#ချီရှာဒေါင်၏ကြံစည်မှု#
Vol. 54 Ch. 759
နေ့တစ်နေ့ကုန်ဆုံးသွားသည်။ဒါက မျက်လုံးတစ်မှိတ်တာကာလဟုသာ ဆို၍ရသော်လည်း ကျင့်ကြံခြင်းကမ္ဘာ၌ဖြစ်စေ၊ သာမန်လူများအတွက် ဖြစ်စေ၊ ဘာမှမဖြစ်လာခဲ့သည့်အလားပင်။
သို့စေကာမူ ဒီနေ့တွင်ပင် အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးကို တုန်ခါစေနိုင်သည့် သတင်းနှစ်ခု ဆက်တိုက်ဖြစ်ပျက်ခဲ့သည်။
ပထမတစ်ခုက အဓိကအုပ်စုလေးစုကို မြင့်မြတ်အဆောင်ဂိုဏ်း၊ ဝိဉာဉ်အင်မော်တယ်နန်းတော်၊ စုမိသားစုနှင့် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းတို့က နောက်တစ်နေ့တွင် ဦးဆောင်မည်။
သူတို့က မြင့်မြတ်အဆောင်ဂိုဏ်းထဲတွင် မိစ္ဆာကွပ်မျပ်ညီလာခံကို ပြန်စပေတော့မည်။
မိစ္ဆာကွပ်မျက်ဟူသည် သူတို့ ငရဲဂိုဏ်းကို ဖိနှိပ်ရန်အတွက် အင်အားစုများ ပူးပေါင်းစဉ်က ဂိုဏ်းများစွာက အသုံးပြုခဲ့သည့် ကုဒ်နာမည်ဖြစ်သည်။
ယခုဒါကိုပြန်စနေလေပြီဖြစ်လေရာ ရည်ရွယ်ချက်က ရှင်းပါသည်။
ငရဲဂိုဏ်းပြန်လာခြင်း!
ဘိုးဘေးချီရှာဒေါင် ပြန်လည်မွေးဖွားလာခြင်း!
ဒါက ထိပ်တန်းဂိုဏ်းများကို အကြောက်တရားများဖြစ်စေပြီး ငရဲဂိုဏ်းကို အမြစ်ကနေ သုတ်သင်သတ်ပစ်ရန်အတွက် မဟာမိတ်ပြန်လည် ဖွဲ့စေချင်သည်။
သို့စေကာမူ ဒီကိစ္စက ဂိုဏ်းအသီးသီး၏ မျှော်လင့်ချက်အတွင်းတွင် ရှိသည်။
မိစ္ဆာကွပ်မျက်ညီလာခံကို ဒီထိပ်တန်းဂိုဏ်းများက ဦးဆောင်ကြသည်။
ငရဲဂိုဏ်းပြန်လည်ရှင်သန်လာခြင်းနှင့် ချီရှာဒေါင်၏ ပြန်လည်မွေးဖွားခြင်း!
