ခေါင်းခါယမ်းသည်။

"အဖိုးဟွမ်၊ ကျွန်မဒီအကြောင်းကို မပြောနိုင်ဘူး၊ ကျွန်မရဲ့အဖိုးကိုတောင် ပြောလို့ မရဘူး"

စုမိသားစု၏ လေးစားခံအကြီးအကဲဟွမ်ရှန်က ကောင်းကင်အင်မော်တယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူဖြစ်သည်။

"အရင်က လင်းကျိနန်နဲ့ကျွန်မ ဘာတစ်ခုမှ မပြောဖို့အတွက် ကောင်းကင်ဘုံတာအိုကျမ်းသစ္စာပြုခဲ့ကြတယ်"

ဟွမ်ရှန်အနည်းငယ် ကြက်သေသေသွားသည်။

"ဒါဆိုငါတို့အပြင်မှာတွေ့ခဲ့တဲ့ ကောင်းကင်ဘုံတာအိုကျမ်းသစ္စာက မင်းတို့လုပ်ခဲ့ကြတာပေါ့"

"ဆုလာဘ်က ကျွန်မတို့ကိုပဲ ပစ်မှတ်ထားတယ်ဆိုတာကိုတော့ ပြောနိုင်တယ်၊ ဒါ့အပြင် သေမင်းဝိဉာဉ်မြို့တစ်ခုလုံးက တကယ်တော့ ကြီးမားတဲ့ အကြံအစည်တစ်ခုပဲ၊ ကျွန်မတခြားဘာမှ မပြောနိုင်ပါဘူး" စုမုယောင်ပြောသည်။

သေမင်းဝိဉာဉ်မြို့က တကယ်တော့ ကြံစည်မှုတစ်ခုလား!

ဟွမ်ရှန်ဒါကိုကြားသောအခါ မျက်မှောင်ကြုတ်ရင်း လက်ဝှေ့ယမ်းသည်။

"ဒီလိုဆိုမှ‌တော့ ငါထပ်မမေးတော့ပါဘူး၊ ငါမင်းအဖိုးနဲ့ပြောလိုက်မယ်"

ဝိဉာဉ်အင်မော်တယ်နန်းတော်က မဟာအကြီးအကဲကျန်းကွမ်းကလည်း အလားတူမေးခွန်းကိုမေးနေသည်။

လင်းကျိနန်၏အဖြေက စုမုယောင်နှင့် အတူတူပင်။

ကျန်းကွမ်းနားလည်မှုကို ဖော်ပြသည်။

ကောင်းကင်ဘုံတာအိုကျမ်းသစ္စာက ချိုးဖောက်၍မရပေ။ ကျိန်ဆိုပြီးသည်နှင့် ချိုးဖောက်မိပါက ကောင်းကင်ဘုံကပ်ဘေးဖြင့် ဖျက်ဆီးခံရမည်ဖြစ်ပြီး ဝိဉာဉ်ပင် ပျောက်ကွယ်သွားရပေလိမ့်မည်။

မိမိ၏ခွန်အားက သေမျိုးကမ္ဘာ၏ ကောင်းကင်ဘုံတာအိုကို ကိုယ်တိုင်အား ကြောက်အောင် မလုပ်နိုင်သေးသရွေ့ ဒါကမဖြစ်နိုင်ပါ။

"ယဲ့ချိုးပိုင်၊ မုဖူရှန်းနဲ့ ရှောင်ဟိုင်တို့ကရောဘယ်လိုလဲ"

ကျန်းကွမ်းမေးသည်။

"စုမိသားစုက ဒီသုံးယောက်ကို အတော်လေး တန်ဖိုးထားပုံပဲ"

ဒါကိုကြားသောအခါ လင်းကျိနန်ပြုံးနေတာကို ရပ်ပြီး လေးနက်သည့်အမူအရာဖြင့် ပြောသည်။

"မဟာအကြီးအကဲ၊ အစ်ကိုယဲ့နဲ့ ကျန်နှစ်ယောက်ကို သေချာပေါက်ရန်စစော်ကားလို့မရဘူး၊ ကျွန်တော်တို့ သူတို့နဲ့ခင်မင်ရင်းနှီးမှုကို ရဖို့ အကောင်းဆုံးကြိုးစားရမယ်"

"ဒါကိုသာလုပ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဝိဉာဉ်အင်မော်တယ်နန်းတော်က သေချာပေါက် ကြီးပွားလာလိမ့်မယ်"

