#သေခြင်းမှပြန်လည်ရှင်သန်ခြင်း#
Vol. 54 Ch. 760
"ကျွန်တော်တို့ သေချာပေါက် မိစ္ဆာကွပ်မျက်ညီလာခံကို ရပ်လို့မရဘူး၊ ညီအစ်ကိုလင်းပြောသလိုမျိုး ကျွန်တော်တို့သာရပ်လိုက်မယ်ဆိုရင် ပိုကြီးမားတဲ့ ပြဿာနာနဲ့ ကြုံကြိုက်ရလိမ့်မယ်"
ယဲ့ချိုးပိုင် လင်းကျိနန်၏စကားလုံးကို ပြောရင်း သူ့အမြင်ကို တည်ငြိမ်စွာဖော်ပြသည်။
"ဒီတော့ မရပ်ဘူးဆိုရင် ဂိုဏ်းကြီးတွေက မနက်ဖြန် မြင့်မြတ်အဆောင်ဂိုဏ်းကို ရောက်လာကြလိမ့်မယ်၊ သူတို့ထဲမှာ ပုန်းလျှိုးနေတဲ့ မွန်းစတားအိုတစ်ချို့ ပါနိုင်ချေပိုများတယ်" လေးစားခံအကြီးအကဲ ဟွမ်ရှန်ပြောသည်။
ဒီမွန်းစတားအိုများက ကြောက်စရာကောင်းရလောက်အောင် အစွမ်းထက်သည်။
သူတို့သာ ထွက်ပေါ်လာမည်ဆိုပါက မနက်ဖြန် မိစ္ဆာကွပ်မျက်ညီလာခံတွင် တစ်ခြားဘက်က မေးမြန်းလာတာကို တားဆီး၍ရမည်မဟုတ်။
လူတိုင်း၏မျက်လုံးက လေးနက်မှုဖြင့် ပြည့်နှက်နေသည်။
အကယ်၍ မရပ်ပါက ဒါက ဟွမ်ရှန်းပြောသည့် အခြေအနေကို သေချာပေါက် ဦးတည်သွားပေလိမ့်မည်။
သူတို့နှင့်တင်ဆိုပါက နည်းနည်းခက်ခဲနိုင်သည်။ စုမိသားစု၊ ဝိဉာဉ်အင်မော်တယ်နန်းတော်နှင့် ကောင်းကင်ဘုံဓားတောင်ထိပ်တို့က အားအပြည့်နှင့် မထွက်လာသရွေ့ အဆင်ပြေမည်မဟုတ်။
သို့စေကာမူ ဒါကဖြစ်နိုင်မည်လား!
ချီရှာဒေါင် ဒါကိုလည်းတွက်ချက်ခဲ့သည်။
ဒါကပရိယာယ်တစ်ခုမဟုတ်ဘဲ အစကနေအဆုံးထိ ပွင့်လင်းသောအကြံအစည်တစ်ခုသာဖြစ်သည်။
သူတို့ရှေ့တိုးခြင်းဖြစ်စေ၊ နောက်ဆုတ်ခြင်းဖြစ်စေ၊ အဆုံးသတ်သည်ဖြစ်စေ၊ ရှေ့ဆက်သည်ဖြစ်စေ တစ်ဘက်လူ၏ ထောင်ချောက်ထဲတွင် ကျဆင်းသွားရပေလိမ့်မည်။
"ဒီမျိုးမစစ်ချီရှာဒေါင်ကတော့"
ကျန်းကွမ်းရုတ်တရက် ဒေါသထွက်သွားပုံရပြီး စားပွဲဝိုင်းကို လက်ဖဝါးနှင့် ရိုက်ချလိုက်သည်။
ရုတ်ချည်းဆိုသလို ခန်းမတစ်ခုလုံးတင်မက မြင့်မြတ်အဆောင်ဂိုဏ်းတစ်ခုလုံးပါ တုန်လှုပ်သွားသော်လည်း စားပွဲကမူ မကြေမွသွားပေ။
မြင့်မြတ်အဆောင်ဂိုဏ်းချုပ်က ကျန်းကွမ်း၏ အပြုအမူကိုခံစားမိသဖြင့် ချက်ချင်းအဆောင်တစ်ခုကို ထုတ်ယူကာ စားပွဲပေါ်၌ ကပ်ထားလိုက်သည်။ တစ်ချိန်တည်းမှာပင် ကြောက်ခမန်းလိလိဝိဉာဉ်ချီကို သူအထဲတွင် ထည့်သွင်းလိုက်၏။