တစ်ဘက်ကသာ ခွန်အားကို အပြည့်အ၀ပြန်ရပြီး အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် သူ့ကိုယ်သူ ပြန်လည်ဖော်ပြလာပါက ခေါင်းဆောင်များတဖြစ်လဲ ဒီထိပ်တန်းဂိုဏ်းများက ငရဲဂိုဏ်းနှင့် ချီရှာဒေါင်တို့၏ အရူးအမူးလက်စားချေခြင်းကို သေချာပေါက် ခံစားရမည်သာ။
ဒီထိပ်တန်းဂိုဏ်းများက ဒီလိုမဖြစ်လာအောင် ထိန်းသိမ်းကာကွယ်ရန်အတွက် ဘယ်လိုလုပ် မပူပန်ဘဲနေမည်နည်း။
ထို့ကြောင့် ဒုတိယတစ်ခုက လူတိုင်းကို နိုးကြားသွားစေသည်။
ဒါက မြင့်မြတ်အဆောင်ဂိုဏ်း၊ စုမိသားစု၊ ဝိဉာဉ်အင်မော်တယ်နန်းတော်နှင့် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းတို့ကိုလည်း ဖမ်းစားသွားခဲ့သည်။
ဖြစ်ရပ်ကအောက်ပါအတိုင်းဖြစ်သည်။
သေမင်းဝိဉာဉ်မြို့၏ နောက်ဆုံးဆုလာဘ်က အဆင့်မြင့်ကြယ်နယ်မြေကို ၀င်ရန်အတွက် နည်းလမ်းတစ်ခုဖြစ်နေခြင်းပင်။
ဒီသတင်းက ပလိပ်ရောဂါပမာ မုန်တိုင်းတစ်စင်းကဲ့သို့ အမြန်နှုန်းဖြင့် ဂိုဏ်းကြီးများဆီသို့ ကူးစက်သွားခဲ့သည်။
တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် လျှို့ဝှက်ဂိုဏ်းများကလည်း ဒီသတင်းကို ရရှိကြသည်။
ဒီသတင်းက တစ်ယောက်ယောက်က ဒါကို နောက်ကနေ ခြယ်လှယ်နေသည့်အလား အလျင်အမြန်ပင် ပျံ့သွားသည်။
ဂိုဏ်းအသီးသီးနှင့် ပုန်းလျှိုးနေသည့် ကျွမ်းကျင်သူများက ဒီသတင်းကို သိရသောအခါ သူတို့၏နှလုံးများပင် တုန်ယင်သွားကြရသည်။
ရှေးခေတ်ကတည်းကပင် အဆင့်မြင့်ကြယ်နယ်မြေကို ၀င်ရန်အတွက် နည်းလမ်းအကြောင်း သတင်းမရှိပါ။
ရှေးဟောင်းစာအုပ်များတွင် မည်သည့်မှတ်တမ်းများမှမရှိသဖြင့် အဆင့်မြင့်ကြယ်နယ်မြေက တကယ်တည်ရှိသလားဆိုတာ ဘယ်သူမှမသိပေ။
အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးတွင် ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်က နောက်ဆုံးပန်းတိုင်ဖြစ်ပြီး ဒီနယ်ပယ်ကို ရောက်ပြီးနောက် မည်သူမှ ဒီထက်ပိုမတက်နိုင်ကြတော့ပါ။
အတားအဆီးက ကောင်းကင်ကဲ့သို့ဖြစ်ပြီး ဘယ်လိုနည်းလမ်းမျိုးကိုပင် သုံးပါစေ သူတို့မချိုးဖျက်နိုင်ကြပေ။
နှစ်သန်းပေါင်းများစွာစစ်ဆေးပြီးနောက်တွင် သူတို့လုပ်နိုင်တာ ဘာမှ မရှိကြတော့။
