← Chapters

#မြင့်မြတ်အဆောင်ဂိုဏ်းကို အာရုံစိုက်ခြင်း#

Vol. 54 Ch. 761

#မြင့်မြတ်အဆောင်ဂိုဏ်းကို အာရုံစိုက်ခြင်း#

Vol. 54 Ch. 761

ဒါက အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံး၌ ကသောင်းကနင်းဖြစ်မည့် နေ့တစ်နေ့အဖြစ် လျာခံထားရသည်။

ဂိုဏ်းတိုင်းနှင့်တစ်ကိုယ်တော်ကျင့်ကြံသူများက မြင့်မြတ်အဆောင်ဂိုဏ်းရှိရာသို့ ကြည့်လိုက်ကြသည်။ တစ်ချို့လူများက ကမ္ဘာတုန်လှုပ်ဖွယ်ရာ သတင်းက မှန်သလားဆိုတာကို တိုက်ရိုက်သွားကြည့်ကြသည်။ လုံလောက်သောအင်အားမရှိသည့် သို့မဟုတ် လျှို့ဝှက်ကြံစည်မှုကို အနံ့ခိမိဟည့် ဂိုဏ်းများလည်းရှိကြသဖြင့် သူတို့က ဆက်လက်စောင့်ကြည့်ရန် ရွေးချယ်ကြသည်။

တစ်ခဏအကြာတွင် မြင့်မြတ်အဆောင်ဂိုဏ်းအပေါ်ရှိ ကောင်းကင်က တိမ်များကျဆင်းလာပြီး လွင့်မြောနေသည့် အော်ရာများက အလွန်အမင်း လေးလံနေကြ၏။

ပုံမှန်အားဖြင့် မြင့်မြတ်အဆောင်ဂိုဏ်းက ငြိမ်းချမ်းပါသည်။ ပတ်၀န်းကျင်ကို ကင်းလှည့်နေသည့် ဥပဒေစိုးမိုးရေစခန်းမမှ တပည့်နှစ်ဦးသုံးဦးသာရှိသည်။

မည်သို့ပင်ဆိုစေကာမူ မြင့်မြတ်အဆောင်ဂိုဏ်းကို အဆောင်ပမာဏများစွာနှင့် ကာကွယ်ထားသည် မဟုတ်ပေလော။

ဒါ့အပြင် မြင့်မြတ်အဆောင်ဂိုဏ်းက အလယ်အလတ်အဆင့်ကြယ်နယ်မြေ၌ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။

ခွန်အားအရဆိုပါက သူတို့က တစ်ခြားထိပ်တန်းအင်အားစုများထက် အနည်းငယ် နိမ့်ကျသော်လည်း ဆက်သွယ်မှုများအရ ဆိုပါက မြင့်မြတ်အဆောင်ဂိုဏ်း၏ အဆက်အသွယ်များက တခြားအင်အားစုများ ယှဉ်၍မရနိုင်သည့် အရာတစ်ခုမဟုတ်ပေ။

ဆေးလုံးများ၊ အစီအရင်များနှင့် အဆောင်များက ထိပ်တန်းဂိုဏ်း၏ အမျိုးအစားသုံးခုဖြစ်သည်။

သူတို့၏အခြေခံအုတ်မြစ်နှင့် အဆက်အသွယ်များက တစ်ခြားဂိုဏ်းများထက် အများကြီးပို‌အားကောင်းသည်။ ဒီသုံးမျိုးက အင်အားစုတိုင်းနှင့် ကျင့်ကြံသူတိုင်းအတွက် မရှိမဖြစ်ပင်။

အကူအညီတောင်းရန်အတွက် လာသည်နှင့် သူတို့နှင့်ပတ်သက်ရမည်သာ။

ဒီအဆင့်မြင့်အဆောင်များ၊ အစီအရင်များနှင့် ဆေးလုံးများကို ပစ္စည်းများ၊ သို့မဟုတ် ဝိဉာဉ်ကျောက်တုံးများနှင့် လှဲလှယ်၍မရပေ။ သူတို့က ကျွမ်းကျင်သူများဆီက ကျေးဇူးကြွေးများကိုသာ လိုအပ်သည်။