"အရေးကြီးကိစ္စတွေနဲ့ ပတ်သက်လာရင် စိတ်ငြိမ်ငြိမ်ထားဖို့လိုတယ်၊ အစ်ကိုကွမ်း၊ အရမ်းစိတ်မလှုပ်ရှားပါနဲ့"
မြင့်မြတ်အဆောင်ဂိုဏ်းချုပ်က လေးနက်သည့်အသံဖြင့် ပြောသည်။
"အခုငါတို့လုပ်ရမှာက အရည်အချင်းမပြည့်၀လို့ ဒေါသထွက်နေရမှာမဟုတ်ဘူး၊ ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ စဉ်းစားရမယ်"
ကျန်းကွမ်းအေးစက်စွာ နှာခေါင်းရှုံ့ရင်း စားပွဲဝိုင်းကနေ လက်ဖဝါးကို ဖယ်ရှားပစ်သည်။ ထိုးထွက်နေသည့် ကောင်းကင်အင်မော်တယ်နယ်ပယ်အော်ရာကလည်း သူ့ကိုယ်ထဲ ပြန်ရောက်သွား၏။
ဟောင်ကျန်းဟန်နှင့် ကျန်သောသူများကသာ ပြင်းထန်သည့်အော်ရာကို အချိန်မီမတားဆီးခဲ့ပါက ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ သေချာပေါက် တိုက်ရိုက် ဒဏ်ရာရသွားကြပေလိမ့်မည်။
"ယဲ့ချိုးပိုင်၊ လင်းကျိနန်၊ မင်းတို့ရဲ့အမြင်ကို ပြောပါဦး"
ဟွမ်ရှန်း သူတို့နှစ်ယောက်ကိုကြည့်ကာ မေးသည်။
"ငါတို့နောက်ဆုတ်လို့မရဘူးဆိုရင် ဘာလုပ်သင့်လဲ"
ယခုလိုကောင်းကင်အင်မော်တယ်များအကြားက တွေ့ဆုံမှုမျိုးတွင် လူငယ်မျိုးဆက်များကို စကားပြော ဆွေးနွေးခွင့်ပေးခြင်းကပင် မယုံနိုင်စရာကောင်းသည့် အရာတစ်ခုဖြစ်နေလေပြီ။
လင်းကျိနန် ယဲ့ချိုးပိုင်ကိုကြည့်ရင်းပြုံးသည်။
"အစ်ကိုယဲ့၊ ဘာလို့မင်းအရင်မပြောရတာလဲ"
ယဲ့ချိုးပိုင်ညင်သာစွာခေါင်းညိတ်သည်။
"ငါတို့နည်းလမ်းကတော့ အတူတူလောက်ပဲဖြစ်မယ်"
ထို့နောက် သူစားပွဲဝိုင်းက ကျွမ်းကျင်သူလေးယောက်ကို ကြည့်ရင်း အသံနိမ့်ကာပြောသည်။
"မိစ္ဆာကွပ်မျက်ညီလာခံကို ဆက်လုပ်ရမယ်၊ ပြီးတော့ အချိန်မီဖြစ်ရမယ်"
"ချီရှာဒေါင်ရဲ့ရည်ရွယ်ချက်က ကျွန်တော်တို့ကို အကြပ်ရိုက်စေဖို့ဆိုတော့ ကျွန်တော်တို့ဘာပဲလုပ်လုပ် ဒါက ကျွန်တော်တို့ကို အကြီးအကျယ် ထိခိုက်စေလိမ့်မယ်"
"ဒီတော့ ကျွန်တော်တို့လုပ်နိုင်တာက အန္တရာယ်ကို အနည်းဆုံးဖြစ်အောင် လုပ်ဖို့ပဲ"
အန္တရာယ်ကို အနည်းဆုံးဖြစ်အောင် လုပ်မယ်!