ထိုအချိန်က ဒါက အလယ်အလတ်အဆင့် ကြယ်နယ်မြေ၏ ကန့်သတ်ချက်ဆိုတာ သူတို့ဝေဝါးဝါးသိကြသည်။ သူတို့ကို ဒီနယ်ပယ်တွင် ကန့်သတ်ထားပြီး အဆင့်ချိုးဖျက်ခြင်းကနေ တားဆီးထားတာက ဒီကမ္ဘာကြီး၏ ကန့်သတ်ချက်ဖြစ်သည်။ သူတို့ သေခြင်းတရားကို စောင့်နေရုံသာ တတ်နိုင်တော့သည်။
ပိုမြင့်မားသည့်ကြယ်နယ်မြေဖြစ်သည့် အဆင့်မြင့်ကြယ်နယ်မြေကို ၀င်ပြီးမှသာ သူတို့ဆက်လက်အဆင့်ချိုးဖျက်ရန်အတွက် နည်းလန်းတစ်ခုကို ရှာဖွေနိုင်ပေလိမ့်မည်။
ထို့ကြောင့် အလယ်အလတ်အဆင့်ကြယ်နယ်မြေက ကျင့်ကြံသူများဖြစ်စေ၊ ထိပ်သီးကျွမ်းကျင်သူများဖြစ်စေ သူတို့တွင် အဆင့်မြင့်ကြယ်နယ်မြေအပေါ် အတော်လေးရူးသွပ်သည့် ဆန္ဒများရှိကြသည်။
ဒီသတင်းပျံ့သွားသောအခါ မရေမတွက်နိုင်လောက်သည့်ဂိုဏ်းများနှင့် ကောင်းကင်အင်မော်တယ်ကျွမ်းကျင်သူများက မြင့်မြတ်အဆောင်ဂိုဏ်းအပေါ် အာရုံစိုက်လာကြ၏။
မြင့်မြတ်အဆောင်ဂိုဏ်းက မိစ္ဆာကွပ်မျက်ညီလာခံကို ကျင်းပမည်ဖြစ်လေရာ ထိုအချိန်တွင် သေမင်းဝိဉာဉ်မြို့၏ နောက်ဆုံးဆုလာဘ်ကို ရခဲ့ကြသည့် လူများ၏ နောက်ကွယ်က အင်အားစုများလည်း မြင့်မြတ်အဆောင်ဂိုဏ်းတွင် စုစည်းလာကြပေလိမ့်မည်။
မူလက တစ်ခြားအင်အားစုများက မြင့်မြတ်အဆောင်ဂိုဏ်းကို မသွားချင်ကြသော်လည်း ယခုတွင်မူ အားလုံးက မြင့်မြတ်အဆောင်ဂိုဏ်းရှိရာဘက်သို့ စတင်ဦးတည်နေကြလေပြီ။
ထိုအခိုက်အတန့်၌ မြင့်မြတ်အဆောင်ဂိုဏ်းတွင် မိစ္ဆာကွပ်မျက်ညီလာက မူလက မနက်ဖြန်မှ စတင်ရန် စီစဉ်ထားသော်လည်း ဒီကိစ္စကြောင့် စုမိသားစု၊ ဝိဉာဉ်အင်မော်တယ်နန်းတော်နှင့် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းတို့ ကြိုတင်စုစည်းရတော့သည်။
ယခုအချိန်တွင် မြင့်မြတ်အဆောင်ဂိုဏ်း၏ ပင်မခန်းမ၌ စားပွဲဝိုင်းတစ်ခုရှေ့တွင် မြင့်မြတ်အဆောင်ဂိုဏ်းချုပ်၊ စုမိသားစု၏ ကောင်းကင်အင်မော်တယ်နယ်ပယ် လေးစားခံအကြီးအကဲ ဟွမ်ရှန်း၊ ဝိဉာဉ်အင်မော်တယ်နန်းတော်၏ မဟာအကြီးအကဲ ကျန်းကွမ်းနှင့် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းချုပ် ဟောင်ကျန်းဟန်တို့ရှိသည်။
သူတို့အားလုံးအတူတကွ စုစည်းနေကြ၏။
သူတို့နောက်တွင် ယဲ့ချိုးပိုင်၊ မုဖူရှန်း၊ စုမုယောင်နှင့် လင်းကျိနန်တို့ရပ်နေကြသည်။