ဘယ်နေရာတွင်မဆို ကျေးဇူးဟူသည် တန်ဖိုးအရှိဆုံးဖြစ်ပြီး ပြန်ဆပ်ရန် အခက်ခဲဆုံးပင်။ အချိန်ကြာလာသည်နှင့်အမျှ မြင့်မြတ်အဆောင်ဂိုဏ်း၏ လူသားအုပ်စုကြီးက တဖြည်းဖြည်းစုပုံလာခဲ့သည်။ သို့စေကာမူ ဒီဖြစ်ရပ်က အရမ်းထူးခြားသည်။

မြင့်မြတ်အဆောင်ဂိုဏ်းနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည့် ထိုဂိုဏ်းကျွမ်းကျင်သူများက အလျင်စလို မလုပ်ဆောင်ရဲကြပေ။

ဒီဖြစ်ရပ်က အလယ်အလတ်အဆင့် ကြယ်နယ်မြေတစ်ခုလုံးကို သက်ရောက်ခဲ့သည်။ ဒါကိုမှန်ကန်စွာမကိုင်တွယ်နိုင်ပါက သူတို့က တိုက်ခိုက်ခံရပေလိမ့်မည်။

ထို့အတွက်ကြောင့်ပင် မြင့်မြတ်အဆောင်ဂိုဏ်း၏ အကာအကွယ်က အနည်းဆုံးတော့ ပုံမှန်ထက် အကြိမ်ရေများစွာ ပိုတင်းကျပ်ခဲ့သည်။

ဂိုဏ်း၏နေရာတိုင်း၊ အစွန်တိုင်းတွင် ကင်းလှည့်နေကြသည့် မြင့်မြတ်အဆောင်ဂိုဏ်းသားအနည်းငယ်နှင့် အကြီးအကဲများရှိသည်။

တစ်ချိန်တည်းမှာပင် မြင့်မြတ်အဆောင်ဂိုဏ်း၏ အမှောင်ထဲတွင် ဖုံးကွယ်ထားသည့် အဆောင်များကလည်း အဆင်သင့်ဖြစ်နေသည်။

ဆန္ဒနယ်ပယ်မျိုးစုံမြောလွင့်နေသည်။

ဒါကအနည်းငယ်သာဆိုပါက ဘာမှမဟုတ်လောက်ပေ။

သို့စေကာမူ အဆောင်လေးခုက ထုတ်လွှတ်သည့် ဆန္ဒနယ်ပယ်က ကောင်းကင်ထဲတွင် လွင့်မြောနေပြီး ခုနှစ်ရောင်အလင်းတစ်ခုကို ဖန်တီးနေသည်။

ဆန္ဒနယ်ပယ်စွမ်းအားမျိုးစုံ၏ ပေါင်းစပ်မှုကလည်း ဒီလှပတင့်တယ်ပုံရသည့် ခုနှစ်ရောင်အလင်းကို အဖျက်အော်ရာတစ်ခုကို ထုတ်လွှတ်စေပြီး မြင့်မြတ်အဆောင်ဂိုဏ်း ပတ်လည်က ကျင့်ကြံသူများကို တုန်ယင်သွားစေသည်။

ဂိုဏ်းထဲတွင် အပြင်ထွက်ပြီး စွန့်စားနေကြသည့် တပည့်များနှင့် သီးသန့်အဆောင်များကို လေ့လာနေကြသည့် အကြီးအကဲများကလည်း သူတို့လုပ်နေတာတွေကို ချထားကြသည်။

အပြင်ပတွင်ရှိသည့်သူများက ဂိုဏ်းကိုချက်ချင်းပြန်လာကြပြီး သီးသန့်လေ့လာနေကြသူများက သူတို့လုပ်နေတာကို ချက်ချင်းချပြီး ထွက်လာကြ၏။

လောကီရေးရာတွေကို ဂရုမစိုက်သည့် အဆင့်မြင့်မဟာအကြီးအကဲသုံးဦးက လက်ဖက်ရည်သောက်ပြီး သီးသန့်နေရာတစ်ခု၌ အနားယူနေကြသော်လည်း ထူးခြားတာက သူတို့ကိုယ်ထဲက ကောင်းကင်အင်‌မော်တယ်နယ်ပယ် အသိစွမ်းအားက အပြည့်အ၀အသက်၀င်နေပြီး မြင့်မြတ်အဆောင်ဂိုဏ်း၏ ပတ်၀န်းကျင်တစ်ခုလုံးကို လွှမ်းခြုံထားသည်။

တိုက်ပွဲအတွက်ပြင်ဆင်ခြင်း!