ကျန်းကွမ်း တုန်လှုပ်သွားသည်။

လင်းကျိနန်၏စရိုက်ကို သူကောင်းကောင်းသိပါသည်။

သာမန်နေ့များတွင် သူကခင်မင်တတ်သူဖြစ်သော်လည်း လင်းကျိနန်က မည်သူ့ကိုမှ တစ်ခါမှ မချီးမွမ်းဖူးသလောက်ပင်။

သူကအတော်လေးမာနကြီးသည်။

သို့စေသည့်တိုင် ဒီသုံးယောက်အပေါ် သူ့တွင် ယခုလိုအံ့ဩသင့်ဖွယ် အကဲဖြတ်ချက်တစ်ခုရှိနေသည်။

ဝိဉာဉ်အင်မော်တယ်နန်းတော် အောင်မြင်လာမှာကို သေချာတာလား!

ဒါက သူတို့ခွန်အားနှင့် ဝိဉာဉ်အင်မော်တယ်နန်းတော်၏ အခြေခံကို မြှင့်တင်နိုင်မည်ဟု ဆိုလိုနေခြင်းပင်။

ဒီလူငယ်သုံးယောက်ကို အားကိုးပြီးတော့လား!

သို့သော် လင်းကျိနန်တွင် ဒီလိုပြောရသည့် အကြောင်းရင်းရှိရပေမည်။

ကျန်းကွမ်းလေးနက်စွာ ခေါင်းညိတ်သည်။

"ငါဒါကိုမှတ်ထားပြီး နန်းတော်သခင်ကို ဒီအကြောင်းကိုပြောလိုက်မယ်"

"ဒါပေမယ့် သိပ်ပြီးတမင်တကာမလုပ်ပါနဲ့၊ မဟုတ်ဘူးဆိုရင် ကျွန်တော်တို့ကြားက အကွာအဝေးက တဖြည်းဖြည်း ပိုဝေးသွားလိမ့်မယ်" လင်းကျိနန်ခေါင်းညိတ်ရင်းပြောသည်။

ဒါကိုကြားသောအခါ ကျန်းကွမ်းပြုံးသည်။

"ဒါကသဘာ၀ကျပါတယ်၊ ဒီအမှန်တရားကို ငါနားလည်ပါတယ်"

"ကောင်းပြီ၊ အနားယူလိုက်ဦး၊ မနက်ဖြန် အဓိကပွဲတစ်ပွဲရှိတယ်"

မြင့်မြတ်အဆောင်ဂိုဏ်း၏ အဆင့်မြင့်မဟာအကြီးအကဲ သုံးဦးနေထိုင်ရာနေရာ၌ သူတို့က မုဖူရှန်းအား သေမင်းဝိဉာဉ်မြို့ရဲ့ ဆုလာဘ်က ဘာလဲဆိုတာ မမေးဘဲ ကြည့်နေကြသည်။ မုဖူရှန်းကဲ့သို့ ပါးနပ်သောလူမျိုးက သူလိုချင်မှ လျှို့ဝှက်ချက်ကို ဖွင့်ဟမယ်ဆိုတာ သူတို့သိသည်။ မဟုတ်ပါက ဒီလိုလုပ်ရန် မသင့်တော်ဟု ဆိုလိုနေခြင်းပင်။

"မုဖူရှန်း၊ မင်းနယ်ပယ်တိုးတက်လာခဲ့လား"

"ဟုတ်ကဲ့၊ တစ်မိုင်လောက်ပေါ့" မုဖူရှန်းအပြုံးနှင့် ပြန်ဖြေသည်။

သူပြောနေစဉ် ဝိဉာဉ်မီးတောက်တစ်ခုက သူ့မျက်ခုံးကြားကနေ ထွက်လာသည်။

ဒီဝိဉာဉ်မီးတောက်က အဖြူရောင်မဟုတ်ဘဲ တစ်၀က်ကျောက်စိမ်း၊တစ်၀က်အဖြူဖြစ်သည်။

"ကျွန်တော့်ရဲ့ စိတ်ဝိဉာဉ်ပျိုးထောင်နည်းက အဆင့်ခြောက်ကို ချိုးဖျက်တော့မယ်" သူဆက်ပြောသည်။

ဒါကိုမြင်သောအခါ အဆင့်မြင့်မဟာအကြီးအကဲသုံးဦးက အတော်လေးပျော်သွားကြပြီး တစ်ချိန်တည်းတွင် ခေါင်းညိတ်သည်။

