#အတင်းအကျပ်#
Vol. 54 Ch. 762
မြင့်မြတ်အဆောင်ဂိုဏ်း၏ ဂိုဏ်းချုပ်အမူအရာက ရုတ်ချည်းအေးခဲသွား၏။
ကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူစုစုပေါင်း ၁၂ဦးရှိသလို အမှောင်ထဲတွင်ရော လူသိရှင်ကြား မြေအင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများစွာလည်းရှိသည်။
စုမိသားစု၏ လေးစားခံအကြီးအကဲ ဟွမ်ရှန်း၊ ဝိဉာဉ်အင်မော်တယ်နန်းတော်၏ မဟာအကြီးအကဲ ကျန်းကွမ်းနှင့် ကောင်းကသ်ဘုံဓားတောင်ထိပ်ဂိုဏ်းချုပ် ဟောင်ကျန်းဟန်တို့၏အမူအရာများက မည်းမှောင်နေကြသည်။
သူတို့ဒါကိုအာရုံခံမိတာသိသာထင်ရှားနေသည်။
ဒီလိုအင်အားမျိုး.....!
ဒါက အလယ်အလတ်အဆင့်ကြယ်နယ်မြေက ကျွမ်းကျင်သူတစ်၀က်ကျော်က ဒီနေရာတွင် ရှိနေသည်ဟု ဆို၍ရသည်။
တကယ်တမ်းတွင် သူတို့လေးယောက်ထက် ပိုအားကောင်းသည့် အော်ရာနှစ်ခုပင်ရှိသည်။
ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်!
သူတို့က အလယ်အလတ်အဆင့်ကြယ်နယ်မြေ၏ ထိပ်တန်းကျွမ်းကျင်သူများဖုစ်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် သူတို့ခန့်မှန်းချက်များက မမှားခဲ့ပေ။
ဒီမွန်းစတားအိုကြီးတွေက နောက်ဆုံးတော့ ဒါကိုခံနိုင်ရည် မရှိကြတော့ပါ။
ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်က ကျွမ်းကျင်သူများအတွက် သေမျိုးရေးရာကိစ္စများနှင့် စွမ်းအားက ဆွဲဆောင်မှုမရှိတော့ပါ။
ကြွယ်၀မှုလား! မရေမတွက်နိုင်လောက်သည့် အင်အားစုများက ဒါကိုပို့ဆောင်ရန် အပြေးအလွှားလာနေကြသည်။
စွမ်းအားလား! ဒါကအလွယ်တကူ ရနိုင်သည့်အရာတစ်ခုသာဖြစ်ပြီး အသစ်အဆန်းမဟုတ်ပေ။
သူတို့အတွက် စိတ်၀င်စားစေနိုင်သည့် တစ်ခုတည်းသောအရာက သက်တမ်း သို့မဟုတ် အသက်ရှည်ခြင်းပင်။
လူတစ်ယောက်၏သက်တမ်းက အင်မော်တယ်နယ်ပယ် အထွတ်အထိပ်ကို ရောကိလျှင်ပင် အဆုံးသတ်ရမည်သာ။
သူတို့သက်တမ်းကို ရှည်စေလိုပါက အလယ်အလတ်အဆင့်ကြယ်နယ်မြေ၌ မည်သူမှမရောက်ခဲ့ဖူးသည့် စိတ်ကူးယဉ်လောကကို ကြည့်ရန်အတွက် နယ်ပယ်များကို ဆက်လက်ချိုးဖျက်ရပေမည်။