ဒါကမြင့်မြတ်အဆောင်ဂိုဏ်း၏ လက်တွေ့အကျဆုံး သရုပ်ဖော်ချက်ပေတည်း။

ကလန်....!

ရုတ်တရက် ခေါင်းလောင်းသံက မြင့်မြတ်အဆောင်ဂိုဏ်းတစ်ခုလုံးအတွင်း ပဲ့တင်ထပ်ကာ ထွက်လာသည်။

ခေါင်းဆောင်ကသုံးကြိမ်တိတိမြည်ခဲ့သည်။

ဒါက မိစ္ဆာကွပ်မျက်ညီလာခံစချိန်ပင်။

မြင့်မြတ်အဆောင်ဂိုဏ်း၌ ပထမခေါင်းဆောင်သံမြည်သောကာလအတွင်း ဂိုဏ်းဗဟိုရင်ပြင်တွင် မြင့်မြတ်အဆောင်ဂိုဏ်းချုပ်၊ စုမိသားစု၏ လေးစားခံအကြီးအကဲ ဟွမ်ရှန်း၊ ဝိဉာဉ်အင်မော်တယ်နန်းတော်၏ မဟာအကြီးအကဲကျန်းကွမ်းနှင့် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းချုပ် ဟောင်ကျန်းဟန်တို့က ဘက်လေးဘက်စလုံးတွင် နေရာယူထားကြသည်။

တစ်ချိန်တည်းမှာပင် သူတို့ညာလက်များကို ဆန့်ထုတ်ထားကြပြီး ဝိဉာဉ်ချီကဖုံးလွှမ်းနေကာ လက်ဖဝါးမှ ထွက်နေသည်။

ထို့နောက် သူတို့လေးယောက်အလယ်တွင် ဆက်တိုက်ယှဉ်ဖွဲ့စေပြီး တစ်ခဏအကြာ၌ ကမ္ဘာကြီးက တုန်ခါသွားရသည်။

မြင့်မြတ်အဆောင်ဂိုဏ်း၏ တပည့်များက ဒီမြင်ကွင်းကိုကြည့်ရင်း ကြောက်မက်ဖွယ်ရာ ဖိအားကို ခံစားမိပြီးနောင် သူတို့၏မျက်လုံးများက လေးစားမှုများနှင့် ပြည့်နှက်နေသည်။ ဒါက ကောင်းကင်အင်မော်တယ်ကျွမ်းကျင်သူများ၏ စွမ်းအားပေတည်း။ သူတို့လက်များကို တစ်ကြိမ်မျှ လှုပ်ရှားလိုက်ရုံမျှနှင့် ကောင်းကင်နှင့် မြေကြီးကိုပင် ပြောင်းလဲစေနိုင်သည်။

"ငါရောဒီအဆင့်ကို ဘယ်အချိန်မှ ရောက်မှာလဲ"

"ဟေး၊ အများကြီးကြိုးစား၊ အလယ်အလတ်အဆင့်ကြယ်နယ်မြေမှာ ကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူအသစ်တစ်ယောက် ပေါ်လာတာ ဘယ်လောက်တောင်ကြာသွားပြီလဲ"

"မှန်တယ်၊ ငါ့အဆောင်ကိုပိုကောင်းကောင်း လေ့ကျင့်ရမယ်"

ကောင်းကင်အင်မော်တယ်ကျွမ်းကျင်သူလေးဦး၏ ဝိဉာဉ်ချီများ ရောယှက်သွားစဉ် ဝိဉာဉ်အင်မော်တယ်နန်းတော်၏ မဟာအကြီးအကဲ ကျန်းကွမ်း လက်ချောင်းကို အနည်းငယ် မြှောက်လိုက်၏။ ချက်ချင်းဆိုသလို ကီလိုမီတာထောင်ချီဝေးသည့် တောင်ရှိ ကျောက်တုံးပေါ်မှ နှစ်သန်းနှင့်ချီသော ရှေးဟောင်းသစ်ပင်က ချက်ချင်းဆိုသလို ကျန်းကွမ်း၏ဝိဉာဉ်ချီကြောင့် ဆွဲဆောင်ခံလိုက်ရသည်။ ဒါကိုမြင်သောအခါ ဟောင်ကျန်းဟန်၏ လက်မောင်းက တုန်ခါသွားသည်။

