← Chapters

#ကောင်းကင်အင်မော်တယ်နယ်ပယ်အောက်က လူတိုင်းက ပုရွက်ဆိတ်တွေပဲ#

Vol. 54 Ch. 763

#ကောင်းကင်အင်မော်တယ်နယ်ပယ်အောက်က လူတိုင်းက ပုရွက်ဆိတ်တွေပဲ#

Vol. 54 Ch. 763

ယဲ့ချိုးပိုင်၏စကားလုံးများက အစွမ်းထက်လှသည်။

ထိုအခိုက်အတန့်၌ တိတ်ဆိတ်ငြိမ်သက်နေသည့် မြင့်မြတ်အဆောင်ဂိုဏ်း၏ ဗဟိုရင်ပြင်၌ ဒီအသံက ပဲ့တင်ထပ်သွား၏။

ဒါ့အပြင် သူ စားပွဲပတ်လည်တွင် ထိုင်နေကြသည့် ကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများ၏ အနည်းငယ် ပြင်းထန်သည့် အသက်ရှုသံများကိုလည်း ရှင်းရှင်းလင်းလင်း ကြားနေရသည်။

သေမင်းဝိဉာဉ်မြို့၏ နောက်ဆုံးဆုလာဘ်!

သတင်းစကားထဲတွင် အဆင့်မြင့်ကြယ်နယ်မြေကို ဦးတည်နိုင်သည့် သတင်းအချက်အလက်တစ်ခု ပါရှိသည်။

ဒီသတင်းက ကောင်းကင်အင်မော်တယ်နယ်ပယ်က ထိပ်တန်းကျွမ်းကျင်သူများအတွက် ဆွဲဆောင်မှုအရှိဆုံးပင်။

ထိုထိပ်တန်းအဆင့် ကောင်းကင်းဘုံပစ္စည်းများနှင့် လောကီရတနာများပင်လျှင် ကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများကို မလှုပ်ခါနိုင်ပေ။

အများဆုံး သူတို့ နောက်တစ်ခါ ကြည့်ရုံမျှသာ။

အဆင့်မချိုးဖျက်နိုင်သလို သက်တမ်းကို မတိုးချဲ့နိုင်ပါက ဒီကောင်းကင်ဘုံရတနာများက ဘာအကျိုးရှိမည်နည်း။

ခေတ်တိုင်းတွင် သူတို့ကျင့်ကြံခြင်းကို တိုးမြှင့်ရန်အတွက် ဆေးလုံးသန့်စင်ရန် ကောင်းကင်ဘုံရတနာမျိုးစုံကို အသုံးပြုရင်း ကြိုးစားခဲ့ကြသည့် ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်များရှိကြသည်။

တစ်ခါတစ်ရံ ယခုလိုဆေးလုံးမျိုးက ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း၏ အခြေခံအုတ်မြစ်ကိုပင် ဗလာကျင်းသွားစေသည့်တိုင် ကျွမ်းကျင်သူများက မချိုးဖျက်နိုင်ကြသေး။

ဒါက ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်အထက်တွင် မမြင်ရသည့် အတားအ‌ဆီးတစ်ခုရှိသည့်ပမာ။ ဒါကို မမြင်နိုင်သလို ချိုးဖျက်၍လည်းမရပေ။

ဒီကိစ္စတွင် ကောင်းကင်ဘုံရတနာများနှင့် ထိုထိပ်တန်းအဆင့်နတ်လက်နက်များက သူတို့အတွက် ဘာအသုံး၀င်တော့မည်နည်း။

လူတစ်ယောက်က သက်တမ်းကုန်ဆုံးသွားသောအခါ သူတို့သားစဉ်မြေးဆက်များအတွက်သာ ကျန်ရစ်ခဲ့ရပေမည် သို့မဟုတ် ဒီမြေအတွက် အာဟာရဖြစ်လာရမည် မဟုတ်ပေလော။

ယဲ့ချိုးပိုင်၏ စကားလုံးများကို ကြားသောအခါ ခေါင်း၌ ဆံပင်နီများရှိသည့် အဆုံးမဲ့ရှေးဦးယန်ဂိုဏ်းချုပ် လီရှောင် ချက်ချင်းထရပ်လာသည်။

သူ့၏ဆံပင်မျှစတစ်စချင်းပေါ်၌ မီးနဂါးလေးများ လှည့်ပတ်ရစ်ဝဲနေသည်။

လီရှောင်၏မျက်လုံးများက ပြူးကျယ်သွားပြီး ယဲ့ချိုးပိုင်ကို ရုတ်တရက်စိုက်ကြည့်ကာ အော်ဟစ်သည်။

"ဒါဆိုငါ့ကိုပြော၊ အဆင့်မြင့်ကြယ်နယ်မြေကို ၀င်ဖို့အတွက် နည်းလမ်းကဘာလဲ"