သို့စေကာမူ အလယ်အလတ်အဆင့်ကြယ်နယ်မြေက သူတို့ထဲကတစ်ယောက်ကိုမှ အဆင့်ချိုးဖျက်ရန်အတွက် အထောက်အကူ မပေးနိုင်ပေ။
ဒီကိစ္စတွင် အဆင့်မြင့်ကြယ်နယ်မြေ၏ သတင်းက သူတို့အတွက် အကြီးအမား အရေးပါသည့်ကိစ္စတစ်ခုဖြစ်သည်။
ဒီမွန်းစတားအိုများ လာခြင်းက မထူးဆန်းပါ။
အမှောင်ထဲတွင် ပုန်းကွယ်ပြီးစောင့်ကြည့်နေကြသည့် မွန်းစတားအိုတစ်ချို့လည်း ရှိပေလိမ့်မည်။ သူတို့ကို ရှာမတွေ့နိုင်ရုံမျှသာ။
မြင့်မြတ်အဆောင်ဂိုဏ်းချုပ်က ကောင်းကင်ထက်က ကောင်းကင်အင်မော်တယ်ကျွမ်းကျင်သူများကို ကြည့်ရင်း လက်နှစ်ဖက်ဆုပ်ကာ လေးနက်စွာပြောသည်။
"မြင့်မြတ်အဆောင်ဂိုဏ်းက လူတိုင်းကို မိစ္ဆာကွပ်မျက်ညီလာခံမှာ ပါ၀င်ဖို့အတွက် ကြိုဆိုပါတယ်"
ထိုနေရာတွင် မြင့်မြတ်အဆောင်ဂိုဏ်းချုပ် လက်ကိုဝှေ့ယမ်းစဉ် အထူးကောင်းမွန်သည့်ခုံး ၁၆လုံးက စားပွဲကြီးတစ်ဝိုက်တွင် ပေါ်လာသည်။
"ကျေးဇူးပြုပြီးထိုင်ကြပါဦး"
လူတိုင်းဒါကိုမြင်သောအခါ ခပ်ရေးရေးပြုံးရင်း ထိုင်ခုံများတွင် ထိုင်လိုက်ကြ၏။
အမှောင်ထဲတွင် ပုန်းနေကြသည့် ကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများကမူ မပေါ်လာကြပေ။
နေရာလွတ်ခြောက်ခုရှိသေးသည်။
ဒီထိုင်ခုံများက ဗလာကျင်းနေသည့်တိုင် ထိုမြေအင်မော်တယ်ကျင့်ကြံသူများကလည်း မထိုင်ရဲကြပါ။
အပြင်ပတွင် သူတို့ကလေးစားခံရပြီး လူကြောက်ရိုသေရသည့် မြေအင်မော်တယ်များဖြစ်သည်။
သို့စေကာမူ ဒီကောင်းကင်အင်မော်တယ်နယ်ပယ် ပုဂ္ဂိုလ်ကြီးများရှေ့တွင် တစ်ဘက်လူက သူတို့ကို လက်တစ်ဖက်ဝှေ့ယမ်းရုံနှင့် အလွယ်တကူ သတ်ပစ်နိုင်သည်။
ဒါကပုရွက်ဆိတ်တစ်ကောင်ကို ညှစ်နေသည့်ပမာ လွယ်ကူသည်။
ရှင်းရှင်းပြောရပါက မြေအင်မော်တယ်နယ်ပယ်က ကောင်းကင်အင်မော်တယ်ရှေ့တွင် ညီငယ်လေးတစ်ယောက်နှင့်တူသည်။
"ကောင်းပြီ၊ ယဉ်ကျေးနေစရာမလိုပါဘူး" အဆုံးမဲ့ရှေးဦးယန်ဂိုဏ်းချုပ် လီရှောင်က သွေးအဆူတတ်ဆုံးဖြစ်ပြီး စိတ်မရှည်ဆုံးသူပင်။ မြင့်မြတ်အဆောင်ဂိုဏ်းချုပ်နှင့် ကျန်သောသူများ ပြောနေတာကိုပင် စောင့်မနေတော့ဘဲ သူစိတ်မရှည်စွာ လက်ကို ဝှေ့ယမ်းသည်။