လူတိုင်း ပဟေဠိဖြစ်သွားကြ၏။
အန္တရာယ်ကို အနည်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲ!
လင်းကျိနန်ခေါင်းညိတ်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ယဲ့ချိုးပိုင်၏အတွေးများက သူနှင့်အတူတူပင်။
ဒီလိုအခြေအနေမျိုးတွင် သူတို့လုပ်နိုင်တာက အန္တရာယ်ကို အနည်းဆုံးဖြစ်အောင် လုပ်ခြင်းသာ။
အားနည်းချက်ကို အသာစီးရရန်အတွက် ပြောင်းလဲဖို့က မဖြစ်နိုင်ပေ။
အကယ်၍ ဒီအားနည်းချက်ကို အသာစီးရမှုအဖြစ် ပြောင်းလိုပါက တစ်ခြားဂိုဏ်းများ၏ အတွေးများကို ပြောင်းလဲရန် လိုအပ်သည်။
သူ သူတို့ကို စောင့်ကြည့်နေတာကနေရပ်ပြီး အကျိုးခံစားရဖို့အတွက် ထိုင်မကြည့်နေစေချင်ပါ။
မဟုတ်ပါက ဒီဖြစ်ရပ်နှင့် သူတို့ကို ရေထဲဆွဲချရန်ဟူသည်မဖြစ်နိုင်။
"ဒါပေမယ့်....."
လင်းကျိနန်ဒါကိုတွေးနေစဉ် ယဲ့ချိုးပိုင် ရုတ်တရက် အကြောင်းအရာကို ပြောင်းပစ်သည်။
"မနက်ဖြန် မိစ္ဆာကွပ်မျက်ညီလာခံမှာ ကျွန်တော်လောင်းကြေးထပ်ချင်တယ်၊ ကျွန်တော်သာ မှန်ကန်တဲ့လောင်းကြေးကို ထပ်နိုင်ခဲ့ရင် ချီရှာဒေါင်ရဲ့ ပွင့်လင်းတဲ့ အကြံအစည်ကိုသုံးပြီး အဆိုးကိုအကောင်းအဖြစ် ပြောင်းနိုင်လောက်တယ်"
ထိုစကားလုံးများကို ပြောပြီးသည်နှင့်တစ်ပြိုင်နက် လင်းကျိနန်၏ အမူအရာက အေးခဲသွားပြီး ယဲ့ချိုးပိုင်အား တည့်တည့်စိုက်ကြည့်လိုက်သည်။
ရှိနေသည့် ကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများပင်လျှင် သူ့ကို တသမတ်တည်း စိုက်ကြည့်နေကြ၏။
"ငါတို့ဘာလုပ်သင့်လဲ၊ ဘယ်လိုလောင်ကြေးထပ်ရမလဲ"
ယဲ့ချိုးပိုင်ခပ်ရေးရေးပြုံးသည်။
"ကျွန်တော်တို့သာ လောင်းကြေးကိုရှုံးရင် ဘာမှမရှုံးဘူး၊ အန္တရာယ်ကိုလျှော့ချပစ်ရုံပါပဲ၊ ဒါပေမယ့် အောင်မြင်တယ်ဆိုရင်တော့ စောင့်ကြည့်ဖို့ကို ရွေးချယ်ထားတဲ့ ဂိုဏ်းတစ်ချို့နဲ့ အဲဒီကောင်းကင်အင်မော်တယ် နယ်ပယ်မှာ အချိန်အကြာကြီး ပိတ်ဆို့နေတဲ့ မွန်းစတားအိုတွေမှာ မိစ္ဆာကွပ်မျက်မဟာမိတ်အဖွဲ့မှာ ၀င်လာဖို့ကို စဉ်းစားကြလိမ့်မယ်....."