"မင်းငါ့ကိုပြောမယ်ဆိုရင် ငါ၊ လှရှောင်၊ မင်းကို ကျေးဇူးကြွေးတစ်ခုတင်သွားပြီ၊ တကယ်လို့ အဆုံးမဲ့ရှေးဦးယန်ဂိုဏ်းမှာ မင်းလိုချင်တာ တစ်ခုခုရှိရင် ဘာမဆို ရွေးချယ်လို့ရတယ်"

လီရှောင်စိတ်လှုပ်ရှားပြီး ကောင်းကင်အင်မော်တယ်ကျွမ်းကျင်သူများ၏ ပစ်မှတ်ထားခြင်းကို ခံနေရသည့်တိုင် သူ့ကိုယ်ထဲက အော်ရာကို လုံး၀မဖိနှိပ်ထားခဲ့ပေ။

အပူလှိုင်းက ယဲ့ချိုးပိုင်ကို တိုက်ရိုက်၀င်တိုက်ပြီး မီးကွင်းများက သူ့ကို၀န်းရံပစ်သည်။

ဟောင်ကျန်းဟန်သာ ယဲ့ချိုးပိုင်၏ကိုယ်မှ မီးကွင်းများကို သီးသန့်ဖြစ်သွားစေရန်အတွက် အချိန်မီမလုပ်ဆောင်ခဲ့ပါက ယဲ့ချိုးပိုင် မသေဘူးဆိုလျှင်ပင် အပြင်းအထန် ဒဏ်ရာရသွားပေလိမ့်မည်။

ယဲ့ချိုးပိုင် ဟောင်ကျန်းဟန်အား အနည်းငယ် ခေါင်းညိတ်ပြပြီးနောက် လီရှောင်ကို ကြည့်ကာ အပြုံးဖြင့်ပြောစည်။

"ကျုပ်လည်း စီနီယာကတိပေးထားတဲ့ အကျိုးခံစားခွင့်တွေကို အရမ်းစိတ်၀င်စားမိတယ်"

"ဘာကိုဆိုလိုချင်တာလဲ"

လီရှောင်သာမက ယုချင်းယန်၊ ကျင်းကျိထန်နှင့် ကျန်သောကောင်းကင်အင်မော်တယ်များက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကြ၏။

"ကျုပ်ဆိုလိုတာက ကျုပ်မှာစီနီယာတို့ လိုချင်တဲ့ သတင်းအချက်အလက်မရှိဘူး၊ ကျုပ်ဒီအကျိုးကျေးဇူးတွေကို ရယူနိုင်မှာမှ မဟုတ်တော့တာ"

ကျင်းကျိထန် ဓားအိမ်ထဲတွင်ရှိနေသည့် ဆေဘာဓားကို ကောက်ကိုင်လိုက်သည်။

သို့စေကာမူ အရာအားလုံးကို ဆုတ်ဖြဲပစ်နိုင်သည့် ဆေဘာဆန္ဒက ဆေဘာဓားအိမ်ထဲကနေ အထိန်းအချုပ်မဲ့ထွက်လာသည်။

"မင်းဆိုလိုတာက....." ကျင်းကျိထန် ယဲ့ချိုးပိုင်ဆီသို့ တစ်လှမ်းတိုးရင်း အသံနိမ့်ကာ မေးသည်။

"မင်းဒီသတင်းကို မပြောပြချင်ဘူးပေါ့"

ကျင်းကျိထန် ရှေ့တိုးလိုက်သည့် အခိုက်အတန့်၌ ထိုးထွက်လာသည့် ဆေဘာဆန္ဒက ပတ်၀န်းကျင်လေဟာနယ်ကို တစ်ခုပြီးတစ်ခု ဆုတ်ဖြဲပစ်သည်။

ဆေဘာဆန္ဒက အဆက်မပြတ် ဆန့်ထွက်နေသည့် အက်ကြောင်းနောက်မှ လိုက်သွားပြီး ထိုစကားလုံးများ နားထဲ၀င်လာစဉ် ယဲ့ချိုးပိုင်ထံ ပျံသန်းသွား၏။

ယဲ့ချိုးပိုင်နောက်ဆုတ်ချင်သော်လည်း သူ့ခန္ဓာက မည်သို့ပင်ကြိုးစားပါစေ ရွေ့လျားလှုပ်ရှား၍မရတာကို သူသတိထားလိုက်မိသည်။

ကြောက်မက်ဖွယ်ရာ ဆေဘာဆန္ဒများ၏ ပိတ်ဆို့ခြင်းကို ခံရပြီးနောက် သူ့ကိုယ်နှင့် ခြေလက်အင်္ဂါများထဲက ဝိဉာဉ်ချီကိုပင် မလှုပ်ရှားနိုင်တော့။