"ငါတို့ဘာလို့ဒီမှာ ရှိနေရသလဲဆိုတာ မင်းတို့အားလုံးသိပါတယ်၊ ကွေ့ဝိုက်ပြီး ပြောနေစရာမလိုဘူး"
"လူတိုင်းရဲ့အချိန်က အရမ်းအကန့်အသတ်ရှိတယ်၊ ဟုတ်တယ်မလား"
သစ်စိမ်းဂိုဏ်းချုပ် ယုချင်းယန်ကလည်း ခေါင်းညိတ်သည်။
"နတ်ဆိုးအိုကြီးလီရဲ့စရိုက်က နည်းနည်း ကတိုက်ကရိုက်ဖြစ်တယ်ဆိုပေမယ့် သူပြောတာက မမှားဘူး"
ကောင်းကင်မှောက်ဆေဘာဂိုဏ်းဘိုးဘေး ကျင်းကျိထန်က ပို၍ပင် တိုက်ရိုက်ပြောလာသည်။
"အဲဒီလူငယ်လေးတွေဘယ်မှာလဲ၊ သူတို့ကို ထွက်လာပြီး ရှင်းပြခိုင်းလိုက်"
"သူတို့ကိုအရင်ပြောပြီး အဆင့်မြင့်ကြယ်နယ်မြေရဲ့ သတင်းကို ဖုံးကွယ်ထားဖို့အတွက် ခွင့်ပြုပေးနေရမယ့်အစား ငါတို့လူအိုကြီးတွေအတွက် လမ်းအရင်ပြကေးတာ ပိုကောင်းတယ်"
ထိုအခိုက်အတန့်၌ ဝိဉာဉ်အင်မော်တယ်နန်းတော်၏ မဟာအကြီးအကဲကျန်းကွမ်းက ပြုံးသည်။
"လူတိုင်းပဲ၊ ဒါက မိစ္ဆာကွပ်မျက်ညီလာခံပါ၊ အလယ်အလတ်အဆင့်ကြယ်နယ်မြေမှာ 'မိစ္ဆာကွပ်မျပ်' ဆိုတဲ့ စကားလုံးက ဘာကို ဆိုလိုသလဲဆိုတာ မင်းတို့မေ့သွားကြပြီလား"
ဟွမ်ရှန်ကလည်းခေါင်းညိတ်သည်။
"ငရဲဂိုဏ်းရဲ့ပြန်လည်ရှင်သန်မှုနဲ့ ချီရှာဒေါင် ပြန်လည်မွေးဖွားလာတာက ငါ့တို့အတွက် သတိပေးချက်တစ်ခုလို ဖြစ်နေပြီ"
"ငါတို့ဒါကိုအချိန်မှီ မဖြေရှင်းနိုင်ဘူးဆိုရင် အရင်ခေတ်ကလိုမျိုး ၀မ်းနည်းဖွယ်ရာမြင်ကွင်းက ထပ်ဖြစ်လာလိမ့်မယ်၊ အခုအချိန်ဆိုရင် အဲတုန်းကထက်တောင် ပိုပြီး ၀မ်းနည်းကြေကွဲဖွယ်ရာ ကောင်းလိမ့်မယ်"
သို့စေကာမူ ယုချင်းယန်ပြုံးသည်။
"မစိုးရိမ်ပါနဲ့၊ ငရဲဂိုဏ်းက တရား၀င်မဖော်ပြရသေးဘူးလေ"
"တစ်ဘက်လူမှာ အလယ်အလတ်အဆင့် ကြယ်နယ်မြေမှာ နောက်ထပ်သွေးထွက်သံယိုဖြစ်စေဖို့အတွက် ရည်ရွယ်ချက်တစ်ခုခု မရှိတော့တာလည်း ဖြစ်နိုင်တယ်လေ"
"ဘာပဲဆိုဆို အဲဒီအချိန်က သူတို့ကို အတော်လေးကြောက်စေခဲ့တာပဲ"
ယုချင်းယန်၏စကားလုံးများကို ကြားသောအခါ မြင့်မြတ်အဆောင်ဂိုဏ်းချုပ် ကြည့်ရဆိုးသည့် အမူအရာဖြင့်ပြောသည်။