အင်မော်တယ်ဓားဆန္ဒက ထိုးထွက်လာပြီး ကျောက်တုံးများနှင့် ရှေးဟောင်းသစ်ပင်များကို ပိုင်းဖြတ်ပစ်သည်။

စုမိသားစုလေးစားခံအကြီးအကဲ ဟွမ်ရှန်း ခပ်ရေးရေးပြုံးရင်း သူ့လက်ဖဝါးကို အနည်းငယ် ဖိချလိုက်၏။

ဖြတ်တောက်ထားသည့် ကျောက်တုံးများက ဖိနှိပ်ခံရပြီး ရှေးဟောင်းသစ်ပင်က မြေပေါ်ကျလာသည်။ ကျောက်တုံးနှင့် ရှေးဟောင်းသစ်ပင်အကြားတွင် ဟွမ်ရှန်း၏ ဝိဉာဉ်ချီက ဒါတွေနှင့်ပေါင်းစပ်ထားသော ပါးလွှာပြီး ရှည်လျားသော အမျှင်များကို ဖြစ်တည်စေသည်။

ကျောက်တုံးကြီးက ဧရာမစားပွဲကြီးတစ်ခုဖြစ်လာခဲ့သည်။

ရှေးဟောင်းသစ်ပင်ကို စားပွဲတင်ခြေထောက်လေးခုအဖြစ် အသုံးပြုသည်။

နောက်ဆုံးအဆင်တွင် မြင့်မြတ်အဆောင်ဂိုဏ်းချုပ်က လက်တစ်ဖက်ကို ကျောနောက်တွင် ထားပြီး ကျန်တစ်ဖက်နှင့် အဆောင်စုတ်တံကို ထုတ်ယူသည်။

သို့စေကာမူ သူအဆောင်ကိုမထုတ်ခဲ့ပေ။

လူတိုင်း၏ထိတ်လန့်လေးစားနေသည့် အကြည့်များအောက်တွင် ဧရာမစားပွဲပေါ်၌ ရှေးဟောင်းမှေးမှိန်နေသည့် ပုံစံကားချပ်များစွာကို စတင်ရေးဆွဲသည်။

ဒီကမ္ဘာထဲက အသန့်စင်ဆုံးဝိဉာဉ်ချီနှင့် ခုနှစ်ရောင်အလင်းထဲရှိ ဆန္ဒနယ်ပယ်များစွာက စားပွဲပေါ်က အဆောင်စုတ်တံနောက်ကနေ လိုက်ပါရင်း မှေးမှိန်သည့် ပုံစံကွက်များအပေါ် ကျဆင်းလာသည်။

ကလန်.....!

ဒုတိယခေါင်းဆောင်းသံထွက်လာသောအခါ မြင့်မြတ်အဆောင်ဂိုဏ်းချုပ်က သက်ပြင်းတစ်ချက်ရှုလိုက်သည်။ သူအဆောင်ရေးခဲ့သည့်နည်းလမ်းက အထင်ကြီးစရာကောင်းလောက်သည်ဟု ဆို၍ရသည်။

နောက်ဆုံးစုတ်ချက်က ကျက်သရေရှိစွာ ကျဆင်းလာသည်။

ကောင်းကင်အင်မော်တယ်ကျွမ်းကျင်သူလေးဦး ဖန်တီးခဲ့သည့် ဧရာမစားပွဲကြီးက အောင်မြင်စွာပြီးစီးသွားခဲ့သည်။

‌တတိယခေါင်းလောင်းသံမြည်လာသောအခါ မနက်နှောင်းပိုင်းကိုပင် ရောက်နေလေပြီ။

ထိုအခိုက်အတန့်၌ မြင့်မြတ်အဆောင်ဂိုဏ်းချုပ် ဦးဆောင်သည့် ကောင်းကင်အင်မော်တယ်ကျွမ်းကျင်သူလေးဦးက အနည်းငယ်ခေါင်းမော့လိုက်ကြပြီး သူတို့၏မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့သည်။

"စကြရအောင်"

သူစကားပြော၍ပြီးသွားသည်နှင့် တစ်ပြိုင်နက် အစွမ်းထက်အော်ရာတစ်ခုက မြင့်မြတ်အဆောင်ဂိုဏ်းပတ်၀န်းကျင်သို့ ချက်ချင်းဝှေ့ယမ်း၀င်လာပြီး ဆူနာမီတစ်စင်းပမာ တိမ်တိုက်များကို တိုက်မိသည်။