သူတို့၏အတွေ့အကြုံများအရ စိတ်ဝိဉာဉ်ပျိုးထောင်နည်းကို သူတို့သိကြပါသည်။

အရင်ကသူတို့ဒါကို ကျင့်ကြံခဲ့ကြသော်လည်း အတော်လေးခက်ခဲလှသဖြင့် လမ်းတစ်၀က်တွင် လက်လျှော့ခဲ့ကြရသည်။

မုဖူရှန်းကဲ့သို့ ဒီလိုအချိန်တိုအတွင်း အဆင့်ငါးထိ ရောက်အောင် ကျင့်ကြံရန်ဟူသည်ပင် အမှန်တကယ် ခက်ခဲနေလေပြီ။

"ဒါကောင်းတယ်"

"နောက်ကျရင် မင်းအဆောင်တွေကို ပိုပြီး ရေးထွင်းလာနိုင်မယ်"

"မကြာခင် မင်းငါတို့ရဲ့လျှို့ဝှက်အဆောင်ခန်းမကို ၀င်ခွင့်ရတော့မှာပါ၊ အဲမှာ မြင့်မြတ်အဆောင်ဂိုဏ်း စတင်ကတည်းက ဂိုဏ်းရဲ့ရေးထွင်းခြင်းနည်းစနစ်တွေ များစွာရှိတယ်"

"ဒါကမင်းအတွက် အသုံး၀င်မှာပါ"

လျှို့ဝှက်အဆောင်ခန်းမက ရတနာမျှော်စင်နှင့် ကွဲပြားသည်။

ရတနာမျှော်စင်တွင် စွမ်းရည်များ၊ အဆောင်များ၊ စည်းတံဆိပ်များနှင့် မိုးနှင့်မြေက ရတနာများပါ၀င်သော်လည်း လျှို့ဝှက်အဆောင်ခန်းမတွင် အဆောင်များသာ ပါ၀င်သည်။

ဒါက လျှို့ဝှက်အဆောင်ခန်းမက ရတနာမျှော်စင်နှင့် တန်းတူမဟုတ်ဟု ဆိုလိုနေခြင်းမဟုတ်။

ဆန့်ကျင်ဘက်အနေနှင့် လျှို့ဝှက်အဆောင်ခန်းမက မြင့်မြတ်အဆောင်ဂိုဏ်းက လူတိုင်းသာမက အကြီးအကဲများပင် လိုချင်စိတ်ပြင်းပြရသည့် နေရာတစ်ခုဖြစ်သည်။

လျှို့ဝှက်အဆောင်ခန်းမတွင် ထားနိုင်သည့် အဆောင်များက မြင့်မြတ်အဆောင်ဂိုဏ်း၏ နယ်ပယ်စုံက ထိပ်တန်းအဆောင်များပင်။

ဒါက မြင့်မြတ်အက္ခရာဘိုးဘေးမြေထက် အရေးပါမှုတွင် မနိမ့်ကျပေ။

မုဖူရှန်းပြုံးကာ လက်နှစ်ဖက်ဆုပ်သည်။

"ကျေးဇူးပါ၊ အကြီးအကဲတို့"

မုတ်ဆိတ်ဖြူနှင့် အဆင့်မြင့်မဟာအကြီးအကဲက ပြုံးရင်း မုတ်ဆိတ်ကို ပွတ်သပ်သည်။

"မင်းနဲ့ထိုက်တန်လို့ပါ၊ ငါတို့သုံး‌ယောက်က မင်းကို အဆောင်တွေနဲ့ပတ်သက်ပြီး အများကြီး မသင်ပေးနိုင်ဘူးလေ"

အဆောင်ရေးထွင်းခြင်းနှင့် သက်ဆိုင်လာသောအခါ မုဖူရှန်းသူတို့အား တစ်နည်းနည်းနှင့် ကျော်နှင့်နေလေပြီ။

"ကောင်းပြီ၊ အရင်ဆုံးလျှို့ဝှက်အဆောင်ခန်းမကို မေ့ထားပြီး မနက်ဖြန်အတွက် ပြင်ဆင်တော့"

နောက်တစ်နေ့တွင် ဘာဖြစ်ပျက်တော့မလဲဆိုတာ မုဖူရှန်းသိသည်။

"မနက်ဖြန် ငြိမ်းချမ်းမှုမရှိမှာကို ငါတကယ်ကြောက်မိတယ်..." သူ၀မ်းနည်းမှုအပြည့်ဖြင့် ရေရွတ်မိသည်။

အပိုင်း(759) coming။

ငါ့တပည့်တွေက ဘုရင်တွေ‌

All Chapters