"ငရဲဂိုဏ်းရဲ့အတွေး ဒါမှမဟုတ် ချီရှာဒေါင်ရဲ့ စရိုက်အရဆိုရင် ဒါကဖြစ်နိုင်မယ်လို့ မင်းထင်လား"
သူတို့အတွေးများက မြင့်မြတ်အဆောင်ဂိုဏ်းချုပ်နှင့် ကျန်သောသူများ၏ နှလုံးသားများ၌ မှန်တစ်ချပ်ပမာ ကြည်လင်နေသည်။
သူတို့ကပထမဆုံးပြောသူမဖြစ်ချင်ကြပေ။ ဒါ့အပြင် သူတို့က ရှေးတန်းမှနေ၍ ချီရှာဒေါင်ကို ထိပ်တိုက်ရင်ဆိုင်ရင်း ငရဲဂိုဏ်းကို မတိုက်ခိုက်ချင်ကြပါ။ သူတို့က သူတို့အင်အားစုများကို မဆုံးရှုံးချင်ကြပါ။
ဖြစ်နိုင်တာက သူတို့က မြင့်မြတ်အဆောင်ဂိုဏ်းတို့လို ထိပ်တန်းဂိုဏ်းများ ဆုံးရှုံးမှုတစ်ချို့ကြုံရတာကို ကြည့်ပြီးမှ အကျိုးအမြတ်များကို ရိတ်သိမ်းကြပေလိမ့်မည်။
ဓားသမားတစ်ဦးတဖြစ်လဲ ကျင်းကျိထန်က တည့်တိုးဆန်ပြီး ဘာမှမဖုံးကွယ်ထားပေ။
သူရိုးရှင်းစွာပြောသည်။
"ငါတို့ဘာတွေးနေသလဲဆိုတာ မင်းတို့သိမှာပါ"
"ငါတို့ဘာကြောင့် မိစ္ဆာကွပ်မျက်ညီလာခံကို လာရသလဲဆိုတာ မင်းတို့သိမှာပါ"
"လူအများကြီးရှိနေတော့ မင်းတို့က သေချာပေါက် ဖိအားအများကြီးအောက်မှာ ရှိနေမှာပဲ၊ ဒီအစား ငါတို့မြန်မြန်ထွက်သွားနိုင်အောင် အဲဒီလူငယ်လေးတွေကို လာရှင်းပြခိုင်းလိုက်တာ ပိုကောင်းတယ်"
ခြိမ်းခြောက်မှု!
ဒါကဖုံးကွယ်ထား၍ မရနိုင်သည့် ခြိမ်းခြောက်မှုတစ်ခုပေတည်း။
မြင့်မြတ်အဆောင်ဂိုဏ်းချုပ်ဖြစ်စေ၊ ဝိဉာဉ်အင်မော်တယ်နန်းတော်၏ မဟာအကြီးအကဲ ကျန်းကွမ်းဖြစ်စေ၊ စုမိသားစု၏ လေးစားခံအကြီးအကဲ ဟွမ်ရှန်းဖြစ်စေ၊ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းချုပ်ဟောင်ကျန်းဟန်ဖြစ်စေ ထိုအခိုက်အတန့်၌ သူတို့၏ အမူအရာများက အနည်းငယ် ပြောင်းလဲသွားခဲ့ကြ၏။
တကယ်တမ်းတွင် ယခုလိုအခြေအနေမျိုး၌ တစ်ဘက်လူကသာ အမှန်တကယ်တိုက်ခိုက်လိုပါက မြင့်မြတ်အဆောင်ဂိုဏ်းက သေချာပေါက် ကြီးမားသည့်တန်ဖိုးတစ်ခုကို ပေးဆပ်ရလောက်သည်။
မြင့်မြတ်အဆောင်ဂိုဏ်းချုပ် တစ်ခုခုပြောရန်ပြင်လိုက်စဉ်မှာပင် သူတို့နောက်၌ ယဲ့ချိုးပိုင်၊ မုဖူရှန်း၊ စုမုယောင်နှင့် လင်းကျိနန်တို့ အတူတကွ ရောက်လာကြသည်။