မုဖူရှန်း ယဲ့ချိုးပိုင်ဘေးတွင်ရပ်နေသည်။ ဒါကိုမြင်သောအခါ သူ့အမူအရာက ပြောင်းလဲသွားပြီး ခုခံရန်အတွက် အဆောင်ကို အသုံးပြုချင်သည်။

သူကလည်း ဆေဘာဆန္ဒ တိုက်ခိုက်ရေး အကွာအဝေးအတွင်းရှိနေခဲ့ပြီး လုံး၀လှုပ်ရှားနိုင်စွမ်းမရှိချေ။

ဒါက ခြေလှမ်းတစ်လှမ်းသာဖြစ်ပြီး ဆေဘာဆန္ဒ ယိုစိမ့်မှုမျှသာဖြစ်သည်။

ဒါက ယဲ့ချိုးပိုင်နှင့်မုဖူရှန်းတို့ကို စွမ်းအားမဲ့နေသည့်ပမာ ခံစားရစေသည်။

သူတို့က လုံလောက်အောင် အားမကောင်းသေး။

ဒီကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများ၏ရှေ့တံင် သူတို့က မလုံလောက်သေးပါ။ ရှင်းရှင်းပြောရပါက သူတို့က ပုရွက်ဆိတ်များပမာသာ။

ဆေဘာဆန္ဒရောက်လုဆဲဆဲတွင် ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့၏ နှလုံးသားထဲတွင် စိတ်ပျံ့လွင့်စေသည့် အတွေးအားလုံးကို စွန့်လွှတ်ပစ်လိုက်သည့်အလား တစ်ခြားဘာအတွေးမှ မရှိတော့ပါ။

သူတို့မျက်လုံးထဲတွင် သူတို့နှစ်ယောက်က လွဲ၍ သူတို့ဆီရောက်လာနေသည့် ကြောက်မက်ဖွယ်ရော ဆေဘာဆန္ဒသာရှိသည်။

ဒီနေရာမှာ သူတို့ဘယ်လိုလုပ် လက်လျှော့နိုင်မည်နည်း။

ဒီလိုဆိုပါက သူတို့တွင် ဆရာ၏တပည့်များဖြစ်ရန် မည်သည့်အခွင့်အရေး ရှိတော့မည်နည်း။

နှစ်ယောက်စလုံးတွင် တူညီသည့်အတွေးများရှိနေခိုက် ရုတ်ချည်းဆိုသလို မုဖူရှန်း၏မျက်ခုံးကြားတွင် အဖြူရောင်မီးတောင်တစ်ခု လောင်ကျွမ်းလာသည်။

ဝိဉာဉ်ဖြူအေးခဲမီးတောက်!

ဝိဉာဉ်ဖြူအေးခဲမီးတောက်က သူ့မျက်ခုံးကြား ပေါ်လာသောအခါ သူ့တစ်ကိုယ်လုံးက ခရမ်းမိုးကြိုးနှင့် ‌ရွှေမိုးကြိုးတို့ဖြင့် ဖုံးလွှမ်းသွား၏။

တစ်ချိန်တည်းမှာပင် ယဲ့ချိုးပိုင်၏ အင်မော်တယ်ဓား တစ်၀က်အဆင့်ဆန္ဒက ကောင်းကင်ပေါ် ထိုးတက်သွားသည်။

ဒီဧရာမဖိအားအောက်တွင် ရှေးဦးမူလဓားကျမ်းက အရှိန်အဟုန်အပြည့်နှင့် လည်ပတ်နေစဉ်ကထက် ပိုမြန်နေသည်။

သူ့မရီဒျန်များမှ ရှေးဦးမူလဓားကျမ်းစွမ်းအားက ဒန်တျန်ထဲတွင် မြစ်တစ်စင်းပမာ ပင်လယ်ထဲသို့ လှိမ့်၀င်သွားသည်။

ထိုအချိန်တွင် ကျင်းကျိထန်နှင့် လူတိုင်း၏ အံ့ဩသင့်နေသည့် အကြည့်များအောက်တွင် ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့က တစ်ချိန်တည်းတွင် ရှေ့တိုးလိုက်ကြ၏။

တစ်ယောက်ကဓားကို ဆွဲထုတ်ကာ ကျန်တစ်ယောက်က လက်နှစ်ဖက်နှင့် နတ်မိုးကြိုးစွမ်းအားကို ကိုင်ထားသည်။

ဆေဘာဆန္ဒက ထိုအခိုက်အတန့်၌ ကောင်းကင်သတ်ဖြတ်ခြင်းဓားသွားနှစ်ချောင်းအဖြစ် ပြောင်းလဲသွားပြီး ရုတ်တရင် သူတို့ခေါင်းပေါ်ကနေ ပိုင်းဖြတ်ပစ်သည်။