ရှောင်ဟိုင်ကိုမူ သေမင်းဝိဉာဉ်မြို့က ထွက်လာပြီးနောက် အရေးတကြီးအရာတစ်ခု ရှိသည်ဟုပြောဆိုပြီး အင်မော်တယ်မျောက်ဝံကျေးရွာခေါင်းဆောင် ခေါ်သွားခဲ့သည်။
မြင့်မြတ်အဆောင်ဂိုဏ်းချုပ်က လေးနက်သည့်အမူအရာဖြင့် ပြောသည်။
"အားလုံးပဲ၊ ဒီကိစ္စကိုဘယ်လိုထင်ကြလဲ"
ဒီကိစ္စက အဆင့်မြင့်ကြယ်နယ်မြေနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ရည်ညွှန်းနေတာ သိသာထင်ရှားနေသည်။
စုမိသားစု၏ လေးစားခံအကြီးအကဲ ဟွမ်ရှန်း စုမုယောင်အားလှည့်ကြည့်ကာ မေးသည်။
"ဒီသတင်းကမှန်လား"
စုမုယောင်ခေါင်းခါယမ်းသည်။
"အဆင့်မြင့်ကြယ်နယ်မြေနဲ့ပတ်သက်ပြီး ဘာသတင်းအချက်အလက်မှ မရှိဘူး"
ဟွမ်ရှန်း စုမုယောင်၏စကားလုံးများကို သံသယမ၀င်ပေ။
စုမုယောင်က စုမိသားစု၏ နောက်ထပ်ဆက်ခံသုဖြစ်သည်။
သူမဒီသတင်းကို ရလာတာနှင့် စုမိသားစုကို သတင်းပို့မည်သာ။
ဒါက အတော်လေးကြီးမားပြီး စုမိသားစု၏ အကျိုးစီးပွားများအတွက်လည်း အရေးပါသည်။
ကျန်းကွမ်းကလည်း လင်းကျိနန်ကို စိုက်ကြည့်သည်။
လင်းကျိနန်ခေါင်းခါယမ်းသည်။
"တစ်ယောက်ယောက်က ဒီတစ်ကြိမ် မိစ္ဆာကွပ်မျက်ညီလာခံကို တမင်တကာ ပျက်စီးစေချင်တာ သိသာထင်ရှားနေတယ်"
ဘယ်သူက မိစ္ဆာကွပ်မျက်ညီလာခံကို ပျက်စီးရန်အတွက် စိတ်အားထက်သန်မည်နည်း။
အဖြေကရှင်းပါသည်။
ငရဲဂိုဏ်းကသာလျှင် အလယ်အလတ်အဆင့်ကြယ်နယ်မြေက အင်အားစုများ မဟာမိတ်ဖွဲ့တာကို မမြင်ချင်ပေ။
မဟာမိတ်မဖွဲ့ချင်သည့် သို့မဟုတ် ဒီကိစ္စကို ၀င်မစွက်ဖက်ချင်ကြသည့် အင်အားစုများပင်လျှင် စောင့်ကြည့်ရန်သာ ရွေးချယ်ကြပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် သူတို့ ထိပ်တန်းဂိုဏ်းများ ငရဲဂိုဏ်းနှင့်တိုက်ခိုက်ပြီး မောပန်းသွားတာကိုလည်း စောင့်စားရင်း ဒီကနေ အကျိုးအမြတ်များ ရယူနိုင်သည်။
ဒီလိုကျေးဇူးတင်မခံရသည့်အလုပ်ကို သူတို့ဘယ်လိုလုပ် လုပ်နိုင်မည်နည်း။
ထို့ကြောင့် ငရဲဂိုဏ်းသာလျှင် ဒီလိုအရာမျိုးကို လုပ်နိုင်ချေရှိသည်။
မြင့်မြတ်အဆောင်ဂိုဏ်းချုပ် လက်နှစ်ဖက်ကိုသပ်ရင်း မေ့စေးကိုကိုင်ကာ မျက်မှောင်ကြုတ်နေသည်။
"အဲဒီအင်အားစုတွေက လူတွေက တကယ်ပဲ ဒီလိုစိတ်ကူးယဉ်ဆန်လွန်းတဲ့ အရာမျိုးကို ယုံမှာလား"
ဘေးတွင် ထိုင်နေသည့်ဟောင်ကျန်းဟန် ခေါင်းခါယမ်းရင်း နှာခေါင်းရှုံ့သည်။
"ယုံတာမယုံတာက ကိစ္စမရှိဘူး"