ယဲ့ချိုးပိုင်ခပ်ရေးရေးပြုံးသည်။
"စီနီယာတို့၊ ကျုပ်တို့ဒီသတင်းကို သေမင်းဝိဉာဉ်မြို့မှာ ရခဲ့သလားဆိုတာကိုပဲ ခင်ဗျားတို့ ကြားချင်တာမလား"
ကျင်းကျိထန်၊ ယုချင်းယန်၊ လီရှောင်နှင့် တစ်ခြားကောင်းကင်အင်မော်တယ် ကျွမ်းကျင်သူများက ယဲ့ချိုးပိုင်ကို ကြည့်လိုက်ကြ၏။
သူတို့ကိုရင်ဆိုင်နေရသည့်တိုင် ရိုကျိုးခြင်းမရှိသလို ယုံကြည်မှုပြင်းထန်လွန်းသည့် လူငယ်ကို သူတို့ကြည့်လိုက်မိကြသည်။
ကောင်းကင်အင်မော်တယ်ကျွမ်းကျင်သူများ၏ အကြည့်ကျရောက်လာခြင်းက ယဲ့ချိုးပိုင်ကို ဖိအားများစွာ ပေးနေသည်။
ဒီအခိုက်အတန့်၌ ယဲ့ချိုးပိုင် ဓားပိုင်နက်ကို အစွမ်းကုန်ထုတ်လွှတ်ရန်သာ တတ်နိုင်ပြီး အင်မော်တယ်ဓားဆန္ဒ တစ်၀က်အဆင့်က ပစ်၀င်လာခဲ့သည်။
သူ့ကိုယ်ထဲက ရှေးဦးမူလဓားကျမ်းက အရူးအမူး လှည့်ပတ်နေစဉ် ဟောင်ကျန်းဟန်နှင့် ကျန်သောသူများက သူ့ကို တိတ်တဆိတ်ကူညီပေးကြသည်။
ထို့နောက်မှသာ သူကောင်းကင်အင်မော်တယ်ကျွမ်းကျင်သူများ၏ အကြွင်းအကျန်အော်ရာကို ခုခဲရန်အတွက် ကိုင်တွယ်ရုံမျှ ကိုင်တွယ်နိုင်တော့သည်။
"အိုး၊ အင်မော်တယ်ဓားတစ်၀က်အဆင့် အခြေခံလား၊ ငယ်ရွယ်တဲ့အသက်အရွယ်မှာ ဒီအဆင့်ကိုတောင် ရောက်နေပြီဆိုတော့ သူက အရမ်းပါရမီရှိတာပဲ"
ယုချင်းယန်၏မျက်လုံးထဲတွင် ထိတ်လန့်မှုတစ်ခု ပေါ်ပေါက်လာသည်။
ဒီမှတ်ချက်က ရိုးသားသော်လည်း ယဉ်ကျေးသည့်မှတ်ချက်တစ်ခုတော့ မဟုတ်ပါ။
ကျန်သော ကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများပင်လျှင် ဒီမြင်ကွင်းကိုမြင်သောအခါ တုန်လှုပ်သွားကြ၏။
ယဲ့ချိုးပိုင်ခပ်ရေးရေးပြုံးရင်း လက်နှစ်ဖက်ဆုပ်သည်။
"ကျုပ်ကကံကောင်းရုံပါပဲ"
လီရှောင်မျက်မှောင်ကြုတ်သည်။
"မင်းငါတို့ကို အခုပဲပြောချင်လား၊ ဒါမှမဟုတ် ငါတို့မင်းကို အတင်းအကျပ် လုပ်ရမလားဆိုတာကိုပြောပါ"
ယဲ့ချိုးပိုင်ပြုံးသည်။
"ကျုပ်တို့ဒီမှာပေါ်လာခဲ့ပြီး မထွက်ပြေးခဲ့ဘူးဆိုမှတော့ သေချာပေါက်ပြောရမှာပေါ့"
အပိုင်း(763) coming။