အစည်းအဝေးပြီးသွားလေပြီ။
ဂိုဏ်းများကအသီးသီးထွက်သွားကြသည်။
လမ်းတွင် ဟွမ်ရှန်က စုမုယောင်ကို ကြည့်ရင်း သက်ပြင်းချသည်။
"ဒီကလေးကသတ္တိရှိပြီး ကြံရည်ဖန်ရည်ရှိတယ်၊ သူကအရမ်းလည်းပါရမီရှိတယ်၊ အရင်က မင်းဘာလို့သူ့ကို ဒီလောက်ထိ မြင့်မြင့်တွေးနေရသလဲဆိုတာ နောက်ဆုံးတော့ ငါသိလိုက်ပါပြီ"
အရင်က မဟာပြိုင်ပွဲအပြီးတွင် စုမုယောင်က စုမိသားစုကို ဒီအကြောင်းကို ပြောခဲ့ပြီး သူမယဲ့ချိုးပိုင်ကို အစွမ်းကုန် ချည်နှောင်ထားလိုကြောင်း ပြောခဲ့သည်။
ဒါ့အပြင် တစ်ဘက်လူက စုမိသားစုတွင် ပါ၀င်လာလျှင်ပင် သူ့မိသားစုနာမည်ကို ပြောင်းစရာမလိုပေ။
သူမဒါကိုပြောလာသောအခါ ဂိုဏ်းတွင် ရောယှက်နေသည့်အမြင်များရှိသည်။
စုမိသားစု၀င်အများစုက ဒီကိစ္စကို ကန့်ကွက်ကြသညိ။
ဟွမ်ရှန်ကလည်း သူတို့ထဲက တစ်ယောက်ဖြစ်သည်။
သို့စေကညမူ ယနေ့အတွေ့အကြုံအပြီးတွင် ဟွမ်ရှန် နောက်ဆုံးတော့ စုမုယောင်၏ ရည်ရွယ်ချက်များကို နားလည်လာရသည်။
"ကလေးမလေး၊ မိသားစုခေါင်းဆောင်က ဖိအားကိုခုခံပြီး နောက်ထပ်မိသားစု ခေါင်းဆောင်နေရာကို မင်းကိုအတင်းပေးဖို့အတွက် စီစဉ်နေတာ အံ့ဩသင့်စရာ မရှိပါဘူး"
သူမ၏အမြင်က အတော်လေးကြီးမားသည်။
စုမုယောင်ပြုံးသည်။
"ကျွန်မမှာသာ ဒီလိုဝေဖန်မှုမျိုးမရှိခဲ့ရင် ဒါကိုလုပ်နိုင်ခဲ့မှာ မဟုတ်ဘူး"
တခြားတစ်ဘက်တွင် မြင့်မြတ်အဆောင်ဂိုဏ်းချုပ်က အဆင့်မြင့်မဟာအကြီးအကဲများ ကျင့်ကြံသည့်နေရာကို ရောက်လာသည်။
ဒီကိစ္စကိုပြောပြီးနောက်တွင် မုတ်ဆိတ်ဖြူအကြီးအကဲက မုတ်ဆိတ်ကို ပွတ်သပ်ရင်းပြုံးသည်။
"ကြည့်ရတာ မုဖူရှန်းရဲ့ညီအစ်ကိုတွေကလည်း မရိုးရှင်းဘူးဘဲ"
မြင့်မြတ်အဆောင်ဂိုဏ်းချုပ်ကလည်း ခေါင်းညိတိကာ အပြုံးဖြင့်ပြောသည်။
"အကြီးအကဲတို့မှာ ကြိုတင်အမြင်တွေရှိနေဆဲပါပဲ၊ မုဖူရှန်းအပေါ် ကျွန်တော်တို့ မြင့်မြတ်အဆောင်ဂိုဏ်းရဲ့ သဘောထားအရဆိုရင် အနာဂတ်မှာ သူတို့ကြီးထွားလာတဲ့အခါ မြင့်မြတ်အဆောင်ဂိုဏ်းက သေချာပေါက် အမြင့်ကိုပြန်တက်နိုင်မှာပဲ"
သို့စေကာမူ မုတ်ဆိတ်ဖြူအကြီးအကဲက ခေါင်းခါယမ်းသည်။
"အဲဒီအချိန်က ငါတို့သုံးယောက် အရမ်းကြီးမတွေးခဲ့ဘူး၊ ငါတို့က ငါတို့အမွေကို ဆက်ခံနိုင်မယ့် လူငယ်တစ်ယောက်ရှာချင်ခဲ့ရုံပဲ"
ကံမကောင်းချင်တော့ တစ်ဘက်လူ၏ ကြီးထွားနှုန်းက အတော်လေးမြန်လွန်းသလို မကောင်းဆိုးဝါးဆန်လွန်းသည်။
အဆောင်အပေါ် သူ့နားလည်မှုက သူတို့သင်ကြားနိုင်သည့် အရာအားလုံးထက်ပင် ကျော်သွားခဲ့သည်။
သူတို့သုံးယောက်က သူ့ကို အသေးစိတ်အကြောင်းအရာတစ်ချို့ သင်ပေးနိုင်သော်လည်း မုဖူရှန်းကို သူတို့၏ အမွေအနှစ်ကိုသာ လက်ခံခွင့်ပေးပါက အဆောင်တာအို၌ သူ့ဖွံ့ဖြိုးတိုးတက်မှုက ရပ်သွားပေလိမ့်မည်။
"ဒီကိစ္စပြီးသွားရင် မုဖူရှန်းကို လျှို့ဝှက်အဆောင်ခန်းမရဲ့ ပဉ္စမအဆင့်ကို ၀င်ခွင့်ပေးကြရအောင်"
ပဉ္စမအဆင့်!