"အဆင့်မြင့်ကြယ်နယ်မြေက အဲဒီလူတွေအတွက် အရမ်းသွေးဆောင်အားကောင်းလွန်းတယ်၊ သူတို့မယုံဘူးဆိုရင်တောင် အတည်ပြုဖို့အတွက် အကောင်းဆုံး ကြိုးစားကြလိမ့်မယ်"
လူတိုင်းခေါင်းညိတ်သည်။
ဟောင်ကျန်းဟန်ပြောတာမှန်သည်။
သူတို့အတွက် အဆင့်မြင့်ကြယ်နယ်မြေ အကြောင်း သတင်းအချက်အလက်ကို ကြားသောအခါ သူတို့ပင်လျှင် အသက်ရှူသံများမြန်လာပြီး သူတို့၏နှလုံးသားများက စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်သွားခဲ့သည်။
တစ်ခြားသူများဆို ပြောစရာပင်မလိုတော့။
"အခုလောလောဆယ်တော့ မနက်ဖြန် ငါတို့မိစ္ဆာကွပ်မျက်ညီလာခံကို ဆက်လုပ်သင့်၊ မလုပ်သင့်ဘူးလားဆိုတာ စဉ်းစားရမယ်"
ဝိဉာဉ်အင်မော်တယ်နန်းတော်၏ မဟာအကြီးအကဲ ကျန်းကွမ်းက လေးနက်သည့် အမူအရာဖြင့်ပြောသည်။
"အဓိကဂိုဏ်းတွေကတော့ မြင့်မြတ်အဆောင်ဂိုဏ်းကို လူတွေ့စေလွှတ်ပြီးသားဖြစ်နေလိမ့်မယ်၊ အဲဒီပုန်းလျှိုးနေတဲ့ မွန်းစတားအိုတွေကတောင် ဒီကိစ္စကြောင့် တောင်ထဲကနေ ထွက်လာကြလိမ့်မယ်..."
ဒါက တစ်ခြားသူများစိုးရိမ်ပူပန်နေသည့် အရာဖြစ်သည်။
တစ်ခဏအကြာ ခန်းမထဲကလူတိုင်း တိတ်ဆိတ်သွားကြ၏။
လေထုကအလွန်အမင်း လေးလံနေလေရာ မည်သူမှ ကျယ်လောင်စွာ အသက်မရှူရဲပေ။
"မိစ္ဆာကွပ်မျက်ညီလာခံကို ဆက်လက်ကျင်းပရမယ်"
လင်းကျိနန်ရော ယဲ့ချိုးပိုင်ပါ တစ်ချိန်တည်းတွင် ပြောလာကြသည်။
သူတို့နှစ်ယောက်တစ်ဦးကိုတစ်ဦး ကြညိ့လိုက်ကြ၏။ သူတို့အကြည့်ကနေ တစ်ဘက်လူ ဘာတွေးနေသလဲဆိုတာ သိကြသည့်အသွင်။
ယဲ့ချိုးပိုင် လင်းကျိနန်၊ ကျန်းကွမ်းနှင့် စုမိသားစု၏ လေးစားခံအကြီးအကဲ၊ မြင့်မြတ်အဆောင်ဂိုဏ်းချုပ်နှင့် ဟောင်ကျန်းဟန်တို့ကို ယုံသည်။
သူတို့ကလည်း အတွေးအခေါ်ဘုရင်ဟူသော နာမည်ကိုကြားဖူးကြသည်။
လင်းကျိနန်ပြောသည်။
"ကျွန်တော်တို့သာ မိစ္ဆာကွပ်မျက်ညီလာခံကို ဆက်မလုပ်ဘူးဆိုရင် တစ်ခြားဂိုဏ်းတွေက ကျွန်တော်တို့ အပြစ်ရှိသလို ခံစားနေရတယ်လို့ ထင်သွားပြီး ကျွန်တော်တို့ ငရဲဂိုဏ်းရဲ့ ထောက်ချောက်ထဲ ကျသွားရလိမ့်မယ်"
"သူတို့က အဆင့်မြင့်ကြယ်နယ်မြေရဲ့ သတင်းအချက်အလက်ကို ရဖို့အတွက် ပိုပြီးကြမ်းတမ်းပြီး တိုက်ရိုက်ဆန်တဲ့ နည်းလမ်းတစ်ခုကိုတောင် သုံးလာလိမ့်မယ်"
အပိုင်း(760) coming။
ငါ့တပည့်တွေက ဘုရင်တွေ