ထိုအချိန်တွင် ပုံရိပ်နှစ်ခုက ယဲ့ချိုးပိုင်နှင့် မုဖူရှန်းရှေ့တွင် ပေါ်လာခဲ့သည်။

တစ်ယောက်က သုံးပေရှည်ဓားကိုကိုင်ပြီး ပိုင်းချလိုက်သည်။

ကျန်တစ်ယောက်က ညာလက်ကို ဆန့်ထုတ်ရင်း လက်ချောင်းများကြားက အဆောင်ကို ဖျစ်ညှစ်လိုက်စဉ် ဆေဘာဆန္ဒက ချက်ချင်း ပျောက်ကွယ်သွား၏။

ကျန်သောကောင်းကင်အင်မော်တယ်များနှင့် မြေအင်မော်တယ်များက ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့က ကျင်းကျိထန်ကဲ့သို့ ကျွမ်းကျင်သူ၏ ပိတ်ဆို့ထားခြင်းကို ခံရထားသည့်တိုင် လှုပ်ရှားနိုင်သေးတာကို မြင်ရသဖြင့် အနည်းငယ်ထိတ်လန့်သွားကြသည်။

တစ်ချိန်တည်းမှာပင် စုမိသားစုအကြီးအကဲ ဟွမ်ရှန်ကလည်း တစ်ချိန်တည်းတွင် ပြောလာသည်။

"ကျင်းကျိထန်၊ မင်းဂျူနီယာနှစ်ယောက်ကို တိုက်ခိုက်ခဲ့တယ်၊ မင်းလက်ထဲက ကောင်းကင်မြှင့်ဆေဘာဓားနဲ့ မင်းထိုက်တန်သေးလား"

သို့စေကာမူ ကျင်းကျိထန်၏အမူအရာက တည်ငြိမ်နေသည်။ သူကောင်းကင်မြှင့်ဆေဘာဓားကို စားပွဲဝိုင်းပေါ်တင်ရင်း ထူးမခြားနားစွာပြောသည်။

"ငါဒီ‌ကောင်းကင်မြှင့်ဆေဘာဓားနဲ့ ထိုက်တန်ရဲ့လား၊ မင်းသိချင်တယ်ဆိုရင် အခုပဲတိုက်ခိုက်ဖို့ နေရာတစ်ခုရှာလို့ရတယ်"

ကောင်းကင်မှောက်ဆေဘာဂိုဏ်း!

ဒါကထိပ်တန်းဂိုဏ်းမဟုတ်သော်လည်း ဂိုဏ်းထဲက ဆေဘာဓားကျင့်ကြံသူတိုင်းကနေ ဂိုဏ်းချုပ်အထိ တပည့်တိုင်းက ရူးသွပ်ကြသည်။

ထို့ကြောင့် ကျင်းကျိထန် စုမိသားစုကို မျက်နှာသာတစ်ခုမှ မပေးပါ။

မင်းတိုက်ခိုက်ချင်လား၊ ဒါဆို တိုက်ခိုက်ကြရအောင်!

မင်းမတိုက်ခိုက်ချင်ဘူးလား၊ ဒါပေမယ့် မင်းငါ့ကိုဆွပေးထားတော့ ငါဆက်တိုက်နေဦးမှာပဲ!

ဒီအတွက်ကြောင့်ပင် ထိုထိပ်တန်းဂိုဏ်းများက ကောင်းကင်မှောက်ဆေဘာဂိုဏ်းက လူများကို အလွယ်တကူမစော်ကားရဲကြပေ။

ထိုသို့ဆိုပြီးနောက် ကျင်းကျိထန်ထိုင်ပြီး ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့ကို စိုက်ကြည့်သည်။

သူ့မျက်သူငယ်အိမ်များ၏ အနက်ရှိုင်းဆုံးနေရာ၌ အံ့ဩမှုအရိပ်အယောင်များ ရှိနေသည်။

သူ့ဆေဘာဆန္ဒ၏ ဖိနှိပ်မှုအောက်တွင်ပင် မြေအင်မော်တယ်နယ်ပယ်ကို မရောက်သေးသော သူတို့က တကယ်ပဲ ရွေ့လျားလှုပ်ရှားနိုင်သည်လား။

ဒါ့အပြင် ခုခံတဲ့လုက်ရပ်ကရော!

ဒီနှစ်ယောက်က ဆေဘာကျင့်ကြံခြင်းအတွက် မျိုးစေ့ကောင်းနှစ်စေ့ပင်ဖြစ်သည်။

သို့သော်၀မ်းနည်းစရာပင်။ ကျင်းကျိထန် ခေါင်းခါယမ်းမိသည်။

အပိုင်း(764) coming။

ငါ့တပည့်တွေက ဘုရင်တွေ‌

All Chapters