တိမ်များက ချက်ချင်းပင် နစ်၀င်သွား၏။

ကျင့်ကြံခြင်းမြေတွင် လက်ဖက်ရည်သောက်နေကြသည့် အဆင့်မြင့်မဟာအကြီးအကဲသုံးဦးမှာ လက်ထဲက လက်ဖက်ရည်ခွက်များကို တစ်ချိန်တည်းတွင်ချပြီး အင်္ကျီလက်များကို ဝှေ့ယမ်းလိုက်ကြသည်။

မြင့်မြတ်အဆောင်ဂိုဏ်းတစ်ခုလုံးက အဆောင်များ၏အလင်းနှင့် တဖျပ်ဖျပ်လင်း၀င်းနေခဲ့သည်။

တစ်ချိန်တည်းမှာပင် ၎င်းတို့က အဆင့်မြင့်မဟာအကြီးအကဲသုံးဦး၏ စွမ်းအားကို လမ်းညွှန်အဖြစ်သုံးရင်း အပြင်ပက ဒီကောင်းကင်တုန်လှုပ်ဖွယ်အော်ရာကို ပိတ်ဆို့ထားသည်။

ဒါက ဂိုဏ်းကတပည့်များကို ဒီအော်ရာကြောင့် ဖိနှိပ်ခံရပြီး တိုက်ရိုက်သေသွားမည့်အရေးကနေ ကာကွယ်ရန်ဖြစ်သည်။

"အားလုံးပဲ၊ ဘယ်လိုနေကြလဲ"

အစိမ်းရောင်၀တ်ထားသည့် အဖိုးအိုတစ်ဦး လျှောက်လာခဲ့သည်။

အဖိုးအိုလေထဲတွင် လှမ်းသည့်ခြေလှမ်းတိုင်း၌ သူ့ခြေဖဝါးတွင် စပျစ်စိမ်းပင်များ ကပ်ငြိနေပြီး အဖိုးအိုကို လေထဲတွင် လမ်းလျှောက်နိုင်စေရန် ကူညီပေးသည်။

သစ်စိမ်းဂိုဏ်းချုပ်၊ ယုချင်းယန်!

"ယုချင်းယန်၊ မင်းက တကယ်ပဲ အချိန်ကိုက်လာတာပဲ"

ကြောက်စရာကောင်းသည့် ဒေါသအပြည့်အသံ ကျဆင်းလာသောအခါ ဘေးကလူတိုင်းက အံ့ဩတကြီးကြည့်မိကြသည်။ ထိုနေရာ၌ မီးပင်လယ်တစ်ခု ဖြတ်သန်းနေသည်။

မီးပင်လယ်က ကျဆင်းနေသည့်တိမ်များကို အတိနီရဲသွားစေပြီး မြင့်မြတ်အဆောင်ဂိုဏ်း၏ အပူချိန်က ရုတ်တရက် ထိုးတက်လာခဲ့သည်။

အဆောင်များနှင့် အဆင့်မြင့်မဟာအကြီးအကဲသုံးဦး၏ စွမ်းအားကြောင့်သာ မဟုတ်ပါက ဒီလွှမ်းမိုးနေသည့် မီးပင်လယ်ကြောင့် မြင့်မြတ်အဆောင်ဂိုဏ်းတစ်ခုလုံးက လေထဲတွင်ပင် လောင်ကျွမ်းသွားလောက်သည်။

အဆုံးမဲ့ရှေးဦးယန်ဂိုဏ်းချုပ်၊ လီရှောင်!

"ကြည့်ရတာ မင်းတို့တစ်ခြားအင်အားစုတွေ မစုဆောင်းခဲ့ကြပုံပဲ၊ ဘာလို့မင်းတို့ လေးယောက်ပဲ ရှိနေရသေးတာလဲ"

ကောင်းကင်မှောက်ဆေးဘာဂိုဏ်းဘိုးဘေး ကျန်းကျိထန်ကလည်း ရောက်လာသည်။ သူတို့သုံးယောက်အပြင် ကောင်းကင်အင်မော်တယ်နှင့် မြေအင်မော်တယ်များစွာ၏ အော်ရာများက ပတ်၀န်းကျင်၌ အပြင်တွင်ရာ အမှောင်ထဲတွင်ပါ လွင့်မြောနေကြ၏။

အပိုင်း(762) coming။

All Chapters