မြင့်မြတ်အဆောင်ဂိုဏ်းချုပ်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွား၏။ သူ့တွင်ပင်လျှင် ပဉ္စမအဆင့်ကို သီးသန့်၀င်ရန်အတွက် အခွင့်အရေးမရှိပါ။
အဆင့်မြင့်မဟာအကြီးအကဲသုံးဦး၏ တညီတညွတ်တည်းထောက်ခံမှုဖြင့်သာ ၀င်နိုင်မည်ဖြစ်သည်။ ထို့ထဲတွင် အစကတည်းက မြင့်မြတ်အဆောင်ဂိုဏ်း၏ ချပ်ပိတ်ထားသည့် အဆောင်များရှိသည်။
အဆင့်မြင့်မဟာအကြီးအကဲသုံးဦးက မုဖူရှန်းအား မြင့်မြတ်အဆောင်ဂိုဏ်း၏ အနာဂတ်ကို လုံး၀အပ်နှံထားတာကို မြင်နိုင်သည်။
ဝိဉာဉ်အင်မော်တယ်နန်းတော်စံအိမ်၌ မဟာအကြီးအကဲကျန်းက လင်းကျိနန်ကို ကြည့်သည်။
"မင်းမှန်တယ်၊ ငါတို့ဒီလူနဲ့မိတ်ဖွဲ့ဖို့အတွက် အကောင်းဆုံးလုပ်ဆောင်ရမယ်"
မျှော်လင့်ချက်ကင်းမဲ့သည့် အခြေအနေတွင် ရှင်ကျန်ဖို့အတွက် အခွင့်အရေးတစ်ခု အတင်းရှာနိုင်ပြီး ချီရှာဒေါင်၏ တပ်ကို ပြန်လည်တိုက်ခိုက်ရန်ပင် ဖြစ်နိုင်ချေရှိခြင်းက သူကပါရမီရှင်ဟုဆို၍ရသည်။
လင်းကျိနန်ပင်လျှင် ခါးသီးစွာပြုံးမိသည်။
"အဲဒီအချိန်က ကျွန်တော်တောင် အန္တရာယ်ကို လျှော့ချဖို့နည်းလမ်းတစ်ခုကိုပဲ တွေးနေခဲ့မိတာ"
"သူ့မှာကြောက်စရာကောင်းတဲ့ပါရမီရှိတာက တစ်ခုဆိုပေမယ့် သူ့ဦးနှောက်ကလည်း အတော်လေးကြောက်စရာကောင်းတယ်၊ ကျန်တဲ့သူတွေက ဘယ်လိုဆော့နိုင်ပါတော့မလဲ"
"ကျွန်တော် အတွေးအခေါ်ဘုရင်ဆိုတဲ့ နာမည်ကို အစ်ကိုယဲ့ကို လွှဲပြောင်းပေးရတော့မယ့်ပုံပဲ....."
အပိုင်း(761) coming။
ငါ့တပည့်တွေက ဘုရင်တွေ